#Local_News
Published 18 February 2025
▪️ မင်္ဂလာဒုံမြို့နယ် စစ်တက္ကသိုလ်အနီးတွင်ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေ၍ကယ်ထုတ်ခဲ့ရကြောင်းသိရသည်။
▪️ ဖေဖော်ဝါရီ၁၈ ရက်နေ့၊မနက် ၆ နာရီ၄ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဂိတ်အမှတ်(၃)၊ စစ်တက္ကသိုလ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
▪️ ထို့နောက် ယင်းဖြစ်စဉ်ကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကြယ်စင်မေတ္တာပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၇ — ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ အများပြည်သူ အဓိကအားထား အသုံးပြုလျက်ရှိသော သံလွင်တံတား(ဖားဆောင်း)သည် ယနေ့နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက အဆိုပါတံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။ ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး နောက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်စေရန်နှင့် သူတို့အား လိုက်လံချေမှုန်းခြင်းများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသည် ဖားဆောင်းမြို့၏ အနောက်ဘက် မီတာ ၃၂၀ ခန့်အကွာ၊ ဖားဆောင်း-မယ်စဲ့-ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ် ၀/၃ နှင့် ၀/၄ ကြားတွင် တည်ရှိသည်။ အဆိုပါတံတားသည် အရှည် ၁၂၆၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး မိုင်းခွဲ ဖျက်ဆီးမှုကြောင့် တံတား၏ အနောက်ဘက်ကမ်းကပ်ခုံမှ အရှည် ၂၅၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် အတည်ပြုထား သည်။
ယခုကဲ့သို့ ဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအားထား နေရသော လမ်းကြောင်းပြတ်တောက်ခဲ့ပြီး လက်ရှိတွင် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ကြောင်းသိရသည်။ တံတားပျက်စီးမှုအား လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြန် လည်ပြင်ဆင်သွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေတည်ငြိမ်ရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြိုနယ်ရှိ မဟာ မကုဋရံဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စတင် ကျင်းပနေပြီဖြစ်ရာလာရောက်သူများပြားနေတယ်လို့ သိရပါတယ်။
#Local_News
Published 17 February 2025
#ဆံတော်ရှင်မြတ်မော်တင်စွန်း #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်ကထွက်ရှိတဲ့ မျှင်ငပိတွေ ရန်ကုန်ဈေးကွက်မှာ အရောင်းသွက်နေတယ်လို့ မျှင်ငပိရောင်းချသူတွေထံက သိရပါတယ်။
#Local_News
Published 17 February 2025
#ဒေးဒရဲ #ဧရာဝတီတိုင်းဒေသကြီး #မျှင်ငပိ
#YMG/NN #Yangon_Times
ငွေဆောင်ကမ်းခြေသို့ ဖေဖော်ဝါရီလ ရုံးပိတ်ရက်အတွင်း ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်သူများပြားနေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published 17 February 2025
#ငွေဆောင်ကမ်းခြေ
#YMG/NN #Yangon_Times
#Daily_News
Published 17 February 2025
၁။ ဆံတော်ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၌လာရောက်သူစည်ကားများပြား
၂။ ဒေးဒရဲဒေသထွက်မျှင်ငပိများ ရန်ကုန်၌အရောင်းသွက်နေ
၃။ ငွေဆောင်ကမ်းခြေသို့ ခရီးသွားလာရောက်လည်ပတ်သူများပြား
၄။ တရုတ်ဒေသတွင်းရုပ်ရှင်ကြည့်ရှုမှုနှင့်ရုပ်ရှင်ဆက်စပ်ဈေးကွက်များတိုးချဲ့ရန် စမ်းသပ်မြို့(၁၆)မြို့ကြေညာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပိုခြင်းကို ခုနစ်လအစား ငါးလသို့ လျော့ချသတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှသိရပါတယ်။
#Local_News
Published 17 February 2025
#ပြောင်း #ထိုင်းနိုင်ငံ
#YMG/SW #Yangon_Times
Page 57 of 2314