#World_Health
Published 06 May 2026
■ ဗိုက်တာမင်-ဒီက ရေရှည်ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။
■ အသက် ၃၀ - ၄၀ ဝန်းကျင် သက်လတ်ပိုင်းရောက်တဲ့အချိန် ဗိုက်တာမင်-ဒီ ပမာဏက အသက် ၆၀ - ၇၀ ဝန်းကျင်မှာ ဦးနှောက်အသိဉာဏ် စွမ်းဆောင်ရည်ကို ညွှန်ပြနိုင်ပါတယ်။
■ ဗိုက်တာမင်-ဒီ ချို့တဲ့သူတွေမှာ ဖြည့်စွက်အားဆေး အသုံးပြုခြင်းက အထိရောက်ဆုံးဖြစ်သလို အနာဂတ်မှာ ဦးနှောက်ဖွဲ့စည်းပုံနဲ့ အာဟာရဓာတ် ပုံမှန်စုပ်ယူခြင်းတို့အတွက်လည်း ဗိုက်တာမင်-ဒီ လုံလောက်စွာရှိဖို့ အရေးကြီးပါတယ်။
■ ၁၆ နှစ်တာ လေ့လာချက်တစ်ခုမှာ သက်လတ်ပိုင်းရောက်တဲ့အချိန် ဗိုက်တာမင်-ဒီ ပမာဏ မြင့်မားခြင်းက ဘဝနောက်ပိုင်းမှာ tau ပရိုတိန်းစုပြုံမှုကို သိသိသာသာ လျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။
■ tau ပရိုတိန်းဆိုတာက ဦးနှောက်ထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေပြီး အယ်ဇိုင်းမားနဲ့ ဒီမန်ရှာရောဂါမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
■ ဒီဖြစ်စဉ်တွေကို ကာကွယ်ပေးခြင်းဖြင့် ဗိုက်တာမင်-ဒီဟာ ဦးနှောက်အသိဉာဏ် ကျဆင်းခြင်းကနေ ရေရှည်ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
■ အိန္ဒိယ ဟိုက်ဒရာဘက်မှ အမျိုးသားအာဟာရအဖွဲ့အစည်းရဲ့ လေ့လာချက်ထဲမှာ ဗိုက်တာမင်-ဒီ နည်းပါးခြင်းက သက်လတ်ပိုင်း အိန္ဒိယတွေမှာ ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ အတည်ပြုထားပါတယ်။
■ ဗိုက်တာမင်-ဒီပမာဏ အမြင့်ဆုံးဖြစ်နေစေမယ့် အကောင်းဆုံးအချိန်က အသက် ၃၀ မှ ၄၀ ဝန်းကျင်ဖြစ်ပြီး ရေရှည်ဦးနှောက်ကျန်းမာရေးကို သက်ရောက်စေပါတယ်။
■ ဗိုက်တာမင်-ဒီ ပမာဏ လုံလောက်ဖို့အတွက် ပုံမှန်စစ်ဆေးခြင်း၊ နေ့ဘက် ၁၅-၂၀ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်း၊ လိုအပ်လျှင် ဖြည့်စွက်ဆေး အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
Source: NDTV.
တရုတ်ပြည် ယန်ဇီမြစ်ဒယ်တာမှ ဟွာလုံ-၁ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ၁၆၈ နာရီကြာ စမ်းသပ်ချက်အပြီး ဗုဒ္ဓဟူးနေ့ကစပြီး စတင်ဓာတ်အားပေးဝေပြီ ဖြစ်ပါတယ်။
#Asia_Industry
Published 05 May 2026
#တရုတ်ပြည်ယန်ဇီမြစ်ဒယ်တာ
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 05 May 2026
■ အသားကြီးနဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာများ စားသုံးခြင်းဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းနီးပါး မြင့်မားစေနိုင်တယ်လို့ လေ့လာဖော်ပြထားပါတယ်။
■ အသားကြီးနေရာမှာ ပဲ၊ အခွံမာသီး၊ ကြက်သား၊ ငါးတို့မှ ပရိုတိန်းတွေ စားသုံးပေးရင်တော့ ဆီးချိုဖြစ်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်။
■ အသားကြီးတွေမှာ ပရိုတိန်း၊ သံဓာတ်၊ ဗိုက်တာမင်-ဘီ၁၂ တို့ ပါဝင်ပေမယ့် များများစားရင်တော့ သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင် ဆိုးကျိုးဖြစ်လာနိုင်ပြီး ဆီးချိုဖြစ်နိုင်ခြေ များစေပါတယ်။
■ အသားကြီးစားတဲ့အခါ ခန္ဓာကိုယ်က ပရိုတိန်းကို အမိုင်နိုအက်ဆစ်အဖြစ် ချေဖျက်ပေးပြီး ပိုနေတဲ့ အမိုင်နိုအက်ဆစ်တွေကို ဂလူးကို့စ်အဖြစ် ပြောင်းလဲတဲ့အတွက် သွေးတွင်းသကြားဓာတ် ဖြည်းဖြည်းချင်း မြင့်တက်လာပါတယ်။
■ ပရိုတိန်းအများအပြား စားခြင်းကလည်း သကြားဓာတ်ကို ထိန်းသိမ်းပေးတဲ့ ဂလူကာဂွန်တွေ ထွက်ရှိစေပြီး သွေးထဲသို့ သိမ်းထားတဲ့ဂလူးကို့စ်တွေ ထုတ်လွှတ်စေပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးတွေမှာ ပါဝင်တဲ့ နိုက်ထရိတ်၊ တာရှည်ခံဆေးများ၊ ဆိုဒီယံတို့က ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေ ဖြစ်စေပြီး မကောင်းတဲ့ဆီတွေကြောင့်လည်း အဆီစုပြုံလာစေပြီး ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။
■ အသားကြီးတွေကို အဓိကပရိုတိန်းရင်းမြစ်အဖြစ် ပုံမှန်စားသုံးရင် ခန္ဓာကိုယ်ထဲ ဇီဝကမ္မဖြစ်စဉ်တွေ ထိခိုက်နိုင်တဲ့အပြင် အဆင့်ဆင့်ထုတ်လုပ် စားစရာတွေနဲ့ပါ ပေါင်းစပ်စားတဲ့အခါ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။
■ အပင်အခြေပြုတဲ့ ပရိုတိန်းတွေကို အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင့်ပစ္စည်းများ၊ အာဟာရဓာတ်များနဲ့ တွဲဖက်စားသုံးရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 05 May 2026
■ ကမ္ဘာ့အကြီးဆုံး လေ့လာချက်ထဲမှာ စားသောက်မှုပုံစံနဲ့ ကင်ဆာဖြစ်နိုင်ခြေကြား ဆက်စပ်မှုရှိကြောင်း လေ့လာခဲ့ကြရာ အသားစားသူတွေနဲ့ နှိုင်းယှဉ်ပါက သက်သက်လွတ်စားသူတွေဟာ ကင်ဆာ ၅ မျိုးဖြစ်တဲ့ ရင်သား၊ ဆီးကျိတ်၊ ပန်ကရိယ၊ ကျောက်ကပ်၊ သွေးဖြူဥကင်ဆာတို့ ဖြစ်နိုင်ခြေပိုနည်းနေပါတယ်။
■ ကြက်ဘဲ၊ နို့ထွက်ပစ္စည်းတွေပါ မစားတဲ့ သက်သက်လွတ်သမားတွေကတော့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။
■ ယူကေ၊ အမေရိကန်၊ အိန္ဒိယ၊ ထိုင်ဝမ်တို့မှ လူတွေကို ပျမ်းမျှ ၁၆ နှစ်လောက်ကြာအောင် စောင့်ကြည့်လေ့လာခဲ့ရာမှာ နို့ထွက်ပစ္စည်း စားသုံးသူတွေက အသားစားသူတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုနည်းပြီး ငါးသာစားသုံးသူတွေက အူမကြီး၊ ရင်သား၊ ကျောက်ကပ်ကင်ဆာတို့ ဖြစ်နိုင်ခြေ ပိုနည်းတာ တွေ့ရပါတယ်။
■ လေ့လာချက်အရ အသီးအနှံနဲ့ ဟင်းရွက်များ စားသုံးခြင်းက ကင်ဆာအများအပြားမှ ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရတယ်လို့ အမ်မိုရီတက္ကသိုလ်မှ ပရော်ဖက်ဆာ ကေအမ်ဗန်ကက်နာရာယန်က ပြောပါတယ်။
■ ကင်ဆာြဖစ်နိုင်ခြေ အချက်အလက်တွေထဲမှာ BMI နဲ့ ဆေးလိပ်လိုမျိုး အကြောင်းအရာတွေလည်း သက်ရောက်နိုင်ပါတယ်။
■ အိန္ဒိယလေ့လာမှုတွေထဲမှာ စားသောက်ပုံစံ အမျိုးမျိုးက ကျင့်ကြံနေထိုင်စားသောက်တဲ့ အလေ့အကျင့်တွေနဲ့ များစွာသက်ရောက်နေပါတယ်။
■ အသီးအရွက် စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေက သိသာထင်ရှားပေမယ့် အလွန်အကျွံ မှီခိုမနေဖို့ကိုလည်း သုတေသီတွေ သတိပေးထားပါတယ်။
Source: India Today
တရုတ်လျှပ်စစ်ကား EV အားသွင်းစခန်းတွေ မတ်လမှာ များပြားလာပြီး မတ်လကုန်မှာ အားသွင်းစခန်းပေါင်း ၂၁.၄၈၁ သန်း ရှိခဲ့ရာ ၄၆.၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ တရားဝင်အချက်အလက်မှာ ဖော်ပြထားပါတယ်။
#Asia_Industry
Published 04 May 2026
#EV #တရုတ်လျှပ်စစ်ကား
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 04 May 2026
■ အိန္ဒိယကတော့ မကြာခင်မှာ အာကာသကနေ ပိုမိုမြန်ဆန်စိတ်ချရတဲ့ အင်တာနက် ရတော့မှာဖြစ်ပါတယ်။
■ ၂၀၂၆ ဧပြီ ၂၉ ရက်နေ့မှာ ViaSat-3 F3 စွမ်းအားမြင့်ဂြိုဟ်တုကို ဖလော်ရီဒါ ကန်နက်ဒီအာကာသစင်တာကနေ SpaceX Falcon Heavy ဒုံးပျံဖြင့် လွှတ်တင်ခဲ့ပါတယ်။
■ အိန္ဒိယစံတော်ချိန် ည ၇ နာရီ ၄၃ မိနစ်မှာ ပစ်လွှတ်ခဲ့ပြီးနောက် ၅ နာရီခန့်အကြာမှာ ဒုံးပျံကနေ ကွဲထွက်သွားခဲ့ပါတယ်။
■ ViaSat က ကယ်လီဖိုးနီးယားအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
■ မိနစ်ပိုင်းအတွင်းမှာပဲ ကောင်းမွန်စွာ လှုပ်ရှားနေတဲ့ အချက်အလက်တွေ ရရှိခဲ့ပြီး စီစဉ်ထားတဲ့အတိုင်း အတိအကျ ကမ္ဘာကိုပတ်နေပါတယ်။
■ ဒေတာသွားနိုင်စွမ်းက တစ်စက္ကန့်ကို ၁ တယ်ရာဘစ်ကျော်ရှိပြီး ဒါဟာ ကြည်လင်ပြတ်သား ဗီဒီယိုတစ်သန်းလောက်ကို တပြိုင်နက် ထုတ်လွှင့်ပြသနိုင်မှာ ဖြစ်ပါတယ်။
■ ယခင်ဂြိုဟ်တုတွေနဲ့ မတူတာက ဒေတာလွှဲပြောင်းနှုန်း bandwidth ကို လိုအပ်ချက်အများဆုံးနေရာများသို့ တိကျစွာ ဦးတည်ပေးနိုင်ပါတယ်။
■ ဥပမာအားဖြင့် အသွားအလာများတဲ့ လေကြောင်းလမ်းစဉ်၊ ဝေးလံတဲ့ကျေးရွာတစ်ခုခု၊ ပင်လယ်ပြင်မှ ရေတပ်သင်္ဘောတို့ကို ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။
■ ဒီဂြိုဟ်တုကို အမြဲတမ်းပတ်လမ်းကြောင်းနေရာသို့ လမ်းညွှန်ပြီး ဝန်ဆောင်မှုမပေးခင် စမ်းသပ်ချက်အများအပြား ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
■ လေကြောင်းလမ်းများ၊ ပင်လယ်ပြင် ရေလမ်းကြောင်းများ၊ ဝေးလံတဲ့ လူနေထိုင်ရာနေရာများ၊ အစိုးရလုပ်ငန်းခွင်များအတွက် အင်တာနက် bandwidth ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ ViaSat India မှ MD ဂေါ်တမ်ရှာမာက ပြောပါတယ်။
■ အင်တာနက်ချိတ်ဆက်မှု သိပ်အဆင်မပြေဖြစ်နေတဲ့ အိန္ဒိယလို နိုင်ငံတွေအတွက်တော့ ယခုဂြိုဟ်တုဖြင့် မြန်နှုန်းမြင့်အင်တာနက် ရရှိစေတော့မှာ ဖြစ်ပါတယ်။
Source: India Todayc
#World_News
Published 04 May 2026
■ အီရန်ပဋိပက္ခနဲ့ မပတ်သက်ဆိုင်တဲ့ ကြားနေနိုင်ငံများကို ကူညီထောက်ပံ့မယ့်အနေနဲ့ ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို စေလွှတ်ဖို့ တနင်္လာနေ့နံနက်မှာ အမေရိကန် စတင်အားထုတ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
■ အစီအစဉ်အကြောင်း အနည်းငယ်ပြောကားခဲ့ကာ ရေလက်ကြားမှာ ပိတ်မိနေပြီး အစာရေစာပြတ်လပ်တော့မယ့် သင်္ဘောသားတွေနဲ့ သင်္ဘောတွေကို ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
■ ထိုသင်္ဘောတွေ လွတ်လပ်စွာ အလုပ်ပြန်လုပ်နိုင်ရန် အဆိုပါရေလမ်းကြောင်းတွေကနေ ဘေးကင်းစွာ ထွက်ခွာနိုင်ဖို့ လမ်းညွှန်ပြရမယ်လို့ ထိုနိုင်ငံတွေကို ပြောထားပါတယ်။
■ အီရန်ရော အမေရိကန်က ပင်လယ်ကွေ့မှာ သင်္ဘောဖြတ်သန်းမှု အားလုံးနီးပါးကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
■ အမေရိကန်အစီအစဉ်ကို ဘယ်နိုင်ငံတွေ ကူညီပေးမလဲဆိုတာကိုတော့ မပြောထားသေးပါဘူး။
■ အီရန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်က မလုံလောက်တဲ့အတွက် ငြင်းပယ်ဖို့ရှိတယ်လို့ ထရမ့်ပြောပြီး နောက်တစ်နေ့မှာပဲ အီရန်က အမေရိကန်ဘက်က တုံ့ပြန်ချက်တစ်ခု ရခဲ့တယ်လို့ ပြောပါတယ်။
■ အမေရိကန်က အီရန်အနေနဲ့ နျူကလီးယားပရိုဂရမ်အပေါ် တင်းကြပ်မှုများကို လက်ခံစေရန် အလိုရှိနေပြီး ယူရေနီယံ ထုတ်လုပ်မှုများကို လက်လျှော့စေချင်ပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောဖြတ်သန်းခွင့် မရတဲ့အတွက် လောင်စာဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ထရမ့်မှာလည်း ဖိအားများနေပါတယ်။
■ အစ္စရေးလ်ကလည်း ဟစ်ဇ်ဘိုလာနဲ့ ပဋိပက္ခတင်းမာနေတဲ့အတွက် လက်ဘနွန်တောင်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်ကြဖို့ ညွှန်ကြားထားပါတယ်။
Source: Reuters
Page 6 of 1158