Published 29 December 2022

ထိုင်းနိုင်ငံနယ်စပ်က ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့က ဂရန်းဒိုင်းမွန်းစီတီး ကာဆီနိုဟိုတယ်မှာ ဗုဒ္ဓဟူးနေ့ည ၁၁နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး  ၃၀ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဟိုတယ်မှာ ဝန်ထမ်း ၄၀၀ခန့်အလုပ်လုပ်နေတယ်လို့ယုံကြည်ရပြီး ဗွီဒီယိုတွေထဲမှာ မီးတောက်ကြီးတွေကြားထဲမှာ လူတွေဟာ လောင်ကျွမ်းနေတဲ့အဆောက်အဦကနေ ခုန်ချကြတာကိုတွေ့မြင်ကြရပါတယ်။

မီးလောင်တဲ့အချိန်မှာ ကာဆီနိုထဲ နိုင်ငံခြားသားတွေလည်းရှိနေကြတယ်လို့ ပြည်တွင်းမီဒီယာတွေကရေးသားကြပြီး   ဒေသဆိုင်ရာအာဏာပိုင်တွေနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မီးဟာပထမထပ်ကနေစတင်လောင်ကျွမ်းတာဖြစ်ပြီး ကော်ဇော်တွေကြောင့် အခြားအထပ်တွေကို ခပ်မြန်မြန်ကူးစက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ထိုင်းကယ်ဆယရေးလုပ်အားပေးတစ်ဦးကပြောပါတယ်။

Source: AFP

 

Published 29 December 2022 ထိုင်းနိုင်ငံနယ်စပ်က ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့က ဂရန်းဒိုင်းမွန်းစီတီး ကာဆီနိုဟိုတယ်မှာ ဗုဒ္ဓဟူးနေ့ည ၁၁နာရီခွဲခန့်က"/>