NAYPYIDAW, Myanmar — February 20, 2026
A Myanmar National Airlines (MNA) passenger plane preparing to depart from Myitkyina Airport in Kachin State to Mandalay was attacked on the night of February 20. According to a statement released by the government's information team, the attack was carried out by a coalition of Kachin Independence Army (KIA) and People's Defense Force (PDF) insurgent groups using First-Person View (FPV) suicide drones.
The drone strike caused minor shrapnel damage to the nose, mid-fuselage, and tail sections of the ATR-72-600 commercial aircraft. Security forces promptly intervened, evacuating passengers and crew members to safety and providing necessary emergency assistance. Authorities confirmed that there were no casualties or injuries among the travelers and airline staff.
The incident occurred at approximately 8:12 p.m. on Friday. The aircraft was actively boarding passengers and finalizing preparations for its scheduled departure to Mandalay when the KIA and PDF coalition launched the FPV suicide drone attack.
The official press release emphasized that the intentional targeting of a civilian airline—an entity entirely unrelated to military operations and essential for public transportation and the efficient flow of goods—constitutes a War Crime under the Geneva Conventions and international law.
Relevant authorities issued a strong warning that security forces are currently conducting necessary area clearance and security operations, adding that an effective and severe response will be carried out in retaliation for the attack.
(Reporting by knl/ymg)
၂၀ ဖေဖော်ဝါရီ၊၂၀၂၆
ဖေဖော်ဝါရီ ၂၀ရက် ညက ကချင်ပြည်နယ်မြစ်ကြီးနားမြို့လေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာမည့် မြန်မာ အမျိုးသား လေကြောင်း လိုင်း (MNA) ပိုင် ခရီးသည်တင်လေယာဉ် တစ်စီးကို KIA အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အသေခံဒရုန်း FPV Suicide Drone ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ATR-72-600အမျိုးအစားခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍အနည်းငယ်ပျက်စီးခဲ့ပါတယ်။ ခရီးသည် များ နှင့်လေယာဉ်အမှုထမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘေးအန္တရာယ်ကင်းလွတ်ရာသို့ အမြန် ဆုံးရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်တွင် ခရီးသွား ပြည်သူများနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် အဆိုပါလေယာဉ်သည် မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များ တင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV Suicide Drone များ အသုံးပြုတိုက်ခိုက် ခဲ့ခြင်းဖြစ်ပါတယ်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် စေရေးအတွက် များစွာအထောက်အကူပြုသော . အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာ ဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကိုကျူးလွန်ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ထိရောက်ပြင်းထန်သည့် တုန့်ပြန်မှုများကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ က သတိပေးထားပါတယ်။
#knl/ymg
နယူးယောက်၊ ဖေဖော်ဝါရီ ၂၀၊၂၀၂၅ — ဂြိုလ်သားများ တကယ်ရှိသည်ဟု ပြောဆိုခဲ့သည့် သမ္မတဟောင်း ဘားရက် အိုဘားမား ကို တိုက်ခိုက်ပြောဆိုပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့တွင်၊ ဂြိုလ်သားများ၊ ကမ္ဘာပြင်ပ သက်ရှိများ နှင့် အမည်မသိ ပျံသန်းနေသော အရာဝတ္ထုများ (UFO) နှင့် ပတ်သက်သည့် မှတ်တမ်းများကို စတင် ထုတ်ပြန်ရန် သူ၏အစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ဦးလို အမြဲလုပ်ဆောင်လေ့ရှိသည့် ထရမ့်အတွက် ယင်းသည် အစိုးရ၏ လျှို့ဝှက်စာရွက်စာတမ်းများ ထုတ်ပြန်မည့်အပေါ် လူထု၏ စိတ်ဝင်စားမှု မြင့်တက်လာစေရန် နောက်ဆုံး ပြုလုပ်သည့် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ မှတ်တမ်းများ ထုတ်ပြန်မှုနှင့် အရှုပ်တော်ပုံများဖြင့် နာမည်ပျက်နေသော အဆိုပါ ငွေကြေး လုပ်ငန်းရှင်နှင့် သူ၏ဆက်စပ်မှုများအပေါ် သတင်းထောက်များကို ဆက်လက် ဒေါသတကြီး တုံ့ပြန်လျက် ရှိသည်။ အက်ပ်စတိန်း မှတ်တမ်းများ ထုတ်ပြန်မှုသည် တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး၊ ထရမ့်က ဂြိုလ်သား မှတ်တမ်းများနှင့် ပတ်သက်၍ ထုတ်ပြန်မည့် အချိန်ဇယားကို သတ်မှတ်ထားခြင်း မရှိပေ။
"အလွန်ကြီးမားသော စိတ်ဝင်စားမှု ပြသလာခြင်းအပေါ် အခြေခံ၍" "ဂြိုလ်သားနှင့် ကမ္ဘာပြင်ပ သက်ရှိများ၊ အမည်မသိ ဝေဟင်ဖြစ်စဉ်များ (UAP) နှင့် UFO များအပြင်၊ ဤအလွန်ရှုပ်ထွေးသော်လည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး အရေးကြီးသော ကိစ္စရပ်များနှင့် ဆက်စပ်နေသည့် အခြားအချက် အလက် အားလုံးနှင့်သက်ဆိုင်သော အစိုးရမှတ်တမ်းများကို ဖော်ထုတ်ထုတ်ပြန်သည့် လုပ်ငန်းစဉ်ကို စတင်ရန်" တာဝန်ရှိသူများကို သူညွှန်ကြားခဲ့ကြောင်း ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ဆယ်စုနှစ်များစွာကြာမြင့်စွာ၊ ခေတ်မီ သူလျှိုလေယာဉ်များ၊ ဒရုန်းများ၊ ဂြိုဟ်ပတ်လမ်းနိမ့် ဂြိုဟ်တု များနှင့် မိုးလေဝသ ပူဖောင်းများကို တွေ့မြင်ရမှုများက UFO များနှင့် ပတ်သက်သည့် သီအိုရီများကို ဖြစ်ပေါ်စေခဲ့ပြီး၊ Area 51 ဟုခေါ်သော လျှို့ဝှက် စစ်ဘက် လေယာဉ်စမ်းသပ်စခန်းတွင် အထင်ရှားဆုံး ဖြစ်ခဲ့သည်။
အမည်မသိ ပျံသန်းနေသော အရာဝတ္ထုများဆိုင်ရာ သတင်းပို့ချက်များစွာကို အဖြေမရှာနိုင်သေးသော် လည်း၊ ကမ္ဘာပြင်ပ နည်းပညာနှင့် ပတ်သက်သည့် အသိပညာများကို အစိုးရက ဖုံးကွယ်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မည်သည့်အထောက်အထားမျှ မတွေ့ရှိခဲ့သလို၊ UFO တွေ့မြင်မှုများသည် ကမ္ဘာမြေသို့ ဂြိုလ်သားများ လာရောက်လည်ပတ်ခြင်းကို ကိုယ်စားပြုကြောင်း အထောက်အထား မရှိဟုလည်း ပြောကြားထားသည်။
သို့သော် အစိုးရ၏ အာမခံချက်များသည် UFO ဝါသနာရှင်များကို ဟန့်တားနိုင်ခြင်း မရှိခဲ့ဘဲ၊ ယင်းတို့သည် Reddit နှင့် အခြားလူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် ကောင်းကင်ယံရှိ ထူးဆန်းသော ဖြစ်စဉ်များ၏ မကြည်လင်သော ဗီဒီယိုများနှင့် သီအိုရီများကို ဆက်လက်ဖလှယ်လျက်ရှိကြသည်။
ထရမ့်၏ နောက်ဆုံး စီစဉ်ထားသော မှတ်တမ်းအမြောက်အမြား ထုတ်ပြန်မှု အစပျိုးခြင်းသည် ပေါ့တ် ကာ့စ် (podcast) အင်တာဗျူးတစ်ခုမှ စတင်ခဲ့သည်။
ယူကျုဘာ (YouTuber) နှင့် ပေါ့တ်ကာ့စ် အစီအစဉ်တင်ဆက်သူ ဘရိုင်ယန် တိုင်လာ ကိုဟင် (Brian Tyler Cohen) က စနေနေ့တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ဂြိုလ်သားများ တကယ်ရှိမရှိကို အိုဘားမားအား မေးမြန်းခဲ့သည်။ သမ္မတဟောင်းက "သူတို့ တကယ်ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တော့ မမြင်ဖူးဘူး၊ ပြီးတော့ သူတို့ကို Area 51 မှာ သိမ်းထားတာလည်း မဟုတ်ဘူး" ဟု ဖြေကြားခဲ့သည်။ "ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုကြီးရှိနေပြီး သမ္မတကိုတောင် ဖုံးကွယ်ထားတာမျိုး မဟုတ်ဘူးဆိုရင်ပေါ့" ဟု သူက နောက်ပြောင်ပြီး ထပ်လောင်းပြောကြားခဲ့သည်။ ကိုဟင်က ဂြိုလ်သားများနှင့် ပတ်သက်၍ ဆက်စပ်မေးခွန်းများ ထပ်မံမေးမြန်းခဲ့ခြင်း မရှိပေ။
အိုဘားမား၏ ပြောစကားသည် မည်သည့်အဓိပ္ပာယ်ဖြစ်နိုင်ကြောင်း ဝေဖန်သူများက ခန့်မှန်း ပြောဆို ကြသဖြင့် သူ၏မှတ်ချက်များသည် အင်တာနက်တစ်ခွင် လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။ နောက်ပိုင်းတွင် အိုဘားမားက သူဆိုလိုသည်မှာ စကြဝဠာထဲတွင် ကမ္ဘာပြင်ပ သက်ရှိများ ရှိနေနိုင်သော်လည်း၊ သူသိသလောက်တော့ ယင်းတို့သည် ကမ္ဘာမြေသို့ လာရောက်လည်ပတ်ခြင်း မရှိသေးကြောင်း လူမှုကွန်ရက်ပေါ်တွင် ရှင်းလင်းပြောကြားခဲ့သည်။
"ကျွန်တော့်ရဲ့ သမ္မတသက်တမ်းအတွင်း ကမ္ဘာပြင်ပ သက်ရှိတွေက ကျွန်တော်တို့နဲ့ ဆက်သွယ် ခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုး မတွေ့ခဲ့ရပါဘူး။ တကယ်ပြောတာပါ!" ဟု သူက အခိုင်အမာ ပြောကြား ခဲ့သည်။
ကြာသပတေးနေ့ အစောပိုင်းက Air Force One (သမ္မတစီးလေယာဉ်) ပေါ်တွင် အိုဘားမား၏ ခန့်မှန်း ပြောဆိုချက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင်၊ အိုဘားမားသည် "လျှို့ဝှက်သတင်း အချက်အလက်ကို ပေးလိုက်တာပဲ၊ သူ အဲဒီလို မလုပ်သင့်ဘူး" ဟု ထရမ့်က ဆိုသည်။ သတင်းထောက်တစ်ဦးက ရှင်းလင်း ပေးရန်နှင့် ဂြိုလ်သားများ တကယ်ရှိမရှိ မေးမြန်းသောအခါ၊ ထရမ့်က သူ မသိကြောင်း ပြောသော်လည်း အိုဘားမား၏ ပြောစကားသည် လျှို့ဝှက်သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့သည်ဟူသော သူ၏ ယူဆချက်ကိုသာ ထပ်တလဲလဲ ပြောဆိုခဲ့သည်။
"သူ အမှားကြီးတစ်ခု လုပ်ခဲ့တာပဲ" ဟု ထရမ့်က ပြုံးလျက် ပြောကြားခဲ့သည်။ "သူက အဲဒါကို လျှို့ဝှက် သတင်းအချက်အလက်တွေထဲကနေ ထုတ်ပြောလိုက်တာ။" ထရမ့်က အဆိုပါကိစ္စနှင့် ပတ်သက်၍ သူ့တွင် မှတ်ချက်ပြုစရာ မရှိကြောင်းနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို "လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ပေးခြင်းဖြင့်" အိုဘားမားကို "ပြဿနာထဲမှ ကယ်တင်ပေးမည်" ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
Source NYT
Published_18 Feb 2026
The Tatmadaw Information Team announced that BNRA leader Bo Naga, along with his family members and assorted weapons, returned to the legal fold today, February 18
According to the statement, Nai Lin (aka Naga), the leader of the so-called BNRA group, and his family members approached a Tatmadaw security camp conducting territorial security operations in Pale Township, Sagaing Region. Bringing six assorted weapons and related equipment, they reported to the camp and entered the legal framework.
Officials from the local security command headquarters warmly welcomed Nai Lin (aka Naga) and his family. It is reported that they were provided with necessary support, medical assistance, and administrative arrangements to ensure a smooth transition, and that required verification processes will continue in accordance with established procedures.
Yangon_Times/PP.

Published_18 Feb 2026
BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ၎င်း၏ မိသားစုဝင် များ၊လက်နက်မျိုးစုံ တို့နှင့် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် တွင် အလင်းဝင်ပြီ ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်အရ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင် များ က လက်နက်မျိုးစုံ ၆ လက် ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် တပ်မတော်လုံခြုံရေးတပ်စခန်း တစ်ခုထံသို့ လာ ရောက် ဆက်သွယ် သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များအား နယ်မြေခံ လုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆို ခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို အဆင် ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်လိုအပ်သည့် စိစစ်မှုများကို လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP

NAY PYI TAW, February 17, 2026 — A significant portion of the Thanlwin Bridge (Hpasawng), a vital infrastructure link in Kayah State, was destroyed this morning following a mine explosion attributed to insurgent groups.
According to official reports released today, members of the KNPP, KNDF, and PDF groups detonated mines on the bridge at approximately 7:20 AM. The attack occurred in Mese Township, just west of Hpasawng Town, specifically located between mileposts 0/3 and 0/4 on the Hpasawng-Mese-BP(13) road.
Strategic Disruption
Authorities state that the destruction of the bridge was a tactical move intended to hinder security operations. The report indicates that Tatmadaw columns had recently recaptured and re-established control over Hpasawng Town. The insurgents allegedly blew up the bridge to prevent these military columns from continuing their security duties and pursuing the retreating groups.
Damage Assessment
The blast caused severe structural damage to the reinforced concrete facility. A section measuring approximately 250 feet long and 24 feet wide collapsed from the western abutment of the 1,260-foot-long bridge. Despite the severity of the collapse, officials confirmed that there were no human casualties reported in the incident.
Impact on Civilians and Response
The destruction has halted all pedestrian and vehicular traffic, effectively severing a key route used by the public for transportation and the flow of goods. The report condemned the act, stating that the bridge was a non-military target and crucial for the region's socio-economic well-being.
Officials from the Department of Roads and Bridges have announced plans to repair the damage as quickly as possible to restore connectivity. Meanwhile, security forces are intensifying operations in the area to ensure regional stability.
#knl/ymg
နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၇ — ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ အများပြည်သူ အဓိကအားထား အသုံးပြုလျက်ရှိသော သံလွင်တံတား(ဖားဆောင်း)သည် ယနေ့နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက အဆိုပါတံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။ ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး နောက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်စေရန်နှင့် သူတို့အား လိုက်လံချေမှုန်းခြင်းများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသည် ဖားဆောင်းမြို့၏ အနောက်ဘက် မီတာ ၃၂၀ ခန့်အကွာ၊ ဖားဆောင်း-မယ်စဲ့-ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ် ၀/၃ နှင့် ၀/၄ ကြားတွင် တည်ရှိသည်။ အဆိုပါတံတားသည် အရှည် ၁၂၆၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး မိုင်းခွဲ ဖျက်ဆီးမှုကြောင့် တံတား၏ အနောက်ဘက်ကမ်းကပ်ခုံမှ အရှည် ၂၅၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် အတည်ပြုထား သည်။
ယခုကဲ့သို့ ဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအားထား နေရသော လမ်းကြောင်းပြတ်တောက်ခဲ့ပြီး လက်ရှိတွင် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ကြောင်းသိရသည်။ တံတားပျက်စီးမှုအား လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြန် လည်ပြင်ဆင်သွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေတည်ငြိမ်ရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



Page 5 of 260