#Local_News
Published 01 April 2026
■ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)ကြီး ဖွင့်လှစ်ခြင်းကိုအာရှလမ်းမကြီးအစပိုင်းဖြစ်သည့် ဘားအံမြို့နယ်တံတားဦးကျေးရွာ(လွန်းညရေပြာအိုင်အနီး) တွင် အခမ်းအနားဖြင့် ကျင်းပမည်ဖြစ်သည်။
■ အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ ကုန်သွယ်မှုအတွက်အရေးပါသည့်လမ်းမကြီးဖြစ်ရာ
ပြန်လည်ဖွင့်လှစ်ပါက ကုန်စည်စီးဆင်းမှုပြန်လည်ကောင်းမွန်လာနိုင်ပြီး ကုန်စျေးနှုန်းများလည်း ပြန်လည်ကျဆင်းလာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 March 2026
■ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို ဧပြီလ၁ရက်တွင်စတင်ကျင့်သုံးမည့်စနစ်ကြောင့် မိုဘိုင်းအော်ပရေတာဆိုင်များတွင် SIMကတ်များတိုးကြိတ်ဝယ်ယူနေကြကြောင်း သိရသည်။
■ အဆိုပါ စနစ်ကိုပြည်တွင်း၌ မိုဘိုင်းဖုန်းများကို အခွန်ကောက်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။" ဒီမှာက နှစ်ရက်/သုံးရက်ရှိပြီ လူတွေတအားတိုးကြိတ်ပြီး SIM ကတ်တွေလာဝယ်ကြတာ။ဒီနေ့တော့ တိုကင်စနစ်နဲ့လုပ်လိုက်တော့ တိုးဝှေ့ရတာနည်းနည်းသက်သာသွားတာပေါ့"ဟု MPT မိုဘိုင်းအော်ပရေတာရုံးမှ တာဝန်ထမ်းဆောင်နေသူတစ်ဦးကပြောသည်။
■ ယနေ့မတ်လ ၃၁ရက်သည် လက်ရှိအသုံးပြုနေသော ဖုန်းများ၏ IMEI ကို နောက်ဆုံး မှတ်ပုံတင်ရမည့် နေ့ဖြစ်သောကြောင့်လည်း ရနိကုန်မြို့ရှိ ဆင်းကတ်အရောင်းဆိုင်များတွင် တန်းစီဝယ်ယူသူလည်းများပြားနေခြင်းဖြစ်ပြီး လက်ရှိတွင် Physical SIM ကတ်ဝယ်ယူပြီး ESIM လျှောက်ထားမှု ပိုမိုများပြားနေကြောင်း သိရသည်။
#YMG/SW #Yangon_Times
အိမ်ရာချေးငွေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဝယ်ယူထားတဲ့ ရိုးမရိပ်သာအိမ်ရာ အခန်း ယာယီနေထိုင်ခွင့်များကို အခုရက်ပိုင်းအတွင်း ထုတ်ပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 31 March 2026
#ရိုးမရိပ်သာအိမ်ရာ #အိမ်ရာချေးငွေ
#YMG/NN #Yangon_Times
အိန္ဒိယနိုင်ငံက ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရာမှာ အသုံးပြုဖို့အတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော်တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 31 March 2026
#အိန္ဒိယ #စက်ကိရိယာပစ္စည်း
#YMG/SW #Yangon_Times
ဓာတ်မြေဩဇာတွေကို ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဝယ်ယူသုံးစွဲနိုင်ဖို့ ချုပ်ဆိုခဲ့တဲ့စာချုပ်တွေနဲ့ ပတ်သက်တဲ့ တံဆိပ်ခေါင်းခွန်တွေကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 31 March 2026
#ဓာတ်မြေဩဇာ #တံဆိပ်ခေါင်းခွန်
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာပြုလုပ်မယ့်လမ်းလျှောက်သင်္ကြန်မှာ ဗဟိုမဏ္ဍပ်မုခ်ဦးပုံဒီဇိုင်းကို ပုဂံအငွေ့အသက်ပုံ ဒီဇိုင်းရေးဆွဲတည်ဆောက်သွားမယ်လို့ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်
#Local_News
Published 31 March 2026
#ပုဂံလမ်းလျှောက်သင်္ကြန် #သင်္ကြန်
#YMG/NN #Yangon_Times
#Daily_News
Published 31 March 2026
၁။ ရိုးမရိပ်သာအိမ်ရာအခန်းယာယီနေထိုင်ခွင့်များထုတ်ပေးမည်
၂။ ဓာတ်မြေဩဇာဝယ်ယူခွင့်စာချုပ်များအတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ပြု
၃။ ပုဂံလမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်မုခ်ဦးပုံဒီဇိုင်းကို ပုဂံအငွေ့အသက်ပုံ ဒီဇိုင်းရေးဆွဲ တည်ဆောက်မည်
၄။ လူဝင်မှုနှင့်အကောက်ခွန်ကြီးကြပ်ရေးမှဝင်ရောက်ကူညီနေရသဖြင့် ဗာဂျီးနီးယားအပြည်ပြည်ဆိုင်ရာလေဆိပ်၌ခရီးသည်များအဆင်မပြေဖြစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 61 of 2353