ဘားအံ၊ ဧပြီ ၂
အချိန်အတန်ကြာ ပိတ်ထားခဲ့ရသည့် ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြုပြင်မှုများပြုလုပ်ပြီးနောက် ယနေ့ (ဧပြီလ ၂ ရက်)တွင် တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးနေ့ ယနေ့ညနေ ၄ နာရီအထိ စာရင်းများအရ လမ်းမကြီးတစ်လျှောက် ယာဉ်စီးရေ (၅၅၅) စီး ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။ ထိုအထဲတွင် ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်သည့် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် အိမ်စီးကား စုစုပေါင်း (၂၂၃) စီးနှင့် မြဝတီမှ ဘားအံသို့ လာရောက်သည့် ယာဉ် (၃၃၂) စီး ပါဝင်သည်။
ခရီးသွားပြည်သူများ လုံခြုံရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ကော့ကရိတ်မြို့နယ်၊ တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် အကောက်ခွန် စသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ လိုအပ်သည့် စစ်ဆေးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အရှည် ၁၆၅ ဒသမ ၃၆၀ ကီလိုမီတာရှိသော ဤလမ်းပိုင်းသည် နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး ၊မဟာမဲခေါင်ဒေသ(ခွဲ) အရှေ့-အနောက် စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) တွင် ပါဝင်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်နေသည့် နိုင်ငံ၏ အဓိက စီးပွားရေးအသက်သွေးကြောဖြစ်သည်။
ယခင်ကအဆိုပါလမ်းပိုင်းတစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း၊ လမ်းတံတားများ မိုင်း ထောင်ဖျက်ဆီးခံရခြင်းတို့ကြောင့် ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုများ လုံးဝရပ်တန့်ခဲ့ရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများပြုလုပ်ကာ စိုးမိုးမှုပြန်လည်ရယူနိုင်ခဲ့ပြီးနောက် ပျက်စီးသွားသော လမ်းနှင့် တံတားများကို ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေများဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ကာ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ယနေ့နံနက်ပိုင်းက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခတပ်ဦးကျောင်း တိုက်ဆရာတော် အမှူးပြုသော သံဃာတော်များက လမ်းပိုင်းတစ်လျှောက် မေတ္တာပို့ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ သံဃာတော်များသည် အာရှလမ်းထိပ် သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ် မြို့နယ် လှိုင်ဝကျေးရွာအထိ မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
#ymg/knl
ORTP စနစ်နဲ့ အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူပါက ဝန်ဆောင်ခ အဖြစ် ခရီးသည်တစ်ဦးကို ၂၀၀ ကျပ်သတ်မှတ်ကောက်ခံသွားမယ်လို့
မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 02 April 2026
#ORTP #ရထား
#YMG/NN #Yangon_Times
ကမ္ဘာ့အပူဆုံးမြို့များစာရင်းမှာ အဆင့်(၁)သို့ရောက်ရှိခဲ့တဲ့မင်းဘူးမြို့မှာ အပူရှောင်စခန်းများဖွင့်လှစ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 02 April 2026
#ကမ္ဘာ့အပူဆုံးမြို့ #မင်းဘူးမြို့
#YMG/SW #Yangon_Times
မြန်မာနိုင်ငံကတင်ပို့နေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံများအတွက် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်စွာတင်သွင်းခွင့်ကို တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 02 April 2026
#မြန်မာ့မတ်ပဲ_ပဲစင်းငုံ #အိန္ဒိယ
#YMG/NN #Yangon_Times
ရင်းနှီးမြုပ်နှံမှုပမာဏရဲ့အနည်းဆုံး ၃၅ရာခိုင်နှုန်းကို ငွေသားအဖြစ်ထည့်ဝင်ထားတဲ့ကုမ္ပဏီတွေအနေနဲ့အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရနိုင်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ သိရပါတယ်။
#Local_News
Published 02 April 2026
#မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်
#YMG/SW #Yangon_Times
#Daily_News
Published 02 April 2026
၁။ အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူသူများကို ဝန်ဆောင်ခ (၂၀၀)ကျပ်ကောက်ခံမည်
၂။ ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင်အဆင့်(၁)ရောက်ခဲ့သည့်မင်းဘူးမြို့၌ အပူရှောင်စခန်းများဖွင့်လှစ်မည်
၃။ မြန်မာ့မတ်ပဲနှင့်ပဲစင်းငုံတင်ပို့ခွင့်ကိုအိန္ဒိယမှ တစ်နှစ်တိုးမြှင့်သတ်မှတ်
၄။ (၁)နှစ်ကိုလူသားပုံစံစက်ရုပ်တစ်သောင်းခန့်ထုတ်လုပ်နိုင်မည့်စက်ရုံ တရုတ်၌ပထမဆုံးလည်ပတ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 02 April 2026
■ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) တွင် ကျရောက်တော့မည့်မဟာသင်္ကြန်ပွဲတော် ကို စတုဒီသာ မဏ္ဍပ် များဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီရှုခင်းသာတွင်လည်း သဲသောင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
■ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင်လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာတွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့အပြင် ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမကြီး ကျောက်စိမ်းတုံးမီးပွိုင့်မှ မီးရထား သံလမ်းကူးနေရာအထိ လမ်းအရှည်ပေ ၉၅၀ ပေါ် တွင် ဗဟိုမဏ္ဍပ်ကို (၁၂၂ ပေ x ၃၆ ပေ x ၄ ပေ) ဖြင့် တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း အဆိုပါ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း စတုဒိသာမဏ္ဍပ်များ၊ မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာသနပ်ခါး (နံ့သာလိမ်းခြယ်) မဏ္ဍပ်များနှင့်လောင်းလှေများဖြင့် ရေပက် ကစားနိုင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးကပြောသည်။
■ ထို့အပြင် ဗဟိုမဏ္ဍပ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တက္ကသိုလ်များမှ ယိမ်းအဖွဲ့ ၁၈ ဖွဲ့တို့က ကပြဖျော်ဖြေယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ကာလအတွင်း စတုဒိသာမဏ္ဍပ်များအနေဖြင့် နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမနဲနှင့် သင်္ကြန်နှင့်လိုက်ဖက်သည့် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ် စသည်တို့ကို နံနက်ပိုင်းတွင် လူဦးရေ ၆၀၀၀၊ ညနေပိုင်းတွင် လူဦးရေ ၆၀၀၀ ဖြင့် တစ်ရက်လျှင် လူဦးရေ ၁၂၀၀၀ စာဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့အတူ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဂါလန် ၅၀၀၀၀ ဆံ့ ရေလှောင်ကန် နှစ်ကန်တူးဖော်ဆောင်ရွက်ထားပြီး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း ရေပန်းများ၊ ပုသိမ်ထီး၊ ရောင်စုံထီးအလှများ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ် သင်္ကြန်ပွဲတော်ကို တစ်မူထူးခြားပြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဆွမ်ပရာဘွမ်လမ်းမကြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့ရင်ပြင်အတွင်း၌လည်း ဧရာဦးပန်းခြံနှင့် မင်းရပ်ပြည်သူ့ရင်ပြင်အကြား အရှည်ပေ ၆၀၀ ရှိ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ၊၎င်းအပြင် စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်း ဘေးရှိ ဧရာဝတီရှုခင်းသာတွင်လည်း သဲသောင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါဧရာဝတီရှုခင်းသာသည် ဧရာဝတီ မြစ်ဘေးတွင်ရှိသည့်အတွက် အများပြည်သူပျော်ရွှင် စွာဆင်နွှဲရာတွင် ဧရာဝတီမြစ်အတွင်း ရေကစားခြင်းနှင့် ပြည်သူများအန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးတာဝန်ရှိသူများက လုံခြုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်၍ စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 58 of 2353