တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သုံးရက်ကြာနိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပီကင်းမြို့သို့ ရောက်ရှိလာခဲ့ပါတယ်။
#World_News
Published 14 May 2026
#အမေရိကန်သမ္မတထရမ့် #တရုတ်နိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုသည့်အခမ်းအနားကို ပေကျင်းမြို့လယ်ရှိ ပြည်သူ့ခန်းမဆောင်ကြီးအပြင်ဘက်တွင် ကြာသပတေးနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
သမ္မတရှီ၏ ဖိတ်ကြားချက်အရ သမ္မတထရမ့်သည် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်နေခြင်းဖြစ်သည်။
ယင်းသည် သမ္မတရှီက သမ္မတထရမ့်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပေကျင်း၌ လက်ခံတွေ့ဆုံခဲ့ပြီးနောက်ပိုင်း ကိုးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတတစ်ဦး၏ တရုတ်နိုင်ငံခရီးစဉ် ဖြစ်သည်။
Source CCTV+
#World_Health
Published 14 May 2026
■ အဆုတ်ကင်ဆာ ဖြစ်ပွားမှုတွေနဲ့ အဆုတ်ကင်ဆာကြောင့် အသက်ဆုံးပါးမှုတွေ နောက်ပိုင်းနှစ်တွေမှာ ကျဆင်လာပေမယ့် ငယ်ရွယ်ပြီး ဆေးလိပ်မသောက်တဲ့ သူတွေမှာ အဆုတ်ကင်ဆာ အဖြစ်များလာတာကို သုတေသီတွေ စိုးရိမ်နေကြပါတယ်။
■ လေ့လာချက်တစ်ခုမှာ ကျန်းမာရေးညီညွတ်တဲ့ အစားအသောက်တွေနဲ့ ဆေးလိပ်မသောက်သူတွေမှာ စောစောစီးစီး အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းတို့ကြား အံ့အားသင့်ဖွယ် ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်။
■ ဒါဟာ တွေ့ရှိချက်သာဖြစ်ပြီး ဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များ စားသုံးခြင်းက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အထောက်အထား မဟုတ်ပါဘူး။
■ အသက် ၅၀ မတိုင်ခင် ကင်ဆာဖြစ်တာကို စောစီးစွာ ကင်ဆာဖြစ်တယ်လို့ခေါ်ပြီး ဆေးလိပ်မသောက်သူတွေမှာ အဆုတ်ကင်ဆာ အဖြစ်များလာပါတယ်။
■ သုတေသီတွေက အချက်အလက်များဆန်းစစ်ကာ ဒီလိုဖြစ်စေတဲ့ ပြောင်းလဲမှုတွေ အကြောင်းအရာတွေကို ရှာဖွေနေကြပါတယ်။
■ ကင်ဆာအကျိတ် ဖြစ်ပွားပုံလမ်းကြောင်းတွေကို ဆန်းစစ်ဖို့ လူနာ ၁၈၇ ဦးကို လေ့လာခဲ့ကြပြီး ရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရာတွေနဲ့ စားသောက်ပုံစံတို့ကိုပါ လေ့လာခဲ့ကြပါတယ်။
■ ကျန်းမာရေးညီညွတ်တဲ့ အစားအစာတွေက ကင်ဆာဖြစ်စေတယ်လို့ မယူဆသင့်ဘဲ ပိုးသတ်ပေါင်းသတ်ဆေးလိုမျိုး အကြောင်းအရာတွေကို လေ့လာဖို့က ပိုပြီးအရေးကြီးကြောင်း ယူဆရပါတယ်။
■ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးဖို့က အလုံးစုံကျန်းမာရေးအတွက် အရေးကြီးဆဲဖြစ်တယ်လို့ သုတေသီတွေ အကြံပြုထားပါတယ်။
Source: Medical News Today.
#World_Health
Published 14 May 2026
■ ညစာကို ညနေခင်း ၆ နာရီဝန်းကျင် စားသုံးခြင်းက ဖြစ်သင့်တဲ့အချိန်ဖြစ်ပြီး နေ့စဉ်ဒီလိုပုံမှန်အချိန်အတိုင်း ထိန်းသိမ်းသွားဖို့က ပိုပြီးလို့ အရေးကြီးကြောင်း အမေရိကန် အစာအိမ်အူလမ်းကြောင်းအထူးကု ပါလာနီယပ်ပန်မန်နစ်ခမ်က အကြံပြုထားပါတယ်။
■ ဒီလိုမျိုး ပုံမှန်ထိန်းသိမ်းသွားခြင်းက ခန္ဓာကိုယ်ရဲ့ နေ့ညလည်ပတ်စက်ဝန်းနဲ့ ကိုက်ညီစေပြီး ဟော်မုန်းတွေနဲ့ ဇီဝဖြစ်စဉ်အမျိုးမျိုးကို ထိန်းချုပ်ပေးပါတယ်။
■ ဦးနှောက်ရဲ့ အဓိကပင်မနာရီလေးက နေ့ညလည်ပတ်စက်ဝန်းအရ ဟော်မုန်းတွေကို ထိန်းချုပ်ပေးပါတယ်။
■ အစာခြေဟော်မုန်းတွေက နေထွက်ချိန်ကနေ နေဝင်ချိန်အထိ လှုပ်ရှားနေပြီး ကြီးထွားမှုဟော်မုန်းလိုမျိုး ပြုပြင်ဟော်မုန်းတွေက ညအိပ်ချိန်မှာ အမြင့်ဆုံးဖြစ်ပါတယ်။
■ ပြုပြင်ရေးဟော်မုန်းတွေက ကိုယ်တွင်းစက်ဝန်းတွေအရ ခန္ဓာကိုယ်ကို ပြန်လည်ဖြည့်တင်းပေးတာကြောင့် ပုံမှန်အလေ့အကျင့်တွေက မရှိမဖြစ် အရေးကြီးပါတယ်။
■ လူတစ်ဦးချင်းစီရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အိပ်စက်အချိန်ဇယားတို့အလိုက် ညစာစားချိန် ကွဲပြားနိုင်ကာ အရေးကြီးဆုံးက အချိန်မှန်ကျင့်ကြံထိန်းသိမ်းသွားဖို့ ဖြစ်ပါတယ်။
■ ညစာစားချိန်က ခန္ဓာကိုယ်ရဲ့ နေ့ညလည်ပတ်စက်ဝန်းနဲ့ ဇီဝကမ္မဖြစ်စဉ်တို့ကို သက်ရောက်နိုင်တယ်လို့ ဒေါက်တာ အာဒဏ်ယာနာရာဂန်က ရှင်းပြပါတယ်။
■ နောက်ကျမှ စားခြင်းက အက်ဆစ်လျှံတက်ခြင်း၊ ကောင်းစွာ မအိပ်စက်နိုင်ခြင်းတို့ ဖြစ်စေကာ စောစီးစွာ စားခြင်းဖြင့် အစာကြေခြင်း၊ ဇီဝဖြစ်စဉ်နဲ့ ကိုက်ညီခြင်းတို့ ရရှိနိုင်ပါတယ်။
■ ညမအိပ်ခင် ၂-၃ နာရီခန့်ခွာပြီး ညစာစားသင့်သလို နောက်ကျမှ စားတယ်ဆိုရင်လည်း ပေါ့ပါးပြီး အဆီနည်းတာတွေ စားသင့်ပါတယ်။
■ စားချိန်နဲ့အိပ်ချိန်တို့ ပုံမှန်ထိန်းသိမ်းခြင်းက အစာခြေကျန်းမာရေးကို ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
ဂျပန်အစိုးရရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ငြိမ်းချမ်းရေးအဖွဲ့တွေဟာ တိုကျိုမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
#Asia_Politics
Published 13 May 2026
#ဂျပန်အစိုးရ #ဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 13 May 2026
■ လူသားတွေဟာ လက်နက်အသစ်အမျိုးမျိုး ထုတ်လုပ်ဖို့အတွက် အချိန်နဲ့ သယံဇာတရင်းမြစ် အမြောက်အများ သုံးစွဲနေကြပါတယ်။
■ သုတေသီအဖွဲ့က လူတွေကိုကြောက်စိတ်ဖြစ်ပေါ်စေတဲ့ အသံလှိုင်းဖြင့်စနစ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။
■ ရက်ဘောက်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ဦးဆောင်ကာ ဦးနှောက်မှာ ကြောက်စိတ်တုံ့ပြန်စေတယ်လို့ ထင်ရတဲ့ amygdala အစိတ်အပိုင်းလေးကို လေ့လာခဲ့ကြပါတယ်။
■ ဒီအရာက အန္တရာယ်တွေကနေ သင်ခန်းစာကို အမြန်အဆန်သိမြင်သွားကြပြီး အန္တရာယ်မရှိတော့ရင်တောင်မှ စွဲကျန်နေစေတဲ့အပြင် PTSD လို ဝေဒနာရှင်တွေမှာ အမြဲတမ်းကြောက်စိတ်ဖြစ်ပေါ်စေတဲ့ ပြဿနာတွေပါ ဖြစ်လာပါတယ်။
■ သုတေသီတွေက ကျန်းမာသန်စွမ်းတဲ့ စမ်းသပ်ခံသူတွေမှာ ဦးခေါင်းသို့ အသံလှိုင်းရိုက်ခတ်စေပြီး မြွေပုံတွေကို ဓာတ်လိုက်ချက်တွေနဲ့ ယှဉ်တွဲပေးခဲ့ပါတယ်။
■ ဒါဟာ ဦးနှောက်က တစ်ခုခုကို ကြောက်စေအောင် သင်ကြားပေးဖို့ ဖြစ်ပါတယ်။
■ amygdala ကို အသံလှိုင်းတွေနဲ့ ဖိနှိပ်ထားတဲ့အခါ အကြောက်တရား ဖြစ်ပေါ်ဖို့ နှောင့်နှေးသွားပြီး အန္တရာယ်မရှိတော့တဲ့အခါမှာလည်း ကြောက်စိတ်က အမြန်ဆုံးပျောက်ကွယ်သွားပါတယ်။
■ hippocampus လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို စမ်းသပ်ရာမှာတော့ ဘာသက်ရောက်မှုမှ မရှိတာကြောင့် amygdala ကပဲ ကြောက်စိတ်ဖြစ်ပေါ်မှုမှာ သီးသန့်ပါဝင်နေပါတယ်။
■ ဘေးထွက်ဆိုးကျိုးအနေနဲ့ အန္တရာယ်တွေအကြောင်း တိတိကျကျ သိပ်မမှတ်မိဘဲ အန္တရာယ်ဖြစ်နှုန်းကို အလွန်အကျွံ ဖော်ညွှန်းတတ်ကြပါတယ်။
■ amygdala ဖောက်ထွင်းအသံလှိုင်းနည်းပညာက PTSD နဲ့ စိုးရိမ်ပူပန်မှု ခံစားရသူတွေအတွက် ကြောက်စိတ်တုံ့ပြန်မှုတွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Source: India Today
#World_Science
Published 13 May 2026
■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅,၈၀၀ ခန့်က ကမ္ဘာ့သက်တမ်းအစောဆုံးခွေးကို မျိုးရိုးဗီဇသုတေသနမှာ ရှာတွေ့ခဲ့ပါတယ်။
■ ရှေးခေတ်မုဆိုးများ စုဝေးတည်ရှိရာ တူရကီ ပီနာဘာဆီကျောက်ဆောင်မှာ ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီခွေးက ယခင်အစောဆုံးလို့ တွေ့ရှိခဲ့တဲ့ခွေးထက် နှစ် ၅ ထောင်လောက်ပိုပြီး စောနေပါတယ်။
■ ဒါကြောင့် ခွေးတွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီတည်းက လူသားမျိုးနွယ်တွေကြားမှာ တည်ရှိခဲ့တယ်ဆိုတဲ့သဘော ယူဆရပါတယ်။
■ ထိုအချိန်က ဝံပလွေတွေနဲ့ မျိုးရိုးဗီဇကွဲပြားခဲ့ပြီး နောက်ဆုံးရေခဲခေတ်မတိုင်ခင် မျိုးရိုးတွေ ကွဲပြားနေခဲ့တာ ဖြစ်နိုင်ပါတယ်။
■ ပီနာဘာဆီမှ ခွေးဟာ လူသားတွေ မွေးမြူခဲ့တဲ့ ပထမဆုံးသတ္တဝါ ဖြစ်ပြီး ဆိတ်၊ သိုး၊ ကျွဲနွား၊ ကြောင်တွေထက် ပိုပြီးစောပါတယ်။
■ လူမှုအသိုင်းအဝိုင်းတွေ ရှုပ်ထွေးပြောင်းလဲလာခဲ့တဲ့ တလျှောက်လုံး ခွေးတွေက လူသားတွေအတွက် အဖော်ဖြစ်ခဲ့ပြီး အခြားအိမ်မွေးတိရိစ္ဆာန်တွေထက် ပိုပြီးအားကိုးအားထား ပြုခဲ့ပါတယ်။
■ အစောဆုံးလို့ သိထားခဲ့တဲ့ခွေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄,၂၀၀ ခန့်က ဆွစ်ဇာလန်မှ ဥရောပခွေးဖြစ်ပါတယ်။
■ ရှေးခေတ်တူးဖော်တွေ့ရှိချက်များအရ မုဆိုးတွေဟာ ခွေးတွေကို တန်ဖိုးထားသတ်မှတ်ခဲ့ကြပြီး လူတွေဘေးနားမှာ မြေမြှုပ်ကြသလို အစားအစာတွေလည်း ကျွေးမွေးခဲ့ပါတယ်။
■ ရှေးခေတ်ကခွေးတွေဟာ မုဆိုးတွေ အမဲလိုက်ရာမှာ ပါဝင်ကူညီပြီး သတိပေးတဲ့အနေနဲ့လည်း တာဝန်ကျေခဲ့ဖွယ် ရှိပါတယ်။
Source: India Today
Page 2 of 1159