၇ဇွန်၊၂၀၂၆- သုံးစွဲသူများအဆင်ပြေပြီး မသမာမှုများလျှော့ချနိုင်သည့် စမတ်မီတာစနစ်ကို မြန်မာနိုင်ငံ တွင် စတင် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းစီစဉ်နေတယ်လို့ ဝန်ကြီး ဌာနမှ သိရပါတယ်။
ထိုသို့ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီဂဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားနည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Telematic Solution Co., Ltd အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ဇွန် ၄ ရက်နေ့ကတွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်လျက်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ယမန်နေ့ ညနေပိုင်းတွင် EXPOFORUM Convention and Exhibition Centre ၌ တွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် Telematic Solution ၏ အမှုဆောင်အရာရှိချုပ်တို့သည် ရုရှား၏ ကိုယ်ပိုင် နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူသည့်စနစ်နှင့် သုံးစွဲသူများက မီတာခများ ပေးဆောင်နိုင်သည့် Smart meter စနစ် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံ၍ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ရန် ကိစ္စရပ်များ၊ လက်ရှိအသုံးပြုနေသည့် စနစ်တွင် ပေါင်းစပ်၍ အဆင့်မြှင့်တင်သွားနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

စမတ်မီတာအသုံးပြုခြင်းဖြင့် အချိန်နှင့်တပြေးညီ လျှပ်စစ်ဓါတ်အားသုံးစွဲနေမှုများကို သုံးစွဲသူများက မိုဘိုင်းလ်ဖုန်းပေါ်ရှိအက်ပလီကေးရှင်းမှတစ်ဆင့်သိရှိနိုင်ပြီး ယင်းကိုအသုံးပြ၍လည်း လျှပ်စစ် သုံးစွဲခ (မီတာခ)ကို ကြိုတင်ငွေချေစနစ်( Prepaid) နည်းဖြင့်ဖြစ်စေ၊ ယခုလို လစဉ် မီတာခဆောင်သော နည်းလမ်းဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။
ထို့အပြင် မီတာဖတ်ရာတွင် မတိကျမှုများ၊ မသမာမှုဆောင်ရွက်ခြင်းများ စသည့် မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများနှင့် အခက်အခဲများကိုပါ ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
------------
စက်သုံးဆီသင်္ဘော(၁၀)စီးရောက်ရှိရန်ရှိပြီး သီလဝါဆိပ်ကမ်းမှာ ဆီချဖို့ ဆီတင် သင်္ဘောသုံးစီးရောက်ရှိနေတယ်လို့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ် ။
#Local_News
Published 07 June 2026
#စက်သုံးဆီသင်္ဘော #သီလဝါ
#YMG/NN #Yangon_Times
#Local_News
Published 06 June 2026
■ ပုဂံ ရှေးဟောင်းအဆောက်အအုံများနှင့် ဝန်းကျင်တွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ မဖြစ်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက် ရန်ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကပြောကြားသည်။
■ ယမန်နေ့က ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုပြီး ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း (မေတ္တာစောင်းတန်း)၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသည့် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ မွန်ကျောက်စာများကို သွားရောက်ကြည့်ရူစဉ်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများနှင့် ဝန်းကျင်တွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ မဖြစ်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက်ရန်၊ ဓမ္မရံကြီးနှင့် စူဠာမဏိဂူဘုရားများ၏ တံတိုင်းအတွင်းတွင် ရေမဝပ်အောင် ရှေးဟောင်းရေထွက်ပေါက်များမှ ရေထွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ရန်၊ဘုရားများ၏အပေါ် ပေါင်းမိုးများမှ အုတ်အချို့ဆွေးမြည့်နေမှုနှင့် အက်ကြောင်းများ အစားထိုးဖာထေးပြုပြင် ထိန်းသိမ်းရန်၊ လည်း ပြောကြားခဲ့ကြောင်း သိရသည်။
■ ထို့အပြင် ပုဂံဒေသရှိ ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန်
နှင့် ပြုပြင်ထိန်းသိမ်းမှုများကို ရှေးမူမပျက်ဆောင်ရွက်ရန်၊ ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ မွန်ကျောက်စာကို မြန်မာဘာသာဖြင့် အနက်အဓိပ္ပာယ်ပြန်ဆိုမှုများကိုပါ ပြသသွားရန် လည်း ပြောကြားခဲ့ကြောင်း သိရသည်။
■ ထို့နောက် ရွာဟောင်းကြီး ရေကန်တူးဖော်ထားမှု၊ Buddhist Complex တူးဖော်ဆောင်ရွက်ခဲ့မှု၊ ရွှေနန်းရင်တော်ကန်-၁ ရေကန်ဆယ်ယူထိန်းသိမ်းထားမှု၊ ဓမ္မရံကြီးဂူဘုရားနှင့် စူဠာမဏိဂူဘုရား ပြုပြင်ထိန်းသိမ်းထားမှု၊ ဖိုးသူတော်ကန်နှင့် ညောင်လက်ဖက်ကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ကမ္ဘာလှည့်ယဉ်ကျေးမှုအနုပညာပြပွဲဖြစ်တဲ့ “Tokyo Before/After” ဓာတ်ပုံပြပွဲကို မန္တလေးမြို့မှာကျင်းပသွားမယ်လို့ ဂျပန်ဖောင်ဒေးရှင်းမှသိရပါတယ်
#Local_News
Published 06 June 2026
#Tokyo_Before_After
#YMG/SW #Yangon_Times
မေလတစ်လတာအတွင်း ကိုရီးယားသို့ မြန်မာလုပ်သား ၄၀၀ နီးပါး စေလွှတ်နိုင်ခဲ့ပြီးကုန်ထုတ်လုပ်သား အများဆုံးစေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးကသိရပါတယ် ။
#Local_News
Published 06 June 2026
#ကိုရီးယား #မြန်မာလုပ်သား
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅)နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (𝐖𝐘𝐓𝐔)တို့ ပူးပေါင်းပြီး “မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ” ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 06 June 2026
#𝐌𝐂𝐄𝐅 #𝐖𝐘𝐓𝐔
#YMG/SW #Yangon_Times
#Daily_News
Published 06 June 2026
၁။ ကမ္ဘာလှည့်ယဉ်ကျေးမှုအနုပညာပြပွဲဖြစ်သည့် “Tokyo Before/After” ဓာတ်ပုံပြပွဲမန္တလေးတွင် ကျင်းပမည်
၂။ ကိုရီးယားသို့ မြန်မာလုပ်သား (၄၀၀)နီးပါးစေလွှတ်နိုင်ခဲ့ပြီး
ကုန်ထုတ်လုပ်သား အများဆုံးစေလွှတ်ခဲ့
၃။ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် 𝐌𝐂𝐄𝐅 တိုပူးပေါင်းပြီး သစ်ပင်စိုက်ပွဲတော်ပြုလုပ်မည်
၄။ တရုတ်တောင်ပိုင်းမှပင်လုတူးမြောင်းစီမံကိန်း စမ်းသပ်ရေလွှတ်ခြင်းစတင်ပြုလုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 51 of 2397