#Local_News
Published 10 October 2025
▪️ အင်အား ရစ်(ခ်)တာစကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သောငလျင်တစ်ခု နေပြည်တော်နှင့် မိုင်၂၀၀၀ကျော် ကွာဝေးသည့်ပြည်ပ၌ ယနေ့ မနက်ပိုင်းတွင် လှုပ်ခတ်ခဲ့ကြောင်းမြေငလျင်ဌာနခွဲမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၁၃) မိနစ်၊ (၅၄) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁၈၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Mindanao, Philippines)၌ လှုပ်ခတ်ခဲခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံပြည်ပ (Mindanao, Philippines) မြောက်လတ္တီတွဒ် (၇.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၆.၇၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၉ အောက်တိုဘာ ၂၀၂၅
▪️မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Dato' Seri Utama Haji Mohamad Bin Haji Hasan က ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များ ကိုလည်းစေလွှတ်ပေးသွားမယလို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားပါတယ်။
▪️ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ အောက်တိုဘာ ၉ ရက် မနက်က လက်ခံတွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။
▪️မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်နေမှုများအား တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့လည်း အကြံပြုခဲ့ တယ်လို့ မြန်မာအစိုးရ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ဗိုလ်ချုပ်မှူးကြီးကလည်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထား ကွဲလွဲသူ များ၊ နိုင်ငံရေးပါတီများ ကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော်ရှိတယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။
▪️ယင်းအပြင်တိုင်းရင်းသား ง လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေး အတွက် ငြိမ်းချမ်းရေးရရှိအောင် ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး က ပြောကြားပြီး ၂၀၁၈ ခုနှစ်မှစတင် ၍ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန် ချက် ၂၇ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နေသူများကိုလည်း နိုင်ငံရေးလမ်းကြောင်းပေါ်တွင်ပါဝင် လာနိုင်ရေး အတွက် ၃ ကြိမ်ဖိတ်ခေါ်ခဲ့တယ်လို့လည်း ထပ်မံပြောကြားပါတယ်။
▪️ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ် လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုး ထား သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ် မရေး ထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံ တကာမှအသိသက်သေများ တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆွေးနွေး ပြောကြားပါတယ်။

▪️အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး တို့သည် မြန်မာနိုငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်း များဆောင်ရွက် သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်စနစ်ဖြင့် ကျင်းပပြုလုပ်သွား မည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမို ကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘောအား ဆောင်သော ကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိမှုအခြေ အနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ယခုတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှုးကြီးနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူး ကိုယ်စားလှယ် H.E. Tan Sri Othman Hashim နှင့် တာဝန်ရှိသူတွေ တက် ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/knl
ကိုရီးယား-မြန်မာချစ်ကြည်ရေးဒလတံတားစီမံကိန်းပြီးစီးတော့မှာဖြစ်တာကြောင့်ဒလမြို့ကအိမ်ခြံမြေဈေးတွေလည်း တရိပ်ရိပ်မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံက သိရပါတယ်။
#Local_News
Published 09 October 2025
#ဒလမြို့ #ကိုရီးယား_မြန်မာချစ်ကြည်ရေး
#YMG/SW #Yangon_Times
ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ဒေါ်လာ (၄၀၂၀) ကျော်နဲ့ စံချိန်တင်မြင့်တက် လာတာကြောင့် ပြည်တွင်းဈေးပါ (၈၂)သိန်းကျော်အထိ မြင့်တက်လာတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
#Local_News
Published 09 October 2025
#ကမ္ဘာ့ရွှေဈေး #ရွှေဈေးကွက်
#YMG/NN #Yangon_Times
နေပြည်တော်မှာတည်ဆောက်နေတဲ့ ဖွဲနုဆီစက်ရုံစီမံကိန်းကနေ တစ်နှစ်ကို ဆီတန်ချိန် တစ်သောင်းခွဲကျော် ထုတ်လုပ်နိုင်မယ်လို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) က သိရပါတယ်။
#Local_News
Published 09 October 2025
#ဖွဲနုဆီစက်ရုံ #MAPCO
#YMG/NN #Yangon_Times
ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ရှိလေယာဉ်ကွင်းကို ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 09 October 2025
#လွိုင်ကော် #ကယားပြည်နယ်
#YMG/SW #Yangon_Times
#Daily_News
Published 09 October 2025
၁။ ဖွဲနုဆီစက်ရုံစီမံကိန်းမှ တစ်နှစ်လျှင် ဆီတန်ချိန်တစ်သောင်းခွဲကျော် ထုတ်လုပ်နိုင်မည်
၂။ ကမ္ဘာ့ရွှေဈေး ဒေါ်လာ(၄၀၂၀)ကျော်ဖြင့် စံချိန်တင်မြင့်တက်ပြီး ပြည်တွင်းဈေးပါလိုက်တက်လာ
၃။ ဒလမြို့ရှိအိမ်ခြံမြေဈေးများ တရိပ်ရိပ်မြင့်တက်လာ
၄။ အီလက်ထရွန်နစ်စစ်ရေးတိုက်လေယာဉ်သစ်J-16Dအား တရုတ်ထုတ်လုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 256 of 2398