၁၃ ဧပြီ၊၂၀၂၆
မြန်မာနိုင်ငံ အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးပေး ရန် ဆက်လက်သန္နနိဋ္ဌာန်ချထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မာကိုရူဘီယိုက မြန်မာ့ အတာသင်္ကြန်နှစ်ကူးဆုတောင်းမှာ ပြောကြားပါတယ်။
ဧပြီ၁၂ ရက်စွဲဖြင့် ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ယနေ့ဧပြီ၁၃ရက်တွင်ထုတ်ပြန်တဲ့ နိုင်ငံခြား ရေးဝန်ကြီးရဲ့ ၂၀၂၆ မြန်မာ့အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးကာလဆုတောင်းစကားတွင် မာကို ရူဘီယိုက ယင်းကဲ့သို့ ပြောကားခဲ့ခြင်းဖြစ်ပါတယ်။
“ သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည် ဆက်လက်ယိုယွင်းလျက်ရှိသော်လည်း အဆိုပါ အကျပ်အတည်းများ အဆုံးသတ်စေရေး အတွက် ကူညီပံ့ ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပါသည်” လို့ အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။
ယင်းအပြင်” မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်း သတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီး ဖြစ်ပါသည်။ သင်္ကြန်၏ အနှစ်သာရက မိမိတို့ ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေသည့်အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိပါစေကြောင်း မိမိတို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်” လို့ ဆုမွန်ကောင်းတောင်းထားပါတယ်။
“မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုပါသည်” လို့လည်း သူကပြောပါတယ်။
-end-
ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေအနေနဲ့ပြည်ပထွက်ခွာခွင့် လျှောက်ထားရာမှာ OWIC ကတ်ပါအချက်အလက်များကိုက်ညီမှုမရှိပါကကတ် အသစ်ပြန်လည်ပြုလုပ်ရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 12 April 2026
#OWIC #မြန်မာလုပ်သား
#YMG/SW #Yangon_Times
နေပြည်တော်၊ ဧပြီ ၁၀ - ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည့် အကျပ်အတည်းကို ဖြေရှင်းရန်နှင့် သက်တမ်းရင့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေမှ ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် North Petro-Chem Corporation (Myanmar) Limited (NPCM) နှင့် ရေနံတိုးတက်ထုတ်ယူရေးစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးလိုက်သည်။
ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပသော အဆိုပါ လက်မှတ်ရေး ထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘော တူစာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း" ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရေနံစိမ်းများ ပိုမိုထွက်ရှိလာပါက ပြည်တွင်း၌ စက်သုံးဆီများ တိုးမြှင့်ချက်လုပ်နိုင် မည်ဖြစ်၍ ပြည်သူများအတွက် လက်ငင်းအကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်း ပြောကြားသည်။
သက်တမ်းရင့် ရေနံမြေများနှင့် နည်းပညာလိုအပ်ချက်
မြန်မာနိုင်ငံရှိ ရေနံမြေအများစုမှာ သက်တမ်း နှစ် (၁၀၀) ဝန်းကျင်ရှိနေပြီဖြစ်ပြီး၊ ယခုစာချုပ်ချုပ်ဆို သည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်း နှစ် (၅၀) ခန့်ရှိပြီဖြစ်သည်။ ထို့ကြောင့် ထုတ်လုပ်မှုတိုးတက်စေရန် ခေတ်မီနည်းပညာ၊ သင့်လျော်သော စက်ပစ္စည်းနှင့် အရင်းအနှီးများစွာ လိုအပ် လျက်ရှိရာ ယင်းအချက်များကို ဟန်ချက်ညီ ဖြည့်ဆည်းပေးနိုင်မည့် အသင့်လျော်ဆုံး အဖွဲ့အစည်းအဖြစ် NPCM ကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။
စက်သုံးဆီအကျပ်အတည်းနှင့် အစိုးရ၏ ဖြေရှင်းမှု
ကမ္ဘာတစ်ဝှမ်း စက်သုံးဆီအခက်အခဲများ ကြုံတွေ့နေရချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ထွက်ရှိလာမည့် ရေနံစိမ်းများကို ပြည်တွင်း၌ပင် ကိုယ်တိုင်ချက်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ရန် စီမံနေသကဲ့သို့၊ ၁၉၈၂ ခုနှစ်က တည်ဆောက်ခဲ့ သော သံပရာကန် ရေနံချက်စက်ရုံကိုလည်း စွမ်းအားပြည့် လည်ပတ်နိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။
ထို့အပြင် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရေးအတွက် ရေနံလက်ယက်တွင်း တူးဖော်မှုများကို ပိတ်သိမ်းခဲ့သည်။ ယင်းအစား ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း (၃၆) ခုကို စံချိန်စံညွှန်းမီ နည်းစနစ်ကျတွင်း (Standard Well) များ တူးဖော်ခွင့်ပြုထားပြီး မကြာမီ စတင် လုပ်ငန်း များစတင်ဆောင်ရွက်တော့မည်ဖြစ်ရာ ပြည်တွင်းရေနံစိမ်းထွက်ရှိမှု ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းရသည်။
စာချုပ်ပါ ကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးပေါ်ထွက်လာစေရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း NPCM ဥက္ကဋ္ဌက အခမ်းအနားတွင် ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတော်အတွက် နစ်နာမှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူကာ စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း တည်ရှိသော ထောက်ရှာပင်-ကမ်းနီ ရေနံမြေတွင် ထောက်ရှာပင်ရေနံမြေကို ၁၉၆၉ ခုနှစ်ဝန်းကျင်တွင် စတင်တွေ့ရှိခဲ့ပြီး ကမ်းနီရေနံမြေကို ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဆက်လက်ဖော်ထုတ်ခဲ့သည်ဟုသိရသည်။ ၁၉၈၅ခုနှစ်ခန့်တွင် ထုတ်လုပ်မှု အမြင့်မားဆုံ းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရေနံစိမ်းထွက်ရှိမှုများဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
#ymg/knl
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ'လမ်းလျှောက်သင်္ကြန်ပွဲတော်'ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 April 2026
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #လမ်းလျှောက်သင်္ကြန်
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းနဲ့အတူမြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သိန်းခွဲအထိ ပြန်လည်ကျဆင်းခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 11 April 2026
#ရွှေ #ကမ္ဘာ့ရွှေဈေး
#YMG/SW #Yangon_Times
ဆန်ဈေးနှုန်းများ သင့်တင့်မျှတစေဖို့ ရည်ရွယ်ပြီးဆန်စက်နဲ့ကုန်စည်ဒိုင်တွေမှာ သက်သာတဲ့ဈေးနှုန်းများနဲ့ ဆန်ရောင်းချပေးမှုအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးလာပါတယ်။
#Local_News
Published 11 April 2026
#ဆန်စက် #ကုန်စည်ဒိုင်မျ
#YMG/NN #Yangon_Times
#Daily_News
Published 11 April 2026
၁။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ 'လမ်းလျှောက်သင်္ကြန်ပွဲတော်'ကျင်းပမည်
၂။ ရွှေဈေးတစ်ရက်အတွင်း ကျပ်တစ်သိန်းခွဲပြန်ကျ
၃။ ဆန်စက်၊ ကုန်စည်ဒိုင် နှင့်စက်မှုဇုန်များတွင်သက်သာဈေးဖြင့် ဆန်များတိုးမြှင့်ရောင်းချပေးမည်
၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အထူးကိုယ်စားလှယ်နဲ့နေပြည်တော်၌
တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 49 of 2352