၁၁ အောက်တိုဘာ ၂၀၂၅
မြန်မာနိုင်ငံ ကမ်းလွန်လုပ်ကွက်အသစ် အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ၊ PTTEP International Limited တို့ အကျိူးတူပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါ တယ်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာ ၁၀ ရက်က ထိုင်းနိုင်ငံ PTTEP International Limited ၏ အမှုဆောင်အရာချုပ်ဖြစ်သူ Mr. Montri Rawanchaikul နှင့်အဖွဲ့ကို နေပြည်တော်ရှိ ဝန်ကြီးဌာနတွင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဆိုပါကိစ္စ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက် လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဆက်လက် ပြောကြားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါကမ်းလွန် အောင်သိင်္ခစီမံကိန်းသည် ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ် ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်တယ်လို့သိရပါတယ်။
PTTEP အမှုဆောင်အရာရှိချုပ်က အထွက် နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့် ဇောတိကစီမံကိန်းများမှ သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေကို တင်ပြခဲ့ရာ ဇောတိက စီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးက အာမခံ ချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှပ်နှံနိုင်ရန် အခွင့်အလမ်းများ ရှိကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကံပေါက်ဒေသမှ တစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာ ရောက်ရင်းနှီးမြှုပ်နှံရန်လည်း PTTEP ကို ဖိတ်ခေါ်ခဲ့ပါတယ်။
#ymg/knl
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချပေးသွားမယ်လို့ ယခုလ(၈)ရက်မှာထုတ်ပြန်ထားပါတယ်။
#Local_News
Published 10 October 2025
#မြန်မာနိုင်ငံတော်ဗဟိုဘဏ် #စက်သုံးဆီ
#YMG/SW #Yangon_Times
လာမယ့်ဒီဇင်ဘာလ၂၈ရက်မှာ စတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကပ်ထားခြင်းကို ၇ရက်ထပ်တိုးထားတယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့အောက်တိုဘာ ၉ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 10 October 2025
#ရွေးကောက်ပွဲ #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
#YMG/SW #Yangon_Times
ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထား Tradenet 2.0 စနစ်အသုံးပြုမှု နှစ်စဉ်ကြေးတွေကို ပြောင်းလဲကောက်ခံသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 10 October 2025
#ဝန်ဆောင်ခ #Tradenet 2.0
#YMG/NN #Yangon_Times
#Daily_News
Published 10 October 2025
၁။ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများပြောင်းလဲကောက်ခံမည်
၂။ ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်ထားခြင်းကို(၇)ရက်ထပ်တိုးထား
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ကန်ဒေါ်လာသန်း (၃၀) ထပ်မံရောင်းချပေးမည်
၄။ နောက်ဆုံးပေါ်နည်းပညာများဖြင့်နိုင်ငံတကာရုပ်ရှင်လောကသိုထိုးဖောက်လာသည့် တရုတ်ရုပ်ရှင်လုပ်ငန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဒီကနေ့ကနေ နောက်လာမယ့် တစ်ပတ်အတွင်း ဒေသအနှံအပြား မိုးဆက်လက်ရွာနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။
#Local_News
Published 10 October 2025
#မိုး
#YMG/NN #Yangon_Times
#Local_News
Published 10 October 2025
▪️ စာပို့တိုက်လုပ်ငန်းများအနေဖြင့် သမားရိုးကျစာပို့တိုက်ဝန်ဆောင်မှုများအပေါ်တွင်သာ မှီခိုအားထား နေခြင်းမပြုဘဲဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ခေတ်နှင့် လျော်ညီအောင် ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာ ဈေးကွက်သို့ အောင်မြင်စွာ ချိတ်ဆက်နိုင်မှသာ ပြန်လည်ဦးမော့လာနိုင် ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောသည်။
▪️ ယမာန်နေ့ မနက် ၉ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် (၁၅၁)နှစ်မြောက် ကမ္ဘာ့စာပို့တိုက် နေ့အထိမ်းအမှတ်အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ယခုနှစ် အခမ်းအနားအတွက် ဆောင်ပုဒ်ကို POSTFORPEOPLE: Local Service. Global Reach. (ပြည်သူများအတွက်စာပို့တိုက် - ပြည်တွင်းဝန်ဆောင်မှုမှသည်ကမ္ဘာတစ်ဝန်းဆီ) ဟု UPU မှ ရွေးချယ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဆောင်ပုဒ်သည် ပြည်သူလူထုအတွက် မြို့ပြမှကျေးလက်တောရွာမကျန် စာပို့တိုက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ် ချိတ်ဆက်မှုအတွက် စာပို့တိုက် ဝန်ဆောင်မှုကဏ္ဍသည် အဓိကအခန်းကဏ္ဍမှပါဝင်ထမ်းဆောင်နေသည်ကို ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအပါအဝင် နိုင်ငံတော်နှင့် ကမ္ဘာတစ်ဝန်းလုံးအတွက် ဆက်လက်လုပ်ဆောင်သင့်သည့် မျှော်မှန်းလမ်းညွှန်ချက်တစ်ခုလည်းဖြစ်ကြောင်း
▪️ ယခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့၏ ဆောင်ပုဒ်သည် မြန်မာ့စာတိုက် လုပ်ငန်း၏ ရည်မှန်းချက်ဖြစ်သည့် “လူတိုင်းအတွက် မြန်မာ့စာတိုက် (Myanmar Post for Everyone)” နှင့် ကိုက်ညီလျက်ရှိနေကြောင်း၊ ယူပီယူ၏ State of the Postal Sector 2024 အစီရင်ခံစာတွင် စာပို့တိုက်လုပ်ငန်းများအနေဖြင့် သမားရိုးကျစာပို့တိုက်ဝန်ဆောင်မှုများအပေါ်တွင်သာ မှီခိုအားထားနေခြင်းမပြုဘဲ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုဆောင်ရွက်၍ ခေတ်နှင့် လျော်ညီအောင် ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာဈေးကွက်သို့ အောင်မြင်စွာ ချိတ်ဆက်နိုင်မှသာ အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်ပြီး ပြန်လည်ရှင်သန် ဦးမော့လာနိုင်မည်ဖြစ်ကြောင်းနှင့် မကြာသေးမီကကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(ယူပီယူ) ကွန်ဂရက် မှ ချမှတ်ဆောင်ရွက်ခဲ့သည့် Development Strategy များ၊ သဘောတူညီချက်များနှင့် နိုင်ငံ တကာမှ စာပို့တိုက်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာတိုးတက်မှုများကို စာပို့တိုက် ကဏ္ဍကြီးကြပ်ဆောင်ရွက်သူ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ၊ မြန်မာ့စာတိုက်လုပ်ငန်းတို့မှ မျက်ခြည်မပြတ်လေ့လာစောင့်ကြည့်၍ မိမိတို့နိုင်ငံ၏ စာပို့တိုက်ကဏ္ဍ ပြန်လည်ဦးမော့လာနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြ ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
▪️ ထို့နောက် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ဌာနချုပ် (UPU) ညွှန်ကြားရေးမှူး ချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ် လွှာ Video Clip နှင့် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip များကိုပြသသည်။
▪️ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် (၅၄)ကြိမ်မြောက် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်း အဆင့်)၌ ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှ မဝင်းလဲ့ရွှေရည်၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှ မနှင်းအိရွှေရည်၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်မှ မောင်ဇော်သူရနှင့် အထူးဆုရရှိသည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ မမိုးပြည့်စုံကြွယ်တို့အား ဂုဏ်ပြုဆုများပေးအပ်သည်။
▪️ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက နိုင်ငံတကာ လူငယ်များ ပေးစာရေး ပြိုင်ပွဲ(ပြည်တွင်းအဆင့်)အတွက် အကဲဖြတ်ပေးကြသော အကဲဖြတ်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
▪️ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး (၁၅၁)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းတွင် ခင်းကျင်းပြသထားသည့် စာပို့တိုက်လုပ်ငန်းများ ကာလအလိုက် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခြင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာတမ်းများ၊ လုပ်ငန်းဆိုင်ရာပစ္စည်းများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ဆုရလူငယ်များတက်ရောက်ကြသည်။
#YMG/NN #Yangon_Times
Page 255 of 2398