#World_Science
Published 25 December 2025
■ တရုတ်ပြည်မှာ နှစ်ပေါင်းသန်း ၁၁၀ သက်တမ်းရှိတဲ့ ခြေရာတစ်ခု တွေ့ရှိခဲ့ကာ အလျား ၅.၇ စင်တီမီတာသာ ရှိပါတယ်။
■ ဒါက ဒိုင်နိုဆောပေါက်လေးရဲ့ ခြေရာဖြစ်ပြီး ကြောင်တစ်ကောင်ရဲ့ ခြေရာထက် မကြီးပါဘူး။
■ ဒီခြေရာဟာ အသေးဆုံးဖြစ်တဲ့ စတီဂိုဆောခြေရာ ဖြစ်နေပြီး တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ လီဒါရှင်ဦးဆောင်တဲ့ သုတေသနအဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
■ အရွယ်ရောက်ပြီး စတီဂိုဆောတွေက ပေ ၃၀ လောက်အထိ ရှိနိုင်ပြီး ယခုရုပ်ကြွင်းငယ်လေးက မထင်မှတ်လောက်အောင် သေးငယ်တဲ့ပုံစံဖြင့် စတင်ခဲ့တဲ့သဘော ဖြစ်နေပါတယ်။
■ စတီဂိုဆောပေါက်လေးရဲ့ ခြေရာတွေကို အရွယ်ရောက်ပြီးသားအကောင်တွေ အနားမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
■ ဒီခြေရာက စတီဂိုဆောငယ်လေးတွေဟာ ကွဲပြားစွာ ပြုမူတတ်တယ်လို့ သုတေသီတွေ ယူဆနေကြပြီး မွေးဖွားပြီးနောက်မှာ ဒီသတ္တဝါတွေ ဘယ်လိုရွေ့လျားခဲ့လဲဆိုတာတွေကို ရှားရှားပါးပါး လေ့လာခွင့်ရတာ ဖြစ်ပါတယ်။
■ အံ့အားအသင့်ရဆုံးက စတီဂိုဆောပေါက်လေးတွေ ဘယ်လိုလမ်းလျှောက်လဲဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
■ အရွယ်ရောက်ပြီး စတီဂိုဆောတွေက ဖနောင့်ကို မြေကြီးမှာဖိပြီး လမ်းလျှောက်တာဖြစ်ကာ စတီဂိုဆောတွေကတော့ ခြေချောင်းတွေနဲ့ လမ်းလျှောက်တာဖြစ်နိုင်ပြီး အသက်ကြီးလာတော့မှ ခြေပြားနဲ့ပိုပြီး လျှောက်လာတာ ဖြစ်နိုင်ပါတယ်။
■ ဒီတွေ့ရှိချက်က စတီဂိုဆောတွေဟာ အသက်အရွယ်မရွေး လမ်းလျှောက်ပုံဆင်တူတယ်လို့ ထင်ခဲ့တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
Source: Daily Galaxy
#World_Health
Published 25 December 2025
■ ကျောက်ကပ်ရောဂါဆိုတာက ပြန်မကောင်းတော့ဘဲ အခြေအနေဆိုးရွားမှု နှောင့်နှေးအောင်သာ ကုသကြရတယ်လို့ သိထားပါတယ်။
■ ယခုအခါ သုတေသီတွေက ဆယ်ရာမိုက်လှုပ်ရှားမှုတွေကို ပိတ်ဆို့ပြီးတော့ ကျောက်ကပ်ပျက်စီးခြင်းကို ပြန်ပြောင်းစေနိုင်မယ့် အလားအလာတွေ တွေ့ရှိထားပါတယ်။
■ ဆယ်ရာမိုက်ဆိုတာက အဆီမော်လီကျူးဖြစ်ပြီး ကျောက်ကပ်အတွင်း ဆဲလ်ထိခိုက်မှုနဲ့ ဆက်စပ်နေပါတယ်။
■ တိရိစ္ဆာန်စမ်းသပ်မှုတွေမှာတော့ ဆယ်ရာမိုက်တွေကို ပစ်မှတ်ထားပြီး ကျောက်ကပ်ဆဲလ်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးကာ လုပ်ဆောင်ချက် ပုံမှန်ပြန်ဖြစ်စေပါတယ်။
■ ဆယ်ရာမိုက်ပမာဏ မြင့်တက်လာတဲ့အခါ ကျောက်ကပ် ရောင်ရမ်းခြင်း၊ ဒဏ်ရာဖြစ်ခြင်း၊ လုပ်ဆောင်ချက် ရေရှည်ပျက်စီးခြင်းတို့ ဖြစ်လာစေပါတယ်။
■ ဆယ်ရာမိုက်လျော့နည်းအောင် ကုသခဲ့တဲ့ ကြွက်တွေမှာ ကျောက်ကပ်စွမ်းဆောင်ရည် သိသိသာသာ ဆုံးရှုံးတာမျိုး မတွေ့ခဲ့ရပါဘူး။
■ ဆယ်ရာမိုက်ကို ထိန်းချုပ်တဲ့ ကုသနည်းတွေသာ ဘေးကင်းစိတ်ချမှု ရှိတယ်ဆိုရင် ကျောက်ကပ်ထိခိုက်မှုဖြစ်ပြီးနောက် ပြန်လည်သက်သာလာနိုင်ခြင်း၊ နာတာရှည်ရောဂါ ဖြစ်မလာခြင်း၊ ကျောက်ကပ်ဆေးခြင်း မလိုအပ်တော့ခြင်း စတာတွေ အကျိုးကျေးဇူးရလာနိုင်ပါတယ်။
■ လူသားတွေမှာ စမ်းသပ်မှုထိရောက်ကြောင်း တွေ့ရှိပါက လူနာတွေရဲ့ အခြေအနေ တိုးတက်လာနိုင်ပြီး ကုန်ကျစရိတ်တွေလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ သုတေသီတွေက အစောပိုင်းရောဂါရှာဖွေနိုင်မယ့် ကိရိယာတွေ ထုတ်လုပ်နိုင်ရန်နဲ့ ကျောက်ကပ်ပြုပြင်ခြင်းအတွက် ပေါင်းစပ်ကုသနည်းတွေ ရှာဖွေနိုင်ရန် ရည်မှန်းထားပါတယ်။
Source: Times of India
ရှန်ဟိုင်းမှ မကြာသေးမီက လက်တွေ့စမ်းသပ်ချက်တစ်ခုမှာ လေဖြတ်လူနာက ဘီးတပ်ကုလားထိုင်နဲ့ စက်ရုပ်ခွေးတိုကို သူ့ရဲ့အတွေးနဲ့တင် ထိန်းချုပ်နိုင်ခဲ့ပြီး ဦးနှောက်-ကွန်ပျူတာ ကြားခံမျက်နှာပြင် (BCI)နည်းပညာမှာ ထိုးဖောက်အောင်မြင်မှုဖြစ်တယ်လို့ တရုတ်သုတေသီတွေ သတ်မှတ်နေကြပါတယ်။
#Asia_Technology
Published 24 December 2025
#ရှန်ဟိုင်း #လေဖြတ်လူနာ
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 24 December 2025
■ လူသားတွေဟာ တစ်နေ့ကို ၂၃ ကြိမ်ခန့် ပျမ်းမျှအားဖြင့် လေလည်ကြပြီး အမျိုးသမီးတွေ လေလည်တဲ့အနံ့က အမျိုးသားတွေထက် ပိုပြီးဆိုးရွားတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။
■ ဒါပေမဲ့ ဒါဟာ ထိုအမျိုးသမီးက အယ်ဇိုင်းမားဖြစ်နိုင်ခြေ နည်းတဲ့လက္ခဏာ ဖြစ်ပါတယ်။
■ ၁၉၉၈ တုန်းက အစာအိမ်အူလမ်းကြောင်း အထူးကု မိုက်ကယ်လီဗစ်က အစာအိမ်ပြဿနာမရှိသူ ၁၆ ဦးကို ခေါ်ယူပြီး စအိုပြွန်ချောင်းကို အိတ်တစ်ခုနဲ့ ချိတ်ဆက်ခဲ့ပါတယ်။
■ ဒီနောက် ပဲတွေစားခိုင်းပြီး ဝမ်းပျော့ဆေးသောက်စေကာ လေလည်လိုက်တဲ့ လေတွေကို ရယူခဲ့ပါတယ်။
■ အိတ်ထဲကအရာတွေကို အတိအကျ ခွဲခြမ်းစိတ်ဖြာဖို့ ဓာတ်ငွေ့ရောင်စဉ်တိုင်းနည်းလမ်းဖြင့် ဆန်းစစ်ခဲ့ပါတယ်။
■ အဆုံးအဖြတ်ပေးသူ နှစ်ယောက်က သုညအမှတ်ကနေ ၈ မှတ်အထိ သတ်မှတ်စေပြီး ၈ က အလွန်ဆိုးရွားတဲ့အနံ့ ဖြစ်ပါတယ်။
■ ဒါပေမဲ့ သူတို့ဟာ လူတွေလည်တဲ့လေကို ရှူရမှန်း မသိခဲ့ပါဘူး။
■ အနံ့ဆိုးဖြစ်စေတဲ့ အဓိကအရာက ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်ဖြစ်ပြီး အမျိုးသားတွေက လေများစွာ ထုတ်လွှတ်တတ်ကြပြီး အမျိုးသမီးတွေမှာတော့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် မြင့်မားစွာ ပါဝင်နေပါတယ်။
■ အမျိုးသမီးတွေရဲ့လေက အမျိုးသားတွေထက် အနံ့ပိုပြင်းထန်တာကို အဆုံးအဖြတ်ပေးသူတွေ သဘောတူခဲ့ကြပါတယ်။
■ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်က ပမာဏများရင် အဆိပ်သင့်နိုင်ပေမယ့် ဝမ်းထဲမှာ အနည်းငယ်ပဲဆိုရင်တော့ အယ်ဇိုင်းမားရောဂါ ဖြစ်ခြင်းမှ ဦးနှောက်ဆဲလ်တွေကို ကာကွယ်နိုင်ဖွယ် ရှိပါတယ်။
■ ဒီလေ့လာချက်တွေအရ အယ်ဇိုင်းမားရဲ့ သက်ရောက်မှုတွေကို ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် ပေးခြင်းဖြင့် ပြန်ပြောင်းပေးနိုင်ဖွယ်ရှိတယ်လို့ ယူဆလာကြပါတယ်။
Source: New York Post
#World_Health
Published 24 December 2025
■ မိမိကလေးရဲ့ အတန်းဖော်တွေ စမတ်ဖုန်းကိုင်ကြတဲ့အခါ ကိုယ့်ကလေးတွေကိုလည်း ဖုန်းပေးလိုက်ဖို့ မိဘတွေ ဖိအားများလာတတ်ပါတယ်။
■ ဒါပေမဲ့ မပေးဘဲ စောင့်ဆိုင်းခြင်းဖြင့် ကလေးကျန်းမာရေးကို ကာကွယ်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေ ပြောထားပါတယ်။
■ ဖုန်းအသုံးပြုတဲ့ ကလေးအယောက်တစ်သောင်းကို လေ့လာခဲ့ရာမှာ အသက် ၁၂ နှစ်အရွယ်မှာ စမတ်ဖုန်းကိုင်တဲ့ ကလေးတွေက စိတ်ဓာတ်ကျခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်အလေးချိန်မမှန်ခြင်း စတာတွေ ဖြစ်နိုင်ခြေ များစေတယ်လို့ ဖီလာဒယ်ဖီယာ ကလေးဆေးရုံလေ့လာချက်မှာ ဖော်ပြထားပါတယ်။
■ ဖုန်းအသုံးပြုတဲ့ အသက်အရွယ်စောလေလေ အန္တရာယ်ပိုများလေ ဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
■ ကလေးတွေ ဖုန်းအသုံးပြုတဲ့အတွက် ခဏခဏဖုန်းကိုကြည့်မိပြီး ပညာရေးစွမ်းဆောင်ရည်နဲ့ စိတ်အခြေအနေတို့ကို ထိခိုက်စေတယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသားကလေးဆေးရုံမှ ဒေါက်တာ အန်နီရှာအေဘရာဟမ်က ပြောပါတယ်။
■ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပြီး လုံလောက်စွာ မအိပ်တဲ့အခါ စိတ်ဓာတ်ကျခြင်းနဲ့ အခြားစိတ်ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ များစေပါတယ်။
■ အလယ်တန်းလောက် ရောက်တဲ့အခါမှ ဖြည်းဖြည်းချင်း အသုံးပြုစေပြီး ကန့်သတ်ချက်စည်းမျဉ်းတွေနဲ့ စတင်သင့်ပါတယ်။
■ ဒါ့အပြင် ကလေးတွေ မမြင်သင့်တာတွေ မမြင်စေရန် ဖုန်း setting တွေကို ချိန်ညှိထားသင့်ပါတယ်။
■ တတ်နိုင်သမျှ ဖုန်းအကြည့်နည်းစေဖို့ တိုက်တွန်းသင့်ပြီး စိတ်ကျန်းမာရေးနဲ့ အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်စေသင့်ပါတယ်။
■ မိဘတွေနဲ့ အုပ်ထိန်းသူတွေအနေနဲ့လည်း စံပြအနေဖြင့် ဖုန်းကို အချိန်အနည်းဆုံး အသုံးပြုသင့်ပါတယ်။
Source: wtop news
တရုတ်ဘူမိပညာရှင်တွေက အဆင့်မြင့် နီကယ်-ကိုဘော့တွင်းတစ်ခုထဲကနေ "ကျင်ရွှက်"လိုခေါ်တဲ့ သတ္တုအသစ်တစ်မျိုး တွေ့ရှိထားကာ နိုင်ငံရဲ့ သယံဇာတဖူလုံရေး အားကောင်းလာစေဖို့ မျှော်လင့်နိုင်ပါတယ်။
#Asia_Industry
Published 23 December 2025
#နီကယ်_ကိုဘော့
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 23 December 2025
■ နှစ်ပေါင်း ၁၂,၀၀၀ နီးပါးအကြာမှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမီးတောင်ကြောင့် ကမ္ဘာကြီးဟာ ဒီလိုသဘာဝဘေးအန္တရာယ်ကြီးအတွက် အဆင်သင့် ဖြစ်မနေသေးတဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်လာပါတယ်။
■ ဆစ္စလီမှ အက်နာတောင်၊ အမေရိကန်မှ ယဲလိုးစတုန်းတို့လို လှုပ်ရှားမီးတောင်တွေဟာ နောက်ထပ် မီးတောင်ကပ်ဘေး ဖြစ်လာလိမ့်မယ်လို့ မိုက်ခ်ကက်ဆီဒီက ဖော်ပြထားပါတယ်။
■ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမြောက်ပိုင်းမှ ဟေလီဂက်ဘီမီးတောင်ဟာ နောက်ဆုံးရေခဲခေတ်နောက်ပိုင်း ပထမဆုံးဥပမာပေးရမယ့် ဖြစ်ရပ်ပါ။
■ ပြာမှုန်တွေက အမြင့်ပေ ၄ သောင်းခွဲအထိ မြင့်တက်သွားကာ အိန္ဒိယမြောက်ပိုင်းသို့ ရွေ့သွားပါတယ်။
■ နောက်တစ်ခုက မက္ကဆီကိုမီးတောင် အယ်ချီချွန်ဖြစ်ပြီး ရာစုနှစ်တွေတိုင်အောင် ငြိမ်သက်နေခဲ့ရာကနေ ၁၉၈၂ ခုနှစ်မှာ ပေါက်ကွဲခဲ့ကာ ကျောက်ရည်ပူတွေ၊ ပြာမှုန်တွေက အပျက်အစီးများစေပြီး လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
■ ရာသီဥတုပြောင်းလဲမှုကြီးလည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့မြောက်ဘက်ခြမ်း အေးမြသွားကာ အာဖရိကကတော့ မိုးခေါင်ရေရှားသွားပါတယ်။
■ ကမ္ဘာပေါ်က လှုပ်ရှားမီးတောင်တွေရဲ့ တဝက်အောက်ကိုသာ စောင့်ကြည့်နေကြပြီး လူသိများတဲ့တောင်တွေကိုပဲ ဦးစားပေးသလို ဖြစ်နေတယ်လို့ ကက်ဆီဒီက ဆိုပါတယ်။
■ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗန်နျူတူတို့က မီးတောင် ၁၆၀ ကျော်အားလုံးထက် အက်နာမီးတောင်တစ်ခုတည်းကို လေ့လာချက်တွေ ပိုပြီးပြုလုပ်နေကြပါတယ်။
■ မီးတောင်ပေါက်ကွဲမှုကြီးတွေရဲ့ ၄ ပုံ ၃ ပုံလောက်ဟာ အနည်းဆုံး နှစ် ၁၀၀ အတွင်း ငြိမ်သက်နေတဲ့ မီးတောင်တွေဖြစ်ပြီး မီးတောင်ခန့်မှန်းမှုတွေကို စောင့်ကြည့်တဲ့စနစ်တွေက လိုအပ်ချက်ရှိနေတယ်လို့ သတိပေးသွားပါတယ်။
Source: WION
Page 17 of 1103