#World_News
Published 24 July 2026
■ သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ဖက်နိုင်ငံ ၆၀ ထံမှ တင်သွင်းကုန်များအပေါ် ၁၀ ရာခိုင်နှုန်းကနေ ၁၂.၅ ရာခိုင်နှုန်းအထိ အခွန်သစ်များကို သောကြာနေ့ကစလို့ စည်းကြပ်မယ်လို့ ကြေညာခဲ့ပါတယ်။
■ ယခုအခွန်စည်းကြပ်မှုတွေဟာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းများ တင်သွင်းမှုကို တားဆီးရန် လုံလောက်တဲ့ ဥပဒေ ဒါမှမဟုတ် အကောင်အထည်ဖော်ခြင်း မရှိတဲ့ နိုင်ငံများကို ပစ်မှတ်ထားခြင်းဖြစ်ပါတယ်။
■ အဆိုပါ အခွန်များဟာ သောကြာနေ့ နံနက် ၁၂:၀၁ နာရီ (EDT) မှစပြီး စတင်သက်ရောက်မှာဖြစ်ကာ သက်တမ်းကုန်ဆုံးတော့မယ့် ယာယီ ၁၀ ရာခိုင်နှုန်း ကမ္ဘာလုံးဆိုင်ရာ အခွန်နှုန်းထားကို ချက်ချင်း အစားထိုးသွားမှာ ဖြစ်ပါတယ်။
■ ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၀၁ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး ပိုမိုခိုင်မာတဲ့ အခွန်စည်းရိုးတစ်ခု တည်ဆောက်ရန် ရည်ရွယ်တာ ဖြစ်ပါတယ်။
■ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု တားဆီးရေးဥပဒေ လုံလောက်စွာရှိတဲ့ နိုင်ငံများက ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရမှာဖြစ်ပြီး တားမြစ်ချက် လုံလောက်မှုမရှိတဲ့ နိုင်ငံများကတော့ ၁၂.၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ခံရမှာ ဖြစ်ပါတယ်။
■ အခွန်ကင်းလွတ်ခွင့်ရရှိမယ့်ကုန်ပစ္စည်းများမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ USMCA သဘောတူညီချက်ဝင် ကုန်ပစ္စည်းများနဲ့ ပုဒ်မ ၂၃၂ အရ အခွန်စည်းကြပ်ပြီးသား သတ္တုများ ပါဝင်ပါတယ်။
■ အဆိုပါ ပေါ်လစီဟာ ဥရောပသမဂ္ဂ EU၊ တရုတ်နဲ့ အိန္ဒိယ အပါအဝင် အဓိက ကုန်သွယ်ဖက်နိုင်ငံများကို လွှမ်းခြုံပါဝင်ထားသဖြင့် အမေရိကန်ရဲ့ ကုန်ပစ္စည်းတင်သွင်းမှု အများစုအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 24 July 2026
■ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားရမယ့် အစားအစာတွေကို ရှာဖွေကြည့်ရင် သင်္ဘောသီးက ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။
■ မိသားစုအကြံပြုချက်တွေမှာရော လူမှုကွန်ရက်စာမျက်နှာတွေမှာရော အသိပေးချက်အများစုက သင်္ဘောသီးစားရင် သားပျက်သားလျှော ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။
■ ဒါက ဆေးပညာအရ တကယ်ပဲ မှန်နေနိုင်မလား။
■ ဂုရုဂရမ် Paras Health ဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ အစ်ရှာခရီပလာနီကတော့ ထိုအယူအဆဟာ များသောအားဖြင့် နားလည်မှု လွဲမှားနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
■ သင်္ဘောသီးမှည့်ကို သင့်တင့်ရုံပမာဏ စားခြင်းဟာ သားပျက်သားလျှော မဖြစ်စေဘူးလို့ ပြောပါတယ်။
■ အဓိကစိုးရိမ်ရမှာက မမှည့်သေးတဲ့ အကင်းသင်္ဘောသီးတွေကြောင့် ဖြစ်ပြီး ယင်းတို့မှာ ပါဝင်တဲ့ သစ်စိမ်းရည်ပမာဏက ပိုမိုပါဝင်နေလို့ဖြစ်ကြောင်း ရှင်းပြပါတယ်။
■ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ ဒီသစ်စိမ်းရည်ကို လွန်ကဲတဲ့ပမာဏ စားသုံးမိပါက သားအိမ်ကျုံ့ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ ပါပိန်းလို ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ဖြစ်တယ်လို့ ပြောသွားပါတယ်။
Source: Indian Express
#World_Health
Published 24 July 2026
■ ကျန်းမာရေးမှာ အရေးကြီးတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေကို ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းနီးပါးမှာ တွေ့ရပြီး အထူးသဖြင့် ဦးနှောက်၊ မျက်လုံး၊ နှလုံးနေရာတွေမှာ များစွာရှိကြပါတယ်။
■ လေ့လာချက်တွေအရ အိုမီဂါ-၃ အဆီတွေဟာ ဦးနှောက်နဲ့ နှလုံးသွေးကြောကျန်းမာရေးတို့ ကာကွယ်ရာမှာ ကူညီပေးနိုင်ကာ အိုမီဂါ-၃ လုံလောက်စွာ မစားမိရင်တော့ ဦးနှောက်အသိစိတ် ကျဆင်းခြင်း၊ စိတ်အခြေအနေ မမှန်ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များနိုင်ပါတယ်။
■ ခန္ဓာကိုယ်က အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေကို မထုတ်လုပ်နိုင်တာကြောင့် အစားအစာမှရတဲ့ အိုမီဂါ-၃ က အရေးပါနေပါတယ်။
■ ပင်လယ်စာတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ် အဓိကပါဝင်သလို ငါးမစားတဲ့သူတွေအတွက် အပင်အစားအစာမှလည်း ရနိုင်ပါတယ်။
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက EPA , DHA , ALA စသဖြင့် ပုံစံတွေရှိနိုင်ပြီး မူလရင်းမြစ်တွေနဲ့ အကျိုးအာနိသင်တွေ ကွဲပြားပါတယ်။
■ ALA က EPA နဲ့ DHA အဖြစ်သို့ ပြောင်းလဲနိုင်ပေမယ့် ဒီဖြစ်စဉ်က လုံလောက်ခြင်းမရှိဘဲ အစားအစာတွေကနေ စားသောက်ရယူဖို့ လိုအပ်ပါတယ်။
■ အပင်အခြေပြုကိုသာ မှီခိုရသူတွေအတွက် ရေညှိအယ်ဂျေးအခြေပြု ဖြည့်စွက်ဆေးတွေက EPA နဲ့ DHA တို့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
■ အမျိုးသားတွေမှာ နေ့စဉ် ALA ၁.၆ ဂရမ်နဲ့ အမျိုးသမီးတွေမှာ ၁.၁ ဂရမ် စားသုံးပေးဖို့ အကြံပြုထားပါတယ်။
Source: Toronto Sun
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ သဘာဝဘေးမဲ့တောတစ်ခုမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေတဲ့ အင်ဒိုချိုင်းနားမီးခိုးရောင်မျောက်မြီးရှည်တစ်ကောင်ကို အနီအောက်ရောင်ခြည်ကင်မရာထဲမှာ ရိုက်ကူးရရှိခဲ့ပြီး ဒါဟာ ထိုဒေသရဲ့ ဇီဝမျိုးကွဲများနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ဆက်လက်တိုးတက်နေတာကို ပြသနေပါတယ်။
#Asia_Nature
Published 23 July 2026
#တရုတ်နိုင်ငံယူနန်ပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 23 July 2026
■ ဆော်ဒီအာရေဗျနိုင်ငံအတွက် ယူရေနီယံ သန့်စင်ထုတ်လုပ်စေနိုင်မယ့် လမ်းစဖွင့်ပေးနိုင်တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးနျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အမေရိကန်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
■ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးပါတဲ့ခြေလှမ်း ဖြစ်ပေမယ့် နျူကလီးယား စောင့်ကြည့်ကြီးကြပ်မှုနဲ့ ပတ်သက်လို့ မေးခွန်းများ ထွက်ပေါ်လာစေပါတယ်။
■ အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ္စရိုက်နဲ့ ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသားအဗ္ဗဒူလာဇစ်ဘင်ဆယ်မန်တို့က နျူကလီးယား သဘောတူညီချက်နဲ့အတူ နှစ်နိုင်ငံ ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
■ ဒီသဘောတူညီချက်ဟာဖြင့် အမေရိကန် နျူကလီးယားနည်းပညာ တင်ပို့မှုများ ချဲ့ထွင်းခြင်း၊ အလုပ်အကိုင်များ ဖန်တီးခြင်း၊ စွမ်းအင်နဲ့ နိုင်ငံတော်လုံခြုံမှု မြှင့်တင်ခြင်းတို့အတွက် ရည်ရွယ်ပါတယ်။
■ နျူကလီးယား စောင့်ကြည့်ကြီးကြပ်မှု၊ ဘေးကင်းလုံခြုံမှု၊ အထူးသဖြင့် ယူရေနီယံ သန့်စင်ထုတ်လုပ်မှုတို့နဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ အမေရိကန်ကွန်ဂရက်ကတော့ ဒီသဘောတူညီချက်ကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။
■ ဒီသဘောတူညီချက်ဟာ အမေရိကန်-ဆော်ဒီ ဆက်ဆံရေးမှာ ထင်ရှားတဲ့ခြေလှမ်းဖြစ်ပြီး အီရန်နဲ့ ဒေသတွင်းတင်းမာမှုတွေ ရှိနေတဲ့ကြား လက်မှတ်ရေးထိုးခဲ့တာဖြစ်ကာ အရှေ့အလယ်ပိုင်းမှာ နျူကလီးယားကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်းပူပန်မှု မြင့်တက်လာစေပါတယ်။
Source: WION
#World_Health
Published 23 July 2026
■ ၁၉၅၀ ပြည့်နှစ်များတည်းက ဆပ်ပြာတွေထဲမှာ ပဋိဇီဝဆေးဝါး ပေါင်းစပ်ပါဝင်ပစ္စည်းများကို ထည့်သွင်းအသုံးပြုခဲ့ကြပေမယ့် ရိုးရိုးဆပ်ပြာနဲ့ ရေတို့ဖြင့်ပင် ပိုးမွှားသန့်စင်ဖို့ရာ ထိရောက်မှုရှိပါတယ်။
■ တစ်ကိုယ်ရေသန့်ရှင်းရေး မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ် လူဦးရေ ၁.၄ သန်းရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းထားပါတယ်။
■ ပဋိဇီဝဆေးဝါး ပေါင်းစပ်ပါဝင်တဲ့ ဆပ်ပြာတွေဟာ ရိုးရိုးဆပ်ပြာလောက် ထိရောက်မှုမရှိတဲ့အပြင် ပိုးသတ်ဆေးယဉ်ပါးမှုကိုလည်း ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
■ ထရိုင်ကလိုဆန်နဲ့ အခြားသော ပဋိဇီဝဆေးဝါး ပေါင်းစပ်ပါဝင်ပစ္စည်းတွေဟာ ဘေးကင်းကြောင်းနဲ့ ထိရောက်မှုရှိကြောင်း အထောက်အထား လုံလောက်စွာ မရှိခြင်းကြောင့် ယင်းတို့ကို အိမ်သုံးပစ္စည်းများမှာ အသုံးပြုခြင်းကနေ အမေရိကန် FDA က ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
■ ပဋိဇီဝဆေးဝါး ပေါင်းစပ်ပါဝင်တဲ့ ထုတ်ကုန်များ အသုံးပြုမှုမြင့်တက်လာပေမယ့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေတဲ့အပြင် ပဋိဇီဝဆေးယဉ်ပါးမှုကိုလည်း ဖြစ်ပွားစေပါတယ်။
■ ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ်မရှိစေဘဲ ရောဂါပိုးမွှားများကို ကာကွယ်ရန်အတွက်က ပထမဆုံးနဲ့ အဓိကနည်းလမ်းက ရိုးရိုးဆပ်ပြာနဲ့ ရေကိုသာ အသုံးပြုရန် တိုက်တွန်းထားပါတယ်။
■ ပိုးသတ်သန့်စင်ခြင်းကို ခန္ဓာကိုယ်မှထွက်တဲ့ အရည်များ ပေကျံညစ်ပတ်သွားတဲ့အခါမျိုး၊ ခုခံအားကျဆင်းခြင်းလိုမျိုး အခြေအနေတွေမှာ သီးသန့်အသုံးပြုရန် တိုက်တွန်းထားပါတယ်။
■ တစ်ကိုယ်ရေသန့်ရှင်းရေး အယူအဆအရ ကျန်းမာသန်စွမ်းတဲ့ ခုခံအားစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် ပတ်ဝန်းကျင်ရှိ အဏုဇီဝပိုးမွှားများနဲ့ ပုံမှန်ထိတွေ့မှုရှိနေရန် လိုအပ်ပါတယ်။
Source: Toronto Sun
#World_Health
Published 23 July 2026
■ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ မနက်စာမျိုး စားချင်သူတွေအတွက်တော့ မနက်တိုင်း ကြက်ဥပြုတ် ၃ လုံးနဲ့ ကော်ဖီတစ်ခွက် သောက်သုံးခြင်းကို ကျင့်သုံးသင့်ပါတယ်။
■ ဒီလိုစားသောက်ပုံမျိုးကို တစ်လကြာအောင် နံနက်တိုင်း စားသုံးပေးပါက ဘာတွေဖြစ်နိုင်မလဲ။
■ အဆိုပါ မနက်စာမျိုးက ရေတိုအကျိုးအာနိသင်အချို့ ရရှိစေနိုင်တယ်လို့ ဒေလီမြို့ ခိုင်လက်ရှ်ဒီပက်ဆေးရုံမှ အာဟာရပညာရှင် ရီချာရှာမက ပြောပါတယ်။
■ ကြက်ဥတွေမှာ အရည်အသွေးမြင့် ပရိုတိန်းများ၊ ကျန်းမာရေးညီညွတ်တဲ့ အဆီများ၊ ဗိုက်တာမင်-ဒီနဲ့ ဘီ၊ ကိုလင်းတို့ ကြွယ်ဝပြီး ကော်ဖီကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေးစွမ်းနိုင်တယ်လို့ ပြောပါတယ်။
■ ကြက်ဥ ၃ လုံးနဲ့ ကော်ဖီကို မနက်စာအဖြစ် တွဲဖက်စားသုံးပေးပါက ဆာလောင်စိတ် ထိန်းချုပ်ရာမှာ ကြာရှည်ထိန်းသိမ်းပေးနိုင်စေပြီး ကိုယ်အလေးချိန်လျှော့ချခြင်းတို့ကို ကူညီပေးပါတယ်။
■ ပထမရက်အနည်းငယ်အတွင်း တစ်နေ့တာအတွင်း ဆာလောင်စိတ် လျော့ကျသွားတာကို သတိပြုမိလာနိုင်ပါတယ်။
■ ပရိုတိန်းဓာတ် မြင့်မားတဲ့အခါ ကြွက်သားထိန်းသိမ်းမှုကို ကူညီပေးပြီး ကြံ့ခိုင်လေ့ကျင့်ခန်း၊ စားသောက်ပုံစံထိန်းချုပ်ခြင်းတို့ကို ဦးစားပေးတဲ့သူတွေအတွက် အကျိုးရှိစေမှာပါ။
Source: Indian Express
Page 3 of 1197