#World_Health
Published 2 Feb 2026
■ သက်ကြီးတွေမှာ အဆင့်ဆင့်ထုတ်လုပ်စားစရာများ လျှော့ချစားသုံးပါက ကျန်းမာရေးအတွက် ညီညွတ်မျှတစေပြီး ခန္ဓာကိုယ်တွင်းဖြစ်စဉ်များ တိုးတက်စေပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေကို စက်ရုံထုတ်နည်းပညာများ၊ တာရှည်ခံဆေးများဖြင့် ထုတ်လုပ်ထားပြီး မုန့်ထုပ်များ၊ အသင့်စားအသားများ ပါဝင်ပါတယ်။
■ ဒါတွေကို များများစားရင် ကျန်းမာရေးဆိုးကျိုးဖြစ်စေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
■ လေ့လာချက်ထဲမှာ အဝလွန်ခြင်း၊ ဇီဝကမ္မဖြစ်စဉ်ရောဂါများ ရှိနေတဲ့ အသက် ၆၅ နှစ်နဲ့အထက် အမေရိကန်တွေကို အဆင့်ဆင့်ထုတ်လုပ်စားစရာ ပါဝင်မှုနည်းတဲ့ စားသောက်ပုံစံ ၂ မျိုးကို ၈ ပတ်စီ စားသုံးစေခဲ့ပါတယ်။
■ စုစုပေါင်း ၄၃ ဦးမှာ ၃၆ ဦးက လေ့လာချက်မှာ အပြည့်ပါဝင်ခဲ့ပါတယ်။
■ စားသုံးစေတဲ့ စားစရာတွေဟာ အမေရိကန် စားသောက်မှုပုံစံလမ်းညွှန်ချက်များနဲ့ ကိုက်ညီပြီး ကယ်လိုရီတွေ၊ အာဟာရဓာတ်ပမာဏတွေကတော့ အလားတူပဲ ဖြစ်ပါတယ်။
■ ထိုကာလအတွင်း စမ်းသပ်ပါဝင်သူတွေဟာ အဆင့်ဆင့်ထုတ်လုပ်စားစရာများ အလွန်နည်းပါးစွာ စားရသဖြင့် ကယ်လိုရီနဲ့ ကိုယ်အလေးချိန် လျော့နည်းစေခဲ့ပါတယ်။
■ ဒါ့အပြင် အင်ဆူလင် ကောင်းစွာအလုပ်လုပ်နိုင်ပြီး ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုမယ့် ဟော်မုန်းတွေ ထွက်စေခဲ့ပါတယ်။
■ ဒီလေ့လာချက်က သက်ကြီးရွယ်အိုတွေမှာ ကျန်းမာစွာ အိုမင်းလာဖို့က အရေးကြီးပုံကို ထောက်ပြနေပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေ လျှော့စားခြင်းဖြင့် နာတာရှည်ရောဂါတွေကို လျှော့ချကာကွယ်နိုင်မလားဆိုတာကို လေ့လာချက်ကြီးကြီးမားမား ပြုလုပ်ဖို့ လိုပါသေးတယ်။
■ ဒါပေမဲ့ ဒီလိုစားစရာတွေ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်ပုံတွေကို လူတွေ နားလည်သိရှိစေဖို့ကတော့ အခက်အခဲတွေ ရှိနေပါတယ်။
Source: The Conversation.
၁။ အဓိက ပြဿနာ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးစနစ် လုံးဝပြိုလဲသွားနိုင်ကြောင်း အရေးပေါ် သတိပေးလိုက်ပါပြီ။ လက်ရှိအခြေအနေမှာ အဖွဲ့ဝင်နိုင်ငံတွေဆီက ရဖို့ရှိတဲ့ အကြွေး (အဖွဲ့ဝင်ကြေး) မှာ ဒေါ်လာ ၁.၅၇ ဘီလီယံ အထိ စံချိန်တင် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
၂။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ
ပထမအချက်က အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲပါ။ အမေရိကန်သမ္မတထရမ့် လက်ထက်မှာ ကုလသမဂ္ဂကို ပေးသွင်းရမယ့် အဖွဲ့ဝင်ကြေးတွေကို ဖြတ်တောက်ထားတာ သို့မဟုတ် ဆိုင်းငံ့ထားတာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ အမေရိကန်က စုစုပေါင်း ဒေါ်လာ ၄.၆ ဘီလီယံခန့် ပေးရန် ကျန်ရှိနေပါတယ်။ဒေါ်လာ ၁.၅၇ ဘီလီယံ ဆိုတာက "ပုံမှန်အသုံးစရိတ်" ထဲကို အဖွဲ့ဝင်နိုင်ငံတွေ ပေးသွင်းဖို့ ကျန်နေတဲ့ အကြွေးပါ။
ဒုတိယအချက်ကတော့ ကုလသမဂ္ဂ ရဲ့ ခေတ်မမီတော့တဲ့ စည်းမျဉ်းများ:လို့ ဂူတာရက်စ် တင်စားခဲ့တဲ့ ကုလသမဂ္ဂ၏ ဘတ်ဂျက်စည်းမျဉ်းများပဲဖြစ်ပါတဘ်။ အဲဒီစည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံတွေဆီကနေ ပိုက်ဆံအမှန်တကယ် မရသေးပေမယ့်လည်း ပိုလျှံငွေတွေကို ပြန်ပေးရမည့် စည်းမျဉ်းတွေကြောင့် ငွေသားပြတ်လပ်မှု (Liquidity Crisis) အခြေအနေကို ပိုမိုဆိုးရွားစေနေတာဖြစ်ပါတယ်။
၃။ ဘာတွေဖြစ်လာမလဲ
ဖြစ်လာမယ့် အကျိုးဆက်ကြီးတစ်ခုက လုပ်ငန်းတွေရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ တကယ်လို့ အကြွေးတွေမပေးတော့ဘူးဆိုရင် ၂၀၂၆ ဩဂုတ်လမှာ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်ကို ပိတ်ပစ်ရနိုင်ဖွယ်ရှိတဲ့အပြင် စက်တင်ဘာမှာ ကျင်းပမယ့် အထွေထွေညီလာခံကိုလည်း ဖျက်သိမ်းရနိုင်ပါတယ်။
နောက်တစ်ခုက ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေ ပြီးတော့ လူသားချင်းစာနာမှု အကူအညီများ ပေးနေတဲ့ လုပ်ငန်းတွေ အားလုံး ရပ်တန့်သွားနိုင်ပါတယ်။
၄။ဘာလုပ်ရမလဲ
ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံတွေကို အဖွဲ့ဝင်ကြေးများကို အချိန်မီ အပြည့်အဝ ပေးသွင်းဖို့တော့ဆော်ဩနေပါတယ်။ပြီးတော့ ကုလသမဂ္ဂရဲ့ ငွေကြေးစီမံခန့်ခွဲမှု စည်းမျဉ်းများကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုထားပါတယ်။ အချိန်မီပါ့မလားဆိုတာကတော့ စိုးရိမ်တကြီးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
Source : Reuters and Agencies
#World_Health
Published 1 Feb 2026
■ အသက် ၇၆ နှစ်ရှိတဲ့ အမျိုးသားကြီးတစ်ဦးဟာ နှလုံးရောဂါအတွက် ဆေးသောက်ပြီးနောက် ရင်သားတွေ ကြီးထွားလာခဲ့ပါတယ်။
■ ဒါဟာ အချို့သော ဆေးဝါးတွေကြောင့် ဟော်မုန်းမညီမမျှဖြစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။
■ ပြီးခဲ့တဲ့ ၈ လအတွင်း ရင်သားတစ်ရှူးတွေ ပွရောင်းနူးညံ့လာကာ နှစ်တွေအတော်ကြာအောင် spironolactone ဆေးကို သုံးစွဲခဲ့တာကြောင့်လို့ သိရပါတယ်။
■ အမေရိကန်မှာ အသုံးများတဲ့ ဆေးဖြစ်ပြီး လူ ၁၂ သန်းကျော်မှာ သုံးစွဲနေကြပါတယ်။
■ သွေးပေါင်တိုးခြင်းကဲ့သို့ နှလုံးသွေးကြော ပြဿနာများအပြင် အမျိုးသားတွေမှာ ဟော်မုန်းဆက်စပ် ရောဂါများကို ကုသဖို့အတွက် FDA အသိအမှတ်ပြုထားပြီး ဘေးထွက်အန္တရာယ်တွေလည်း ရှိပါတယ်။
■ များသောအားဖြင့် ရေဓာတ်ခန်းခြောက်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်နွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
■ ဒီဆေးအသုံးပြုတဲ့ အမျိုးသား ၁၀ ရာခိုင်နှုန်းလောက်မှာ ရင်သားကြီးထွားလာတာကို ရှားရှားပါးပါး တွေ့ရပါတယ်။
■ ဒီဆေးဟာ ကျားဟော်မုန်ထုတ်လုပ်မှု လျော့နည်းစေပြီး ရင်သားတွေပါ ကြီးထွားလာစေပါတယ်။
ဒီအတွက် ဆေးပမာဏပြောင်းလဲခြင်း၊ ဆေးဖြတ်ခြင်းတို့ဖြင့် ရင်သားကြီးထွားမှုကို လျော့ကျစေနိုင်ပါတယ်။
■ ရင်သားကြီးလာတဲ့ ယောက်ျားတွေက ရင်သားခွဲစိတ်နည်းလမ်းဖြင့် လျှော့ချလာကြပါတယ်။
■ ၂၀၂၀ နောက်ပိုင်း ရင်သားခွဲစိတ်တဲ့ အမျိုးသားတွေ မြင့်တက်လာတယ်လို့ မန်ဟက်တန်မှ အလှအပရေးရာ ခွဲစိတ်ဆရာဝန် ကလော်ဒီယာကင်က ပြောပါတယ်။
■ ဘယ်လိုပဲဖြစ်ဖြစ် spironolactone က အမျိုးသားတွေမှာ သွေးပေါင်ချိန်ကုသခြင်းအတွက် အသုံးများတဲ့ဆေး ဖြစ်နေဆဲဖြစ်ပါတယ်။
Source: New York Post.
#World_Science
Published 1 Feb 2026
■ ဥရောပအာကာသအေဂျင်စီ (ESA)က အာကာသအင်တာနာကြီး New Norcia 3 ကို စတင်လုပ်ဆောင်လိုက်ပြီး အာကာသအထဲထဲမှာ သွားလာနေတဲ့ အာကာသယာဉ်နဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
■ ဥရောပနဲ့ ဩစတြေးလျတို့ ပူးပေါင်းဆောက်လုပ်တာဖြစ်ပြီး ၁၁၅ ပေရှိတဲ့ အင်တာနာက ဩစတြေးလျမှာ တည်ရှိပါတယ်။
■ ဥရောပ အာကာသချိတ်ဆက်ရေး စခန်းကွန်ရက် Estrack ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
■ ESA ရဲ့ စခန်းတွေဟာ မြေပြင်နဲ့ အာကာသကြား အရေးကြီးချိတ်ဆက်မှုဖြစ်ပြီး အာကာသအဖွဲ့တွေက အာကာသယာဉ်နဲ့ အဆက်အသွယ် မိနေစေပါတယ်။
■ ပျံသန်းရေး အစီအစဉ်တွေ ထိန်းချုပ်ခြင်း၊ သိပ္ပံနည်းကျ အချက်အလက်တွေ ဒေါင်းလုဒ်ဆွဲခြင်းတို့အတွက် အရေးကြီးပါတယ်။
■ စပိန်နဲ့ အာဂျင်တီးနားတို့မှာ စခန်းနှစ်ခုနဲ့ ပူးပေါင်းကာ ဒီ ၃ နေရာကနေ ကမ္ဘာကြီးကို စကြဝဠာထဲက အာကာသယာဉ်နဲ့ ချိတ်ဆက်နေစေပါတယ်။
■ ဝေးကွာတဲ့ အာကာသယာဉ်မှ အားနည်းတဲ့ အချက်ပြလှိုင်းတွေ ဖမ်းယူရရှိဖို့အတွက် တန်ပြန်ပစ္စည်းတွေ လက်ခံပစ္စည်းတွေ အေးမြစေတဲ့ အဆင့်မြင့်နည်းပညာ ပါဝင်ပါတယ်။
■ New Norcia 3 က အရေးပါတဲ့ အာကာသလုပ်ငန်းတွေဖြစ်တဲ့ Juice ၊ Solar Orbiter ၊ BepiColombo ၊ Vigil နဲ့ Euclid တို့လို လုပ်ငန်းတာဝန်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
■ ယူရို ၆၂ သန်းတန် ပရောဂျက်က ဒေတာနဲ့ ဓာတ်ပုံတွေအတွက် စိတ်ချရတဲ့ ဖုန်းလိုင်းပေးစွမ်းနိုင်ရန်နဲ့ စကြဝဠာကြီးအကြောင်း လူသားတွေ ပိုမိုသိရှိလာစေရန် ရည်ရွယ်ပါတယ်။
Source: WION.
ဇန်နဝါရီအတွင်း စပိန်မှာ ရထားမတော်တဆမှုများဖြစ်ပွားခဲ့ရာ အများပြည်သူတွေအနေနဲ့ ရထားလမ်းဘေးကင်းလုံခြုံမှုတွေကို စိုးရိမ်လာကြပါတယ်။
#World_News
Published 31 January 2025
#စပိန် #ရထားလမ်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 January 2026
■ အမေရိကန်နိုင်ငံသားနှစ်ဦး ပစ်သတ်ခံရပြီးနောက် အမေရိကန်တဝှမ်းမှ ကျောင်းသားများနဲ့ မင်နီယာပိုလစ်မှ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ သောကြာနေ့က လမ်းပေါ်ထွက်လာကြပြီး မင်နီဆိုတာမှ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ ပြန်လည်ရုပ်သိမ်းပေးဖို့ အလိုရှိနေကြပါတယ်။
■ ကယ်လီဖိုးနီးယားမှ ကျောင်းသားတွေနဲ့ ဆရာတွေ အတန်းမတက်ဘဲ ဆန္ဒပြပွဲနေ့အတွက် နယူးယော့ခ်သို့ ရောက်ရှိလာပါတယ်။
■ နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုအောက်မှာ သမ္မတဒေါ်နယ်ထရမ့်က မင်နီယာပိုလစ်သို့ ဖက်ဒရယ်အရာရှိပေါင်း ၃ ထောင် စေလွှတ်ထားကာ လမ်းတွေမှာ ဝတ်စုံအပြည့်နဲ့ ကင်းလှည့်နေကြပါတယ်။
■ အမေရိကန် လူဝင်မှုနဲ့ အကောက်ခွန်ကြီးကြပ်ရေး(ICE)တို့ အသုံးပြုတဲ့ ဗျူဟာတွေကို လူတွေ ဆန္ဒပြကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
■ အသက် ၆၅ နှစ်ရှိ ဆန္ဒပြသူတစ်ဦးက ဖက်ဒရယ်အစိုးရဟာ ပြည်သူတွေအပေါ် ဖက်ဆစ်တိုက်ခိုက်မှုကြီး ပြုလုပ်နေတယ်လို့ ပြောပါတယ်။
■ မင်နီယာပိုလစ်နားတဝိုက်မှာ ဖက်ဒရယ်လူဝင်မှုအေးဂျင့်များ ပစ်ခတ်ခြင်းကြောင့် အမေရိကန်နိုင်ငံသားနှစ်ဦး ဆုံးပါးခဲ့ရပါတယ်။
■ ဘရုစ်စပရင်စတင်းက ပွဲတစ်ခုမှာ ထိခိုက်နစ်နာသူတွေကို ထောက်ခံကြောင်း ပြောသွားပြီး ပြည်နယ် ၄၆ ခုမှာ "ICE မထောက်ပံ့ရေး"ဆိုတဲ့ ဆောင်ပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြနေကြပါတယ်။
■ ဒီဖြစ်ရပ်တွေကြား မင်နီယာပိုလစ် FBI ကွင်းဆင်းရုံးမှ ယာယီအကြီးအကဲ နုတ်ထွက်သွားပါတယ်။
■ ICE အေးဂျင့်တွေဟာ သတိပေးဝရမ်းမလိုဘဲ ဖမ်းဆီးနိုင်တဲ့ အခွင့်အာဏာရထားပြီး အများပြည်သူတွေရဲ့ တုံ့ပြန်မှုကို ခံနေရပါတယ်။
■ ဆန္ဒပြသူတွေဟာ ကြေးစားသူပုန်တွေလို့ ထရမ့်က သမုတ်ထားကာ ပုန်ကန်ရေးဥပဒေ အထမြောက်ပြီး စစ်တပ်ဖြန့်ကျက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 31 January 2026
■ ကြက်ဥတွေက အာဟာရဓာတ် အများဆုံးပါဝင်တဲ့ စားစရာတွေထဲ ပါဝင်ပေမယ့် ကိုလက်စထရောပြဿနာက တစ်နေ့ကို ဘယ်နှလုံးလောက် စားဖို့စိတ်ချရလဲဆိုတာ တွေးစရာဖြစ်နေပါတယ်။
■ မရန်ဂိုအာရှဆေးရုံမှ ဒေါက်တာ ပါမိကော်အာက ကြက်ဥတွေကို နေ့စဉ် ပမာဏမှန်မှန်ကန်ကန် သေချာစွာ ချက်ပြုတ်စားသုံးပါက ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။
■ ကြက်ဥမှာ အရည်အသွေးမြင့် ပရိုတိန်း၊ ကောင်းကျိုးပြုအဆီများ၊ မရှိမဖြစ် ဗိုက်တာမင်များအပြင် ဆယ်လီနီယံ၊ သံဓာတ်၊ ကိုလင်းတို့လည်း ကြွယ်ဝပါတယ်။
■ ကျန်းမာသန်စွမ်းသူတွေအတွက် တစ်နေ့ကို ကြက်ဥ ၁ လုံး ၂ လုံး၊ တစ်ပတ်ကို ၇ လုံးခန့် စားသုံးခြင်းက ဘေးကင်းစိတ်ချရပါတယ်။
■ ကြက်ဥမှရရှိတဲ့ ကိုလက်စထရောတွေဟာ ပြည့်ဝဆီတွေလောက် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။
■ ကိုလက်စထရောများသူတွေ၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်သူတွေက အသင့်အတင့်သာ စားသုံးသင့်ပြီး အထူးသဖြင့် ကြက်ဥအနှစ်ကို သတိထားရပါမယ်။
■ ကြက်ဥတွေကို ပြုတ်စားခြင်းက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်ပြီး ဆီတွေနဲ့ ကြော်တာကတော့ အာဟာရအကျိုးကျေးဇူး လျော့နည်းနိုင်ပါတယ်။
■ လူအများစုအတွက် တစ်နေ့တစ်လုံးစားခြင်းက စိတ်ချရပြီး ကျန်းမာရေးလိုအပ်ချက်အရ ၂ လုံးစားလို့လည်း ရနိုင်ပါတယ်။
■ ဒါကြောင့် ပုံမှန်စားသောက်မှုစနစ်ထဲမှာ ကြက်ဥကို ထည့်သွင်းစားသုံးသင့်တယ်လို့ အကြံပြုသွားပါတယ်။
Source: India Today.
Page 21 of 1128