#Daily_News
Published_07 June 2024
၁။ မြန်မာ့ရိုးရာ ဆေးမင်ကြောင်ထိုးခြင်း တစ်ခေတ်ဆန်းရန် ကြိုးပမ်းဆောင်ရွက်နေ
၂။ မိုးကာလတွင် အပူပိုင်းဒေသများ၌ မိုးရေစုကန်၊ လျိုပိတ်ကန်များ တူးဖော်ဆောင်ရွက်နေ
၃။ ထိုင်းရောက်မြန်မာအလုပ်သမားများ၏ ဘဏ်စာအုပ်များကို လောင်းကစားလုပ်သူများနဲ့ ငွေကြေးခဝါချလိုသူတွေက အသုံးချတာတွေရှိနေတယ်ဟု မြန်မာသံရုံး ထုတ်ပြန်
၄။ စင်ကာပူဆိပ်ကမ်းတွင် ကုန်ပစ္စည်းများပိတ်ဆို့နေကာ သင်္ဘောဖြင့်သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
- Category: Myanmar
#Daily_News
Published_06 June 2024
၁။ ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ရွှေ့ပြောင်းလုပ်သားဗီဇာလျှောက်ထားနိုင်ပြီဟုဆို
၂။ ဟင်းပွဲချက်ရာတွင်သုံးရသည့် ပါဝင်ပစ္စည်းအချို့ ဈေးကွက်ထဲပြတ်နေ၍ စားသောက်ဆိုင်လုပ်ငန်းအချို့အခက်တွေ့နေ
၃။ "အိုလံပစ်ဒေး"လူငယ်လူသစ်တန်း မြန်မာ့သိုင်းပြိုင်ပွဲပြုလုပ်မည်
၄။ ပြည်တွင်းစစ်ဖြစ်ပွားကာ ငွေကြေးတန်ဖိုးကျဆင်းပြီး စီးပွားရေးကပ်ဆိုက်နေသည့်ဆူဒန်နိုင်ငံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
- Category: Myanmar
#Daily_News
Published_05 June 2024
၁။ မိုးဦးကာလ ချောင်းသာကမ်းခြေသို့ ခရီးသွားသူနည်းနေသေး၊ ကားခနှင့်တည်းခိုနေရာစရိတ်များသက်သာနေ
၂။ သံလွင်မြစ်အတွင်း၌ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေး ကြိုတင်စုပေါင်းလေ့ကျင့်ခြင်းများပြုလုပ်
၃။ စက်မှုဇုန်များရှိ စက်ရုံ၊ ဂိုဒေါင်အငှားဈေးကွက်အေးနေဟုဆို
၄။ ရာသီဥတုအစွန်းရောက်ကာ အမြင့်ပေမြင့်မားသည့်တောင်တန်းနေရာဒေသများတွင် တရုတ်စွမ်းအင်သစ်မော်တော်ကားများကိုစမ်းသပ်မောင်းနှင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
- Category: Myanmar
#Daily_News
Published_04 June 2024
၁။ အခြေခံစားကုန်ကြက်ဥ၊ ဘဲဥဈေးများ လက်လီဈေးကွက်၌အနည်းငယ်တက်၊ လက်ကားဈေးကွက်တွင်ပုံမှန်သာရှိ
၂။ ကုန်အဝင်နည်းသဖြင့် ငရုတ်သီးစိမ်း တစ်ပိဿာကျပ် ၂၀၀၀ခန့် ဈေးမြင့်တက်လာ
၃။ ရွှေဆိုင်များနှင့်ရွှေလုပ်ငန်းရှင်များအားလုံး YEGA ၏ သတ်မှတ်စျေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် ထပ်မံတိုက်တွန်း
၄။ အိန္ဒိယတွင် အပူလှိုင်းဖြတ်ခြင်းကြောင့် ထိခိုက်သေဆုံးသူများရှိလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
- Category: Myanmar
![](/images/2.world/Politics/xc1_2801498.jpg.pagespeed.ic.ExFDBh3cUl.jpg)
၂၉ မေ ၂၀၂၄
ထိုင်းနိုင်ငံရှေ့နေချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာအပေါ် ၂၀၁၉ခုနှစ်တုန်းက တေင်ကိုရီးယားမှာ အင်တာ ဗျုးတစ်ခုကနေထိုင်းဘုရင်စနစ်ကိုစော်ကားမှု၊ ကွန်ပျူတာ ရာဇဝတ်မှုတွေနှင့် စွဲချင်တင်လိမ့်မယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးပါတယ်။
ရှေ့နေချုပ်အမ်နက်ချက်ချာရိုအင်ရက်ဟာ ရဲတပ်ဖွဲ့ကအဆိုပြုထားတဲ့ အဆိုပါအမှုနှစ်ခုနှင့် သက်ဆင်အပေါ်စွဲချက်တင်ဖို့ ဆုံး ဖြတ်ခဲ့တာလို့ ရှေ့နေချုပ်ရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပရာရွတ်ဖက်ချာရက်ခွန်က ယနေ့မေလ၂၉ရက်မနက်က ပြောကြားပါ တယ်။
ဆုံးဖြတ်ချက်ဟာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်မှာ သက်ဆင်ပေးခဲ့တဲ့ အင်တာဗျူးကို ကိုးကားထားပါတယ်။ သက်ဆင်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်သွင်းခဲ့တဲ့အတွက်လည်း ကွန်ပျူတာရာဇဝတ်မှုနှင့်သူ့ကိုစွဲချက်တင်တာဖြစ်ပါတယ်။
ဒါပေမယ့် အမှုစွဲရှေ့နေတွေက သက်ဆင်ကို တရားရုံး ချက်ခြင်းဆင့်ခေါ်ခြင်းတော့မပြုခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ရှေ့နေက သက်ဆင်ဟာ ကိုဗစ်ဖြစ်နေလို့ လာမယ့် တနင်္လာနေ့အထိ အနားယူဖို့လိုအပ်တယ်ဆိုပြီး ဆေးစာရွက် တင်သွင်းခဲ့ လို့ဖြစ်ပါတယ်။ သူဟာ ကြားနာမှုကို ဇွန် ၁၅ ရက်အထိရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒါကြောင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဇွန်လ ၁၈ ရက်နေ့ မနက်၉နာရီမှာ ရှေ့နေချုပ်ရုံးကို လာရောက်ဖို့ အစိုးရ ရှေ့နေတွေက သူ့ကို ဆင့်ခေါ်ထားတယ်လို့ မစ္စတာ ပရာရွတ်ကပြောပါတယ်။
ဧပြီ ၁၀ရက်နေ့တုန်းက မစ္စတာအမ်နက်ဟာ ဆုံးဖြတ်ချက်ကို ယခုဗုဒ္ဓဟူးနေ့ကို ရွှေ့ဆိုင်းပေးခဲ့တာဖြစ်ပါတယ်။
သက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ရက်မှာ ခံဝန်ဖြင့်လွတ်လာပြီးနောက် နည်းပညာမှုခင်းရဲဌာနခွဲက အဲဒီအမှုနှစ်ခုကို လွှဲယူခဲ့ပြီး သူ့ကို ယာယီလွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။
ရှေ့နေချုပ်ရဲ့ကြေညာချက်နောက်မှာ သက်ဆင်ရဲ့ရှေ့နေ ဝင်ယတ်ချတ်မွန်ထရီက သူ့အမှုထည်ဟာ စွဲချက်တွေကို ရင်ဆိုင်ဖြေ ရှင်းလိမ့်မယ်လို့ပြောခဲ့ပါတယ်။
“ သက်ဆင်ဟာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အဆင်သင့်ပဲ” လို့သူကပြောပါတယ်။
အင်တာဗျူးမှာသက်ဆင်ပြောထားခဲ့တာတွေဟာ ဘုရင်စနစ်ကိုစော်ကားပြီး ကွန်ပျူတာရာဇတ်ဝတ်မှုဥပဒေနှင့်ညိစွန်းထား တယ်လို့ ရဲတပ်ဖွဲ့ကစွပ်စွဲထားပါတယ်။
Source: Bangkok Post
@ymg/knl
- Category: Asean
#Daily_News
Published_ 27 May 2024
၁။ မိုးဦးကျချိန်တွင် ပုဂံသို့လာရောက်လည်ပတ်သူ နေ့စဉ် (၄၀၀၀)ဦးကျော်ရှိ
၂။ ကုန်စိမ်းဟင်းသီးဟင်းရွက်များ ကုန်အဝင်အလွန်နည်းသဖြင့်ယခင်ထက်အဆများစွာဈေး မြင့်တက်
၃။ မြန်မာ့မက္ကဒေးမီးယားကုန်ချောဝယ်ယူရန် ဈေးကွက်သစ်နိုင်ငံအဖြစ် ရှရှားကမ်းလှမ်းထားပြီး ပင်လယ်ရေကြောင်းမှတင်ပို့သွားမည်
၄။ ထိုင်ဝမ်ခွဲထွက်သမားများအား သတိပေးသည့်အနေဖြင့် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တရုတ်စစ်ရေးလေ့ကျင့်မှုများပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
#Daily_News
Published_ 25 May 2024
၁။ မုန်တိုင်းမိုးရွာနေချိန် မိုးကျလာပြီဆိုပြီး တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ မစတင်ရန်သတိပေး
၂။ နေပြည်တော် ဒေသထွက်စိန်တစ်လုံးသရက်များ ရန်ကုန်အဓိကတင်ပို့၊ ရာသီကုန်ချိန်ဖြစ်သော်လည်း ဈေးနှုန်းကျဆင်း
၃။ ရန်ကုန်တိုင်းအတွင်း ယခင်အရောင်းဝယ်အေးခဲ့သည့် လုံးခြင်းအိမ်ခြံမြေဈေးကွက် ပြန်လည်အရောင်းဝယ်ရှိလာဟုဆို
၄။ ကျဆုံးသွားသောအီရန် သမ္မတနှင့်အခြား(၇)ဦး၏ အခေါင်းများကိုအီရန်မြို့တော်သို့သယ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar