#DailyNews
Published_ 6 February 2023
၁။ တနင်္သာရီတိုင်းကို ရှင်ကိုးရှင်ဘုရားဖူးအချို့လာရောက်ကြသော်လည်း ခရီးသွားပါးနေဆဲဖြစ်ဟုဆို
၂။ သတ်မှတ်ချက်နှင့်ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လိုင်စင်ရနိုင်တော့မည်ဟုဆို
၃။ တနင်္သာရီ၊ ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးထစ်ချုန်းနိုင်
၄။ ငွေကြေးဖောင်းပွခြင်းကြောင့် ဂျပန်နိုင်ငံ၏ ရာသီစာအထူးဆူရှီများဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 79

Published 5 Feb 2023
အာဆီယံခေါင်းဆောင်များနှင့် မြန်မာနစက ခေါင်းဆောင်တို့အကြား အထူးအစည်းအဝေးတစ်ရပ်ကျင်းပဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားက ကြိုးစားကြံဆနေတယ်လို့ အာဆီယံသံတမန်တစ်ဦးကို ကိုးကားပြီး ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနက သတင်းရေးသား လိုက်ပါတယ်။
အင်ဒိုနီးရှားဟာ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွေ့အကြုံတွေ ဖလှယ်ဖို့ အကြီးတန်းတပ်မတော်အရာရှိကြီး တစ်ဦးကို မြန်မာနိုင်ငံသို့စေလွှတ်ခဲ့တယ်လို့လည်း အဆိုပါသတင်းကရေးသားပါတယ်။
အဲဒီအပြင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုအနေဖြင့် သိပ်မကြာခင်ကာလအတွင်း မြန်မာနိုင်ငံကိုသွားရောက်ဖို့လည်း စီစဉ်နေတယ်လို့ နောက်ထပ် သံတမန်သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဆက်လက်ရေးသားပါတယ်။
အင်ဒိုနီးရှားက နှစ်ရက်ကြာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပအပြီးမှာ အဆိုပါသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားရဲ့ သဘောထားတင်းမာတဲ့ မူဝါဒအပြောင်းအလဲ လက္ခဏာဖြစ်တယ်လို့လည်း ကျိုဒိုသတင်းဌာနကဆိုပါတယ်။
“ အာဆီယံခေါင်းဆောင်တွေနှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်အကြား အထူးအစည်းအဝေးတစ်ခုဖြစ်နိုင်ခြေရှိနေပါတယ်” လို့ အာဆီယံသံတမန်အရင်းအမြစ်တစ်ခုက ကျိုဒိုသတင်းဌာနကိုပြောပါတယ်။
အဲဒီအစည်းအဝေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း အဆိုပါသတင်းအရင်းအမြစ်က ပြောပါတယ်။ ဒါပေမယ့် အချိန်နှင့်နေရာတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း သူကထပ်မံပြောပါတယ်။ ဒါပေမယ့် အာဆီယံဥက္ကဋ္ဌအဖြစ်အနေနှင့် အင်ဒိုနီးရှားဟာ ယခုနှစ် မေနှင့်စက်တင်ဘာလတွေမှာ ဒေသဆိုင်ရာထပ်သီးအစည်းအဝေးတွေကျင်းပဖို့တော့ရှိနေပါတယ်။
အထူးအစည်းအဝေးကိစ္စကို မေးမြန်းတဲ့အခါ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံပူးပေါင်းဆောင်ရွက်ရေးဌာန ညွန်ကြားရေးမှူးချုပ် ဆစ်ဒါတိုဆာယိုဒီပူရိုက “ ဒီအထူးအစည်းအဝေးအကြောင်း ကျွန်တော်အခုမှကြားဖူးတယ်” လို့တော့ ပြောပါတယ်။
Source Kyodo News
#Myanmar
#Myanmar_Politics
#Myanmar_ASEAN
- Category: Myanmar
- Hits: 251
Published 4 Feb 2023
နှစ်ရက်တာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီ(၄)ရက်စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ပြီးဆုံးခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အည်းကို အဆုံးသတ်စေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က သဘောတူထားခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာကို တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားဟာ ၂၀၂၃ခုနှစ်အတွက် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဒီနှစ်အကုန်မှာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။
ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက လွှမ်းမိုးသွားခဲ့ပါတယ်။
Source AFP
#ASEAN_Foreing_Ministers_Meeting_Jakarta
#ASEAN_Chiar_Indonesia
#ASEAN_Myanmar
- Category: World
- Hits: 165
#DailyNews
Published_ 4 February 2023
၁။ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ City Taxi အဖြစ် အစီးရေ ၁၀၀ ကျော် လာရောက်မှတ်ပုံတင်ထား
၃။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားသူများ၏ ဖြစ်စဉ်များကိုစာနာစိတ်ဖြင့် မျှဝေကြရန်လိုဟုဆို
၄။ လာဖိုလ်ဂျူနီဂန္တဝင်ဂီတပွဲအား ပြင်သစ်နိုင်ငံနန့်စ်မြို့ရှိ ရထားပေါ်တွင် ဖျော်ဖြေကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 58
Published 3 Feb 2023
အင်အားကြီးနိုင်ငံတွေအနေနှင့် သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေအတွက် အာဆီယံကို ကြားခံကိုယ်စားလှယ်အဖြစ် အသုံးမချကြဖို့ နှစ်ရက်ကြာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပထမနေ့မှာ အင်ဒိုနီးရှားက ပြောလိုက်ပါတယ်။ မြန်မာ့အကျပ်အတည်းအပေါ် ညီညွတ်ကြဖို့နှင့်တိုးတက်မှုရှိကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အာဆီယံရဲ့ ၂၀၂၃ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက အလှည့်ကျတာဝန်ယူတာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ အာဆီယံ ခေါင်းဆောင်တွေအစည်းအဝေးကျင်းပဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးကို ပုံမှန်အားဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ တက်ရောက်ကြပါတယ်။
Source AFP
#ASEAN
#ASEAN_FMs_Meeting_Jakarta
#ASEAN_Indonesia
- Category: Asean
- Hits: 111
#DailyNews
Published_ 3 February 2023
၁။ ကျော်တက်မောင်းနှင်သည့် YBS ယာဉ်များအား စတင်အရေးယူဆောင်ရွက်နေဟုဆို
၂။ ကြက်သွန်ဈေးကွက် အရောင်းအဝယ်အေးနေ
၃။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ထီးခီးနယ်စပ်ဂိတ်မှ အများဆုံးကုန်သွယ်ထား
၄။ အမေရိကန်သမ္မတများ စီးတော်ယာဉ်ဖြစ်ခဲ့သည့် ဘိုးအင်း 747 အမျိုးအစား လေယာဉ်များထဲမှ နောက်ဆုံးအစီးကိုပေးပို့ပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 82
#DailyNews
Published_ 2 February 2023
၁။ ပြည်တွင်းစက်သုံးဆီဈေးနှုန်း အတက်အကျ မမှန်မှုကြောင့် ယာဉ်မောင်းများအခက်ကြုံ
၂။ ဗယ်လင်တိုင်းဒေးတွင် သိသိရက်နှင့်မိုက်ပြီး အကာအကွယ်မဲ့လိင်ပျော်ရွှင်မှု မလုပ်ရန်လို
၃။ ကိုးလကျော်ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့ထား
၄။ တရုတ်ဝယ်လက်များ ပြန်လည်ဝင်ရောက်လာ၍ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ပြန်လည် စည်ကားလာရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 58