#World_News
Published 24 April 2026
■ ဝါရှင်တန် - အလုပ်သမားများကို ခရစ်ပတို ငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်သည့် လုပ်ငန်းများတွင် အတင်းအကျပ် ပါဝင်စေခဲ့သည်ဟု အာဏာပိုင်များက ဆိုသည့် မြန်မာနိုင်ငံရှိ ကြီးမားကျယ်ပြန့်သော စခန်းတစ်ခုကို စီမံခန့်ခွဲခဲ့မှုဖြင့် တရုတ်နိုင်ငံသား နှစ်ဦးသည် အမေရိကန်တွင် တရားစွဲဆိုခံနေရကြောင်း ရိုက်တာသတင်းအရသိရသည်။
■ ဖက်ဒရယ်တရားရုံးတွင် တင်သွင်းထားသော တိုင်ကြားချက်အရ သံသယရှိသူများဖြစ်သည့် ဟွမ်ရှင်းရှန် (Huang Xing Shan) နှင့် ကျန်ဝမ်ကျဲ (Jiang Wen Jie) တို့ကို အင်တာနက်/ ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် လိမ်လည်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုထားသည်။
■ သူတို့သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များက မသိမ်းပိုက်မီ မင်းလက်ပံရွာရှိ စက်မှုလုပ်ငန်းအရွယ်အစားရှိသော Shunda Park (ရွှန်းဒါ စက်မှုဇုန်) စခန်းကို စီမံခန့်ခွဲခဲ့သည်ဟု စွပ်စွဲခံထားရသည်။
■ ဝါရှင်တန်တွင် တရားစွဲဆိုခံထားရသော သံသယရှိသူ နှစ်ဦးစလုံးသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအစိုးရ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
■ သူတို့သည် ကမ္ဘောဒီးယားရှိ အခြား ငွေလိမ်စခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့သော်လည်း ယခုနှစ်အစောပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စွဲချက်များဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု အဆိုပါမှတ်တမ်းက ဖော်ပြထားသည်။ သူတို့ကို အမေရိကန်သို့ မည်သည့်အချိန်တွင် ခေါ်ဆောင်လာကာ တရားစွဲဆိုမည်မှာ မသေချာသေးပေ။
■ FBI အေးဂျင့်များသည် ရွှန်းဒါ (Shunda) စခန်းတွင် တွေ့ရှိခဲ့သည့် အီလက်ထရောနစ် စက်ပစ္စည်း ထောင်ပေါင်းများစွာကို စစ်ဆေးခဲ့ပြီး ယခင် အလုပ်လုပ်ခဲ့သူအချို့ကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ လိမ်လည်သူများသည် တရားဥပဒေစိုးမိုးရေး အရာရှိများ သို့မဟုတ် ဘဏ်အရာရှိများအဖြစ် ဟန်ဆောင်ကာ၊ တရားဝင် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများအသွင် ဖန်တီးထားသော လိမ်လည်သည့် ဝက်ဘ်ဆိုက်များကို အသုံးပြု၍ ခရစ်ပတိုငွေကြေးများ ပေးပို့လာစေရန် လှည့်စားခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ သားကောင်များကို လိမ်လည်ခဲ့ကြကြောင်း FBI အေးဂျင့်တစ်ဦး၏ ကျမ်းကျိန်လွှာအရ သိရသည်။
■ ဝါရှင်တန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ စွဲချက်များကို ကြေညာခဲ့သည့် အမေရိကန် ရှေ့နေ ဂျန်နင်းပီရို (Jeanine Pirro) က ရွှန်းဒါစခန်းတွင် ကျူးလွန်ခဲ့သော လိမ်လည်မှုအမျိုးအစားသည် အလျင်မြန်ဆုံး ကြီးထွားလာနေပြီး ဘဏ္ဍာရေးအရ အပျက်အစီး အများဆုံးဖြစ်စေသည့် ဆိုက်ဘာ ရာဇဝတ်မှုပုံစံများထဲတွင် ပါဝင်ကာ အမေရိကန်နိုင်ငံသားများအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့ကြောင်း ပြောကြားခဲ့သည်။
■ "ဒါက စိတ်ကူးယဉ်အကြောင်းအရာ မဟုတ်ပါဘူး။ ဒါဟာ ခင်ဗျားတို့ရဲ့အိမ်နီးချင်းတွေ၊သူငယ်ချင်းတွေနဲ့ မိဘတွေရဲ့ အငြိမ်းစားယူဖို့ စုဆောင်းထားတဲ့ ငွေစာရင်းတွေကို ထိခိုက်နေတာပါ" ဟု ပီရိုက ပြောကြားခဲ့သည်။ "ဒီလိုခံရတဲ့ သူအချို့ဟာ အရမ်းကို စိတ်သောကရောက်သွားပြီး သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားကြတဲ့အထိပါပဲ။ ဒါဟာ စီးပွားရေးအရ လူသတ်မှုပါပဲ။"
■ စခန်းရှိ အလုပ်သမားများက သူတို့ကို ဆန္ဒမပါဘဲ ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ကာ လိမ်လည်မှုများတွင် အတင်းအကျပ် ပါဝင်စေခဲ့ကြောင်း FBI သို့ ပြောကြားခဲ့သည်။
■ "ဒီစခန်းတွေရဲ့ နောက်ကွယ်က ရာဇဝတ်ဂိုဏ်းတွေဟာ မသင်္ကာမှုမရှိတဲ့ သူတွေကို လစာကောင်းတဲ့ နည်းပညာအလုပ်တွေ ပေးမယ်ဆိုပြီး အနီးအနားက ထိုင်းနိုင်ငံကို သွားဖို့ မကြာခဏ သွေးဆောင် လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလူတွေထဲက အများစုဟာ သူတို့ရဲ့ သက်သေခံစာရွက်စာတမ်းတွေ သိမ်းဆည်းခံရပြီး ဒီငွေလိမ်စခန်းတွေမှာ အလုပ်လုပ်ဖို့ (မြန်မာနိုင်ငံသို့) လူကုန်ကူးခံရတာ ဖြစ်ပါတယ်" ဟု FBI ၏ ကျမ်းကျိန်လွှာတွင် ဖော်ပြထားသည်။
#World_News
Published 24 April 2026
■ အိမ်ဖြူတော်မှာ ထိပ်သီးအစည်းအဝေး ပြုလုပ်ပြီးနောက် လက်ဘနွန်နဲ့ အစ္စရေးလ်တို့ အပစ်အခတ်ရပ်စဲရေး နောက်ထပ်သုံးပတ် တိုးချဲ့လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြာသပတေးနေ့က ပြောသွားပါတယ်။
■ ထရမ့်က အမေရိကန်ဆိုင်ရာ အစ္စရေးလ်သံအမတ် ယက်ချီရယ်လစ်နာနဲ့ လက်ဘနွန်သံအမတ် နာဒါမိုအာဝက်တို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှု ဒုတိယအကျော့အဖြစ် ဘဲဥပုံရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
■ ဟစ်ဇ်ဘိုလာရန်ကနေ လက်ဘနွန်ကာကွယ်နိုင်ဖို့ အတူတကွ လုပ်ဆောင်နေကြောင်း ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
■ သိပ်မကြာခင်မှာလည်း အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူနဲ့ လက်ဘနွန်သမ္မတ ဂျိုဆပ်အွန်တို့ကို လက်ခံတွေ့ဆုံဖို့လည်း ထရမ့်မျှော်လင့်နေပါတယ်။
■ သုံးပတ်တာ အပစ်အခတ် ရပ်စဲရေးချိန်အတွင်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြဖို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
■ ဒုသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အစ္စရေးလ်ဆိုင်ရာ အမေရိကန်သံအမတ် မိုက်ခ်ဟက်ကာဘီ၊ လက်ဘနွန်ဆိုင်ရာ အမေရိကန်သံအမတ် မီရှဲလ်အစ္စာတို့လည်း အစည်းအဝေး တက်ရောက်ခဲ့ကြပါတယ်။
■ ယခင် သဘောတူညီချက်က တနင်္ဂနွေနေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ သိသိသာသာ လျော့ကျပေမယ့် လက်ဘနွန်တောင်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Source: Reuters
#Local_News
Published 24 April 2026
■ ရန်ကုန်နှင့်မန္တလေး၌ မနက်အစောပိုင်းတွင် လူနေအိမ်နှင့်ဆိုင်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဧပြီလ၂၄ ရက်နေ့၊ မနက် ၁ နာရီ၂၇မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၅၀မိနစ်အချိန်၌မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
■ အလားတူ ဧပြီလ၂၄ ရက်နေ့၊ မနက် ၃ နာရီ၁၈မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေိ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာ(အရှေိ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
■ အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား စုံစမ်းလျှက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 24 April 2026
■ ကမ္ဘာကြီးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၀.၃၅ ဒီဂရီဆဲလ်စီးယပ်စ်နှုန်းဖြင့် ပူနွေးလာခဲ့ပြီး ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ၀.၂ ဒီဂရီထက် များစွာပိုများနေခဲ့ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
■ ယခုဆယ်စုနှစ်အကုန်မှာ ၁.၅ ဒီဂရီ ပူနွေးမှုရေမှတ်ကို အပြီးတိုင် ဖြတ်ကျော်မယ်လို့ ယူဆခဲ့ကြတာဟာ မှားယွင်းနေနိုင်တယ်လို့ ဆိုပါတယ်။
■ NASA ၊ NOAA တို့လို အဖွဲ့အစည်းကြီး ၅ ခုဆီကနေ အချက်အလက်များယူပြီး ကမ္ဘာကြီး ပူနွေးလာနှုန်းကို တိုင်းတာခဲ့ကြပါတယ်။
■ ဒီထဲမှာ အယ်နီညိုဖြစ်စဉ်များ၊ မီးတောင်ပေါက်ကွဲမှုများ၊ ဆိုလာအပူတို့လို သဘာဝဖြစ်စဉ်များလည်း ပါဝင်ပါတယ်။
■ ၂၀၁၅ ခုနှစ်တည်းက ကမ္ဘာကြီးပူနွေးလာမှုနှုန်းဟာ ၉၈ ရာခိုင်နှုန်းကျော် ပြသထားပါတယ်။
■ သိပ္ပံပညာရှင်တွေ မှတ်ယူထားတဲ့ ရာသီဥတုရေမှတ်တွေဟာ ထင်ထားတာထက် များစွာပိုမြန်အောင် ရောက်လာပါလိမ့်မယ်။
■ ယခင်လေ့လာချက်တွေမှာလည်း ကမ္ဘာကြီးဟာ ၀.၂၇ ဒီဂရီဆဲလ်စီးယပ်စ်နှုန်းဖြင့် ပူနွေးနေကြောင်း တွေ့ရှိထားပါတယ်။
■ ကမ္ဘာကြီး ဘယ်လောက်မြန်မြန် ပူနွေးလာလဲဆိုတာက ရုပ်ကြွင်းလောင်စာများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပပျောက်အောင် ဘယ်လောက်မြန်မြန် ဆောင်ရွက်နိုင်လဲဆိုတဲ့အပေါ် မူတည်နေပါတယ်။
■ ရုပ်ကြွင်းလောင်စာတွေအစား သန့်စင်စွမ်းအင်ကဏ္ဍကို ထဲထဲဝင်ဝင် ဆောင်ရွက်သင့်နေပြီ ဖြစ်ပါတယ်။
■ ရေခဲတောင်တွေ ရေခဲပြင်တွေ အရည်ပျော်နှုန်းမြန်ဆန်လာကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေပြီး ကမ်းရိုးတန်းဒေသတွေ စိုးရိမ်စရာ ဖြစ်လာပါတယ်။
Source: WION.
#World_Health
Published 24 April 2026
■ ပရိုတိန်းလိုအပ်ချက်က အားလုံးအတွက် တသမတ်တည်း မဟုတ်ဘဲ လှုပ်ရှားမှုအတိုင်းအတာ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်အပါအဝင် အချက်အလက်များစွာအပေါ် မူတည်နေပါတယ်။
■ ခန္ဓာကိုယ်ဟာ ကြွက်သားများ တည်ဆောက်ပြုပြင်ခြင်းကစလို့ အစာခြေခြင်းအတွက် အင်ဇိုင်းထုတ်လုပ်ခြင်း၊ ပဋိဇီဝပစ္စည်းများ ထုတ်လုပ်ခြင်းတို့အထိ ပရိုတိန်းကို မှီခိုအားထားရပါတယ်။
■ အစာအိမ်အူလမ်းကြောင်းထဲမှာ ပြိုကွဲသွားပြီးနောက် စုပ်ယူသွားကာ တစ်ရှူးအသီးသီးအဖြစ်သို့ ပြင်ဆင်ပေးကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင် ရေချယ်ပိုဂျက်နစ်က ပြောပါတယ်။
■ ပရိုတိန်းညွှန်ကြားချက်အသစ်ထဲမှာ တစ်နေ့ကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ပရိုတိန်း ၁.၂ မှ ၁.၆ ဂရမ် လိုအပ်ပါတယ်။
■ ၈၂ ဂရမ်မှ ၁၀၉ ဂရမ်လောက်အထိ လိုအပ်နိုင်ပါတယ်။
■ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားအလုပ်လုပ်ရပြီး ပြုပြင်ရတာကြောင့် ပရိုတိန်းလိုအပ်ချက် ပိုများလာပါတယ်။
■ အသက်ကြီးသူတွေမှာ ကြွက်သားဆုံးရှုံးလာသဖြင့် ပရိုတိန်းစားသုံးခြင်း၊ သန်မာအောင် လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ချည့်နဲ့မသွားအောင် ကာကွယ်နိုင်ပါတယ်။
■ အသားရော အပင်အခြေပြုစားစရာတွေပါ ပရိုတိန်းလိုအပ်ချက်ကို ဖြည့်ပေးနိုင်ပေမယ့် အမိုင်နိုအက်ဆစ် ပြီးပြည့်စုံဖို့အတွက်ကတော့ အသီးအရွက်ရင်းမြစ် အမျိုးမျိုး လိုအပ်ပါတယ်။
■ ပရိုတိန်းအလွန်အကျွံ စားသုံးခြင်းကိုတော့ သတိပြုသင့်ပြီး အထူးသဖြင့် နာတာရှည် ကျောက်ကပ်ရောဂါရှိသူတွေမှာ သတိထားရပါမယ်။
Source: NPR
ကမ္ဘာပေါ်က လူငယ်လူဦးရေအများဆုံး တည်ရှိရာတစ်ခုဖြစ်တဲ့ အိန္ဒိယမှာ တရုတ်ပြည်သိုသွားကြတဲ့ ကျောင်းသားအရေအတွက် တိုးများနေပြီး အရည်အသွေးမြင့် ပညာရေးနဲ့ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်း ရှာဖွေလိုကြတာကြောင့် ဖြစ်ပါတယ်။
#Asia_Education
Published 23 April 2026
#အိန္ဒိယ #တရုတ်ပြည်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 23 April 2026
■ အမေရိကန် ရေတပ်ဝန်ကြီး ဂျွန်ဖီလန် ရာထူးမှထုတ်ပယ်ခံရတယ်လို့ သတင်းရင်းမြစ်နှစ်ဦး ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
■ ကာကွယ်ရေးဝန်ကြီး ပီ့ဟက်ဆက်က တပ်မတော် ထိပ်သီးဗိုလ်ချုပ်တွေကို ထုတ်ပယ်ပြီး ရက်သတ္တပတ်တွေအကြာမှာ နောက်ထပ်ထုတ်ပယ်မှု ပြုလုပ်တာ ဖြစ်ပါတယ်။
■ ဂျွန်ဖီလန်ထုတ်ပယ်ကြောင်းကို ပင်တဂွန်စစ်ဌာနချုပ် ကြေညာခဲ့ပြီး ချက်ချင်းထွက်ခွာရမှာဖြစ်ကာ ဒါဟာ ထွက်ခွာဖို့ သူဆုံးဖြတ်တာ ဟုတ်လားမဟုတ်လားတော့ မပြောထားပါဘူး။
■ အမည်မဖော်လိုသူ သတင်းရင်းမြစ် ပြောကြားချက်အရ ဖီလန်ဟာ သင်္ဘောဆောက်လုပ်ရေး အရှိန်မြှင့်တင်ဖို့ ပြန်လည်ဖွဲ့စည်းပုံဖော်ရာမှာ နှေးလွန်းပြီး ပင်တဂွန်အကြီးအကဲတွေနဲ့ အဆင်မပြေတာကြောင့်လို့ ဆိုပါတယ်။
■ ဟက်ဆက်နဲ့ လက်ထောက်ဖြစ်သူ စတိဗ်ဖိုင်းဘာ့ဂ်၊ ရေတပ် အမှတ် ၂ အရပ်ဘက်အရာရှိ ဟွန်ချိုတို့နဲ့ ဆက်ဆံရေး အဆင်မပြေဘူးလို့ သိရပါတယ်။
■ ဒါတွေက ဖီလန်ရဲ့ရုံးကို စုံစမ်းစစ်ဆေးတာတွေနဲ့ သက်ဆိုင်ပါတယ်။
■ ယင်းက သမ္မတဒေါ်နယ်ထရမ့်နဲ့ နီးစပ်ပြီး ထရမ့်သမ္မတရာထူး ပြန်ရပြီးနောက် ဒီအစိုးရကပဲ ရွေးချယ်တဲ့ ဝန်ကြီးတွေထဲမှာ ပထမဆုံးအထုတ်ခံရသူ ဖြစ်လာပါတယ်။
■ ဟက်ဆက်လက်အောက် ပင်တဂွန်ထိပ်သီးပိုင်းအားလုံးမှာ မငြိမ်မသက်ဖြစ်နေပြီး စစ်ဦးစီးချုပ်ဥက္ကဌ၊ လေတပ်ဗိုလ်ချုပ်ကြီး စီကျူဘရောင်း၊ ရေတပ်နှင့်လေတပ် ဒုဦးစီးချုပ်တို့လည်း ထုတ်ပယ်ခံခဲ့ရပါတယ်။
■ အမေရိကန်က အီရန်နဲ့ တင်းမာနေချိန် အရှေ့အလယ်ပိုင်းသို့ ရေတပ်ပိုစေလွှတ်နေတဲ့အချိန်မှာ အခုလို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
■ အမေရိကန်ရေတပ် တိုးချဲ့ဖို့ ဖိအားများနေကာ တရုတ်သင်္ဘောဆောက်လုပ်ရေးက အမေရိကန်ကို ကျော်လွန်နေပြီ ဖြစ်ပါတယ်။
Source: Reuters
Page 4 of 1151