၁။ အဓိက ပြဿနာ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးစနစ် လုံးဝပြိုလဲသွားနိုင်ကြောင်း အရေးပေါ် သတိပေးလိုက်ပါပြီ။ လက်ရှိအခြေအနေမှာ  အဖွဲ့ဝင်နိုင်ငံတွေဆီက ရဖို့ရှိတဲ့ အကြွေး (အဖွဲ့ဝင်ကြေး) မှာ ဒေါ်လာ ၁.၅၇ ဘီလီယံ အထိ စံချိန်တင် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

၂။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ

 ပထမအချက်က အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲပါ။ အမေရိကန်သမ္မတထရမ့် လက်ထက်မှာ  ကုလသမဂ္ဂကို  ပေးသွင်းရမယ့်  အဖွဲ့ဝင်ကြေးတွေကို ဖြတ်တောက်ထားတာ  သို့မဟုတ် ဆိုင်းငံ့ထားတာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ အမေရိကန်က  စုစုပေါင်း ဒေါ်လာ ၄.၆ ဘီလီယံခန့် ပေးရန် ကျန်ရှိနေပါတယ်။ဒေါ်လာ ၁.၅၇ ဘီလီယံ ဆိုတာက "ပုံမှန်အသုံးစရိတ်" ထဲကို အဖွဲ့ဝင်နိုင်ငံတွေ ပေးသွင်းဖို့ ကျန်နေတဲ့ အကြွေးပါ။

ဒုတိယအချက်ကတော့ ကုလသမဂ္ဂ ရဲ့ ခေတ်မမီတော့တဲ့ စည်းမျဉ်းများ:လို့  ဂူတာရက်စ် တင်စားခဲ့တဲ့  ကုလသမဂ္ဂ၏ ဘတ်ဂျက်စည်းမျဉ်းများပဲဖြစ်ပါတဘ်။ အဲဒီစည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံတွေဆီကနေ  ပိုက်ဆံအမှန်တကယ် မရသေးပေမယ့်လည်း  ပိုလျှံငွေတွေကို ပြန်ပေးရမည့် စည်းမျဉ်းတွေကြောင့် ငွေသားပြတ်လပ်မှု (Liquidity Crisis) အခြေအနေကို ပိုမိုဆိုးရွားစေနေတာဖြစ်ပါတယ်။

 ၃။ ဘာတွေဖြစ်လာမလဲ

 ဖြစ်လာမယ့် အကျိုးဆက်ကြီးတစ်ခုက လုပ်ငန်းတွေရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ တကယ်လို့ အကြွေးတွေမပေးတော့ဘူးဆိုရင်  ၂၀၂၆ ဩဂုတ်လမှာ  နယူးယောက်မှာရှိတဲ့  ကုလသမဂ္ဂဌာနချုပ်ကို ပိတ်ပစ်ရနိုင်ဖွယ်ရှိတဲ့အပြင်  စက်တင်ဘာမှာ ကျင်းပမယ့်  အထွေထွေညီလာခံကိုလည်း ဖျက်သိမ်းရနိုင်ပါတယ်။

 နောက်တစ်ခုက ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေ ပြီးတော့ လူသားချင်းစာနာမှု အကူအညီများ ပေးနေတဲ့ လုပ်ငန်းတွေ အားလုံး ရပ်တန့်သွားနိုင်ပါတယ်။

 ၄။ဘာလုပ်ရမလဲ

ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံတွေကို  အဖွဲ့ဝင်ကြေးများကို အချိန်မီ အပြည့်အဝ ပေးသွင်းဖို့တော့ဆော်ဩနေပါတယ်။ပြီးတော့  ကုလသမဂ္ဂရဲ့ ငွေကြေးစီမံခန့်ခွဲမှု စည်းမျဉ်းများကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုထားပါတယ်။ အချိန်မီပါ့မလားဆိုတာကတော့ စိုးရိမ်တကြီးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

 

Source : Reuters and Agencies