ရုရှားနိုင်ငံရဲ့ ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားတဲ့ Smart Meter စနစ်ကို မြန်မာနိုင်ငံမှာလက်ရှိအသုံးပြုနေတဲ့စနစ်မှာပေါင်းစပ်ပြီး အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့အပေါ် ကြိုဆိုတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောကြားခဲ့ပါတယ်။
#Local_News
Published 08 June 2026
#ရုရှား #Smart_Meter
#YMG/SW #Yangon_Times
အခု ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် နှစ်လတာအတွင်း ဒေါ်လာ(၉၃)သန်းတန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 08 June 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ကို လာမယ့်ဇူလိုင် ၆ ရက်မှ စတင်ကာဖွင့်လှစ်သွားမှာဖြစ်တယ်လို့မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 08 June 2026
#မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်
#YMG/SW #Yangon_Times
ပဲခူးမြို့မှာ မိုးများခဲ့လို့ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အနီးရောက်ရှိလာတယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 08 June 2026
#ပဲခူးမြစ်ရေ
#YMG/NN #Yangon_Times
#Daily_News
Published 08 June 2026
၁။ ရုရှား၏ Smart Meter စနစ်ကိုပြည်တွင်း၌လည်းအသုံးပြုမည်
၂။ ယခုဘဏ္ဍာနှစ်စ၌ဒေါ်လာ(၉၃)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းကျော်တင်ပို့ထား
၃။ မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ဖွင့်လှစ်မည်
၄။ လောင်စာဆီဈေးနှုန်းမြင့်တက်လာသဖြင့် ယူကေ၌လျှပ်စစ်ဘီးများလူကြိုက်များလာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 June 2026
■ ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။
■ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များသို့ နှစ် ၃၀ (၂၀+၅+၅) နှစ်ရှည်ငှားရမ်းမည်ဖြစ်သည်။
■ အဆိုပါ မြေကွက်များကိုငှားရမ်းလိုသောကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်မှ စတင်၍ ဇူလိုင်လ၃ရက်နေ့အထိ ရုံးချိန်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 June 2026
■ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး တစ်ဦးေ_သဆုံးခဲ့ကြောင်း သိရသည်။
■ ဇွန် ၈ ရက်နေ့၊ မနက် ၇နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင် မြေပြိုမှုဖြစ်ပွားပြီး နေအိမ်၏ ဝဲဘက်အခန်းပေါ်သို့ ပိမိနေကြောင်းသတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
■ အဆိုပါဖြစ်စဉ်ကြောင့် မ(၁)ဦး(ေ-သဆုံး)အား တန့်ယန်းအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 50 of 2397