Published 6 Oct 2022
စင်္ကာပူအစားအစာ အေဂျင်စီ (SFA) က Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲနှစ်မျိုးမှာ အက်သလင်းအောက်ဆိုက် ethylene oxide ဆိုတဲ့ ပိုးသတ်ဆေးတစ်မျိုးကို တွေ့ရှိရတဲ့အတွက် အဲဒါတွေကို ပြန်လည်သိမ်းယူရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အက်စ်အက်ဖက်အေက Mie Sedaap ကိုးရီးယားအစပ် အသင့်စားခေါက်ဆွဲပြုတ်နှင့် Mie Sedaap ကိုရီးယားအစပ် ကြက်သား အသင့်စားခေါက်ဆွဲတွေကို ပြန်လည်သိမ်းဆည်းဖို့ ရှန်းရှန်း အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းကို ညွှန်ကြားခဲ့တာပါ။သိမ်းဆည်းမှုတွေလုပ်ဆောင်ဆဲလို့လည်းသိရပါတယ်။
အဲဒီပြန်လည်သိမ်းယူတဲ့ အသင့်ခေါက်ဆွဲတွေကတော့ Mie Sedaap ကိုရီးယား အစပ် အသင့်ခေါက်ဆွဲပြုတ်အထုတ်တွေမှာ သက်တမ်းကုန်ရက် ၂၀၂၃ မေလ ၁၇ ရက်ရှိတဲ့ အထုတ်တွေနှင့် Mie Sedaap ကိုရီးယား အစပ် အသင့်ခေါက်ဆွဲ သက်တမ်းကုန်ရက် ၂၀၂၃ မေ ၂၁ရက်ရှိတဲ့အထုတ်တွေဖြစ်ပါတယ်။
“ အက်သလင်းအောက်ဆိုက် Ethylene oxide ဟာ ပိုးသတ်ဆေးတစ်မျိုုးဖြစ်ပြီး အစားအစာထဲမှာ အသုံးပြုရန် ခွင့်မပြုထားပါဘူး” လို့ အက်စ်အက်ဖ်အေက သတင်းထုတ်ပြန်ပါတယ်။အဲဒီခေါက်ဆွဲထုတ်တွေက အင်ဒိုနီးရှားက တင်သွင်းတာတွေပါ။
“အက်သလင်းအောက်ဆိုက်ကို ဟင်းခတ်အမွှေးအကြိုင်တွေမှာပိုးသတ်ဖို့ခွင့်ပြုထားတာပါ။အဲဒီအတွက်သတ်မှတ်ချက်က ဟင်းခတ်အမွှေးအကြိုင်တစ်ကီလိုဂရမ်မှာ အက်သလင်းအောက်ဆိုက် ၅၀မီလီဂရမ်အထိပဲခွင့်ပြုတာပါ” လို့ အဖွဲ့က ဆက်ပြောပါတယ်။
တင်သွင်းသူတွေနှင့်အင်ဒိုနီးရှားအာဏာပိုင်တွေကို ဒီလိုဖြစ်ရတာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ရေး အဖွဲ့က ပူးပေါင်းဆောင်ရွက်နေပါတယ်။
Source: CNA
#Mie_Sedaap_Korean_Spicy_Soup
#Mie_Sedaap_Korean_Spicy_Chicken
#Recall_Indo_made_Instant_noddles
#DailyNews
Published _ 6 October 2022
၁။ ဒေါ်လာဈေးနှင့် ရွှေဈေးတက်နေ၍ အိမ်ခြံမြေဈေးကွက်ဘက်သို့ အာရုံစိုက်မှု နည်းလျှက်ရှိနေ
၂။ Yangon Water Bus ပြန်လည်ပြေးဆွဲမှု ယနေ့စတင်
၃။ ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော်လည်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေ
၄။ လူသားဆန်ပြီး လက်တွေ့အသုံးဝင်နိုင်မည့် စက်ရုပ်အား 'အီလွန်မက်စ်' မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 6 Oct 2022
ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ဦးဟာ ကြာသပတေးနေ့က နေ့ကလေးထိန်းဌာနတစ်ခုကို သေနတ်တစ်လက်၊ဒါးတစ်ချောင်းနှင့် ဝင်ရောက်တိုက်ခိုက်ရာ ကလေးငယ် အနည်းဆုံး ၂၄ဦးနှင့် လူကြီး ၁၁ဦးသေဆုံးသွားခဲ့ရပါတယ်။(သတင်းဖော်ပြပြီး)။ အဲဒီရဲအရာရှိဟောင်းဟာ အခင်းဖြစ်ပွားရာနေရာကနေ ကားနှင့် ထွက်ပြေးသွားပြီး အိမ်အပြန် ကားပေါ်ကနေလည်း ပစ်ခတ်သွားပါတယ်။ အဲဒီနောက် သူ့ဇနီးနှင့် သူ့သားကို အိမ်မှာ ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။
အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗွီဒီယိုတွေနှင့် ဓာတ်ပုံတွေထဲမှာ သွေးတွေပေကျံနေတဲ့ အခန်းတစ်ခန်းနှင့် ပြန့်ကျဲနေတဲ့ ဖျာတွေကိုတွေ့ရပါတယ်။
ဗွီဒီယိုတွေထဲမှာလည်း ကလေးထိန်းဌာနအပြင်ဘက်မှာ အော်ဟစ်ငိုကြွေးနေကြတဲ့ မိသားစုတွေကိုတွေ့ရပြီး ရဲတွေနှင့် ဆေးဘက်ဝန်ထမ်းတွေက အနားတစ်ဝိုက်အလုပ်များနေပြီး အရေးပေါ်လူနာတင်ယာဉ်က အဆင်သင့်ရပ်ထားတာတွေ့ရပါတယ်။
အဲဒီရန်ပြုသူဟာ ရဲအရာရှိဟောင်းတစ်ဦးလို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ သူဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ဘွာလမ်ပူပြည်နယ်က မြို့ကလေးတစ်မြို့မှာရှိတဲ့ ကလေးထိန်းဌာနထဲ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်လာခဲ့ပါတယ်။
သူဟာ အဆောက်အဦထဲကထွက်မပြေးခင် အဆောက်အဦထဲက ကလေးငယ် ၂၂ ဦးနှင့်လူကြီးနှစ်ဦးတို့ အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒါပေမယ့် သူဟာ ကားထဲကနေ ဆက်လက်ပြီး ပစ်ခတ် ခဲ့သေးတယ်လို့ ရဲမှူးချုပ် ပိုင်းဆဲလ် လူဆွမ်ဘွန်းက အေပီသတင်းဌာနကိုပြောပါတယ်။
သူဟာ အိမ်ရောက်တဲ့အခါ သူ့ဇနီးနှင့် သူ့ကလေးကိုပစ်သတ်ခဲ့တယ်။ အဲဒီနောက်ကိုယ့်ကိုကိုယ်ပစ်သတ်ခဲ့တယ်လို့ ရဲကပြောပါတယ်။
သူဟာ နောက်ထပ်ကလေးနှစ်ဦးနှင့် လူကြီး ၉ ဦးကို ကလေးထိန်းဌာနအပြင်ဘက်မှာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ သေနတ်နှင့်ဆက်စပ်တဲ့ သေမှုသေခင်းတွေဟာ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတွေထက် နည်းပါးပါတယ်။ ဒါပေမယ့် သေနတ်ဥပဒေတင်းကြပ်တဲ့ စင်္ကာပူနှင့် ဂျပန်တို့ထက်တော့ များနေပါတယ်။ ၂၀၁၉ခုနှစ်စာရင်းဇယားများအရ သေနတ်ပစ်ခတ်သေဆုံးမှုဟာ လူတစ်သိန်းမှာ လေးဦးနှုန်းရှိခဲ့ပါတယ်။ အမေရိကန်မှာတော့ လူတစ်သိန်းမှာ ၁၁ ဦးနှုန်းရှိပြီး ဘရာဇီးမှာတော့ လူတစ်သိန်းမှာ ၂၃ ဦးနှုန်းရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ဘန်ကောက်မှာရှိတဲ့ ထိုင်းစစ်တပ် စစ်ကောလိပ်က တစ်ဦးဟာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူနစ်ဦှးကိုသတ်ပစ်ခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၀ပြည့်နှစ်တုန်းက အရှေ့မြောက်ဘက်မြို့တစ်မြိုက ဈေးဝယ်စင်တာအနီးဝန်းကျင်မှာ စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့လို့ လူ၂၉ ဦးသေဆုံးခဲ့ပါတယ်။
Source AP
#Thailand
#Thailand_Gun_mass_shooting
#Gun_Laws
Published 6 Oct 2022
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုက နေ့ကလေးထိန်းစင်တာတစ်ခုမှာ အောက်တိုဘာ ၆ရက် ကြာသပတေးနေ့က အစုလိုက်အပြုံလိုက် သေနတ်ပစ်ခံခဲ့ရတဲ့အတွက် အနည်းဆုံး လူ၃၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။ အဆိုပါသေနတ်ပစ်မှုဖြစ်ပွားတဲ့နေရဟာ နောင်ဘွာလမ်ပူပြည်နယ် ယူထိုင်းဆာဝန် နာကလန်း ခရိုင်မှာဖြစ်ပါတယ်။ အသတ်ခံရသူတွေအထဲမှာ ကလေးငယ်တွေနှင့် လူကြီးတွေပါဝင်တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမားမှာ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတယ်လို့ပြောပါတယ်။ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ကြဖို့နှင့် လက်သည်တရားခံကို ဖမ်းမိရေးဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်က အေဂျင်စီတွေအားလုံးကို တပ်လှန့်ထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရသူကပြောပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်ပိုင်ဆိုင်သူတွေဟာ အခြားဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ရင် သိသိသာသာမြင့်မားပါတယ်။ ဒါပေမယ့် အဲဒီစာရင်းတွေထဲမှာ အင်မတန်များပြားလှတဲ့ တရားမဝင်လက်နက်တွေ မပါဝင်သေးပါဘူး။ အဲဒီတရား မဝင်လက်နက်တွေဟာ နယ်စပ်တွေကတစ်ဆင့် စိမ့်ဝင်နေကြပါတယ်လို့ ရိုက်တာကရေးပါတယ်။ ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက်သေနတ်ပစ်ခံရတဲ့ကိစ္စက ရှားပါးကိစ္စပါ။ ဒါပေမယ့် ၂၀၂၀ မှာ စိတ်ဆိုးနေတဲ့ စစ်သားတစ်ဦးဟာ နေရာလေးနေရာမှာ သေနတ်နှင့်ပစ်ခတ်လို့ အနည်းဆုံး လူ၂၉ဦးကိုသတ်ပစ်ခဲ့ပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ Source Reuters #Thailand #Thailand_Mass_shooting #Thailand
#DailyNews
Published _ 5 October 2022
၁။ ပြည်ပကိုထွက်မည့်သူများ အဝယ်လိုက်နေ၍ အမေရိကန်ဒေါ်လာဈေး အနည်းငယ် ပြန်တက်လာဟုဆို
၂။ ရွှေတိဂုံစေတီတော်ကို ပြည်ပခရီးသွားများနေ့စဉ်ဝင်ရောက်၊ အဖွဲ့လိုက် Tour များ လာရောက်ခြင်း မရှိသေးဟုဆို
၃။ ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၁၉၀၀ အောက်ထပ်မံကျဆင်းလာ
၄။ လုယူခံခဲ့ရသည့် နယူးဇီလန်ဒေသခံလူမျိုးများ၏ ရုပ်ကြွင်းများအား ဩစတြီးယားပြန်လည်အပ်နှံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 4 October 2022
၁။ ရန်ကုန်တိုင်း အိမ်၊ ခြံ၊ မြေဈေးကွက်၌ အိမ်ငှားခစရိတ်များ မြင့်တက်လျက်ရှိနေ
၂။ ပုဂံခေတ်ရေစီးကြောင်းများကို ယခုနှစ်အတွင်းအပြီးဖော်မည်
၃။ YBS ယာဉ်စီးခများ ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံ
၄။ ရှေးဟောင်းပီရူးထုံးတမ်းအရ ယစ်ပူဇော်ခံခဲ့ရသည့် ကလေးရုပ်ကြွင်း(၇၆)ခု၏ အုတ်ဂူများတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 3 October 2022
၁။ ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းများ၌ ပြည်ပလုပ်သား လိုအပ်ချက်များနေနေ
၂။ ခွေးကိုက်ခံရသူများကို ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနိုင်ရန် စီစဉ်ပေးနေ
၃။ ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာ
၄။ ကင်မရွန်းတွင် အသားဖြူအလှကုန်ပစ္စည်းများ ဘေးထွက်အန္တရာယ်ရှိသော်ငြား ဆက်လက်အသုံးပြုနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 96 of 132