ပြီးခဲ့တဲ့မေလအတွင်းမှ စတင်ကာတရုတ်အဝယ် အားပျော့မှုနှင့်အတူ ပဲတီစိမ်းဆက်တိုက်ကျဆင်းနေတယ်လို့ ပဲကုန်သည်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 04 June 2026
#တရုတ် #ပဲတီစိမ်း
#YMG/SW #Yangon_Times
#Local_News
Published 04 June 2026
■ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိမွေးမြူရေးခြံ(၃၂)ခြံတွင်ဥစားကြက်ကောင်ရေ(၅၀၀၀၀)မွေးမြူထားကြောင်း သိရသည်။
■ ဇွန်လ ၂ ရက်နေ့ကဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူရေးခြံနှင့် အသားတိုးကြက်မွေးမြူ ရေးခြံများကို လိုက်လံကြည့်ရှုအားပေးခဲ့ရာ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ " မိသားစု" ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်အစာ ထုပ်လုပ်မှု၊ ဥစားကြက်မွေးမြူမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်မွေးမြူရေး ခြံပိုင်ရှင်မှ မွေးမြူရေးခြံ(၃၂)ခြံတွင်ဥစားကြက်ကောင်ရေ(၅၀၀၀၀)မွေးမြူထားရှိမှု၊ ထပ်မံမွေးမြူ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဈေးကွက်သို့ ကြက်ဥတင်ပို့ရောင်းချမှုအခြေအနေများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာထုတ်လုပ်မှု၊ (၆၆)ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်၍ တိရစ္ဆာန်အစာကြိတ်ခွဲထုတ်လုပ်နေမှုနှင့် လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ မွေးမြူရေးဆိုင်ရာ အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်သည့်အတွက် အသား၊ ငါး၊ ဥ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးတက်လုပ်ကိုင်၍ စားသောက်ကုန်ဈေးနှုန်းများကို တည်ငြိမ်လျော့ကျအောင် ဆောင်ရွက်ကြရန်၊ မွေးမြူရေးလုပ်ငန်းများ ပိုးမွှားရောဂါများ မကျရောက်စေရေး ဂရုပြု ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေး ခြံသုံး ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့သည်။
■ ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြကန်သာရပ်ကွက် ဦးဆန်းလင်းဦး၏ အသားတိုးကြက်မွေးမြူရေးခြံသို့ရောက်ရှိ၍ မွေးမြူရေးခြံ(၂)ခြံတွင် အလုံပိတ် အအေးခန်းစနစ်ဖြင့် အသားတိုးကြက်ကောင်ရေ(၁၅၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချ နိုင်ရေး ဆောင်ရွက်ရန်၊ ဒေသထွက် တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 June 2026
■ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများအကြား ထိတွေ့ဖလှယ်မှုမြှင့်တင်နိုင်ရေးတို့ကိုရည်ရွယ်၍ “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ကို နေပြည်တော်၌ ဇွန်လဒုတိယအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထိုသို့ကျင်းပရာတွင် ဇွန် ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ဥတ္တရသီရိမြို့နယ် Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
■ အဆိုပါ ရုပ်ရှင်ပြပွဲတွင် မြန်မာဘာသာစာတမ်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကား ပြသသွားမည်ဖြစ်ရာ ပြည်သူများ အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၃ ဇွန်၊၂၀၂၆-
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မျှော်မှန်းဆောင် ရွက်သွားမည်ဟု အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ The Taj Mahal Palace ဟိုတယ်၌ ယနေ့ ဇွန် ၃ရက် နံနက်ပိုင်းက ကျင်းပသော မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။
“နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ ကြောင်း၊ ယခုကဲ့သို့အခြေအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်း” ဟုလည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိသဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၅ ဘီလီယံအထိလည်းကောင်း ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသမ္မတဦးမင်းအောင်လှိုင်ကရှင်းလင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံရှိခဲ့ပြီး အိန္ဒိယမှ သွင်းကုန်မှာမူ ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ ကြားတွင် ရှိခဲ့သည်။ ထို့အပြင် ကုန်သွယ်မှုများတွင် ရူပီး-ကျပ် တိုက်ရိုက်ပေးချေရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုကဏ္ဍတွင် မြန်မာနိုင်ငံဘက်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ရေထွက်နှင့် သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် ရာဘာထွက်ပစ္စည်းများကို အဓိကထား တင်ပို့လိုပြီး အိန္ဒိယနိုင်ငံဘက်မှ သံနှင့် သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများနှင့် ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းများကို ပိုမိုတင်သွင်းသွားရန် ဆန္ဒရှိကြောင်းလည်း ဆွေးနွေးခဲ့ ကြသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံ ကျော်ဖြင့် နိုင်ငံပေါင်းစုံအနက် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန်လည်း နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။ အထူးသဖြင့် တွင်းထွက်သတ္တုများကို ကုန်ကြမ်း အဖြစ် ပြည်ပသို့ တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ၊ သတင်းအချက် အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာ (High-tech) လုပ်ငန်းများကိုလည်း လာရောက်ရင်းနှီး မြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များအား အထူးဖိတ်ခေါ်ခဲ့သည်။
ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်း ဦးစားပေးမူဝါဒ (Neighborhood First Policy) တို့အရ မဟာဗျူဟာကျသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ ၂၀၂၈ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများကို ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်သော ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ Gateway of India သို့ သွားရောက်လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အဆိုပါ သမိုင်းဝင်အဆောက်အအုံကြီး၏ အစ္စလာမ်နှင့် ဟိန္ဒူရိုးရာဗိသုကာလက်ရာများ ရောနှောပေါင်းစပ်ထားမှုနှင့် သမိုင်းကြောင်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

လာမယ့် (၅)နဲ့(၁၀)နှစ်အတွင်း မြို့ပြတွေမှာ ဒီဇယ်၊ဓာတ်ဆီသုံးကားသုံးစွဲမှု (၈၀)ရာခိုင်နှုန်း လျော့နည်းပျောက်ကွယ်သွားမယ်လို့ မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူးချုပ်ဦးကျော်စွာထွန်းမြင့်က သုံးသပ်ပြောကြားပါတယ်။
#Local_News
Published 03 June 2026
#ဒီဇယ်_ဓာတ်ဆီသုံးကား
#YMG/SW #Yangon_Times
#Daily_News
Published 03 June 2026
၁။ မော်တော်ယာဉ်စံနှုန်းတန်ဖိုးများကို ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်
၂။ ကျိုင်းတောင်းစက်ရုံ ဓာတ်အားပေးစက်များအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေ
၃။ မြဝတီကုန်သွယ်ရေးအတွက် ဘတ်သန်း(၆၂၀)တန်ဖိုးရှိ သွင်းကုန်လိုင်စင်များထုတ်ပေးနေ
၄။ နိုင်ငံတကာစက်ရုပ်ဘောလုံးပြိုင်ပွဲ တရုတ်တီယန်ကျင်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းမှာအသုံးပြုနေတဲ့ မော်တော်ယာဉ်စံနှုန်းတန်ဖိုးတွေကို ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်သွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကပြောပါတယ်။
#Local_News
Published 03 June 2026
#မော်တော်ယာဉ်
#YMG/NN #Yangon_Times
Page 54 of 2397