#Local_News
Published 29 July 2025
▪️ လာမည့်ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ လေးမျိုးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြေကြာင်း သိရသည်။
▪️ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ လေးမျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်၍ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုံခြုံရေး၊ သွားလာနေထိုင်စားသောက်ရေး၊ အုပ်ချုပ်မှုနှင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့သည်။
▪️ ထို့ပြင်ပြိုင်ပွဲများ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ဝိုင်းဝန်းကူညီပံ့ပိုးပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 29 July 2025
▪️ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိ၊တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကိုလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၂၈ ရက်နေ့၊ ည ၈ နာရီအချိန်က အသိပေးထုတ်ပြန်ထားသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ရက်နေ့၊ ည ၈ နာရီမှ ၂၇ ရက်နေ့၊ ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိရကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် ရောဂါပိုးတွေ့ရှိနှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း သိရသည်။
▪️ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေပြီဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း အကြံပြုထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 29 July 2025
▪️ မြန်မာနှင့် မိုင်၇၀၀ကျော်ဝေးကွာသော မြန်မာနိုင်ငံသို့ပြင်ပ(Nicobar Islands, India Region)၊နေရာ၌ အင်အားပြင်းတန်သောငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ မြေငလျင်သည် အင်အားအင်အားရစ်(ခ်)တာစကေး ၆ဒသမ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု ဖြစ်သည်။
▪️ ဇူလိုင်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၁၁)မိနစ်၊ (၅၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၁၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Nicobar Islands, India Region)၊ မြောက်လတ္တီတွဒ် (၆.၈၄) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၃.၁၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၁) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 28 July 2025
၁။ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့်ဓာတ်အားထုတ်လုပ်မှုကို နွေရာသီအမှီဆောင်ရွက်မည်
၂။ ဂျိုးဖြူရေသုံးစွဲသူအားလုံး ရေမီတာမဖြစ်မနေတတ်ဆင်ရမည်
၃။ စားအုန်းဆီရည်ညွှန်းဈေး တက်ရိပ်ပြ
၄။ စီးပွားရေးအကြပ်အတည်းများကြား ယီမင်ငွေကြေးတန်ဖိုးစံချိန်တင်ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန (ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကို နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဘီလီယံကျော်နဲ့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 28 July 2025
#အမျိုးသားကင်ဆာရောဂါကုသရေးဌာန #စီမံကိန်းချမှတ်ဆောင်ရွက်
#YMG/NN #Yangon_Times
အခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးတွေ အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၇၅ကျပ်နဲ့ တက်ရိပ်ပြလာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန် ချက်အရသိရပါတယ်။
#Local_News
Published 28 July 2025
#စားအုန်းဆီရည်ညွှန်းဈေးတက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး
#YMG/NN #Yangon_Times
မင်းဘူးမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့်စီမံကိန်းရဲ့ ဓာတ်အား၄၀ မဂ္ဂါဝပ်ကို လာမယ့်နွေရာသီအမှီထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 July 2025
#မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး #ဓာတ်အားပေးစက်ရုံ
#YMG/SW #Yangon_Times
Page 254 of 2317