#World_Health
Published 01 May 2026
■ ရံဖန်ရံခါ တစ်ထိုင်တည်းဖြင့် အရက်ပမာဏ များများသောက်ခြင်းသည် အသည်းရောဂါဆိုး ဖြစ်နိုင်ခြေ ၃ ဆပိုများစေတယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ အသည်းရောဂါနောက်ခံရှိသူတွေမှာ တစ်လကို တစ်ခါလောက် ပမာဏများများ သောက်သုံးလျှင်ပင် အသည်းအမာရွတ်ရောဂါ ဖြစ်နိုင်ခြေ ၃ ဆ ပိုများစေတယ်လို့ ဆောက်သန်းကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသန လုပ်ထားပါတယ်။
■ ဒီရောဂါက နာတာရှည်အသည်းရောဂါ နောက်ပိုင်းအဆင့်ဖြစ်ပြီး ရေရှည်ရောင်ရမ်းမှုကြောင့် အမာရွတ်တစ်ရှူးတွေ စုပြုံလာတာ ဖြစ်ပါတယ်။
■ အချိန်တစ်ခဏအတွင်း အယ်ကိုဟော အများအပြား သောက်ခြင်းက အသည်းထိခိုက်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်ပြီး အထူးသဖြင့် အသည်းအဆီဖုံးရောဂါတစ်မျိုးဖြစ်တဲ့ MASLD ရှိသူတွေမှာ ပိုဆိုးစေပါတယ်။
■ အမေရိကန် အရွယ်ရောက်သူတွေရဲ့ ၂၅-၃၀ ရာခိုင်နှုန်းမှာ MASLD ရှိနေကြပြီး အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ ကိုလက်စထရောများခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ တစ်ထိုင်တည်းအတွင်း ၄-၅ ခွက်အထက် အသောက်များသူတွေဟာ ပမာဏနည်းနည်း မျှသောက်သူတွေထက် အသည်းအမာရွတ် ဖြစ်နိုင်ခြေပိုများတယ်လို့ တွေ့ရှိထားပါတယ်။
■ လူရွယ်တွေနဲ့ အမျိုးသားတွေဟာ တစ်ခဏအတွင်း အလွန်အကျွံ သောက်တတ်ကြပြီး အသည်းပိုမိုထိခိုက်စေနိုင်ပါတယ်။
■ ဒါကြောင့် သောက်သုံးတဲ့ အကြိမ်ပုံစံက ပမာဏထက် ပိုပြီးအရေးပါနေပါတယ်။
■ ဘယ်လိုပဲဖြစ်ဖြစ် အယ်ကိုဟောကို အသင့်အတင့် သောက်သုံးဖို့သာ အကြံပြုထားပြီး ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြသသင့်ပါတယ်။
Source: AOL
#World_Health
Published 30 April 2026
■ ကမ္ဘာ့အတိုင်းအတာအရ ကလေးဘဝကင်ဆာတွေက ကလေးငယ်တွေ သေဆုံးရခြင်း အကြောင်းအရင်းတွေထဲမှာ ထိပ်ဆုံး ၈ နေရာမှာ ရှိနေပြီး ဒါဟာ ဝက်သက်၊ တီဘီ၊ HIV တို့ထက် ပိုများနေပါတယ်။
■ ၂၀၂၃ မှာ ဒီထဲကမှ သေဆုံးမှု ၉၄ ရာခိုင်နှုန်းက ဝင်ငွေအလယ်အလတ်နဲ့ နိမ့်ပါးတဲ့ နိုင်ငံတွေက ဖြစ်နေပါတယ်။
■ ၂၀၂၃ အတွင်း ကလေးကင်ဆာ ဖြစ်ပွားသူ ၃၇၇,၀၀၀ ဦးခန့်ရှိခဲ့ရာ သေဆုံးသူ ၁၄၄,၀၀၀ ခန့် ရှိခဲ့ပါတယ်။
■ ဝင်ငွေအလယ်အလတ်နဲ့ နိမ့်ပါးနိုင်ငံတွေမှ ကလေးတွေက ကင်ဆာအကျိုးဆက်တွေကို ပိုခံစားနေရပြီး တောင်အာရှဒေသဆိုရင် ကမ္ဘာတဝှမ်း ကလေးကင်ဆာသေဆုံးမှုရဲ့ ၂၀.၅ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။
■ ဒီလိုသေဆုံးမှုအများစုက ကာကွယ်လို့ရနိုင်တာကြောင့် နိုင်ငံတော်ကင်ဆာထိန်းချုပ်ရေး အစီအစဉ်တွေမှာ ကလေးကင်ဆာ ထည့်သွင်းဖို့ လိုအပ်နေပြီး စောစီးစွာ ရောဂါရှာဖွေရေး၊ ကုသရေး၊ ကူညီထောက်ပံ့ရေးတို့ စီစဉ်သင့်တယ်လို့ ချန်နိုင် W.I.A ကင်ဆာဌာနမှ ပရော်ဖက်ဆာ ဒေါက်တာ ရာဒါခရစ်ရှ်နန်က ပြောပါတယ်။
■ စီးပွားရေးနိမ့်ပါးတဲ့ နိုင်ငံတွေမှ ကလေးတွေဆိုရင် ရောဂါတွေ့ရှိမှုနောက်ကျခြင်း၊ ကင်ဆာကုသမှု မရရှိခြင်းနဲ့ အခြားသော ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ကြုံတွေ့နေရပါတယ်။
■ ဒါကြောင့် ဒီလိုနိုင်ငံတွေမှာ ကင်ဆာထိန်းချုပ်ရေးစနစ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် လိုအပ်နေပါတယ်။
■ ကလေးကင်ဆာ အချက်အလက်တွေက နိုင်ငံတိုင်းမှာ မရရှိသလို ကလေးဘဝ အဖြစ်များတဲ့ ကင်ဆာတွေအကြောင်း သိပ်ပြီးဖော်ပြထားတာတွေ မရှိပါဘူး။
Source: Indian Express
#World_Health
Published 30 April 2026
■ သွေးပေါင်ချိန်တိုးခြင်းကို ထိန်းချုပ်တယ်ဆိုရာမှာ လေ့ကျင့်ခန်းတွေ၊ စားသောက်မှုတွေ၊ တရားထိုင်ခြင်းတွေ စသဖြင့် ရေရှည်နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲကျင့်ကြံရတာ ဖြစ်ပါတယ်။
■ ရှေးခေတ် တရုတ်စိတ်နှင့်ခန္ဓာကျင့်စဉ် ပါတွမ်ကျင်နည်းလမ်းက သွေးပေါင်ချိန် ထိရောက်စွာ လျှော့ချနိုင်မယ်လို့ အမေရိကန်နှလုံးကောလိပ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
■ ဒီနည်းလမ်းက လှုပ်ရှားမှုနဲ့ အသက်ရှူနှုန်းနှေးနှေး၊ စိတ်အာရုံစူးစိုက်မှုတို့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
■ နှလုံးရောဂါ ဖြစ်နိုင်ခြေများစေတဲ့ သွေးတိုးရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ ဒီလိုမျိုး ကျင့်စဉ်တွေ အရေးပါနိုင်တယ်လို့ ကျွမ်းကျင်သူ ပြောထားပါတယ်။
■ ပါတွမ်ကျင်နည်းလမ်းက တရုတ်တို့ရဲ့ နှစ်ပေါင်း ၈၀၀ ကျော် လေ့ကျင့်ခန်းဖြစ်ပြီး လှုပ်ရှားမှု ၈ မျိုးကို နှေးနှေးဖြင့် ထိန်းချုပ်ပြုလုပ်ရတာ ဖြစ်ပါတယ်။
■ အခြားသော ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ မတူတာက ပါတွမ်ကျင်ဟာ ပြင်းထန်မှုနည်းပါးခြင်း၊ အလွယ်တကူ လေ့လာနိုင်ခြင်း၊ ပစ္စည်းကိရိယာ မလိုအပ်ခြင်း၊ အသက်အရွယ်မရွေး သင့်လျော်ခြင်းတို့ ရနိုင်ပါတယ်။
■ အသက် ၄၀ အထက် သွေးပေါင်ချိန်အနည်းငယ် မြင့်တက်နေတဲ့ လူပေါင်း ၂၁၆ ဦးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ပါတွမ်ကျင်လေ့ကျင့်တဲ့အဖွဲ့၊ ခပ်မြန်မြန်လမ်းလျှောက်တဲ့ အဖွဲ့၊ လေ့ကျင့်ခန်းလမ်းစဉ်လိုက်နာတဲ့ အဖွဲ့တွေ ခွဲခဲ့ပါတယ်။
■ နှစ်တွေလတွေကြာပြီးနောက် ပါတွမ်ကျင်လေ့ကျင့်တဲ့လူတွေက သွေးပေါင်ချိန် ကျဆင်းမှု သိသာတာကို မြင်တွေ့ခဲ့ရပါတယ်။
■ ဒီကျင့်စဉ်အတွက် နည်းလမ်းတွေကတော့ ခြေထောက်ကို ပခုံးအကျယ်အတိုင်း မတ်မတ်ရပ်ခြင်း၊ ပုံစံတစ်ခုချင်းစီမှာ ဖြည်းညင်းစွာ လှုပ်ရှားခြင်း၊ အသက်ရှူမှန်မှန်ပြီး လှုပ်ရှားခြင်း၊ ကိုယ်ဟန်မျှခြေနဲ့ စိတ်ပြေလျော့မှုကို အာရုံစိုက်ခြင်း၊ တိတ်ဆိတ်တဲ့နေရာမှာ နေ့စဉ် ၁၀-၁၅ မိနစ်ခန့် လေ့ကျင့်ခြင်းတို့ ဖြစ်ပါတယ်။
Source: India Today
နွေဦးရောက်လာချိန်မှာ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ပိုမိုသုံးစွဲလာကြပြီး ပေကျင်းမှာဆိုရင် အိမ်မွေးခွင့်ပြုတဲ့စတိုးဆိုင်တွေမှာ ဧည့်သည်တွေ များပြားနေပါတယ်။
#Asia_Business
Published 29 April 2026
#အိမ်မွေးတိရိစ္ဆာန် #ကော်ဖီဆိုင်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 April 2026
■ ဒေါ်နယ်ထရမ့်နဲ့ ချားလ်စ်ဘုရင်တို့ရဲ့ ရှေ့မျိုးဆက်တွေသာ ယနေ့ယင်းတို့ကို မြင်နေရပါက အန်ဂလို-အမေရိကန် တော်လှန်ရေး ယနေ့အထိ ရှင်သန်နေတာကို ဂုဏ်ယူဝမ်းမြောက်နေကြလိမ့်မယ်လို့ အမေရိကန်သမ္မတ အင်္ဂါနေ့မှာ ပြောသွားပါတယ်။
■ ထရမ့်နှင့်ချားလ်တို့တွေ့ဆုံတဲ့ပုံတစ်ပုံကို အိမ်ဖြူတော်က "ဘုရင်နှစ်ပါး" ဆိုပြီး ပုံစာရေးခဲ့ပါတယ်။
■ ဗြိတိန်တော်ဝင်မိသားစုတွေကို အမေရိကန်အစိုးရ ကြိုဆိုနှုတ်ဆက်ရာမှာ ထရမ့်နဲ့ ချားလ်စ်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး ရယ်မောနေခဲ့ပါတယ်။
■ ၂၀၂၅ အောက်တိုဘာတုန်းက ထရမ့်ဟာ AI ပြုလုပ်ချက် ဗီဒီယိုတစ်ခု တင်ခဲ့ပြီး သရဖူဆောင်းထားလျက် ယင်းအစိုးရကို ဆန့်ကျင်နေတဲ့ ဆန္ဒပြသူတွေအပေါ်ကနေ တိုက်လေယာဉ်စီးနေတဲ့ ပုံသဏ္ဍာန် ဖော်ပြခဲ့ဖူးပါတယ်။
■ လွှတ်တော်မှ ရီပတ်ဘလစ်ကန်တွေက အဆိုပါ သရုပ်ဖော်ပုံတွေဟာ အမေရိကားမုန်းတီးရေးတွေလို့ သတ်မှတ်ထားပါတယ်။
■ ထိုနေ့မှာပဲ နောက်ထပ် AI ဗီဒီယိုတစ်ခုမှာ သရဖူ၊ တော်ဝင်ဝတ်ရုံ၊ ဓားတို့ ဆောင်ယောင်ထားပြီး ဒီမိုကရက်တွေက သူ့ရှေ့မှာ ဒူးထောက်နေရပါတယ်။
■ ၁၇၇၅ မှစတင်ကာ ၁၃ ဗြိတိန်မြောက်အမေရိကန် ကိုလိုနီတွေက ချားလ်စ်ရဲ့ဘိုးဘေး ဂျော့ခ်ျ-၃ကို ဆန့်ကျင်ပြီး လွတ်လပ်ရေးအတွက် ၈ နှစ်ကြာ စစ်ပွဲဆင်နွှဲခဲ့ပါတယ်။
■ အမေရိကန်က ၁၇၇၆ မှာ ဂရိတ်ဗြိတိန်ထံကနေ လွတ်လပ်ရေးရရှိကြောင်း ကြေညာခဲ့ပါတယ်။
■ အမေရိကန်နဲ့ ဗြိတိန်ကြား ကွာခြားချက်က ပြည်သူတွေမှာသာ အချုပ်အခြာအာဏာ ရှိတာဖြစ်တယ်လို့ နယူးယော့ခ် ဒီမိုကရက်အမတ် ဂျိုးမိုရဲလ်က ပြောပါတယ်။
■ ဒီလိုမျိုး ဘုရင်မင်းမြတ် ပုံစံမျိုးတွေ စွပ်စွဲတာကို ထရမ့်က ငြင်းပယ်ခဲ့ပြီး ရှင်ဘုရင်မဟုတ်ဘူးလို့ ဆိုပါတယ်။
Source: Reuters
#World_Health
Published 29 April 2026
■ ရေဆိုးရေညစ်တွေလိုမျိုး အနံ့ဆိုးတွေက မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းတို့ ခံစားရနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ သိသိသာသာ ထိရောက်နိုင်ပါတယ်။
■ ကျန်းမာရေးနဲ့ ပတ်သက်လို့ အနံ့ဆိုးတွေကို အမှုမဲ့နေတတ်ကြပေမယ့် တကယ်တမ်းမှာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ကောင်းစွာမအိပ်ရခြင်း စတဲ့ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။
■ အနံ့ခံအာရုံတွေက အန္တရာယ်ဝင်ရောက်နေကြောင်း သတိပေးတဲ့စနစ်ဖြစ်ပြီး ဦးနှောက်က အနံ့ဆိုးတွေကို ၃၀၀ မီလီစက္ကန့်အတွင်း ပြင်ဆင်ဖော်ပြပါတယ်။
■ အန္တရာယ်ရှိတဲ့ အနံ့တွေ အမြန်သိရှိစေခြင်းက ထိုအနံ့တွေကို အလျင်အမြန် အာရုံခံမိစေပြီး ဘေးအန္တရာယ်တွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင် ကူညီပေးပါတယ်။
■ ဒီလိုအနံ့တွေက မူးဝေခြင်းလိုမျိုး လက္ခဏာတွေ ဖြစ်စေတဲ့ ဗေးဂတ်စ်အာရုံကြောကို လှုံ့ဆော်ပေးခြင်းလိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်စေပါတယ်။
■ ဒီသက်ရောက်မှုတွေကို နားလည်စေဖို့ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
■ အနံ့ဆိုးတွေကို အဆက်မပြတ် ရှူမိတဲ့အခါ ပြင်ပလှုပ်ရှားမှုတွေ ရှောင်ရှားမိသလိုမျိုး လွဲမှားတဲ့လုပ်ရပ်တွေ ဖြစ်လာနိုင်ပြီး လူမှုဘဝနဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။
■ အနံ့ခံနိုင်စွမ်းက အသက်အရွယ်၊ ကျား/မ၊ နေထိုင်စားသောက်မှုပုံစံအလိုက် တစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပြီး လူတွေဟာ မကောင်းတဲ့ အနံ့အသက်တွေကို လွယ်လွယ်နဲ့တော့ ကျင့်သားမရကြပါဘူး။
■ ရေဆိုးရေညစ်အနီးအနားတွေမှာ နေထိုင်တဲ့ လူတွေအတွက်တော့ လေထုအနံ့ဆိုးရွားခြင်းက ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။
■ အနံ့အာရုံခံနိုင်စွမ်းက ကျန်းမာရေးအတွက် အရေးကြီးပြီး ဆာလောင်စိတ်၊ စိတ်ခံစားမှု၊ သက်ရှည်ကျန်းမာခြင်းတို့အပေါ် သက်ရောက်နိုင်ပါတယ်။
Source: BBC.
#World_Health
Published 29 April 2026
■ နို့တွေထဲမှာ နွားနို့က အကောင်းဆုံးဖြစ်နေဆဲဖြစ်ပြီး မရှိမဖြစ် ဗိုက်တာမင်များ၊ သတ္တုဓာတ်များအပြင် အရည်အသွေးမြင့် ပရိုတိန်းတွေလည်း ကြွယ်ဝပါတယ်။
■ အာဟာရပညာရှင်တွေက နေ့စဉ်နွားနို့သောက်ခြင်းက ခန္ဓာကိုယ်ကို ဘယ်လောက်သက်ရောက်စေလဲဆိုတာ မျှဝေဖော်ပြထားပါတယ်။
■ ကယ်စီယံ၊ ဗိုက်တာမင်-ဒီ၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယံ၊ ပိုတက်ဆီယံ၊ ပရိုတိန်းအပါအဝင် အရိုးထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။
■ အရိုးဖွဲ့စည်းမှုကို ထောက်ပံ့ပေးပြီး ကော်လာဂျင်စုဖွဲ့မှုကို ကူညီပေးတာကြောင့် အသက်ကြီးလာတဲ့အခါ အရိုးပွခြင်း ကျိုးခြင်းတို့ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
■ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉ မျိုးစလုံး ထောက်ပံ့ကာ အရည်အသွေးမြင့်ပရိုတိန်းလည်း ပါဝင်တာကြောင့် နေ့စဉ်သောက်မယ်ဆိုရင် ကြွက်သားဖွဲ့စည်းမှုအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
■ လူဆင်း၊ အိုင်ဆိုလူဆင်း၊ ဗေလင်းတို့လည်း ကြွယ်ဝတာကြောင့် အူသိမ်ထဲကနေ သွေးထဲသို့ တိုက်ရိုက်စုပ်ယူကာ ကြွက်သားတွေကို ပြုပြင်တည်ဆောက်ပေးပါတယ်။
■ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီတို့ ပေါင်းစပ်ပါဝင်ခြင်းကြောင့် ဗိုက်ပြည့်ဝစေပြီး ဆာလောင်စိတ်ကို ထိန်းချုပ်စေနိုင်ပါတယ်။
■ ပိုတက်ဆီယံနဲ့ ကယ်စီယံတို့လို အာဟာရဓာတ်တွေက သွေးပေါင်ချိန်ထိန်းသိမ်းပေးကာ နှလုံးကျန်းမာရေးကို ထောက်ကူပေးပါတယ်။
■ နေ့စဉ် နို့ ၃ ခွက်သောက်သုံးသင့်ပြီး အုတ်ဂျုံ၊ ကွေကာ၊ ကော်ဖီတို့နဲ့လည်း တွဲဖက်သောက်သုံးနိုင်ပါတယ်။
Source: Martha Stewart
Page 8 of 1158