၈ ဒီဇင်ဘာ၊၂၀၂၅
◾️မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမျာအတွက် ထိုင်းနိုင်ငံ အမျိုးသား ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီ (PTTEP) သည် လာမည့် ၅ နှစ်တာကာလအတွင်း အမေ ရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်းသိရသည်။
◾️PTTEP၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက် Upstream online တွသ် ဖော်ပြထားခြင်းဖြစ်သည်။
◾️အဆိုပါ PTTEP၏ အစီအစဉ်သည် တန်ဖိုးမြှင့်တင်ခြင်း (Driving Value)၊ ကာဗွန်လျှော့ချခြင်း (Decarbonisation) နှင့် လုပ်ငန်းကဏ္ဍစုံသို့ တိုးချဲ့ခြင်း (Diversification) ဟူသော အဓိကမဟာဗျူဟာ ၃ ရပ်အပေါ် အခြေခံထားသည်ဟုဆိုသည်။
◾️လာမည့်နှစ်အတွက် PTTEP ၏ အဓိက ဦးစားပေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် သဘာဝ ဓာတ်ငွေ့ ပို့လွှတ်နေသော မြန်မာကမ်းလွန်ရှိ ရတနာနှင့် ဇောတိက လုပ်ကွက်များလည်းပါဝင်သည်။
◾️မြန်မာကမ်းလွန်ရှိ M3 စီမံကိန်းများအပါအဝင် တည်ဆောက်ရေးကာလတွင်ရှိသော စီမံကိန်းများကို သတ် မှတ်ထားသည့် ကာလအတွင်း စတင်လည်ပတ်နိုင်ရန် PTTEP က အရှိန်မြှင့်တင်လိုသည်ဟု ဆိုသည်။
◾️၂၀၂၆ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ မြန်မာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အယ်လ်ဂျီးရီး ယားနိုင်ငံတို့၌ ရှာဖွေရေးနှင့် အကဲဖြတ်တွင်းများ တူးဖော်ရန်အတွက် ဒေါ်လာ ၁၀၁ သန်း ရင်းနှီး မြှုပ်နှံရန် PTTEP က စီစဉ်ထားကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
◾️နောက်ဆုံးထုတ်ပြန်ထားသည့် ၅ နှစ်တာ စီမံကိန်းအရ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ (Capex) သည် ၂၀၂၈ ခုနှစ်တွင် ဒေါ်လာ ၅.၂၄၉ ဘီလီယံဖြင့် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုနှစ်တွင် စုစုပေါင်း အသုံးစရိတ်သည်လည်း ဒေါ်လာ ၇.၆၇၆ ဘီလီယံဖြင့် အများဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#ymg/knl
PYIN OO LWIN (December 6) — Senior General Min Aung Hlaing, Chairman of the National Security and Peace Commission and Commander-in-Chief of Defence Services, stated on Friday that the military’s presence in Hluttaw could be gradually scaled back, but only once democratic systems have flourished and there are no longer ethnic armed organizations operating in the country.
Speaking at a meeting with officers, soldiers, families, and cadets at the Pyin Oo Lwin station, the Senior General emphasized that the timeline for reducing the Tatmadaw's legislative quota is strictly tied to stability and the cessation of armed conflict.
The Commander-in-Chief addressed the institution's long-standing involvement in national leadership, citing "historical reasons" and "current prevailing conditions" as the primary drivers for the Tatmadaw’s continued political role. He noted that while the military's principal duty remains national defense, the security situation across successive eras has necessitated its active participation in resolving internal insurgency.
During the address, the Senior General also highlighted ongoing institutional developments, noting that upgrades are being carried out for the Tatmadaw alongside parallel reform efforts for the Myanmar Police Force.
The meeting was attended by high-ranking military officials, including the Senior General and his wife, Daw Kyu Kyu Hla; Commander-in-Chief (Navy) General Htein Win; and Commander-in-Chief (Air) General Tun Aung, along with senior officers from the Office of the Commander-in-Chief (Army) and personnel stationed in Pyin Oo Lwin.
-End-
၆ ဒီဇင်ဘာ ၂၀၂၅
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန် တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ် လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၆ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ ၊ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
တပ်မတော်၏အဓိကတာဝန်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးအခန်း ကဏ္ဍတွင်လည်း ပါဝင်နေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။
တပ်မတော်ကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆက်လက်ပြောကြား ပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ၊ ဗိုလ်လောင်းများ တက်ရောက်ခဲကြကြောင်းသိရှိရပါတယ်။
#yng/knl

၅ ဒီဇင်ဘာ၊၂၀၂၅
◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး ဆောင်ရွက်သူများကို ဂုဏ်ပြုမည့် ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။
◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။
◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။
◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။
#ymg/knl
ဒီဇင်ဘာ၂၊၂၀၂၅
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝ ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ(TCF)ခန့်ထုတ် ယူနိုင်မည်ဟု ခန့်မှန်းထားသည့် ကြီးမားလှသော သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခုတွေ့ရှိထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်အောက်တိုဘာလက upstreamonline.com တွင်ဖော်ပြထားသည့် သတင်းအချက်အလက် များအရ ထိုသဘာဝဓာတ်ငွေ့သိုက်ကြီးသည် မြန်မာနိုင်ငံတွင် ထွက်ရှိခဲ့သမျှ ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်ကြီးများထဲတွင် အထင်ရှားဆုံးဖြစ်လာနိုင်ချေရှိသည်ဟု သိရှိရသည်။
အဆိုပါသဘာဝဓာတ်ငွေ့သိုက်ကြီးသည် ကမ်လွန်လုပ်ကွက် M-15 တွင်တည်ရှိပြီး တွင်းသစ် ၃တွင်း စမ်းသပ်တူးဖော်ခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ကုန်ခန့်တွင် ပထမဆုံးသော သဘာဝဓာတ်ငွေ့များထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း အဆိုပါ လုပ်ကွက်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE)နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract - PSC)ကိုချုပ်ဆိုထားသည့် စင်ကာပူအခြေသိုက် Canadian Foresight Group (CFG) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာဆောင်းနင်းရှန် Mr. Songning Shen က upstreamonline ကို အတည်ပြုပြောကြားထားသည်။
Seismic တိုင်းတာရရှိထားသည့် Reserve ပမာဏအတိုင်း အတည်ပြုနိုင်ပါက M-15 လုပ်ကွက်သည် စွမ်းအင်ရှာဖွေတွေ့ရှိမှုများထဲမှ အထင်ရှားဆုံးတစ်ခုဖြစ် *Guyana" (ဂိုင်ယာနာနိုင်ငံ၏ ကမ်းလွန်ဒေသ) ပြီးသည့်နောက် ဒုတိယမြောက် *Guyana" ဖြစ်လာလိမ့်မည်ဟုလည်း အဆိုပါ သတင်းတွင်ဖော်ပြထားသည်။
Guyana ကို ၂၀၁၅ ခုနှစ်တွင် တောင်အမေရိကရှိ ဂိုင်ယာနာနိုင်ငံ၌ Exxon Mobil မှ စတင်တွေ့ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်မှစတင်၍ တစ်ရက်လျှင် စည် ၁.၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းဆောင်ရွက် ရှိနေသည့် ကြီးမားသော သဘာဝဓာတ်ငွေ့သိုက်ကြီးဖြစ်သည်။ဂိုင်ယာနာနိုင်ငံသည် အဆိုပါဓာတ်ငွေ့ တွင်းကို တွေ့ရှိပြီးနောက် စွမ်းအင် ထုတ်လုပ်မှုမရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ကမ်းလွန်ရေနံ ထုတ်လုပ်ရေး အင်အားကြီးနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်းလည်းသိရှိရသည်။
ထို့အပြင် M-15 လုပ်ကွက်တွင် ရှာဖွေတွေ့ရှိခဲ့သည့် အရင်းအမြစ်ကျောက်လွှာ Source Rock သည် တရုတ်နိုင်ငံ၊ Bohai ပင်လယ်ကွေ့တွင် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၄၀ ခန့် (ရေနံစည်ပေါင်း သန်း ၃၀၀ ခန့်) ထုတ်လုပ်လျက်ရှိသည့် Source Rock ထက် အဆ ၃၀ ခန့် ပိုမိုများပြားနိုင်သည်ဟုလည်း ဆိုသည်။
မကြာသေးမီက ကပ္ပလီ ပင်လယ်၊ အိန္ဒိယပိုင်ရေနယ်နိမိတ်အတွင်း ဟိုက်ဒရိုကာဗွန်စတင်တွေ့ရှိခဲ့မှုကို အိန္ဒိယနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါဧရိယာသည် M-15 လုပ်ကွက်၏ အနောက်ဘက် ၆၀ ကီလိုမီတာအတွင်း တည်ရှိသည်။ ထုတ်လုပ်မည့်သဘာဝဓာတ်ငွေ့တွင် မီသိန်းဓာတ်ငွေ့ ၈၇ ရာခိုင် ပါဝင်မှုရှိကာ ကပ္ပလီ ပင်လယ်သည် အိန္ဒိယ၏ စွမ်းအင်ဖူလုံမှုအတွက် လုံလောက်စွာဖြည့်ဆည်းနိုင်မည် ဟုပြောသည်။ယင်းဧရိယာသည် မြန်မာနိုင် M-15 လုပ်ကွက်နှင့် ဘူမိအနေအထားတူညီမှုရှိကြောင်းလည်း အဆိုပါupstreamonline သတင်းတွင် ဖော်ပြပါရှိသည်။
ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှု ဆောင်ရွက်လျက်ရှိရာ M-15 လုပ်ကွက်စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်ရေနက်စီမံကိန်းဖြစ်လာမည်ဖြစ်ပြီး အောင်မြင်လာပါက လူမှုရေး၊ စီးပွားရေး ကဏ္ဍများတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းလည်း CFG က ပြောသည်။
လက်ရှိတည်ဆောက်ပြီး ပိုက်လိုင်း၊ ရေနံစင် များအသုံးပြု၍ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ဖြန့်ဖြူးခြင်းများဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည်တွင် LNG အဖြစ်ထုတ်လုပ်၍ ဖြန့်ဖြူးခြင်း၊ မလက္ကာရေလက်ကြားတဝိုက် ဖြန့်ဖြူးခြင်းများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#ymg/knl
၁ ဒီဇင်ဘာ ၊၂၀၂၅
စက်သုံးဆီများကို သတ်မှတ်ထားသည့် အရောင်းဆိုင်များနှင့်နေရာဒေသများသို့ မှန်မှန်ကန်ကန်ရောက်ရှိ ရေး အလေးထားစစ်ဆေးကြပ်မတ်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့် ဖြူးရေးအသင်းမှ တာဝန်ရှိသူတွေကို မှာကြားပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော စက်သုံး ဆီသိုလှောင်စခန်းသို့ရောက်ရှိစဉ် စက်သုံးဆီလုပ်ငန်းရှင်တွေကို ယခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။
စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့် အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှု မရှိသေးဘူးလို့လည်း ပြည်ထောင် စုဝန်ကြီးက သုံးသပ်ပြောဆိုပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူနှင့် လုပ်ငန်းရှင်များမှ ပူးပေါင်း၍ ပြည်သူ့အကျိုး ရှေးရှုပြီး လက်တွဲ ညီစွာဆောင်ရွက်သွားရဖို့လည်း ဝန်ကြီးဦးကိုကိုလွင်က တိုက်တွန်းခဲ့ပါတယ်။
ပြည်သူလူထုအနေဖြင့် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစား ပေးဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိပြီး ပြည်ပမှ စက်သုံးဆီများ တင်သွင်းရာတွင် တင်သွင်းလာ သည့် စက်သုံး ဆီများ၏ အရည်အသွေးပြည့်မီ မှန်ကန်မှု ရှိစေရေး အရေးကြီးတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။
ဦးစွာ Terminal များမှစ၍ Auto Tank Gauging(ATG)စနစ်များကို တပ်ဆင်ဆောင် ရွက်ရမှာဖြစ်ပြီး သိုလှောင်ကန်စခန်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံး ဆီ ဖြန့်ဖြူး ပေးပို့ရာ တွင် သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်နှင့် နေရာဒေသများသို့ မှန်မှန်ကန်ကန် ရောက်ရှိရေးအတွက် ဖြည့်ဆည်းမှုကွင်းဆက်တစ်လျှောက် ဝန်ကြီးဌာနက အလေးထား စစ်ဆေးကြပ်မတ်လျက်ရှိတယ်လို့လည်း ပြည် ထောင်စုဝန်ကြီးကပြောပါတယ်။
ယင်းနောက်မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူး ရေးအသင်းနှင့် တာဝန်ရှိသူများ၏ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ပစက်သုံးဆီတင်သင်္ဘောမှ စက်သုံးဆီများ လက်ခံချယူ သိုလှောင် နေမှုများ၊ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging (ATG)စနစ်တပ်ဆင်၍ Control Room မှ စက်သုံးဆီ များ ဖြန့်ဖြူးပေးနေမှုနှင့် လက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
#ymg/knl
၁ ဒီဇင်ဘာ ၂၀၂၅
သဘာဝဓာတ်ငွေ့ရည်(LNG)မှ ဓာတ်ငွေ့ ပြန်လည်ထုတ်ယူသုံးစွဲရာတွင် ထွက်ရှိလာသည့် ဓာတ်ငွေ့မှာ သန့်ရှင်းမှု ရှိသည့်အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး အပူစွမ်းအင်လည်း အလွန်မြင့်မားသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမို၍ ထွက်ရှိနိုင်မှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ ရက်က သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော(Floating Storage Unit- FSU)နှင့် သဘာဝဓာတ်ငွေ့ ရည်ကို ဓာတ်ငွေ့ပြန်လည် ပြုလုပ် သောစက်ရုံ(Regasification Unit)သို့ ရောက်ရှိစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် LNG အသုံးပြုသည့် နည်းပညာပိုင်းနှင့်ပတ်သက်၍ လေ့လာ သင်ယူပြီး ကိုယ်တိုင်ဆောင်ရွက် နိုင်ရန်ကြိုး ပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောပါတယ်။
LNGသည် တန်ဖိုးမြင့်သည့် စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက် စွာအသုံးပြုနိုင်ရေးကိုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။
LNG ကိုဓာတ်ငွေ့သို့ ပြန် လည် ပြောင်းယူသည့်အချိန် ထွက်ပေါ်လာမည့် အအေးစွမ်းအင်များကို အစားအစာ၊ အသီးအနှံများ သိုလှောင်ခြင်း၊ သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းနှင့်လုပ်ငန်းခွင်အအေးပေးစနစ်များတွင် အသုံးပြုပြီး စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးပြုနိုင်ကြမည်ဖြစ်သဖြင့် လက်တွေ့ ဆောင် ရွက်သွားမည်ဆိုပါက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဖြစ်တယ်လို့လည်း သိရပါတယ်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည်သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘောနှင့် သဘာဝဓာတ်ငွေ့ရည် (LNG)ကို သဘာဝ ဓာတ် ငွေ့ ပြန်လည်ပြုလုပ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံဝင်းအတွင်း ဓာတ်အားပေး စက်များ စမ်းသပ်မောင်းနှင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါတယ်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများကို လျော့ပါးစေရန်အတွက် ယခုအခါ (LNG)မှ သဘာဝ ဓာတ် ငွေ့ပြန်လည်ပြုလုပ်ကာ လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ထုတ်လုပ်ပို့လွှတ်နိုင်ရေးစီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

Page 4 of 255