#Local_News
Published 31 July 2025
▪️ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)၌ဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ကုသမှုဆောင်ရွက် ပေးနေကြောင်း သိရသည်။
▪️ အဆိုပါ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများသည် မွေးရာပါ နှလုံးရောဂါများကို ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သော ခက်ခဲသည့် ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ရန်မလိုဘဲ နှလုံးနှင့်သွေးကြောအထူးကုသစက် (Cardiac Catheteri-zation Lab) အသုံးပြု၍ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်သူ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများ၊ အထူးကုအဖွဲ့များနှင့် ပူးပေါင်း၍ ကုသမှုများဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children’s Hospital No. 1 မှ ကလေးနှလုံးအထူးကု ဆရာဝန် Dr. Do Nguyen Tin သည် မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံးဆေးကု) ခေါင်းဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများနှင့်အတူ မွေးရာပါ နှလုံးရောဂါ ကလေးလူနာ ၁၇ ဦးအား ခွဲစိတ်စရာမလိုဘဲ နှလုံးနှင့် သွေးကြောအထူးကုသစက် (Cardiac Catheterization Lab) ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော အဆို့(Device)များ၊ ဆေးနှင့် ဆေးပစ္စည်းများ အသုံးပြု၍ ကုသခြင်းနှင့် ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
▪️ အဆိုပါ ကလေးလူနာများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ခေါ်ယူပြီး Follow up ကြည့်ရှုခြင်းနှင့် နှလုံးစမ်းသပ်စက် (Echo) ရိုက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေး ခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ ကလေးလူနာများ၏ အခြေအနေသည် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
▪️ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ ကလေး နှလုံးရောဂါဝေဒနာရှင် ၄၉၆ ဦးအား မခွဲစိတ်ရဘဲ နှလုံးနှင့် သွေးကြော အထူးကုသစက်များ အသုံးပြု၍ လည်းကောင်း၊ ကလေးနှလုံးရောဂါဝေဒနာရှင် ၄၈၈ ဦးအား ခွဲစိတ်ကုသမှုများဆောင်ရွက်၍ လည်းကောင်း အောင်မြင်စွာ ကုသမှုများပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
#YMG/NN #Yangon_Times
၃၀ ဇူလိုင် ၂၀၂၅၊ နေပြည်တော်-
နိုင်ငံတော်၏ ရှေ့ခရီးအတွက် ပထမစာမျက်နှာကိုကျော်ခဲ့ပြီဖြစ်၍ ဒုတိယစာမျက်နှာရဲ့ အစဟုဆိုရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစက ကောင်စီ ဝင်များနှင့် အစိုးရ အဖွဲ့ဝင်များကို ပြောကြားပါတယ်။
ဇူလိုင်၃၀ ရက်က နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“နှစ်ခွဲတာ ကာလအတွင်းမှာ လုပ်ငန်း အရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်” လို့လည်း ဗိုလ်ချုပ်မှူး ကြီးကပြောပါတယ်။
“နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေမှာလည်း ဒီလိုပဲ အောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောပါတယ်။

နိုင်ငံတော်ရဲ့ ရှေးခရီးကတော့ အများကြီးကျန်နေသေးပြီး ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေး နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့ လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ယုံကြည်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက တင်စားပြောဆိုပါတယ်။
မြန်မာနိုင်ငံ၏ အတိတ်နိုင်ငံရေးဖြတ်သန်းမှုသမိုင်းကြောင်းများ၊ တပ်မတော်က နိုင်ငံ့တာဝန်ရယူခဲ့ရသည့် အကြောင်းများ၊ အခက်အခဲများကို အတူတကွကျော်ဖြတ်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည်များနှင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သင့်သည်များကိုလည်း ဗိုလ်ချုပ်မှူး ကြီးက အကျယ်တဝင့် ပြောကြားခဲ့ပါတယ်။
“အခက်အခဲအကြပ်အတည်းများကြားမှ ယနေ့အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင် ခဲ့ကြပြီး ယင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ် ကောင်းကို ချပေးနိုင်ခဲ့ပြီးဖြစ်တယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ဇူလိုင် ၃၁ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပရန်ရှိနေပြီး ထို အစည်းအဝေးတွင် အခြေခံဥပဒေ ပုဒ်မ၄၂၆ အတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင်ဆောင်ရွက်ပြီးကြောင်းအစီရင်ခံစာတင်ပြနိုင်ဖွယ်ရှိသည်ဟုသတင်းများထွက် ပေါ်နေပါတယ်။
အဆိုပါအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမကျင်းပမီ တစ်ရက်အလိုတွင်အဆင့် ဆင့်သော အစိုးရအဖွဲ့ဝင်များစုံစုံညီညီတက်ရောက်ခဲ့ကြတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြု တွေ့ဆုံပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
#ymg/knl
#Daily_News
Published 30 July 2025
၁။ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား Quick Impact Project များ သဘောတူစာချုပ်သက်တမ်းတိုးမြှင့်
၂။ လာမည့်လဆန်းတွင် နေပြည်တော်နှင့် မန္တလေးတို့၌ ဈေးသင့်ဆန်များရောင်းချပေးသွားမည်
၃။ ရုရှားသို့သရက်သီး အနှစ်/အခြောက်များ၊ ကော်ဖီများ တိုးမြှင့်တင်ပို့မည်
၄။ နည်းပညာမြင့် AI စက်ရုပ်အမျိုးမျိုး ရှန်ဟိုင်းပြပွဲ၌ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စစ်တောင်းမြစ်ရေမြင့်တက်တာကြောင့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ထန်းတစ်ပင်ကိုသွားတဲ့ လမ်းမပေါ်မှာ ကျေးရွာကိုးရွာကလူဦးရေလေးထောင်ကျော်ရေတဲထိုးပြီး ရေဘေးရှောင်နေရတယ်လို့ ပရဟိတအသင်းတွေက သိရပါတယ်။
#Local_News
Published 30 July 2025
#အုတ်တွင်း #လမ်းမပေါ်တဲထိုးပြီးရေဘေးရှောင်
#YMG/NN #Yangon_Times
#Local_News
Published 30 July 2025
▪️ တနင်္သာရီတိုင်း မြိတ်၌ ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းတိုင်းအစိုးရအဖွဲ့မှ သိရသည်။
▪️ အဆိုပါ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့ကြား ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြို စူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၂၉ ရက်က ကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍ တနင်္သာရီတိုင်းအနေဖြင့် မဟာဓာတ်အားလိုင်းရောက်ရှိခြင်းမရှိသေးသဖြင့် တိုင်းအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။
▪️ မြိတ်မြို့တွင်ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂဝပ် ခင်းကျင်းနိုင်အောင် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မကြာခင်ကာလ၌ ရေနက်ဆိပ်ကမ်းတွင် ၆၆၀ မဂ္ဂဝပ် လျှပ်စစ်ဓာတ် Power Plant ဆောင်ရွက်ထားသည်ဟုလည်း ဆို သည်။
▪️ ယင်းသို့ ဆောင်ရွက်ထား၍ လျှပ်စစ်ဓာတ်အားထွက်ရှိလာပါက တိုင်းသို့ National Grid မရရှိသော်လည်း တိုင်း Grid တစ်ခုရရှိပါက ဒေသအတွက် လျှပ်စစ်မီးပြည့်ဝစွာရရှိမည်ဖြစ်၍ လုပ်ငန်းအား ကြိုဆိုပြီး တိုင်းအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အကူအညီများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green PowerCo.,Ltd တို့၏တာဝန်ရှိသူများက ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S(MOU)အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 July 2025
မြန်မာနိုင်ငံ၏ ဝါးအခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ကနေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပသည့် ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောကြားခဲ့သည်။
ယခုအလုပ်ရုံဆွေးနွေးပွဲကိုမျှစ်ထုတ်လုပ်မှု၊ ဝါးအခြေခံလက်မှု ပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာနှင့် စျေးကွက်အခွင့်အလမ်းများ ဆွေးနွေးဖလှယ်နိုင်ရန်နှင့် လုပ်ငန်းရှင်နှင့်ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ဝါးသည် မျှစ်ထုတ်လုပ်မှုမှစတင်၍ လက်မှုလုပ်ငန်း ထုတ်ကုန်အထိ စီးပွားရေးတန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် သဘာဝထုတ်ကုန် ဖြစ်ရာ မျှစ်နှင့် ဝါးထုတ်ကုန်များအား ပြည်တွင်း စျေးကွက်သာမက ပြည်ပစျေးကွက်များအထိရောက်ရှိ စေရေးအတွက် လုပ်ငန်းအဆင့်မြှင့်တင်မှု၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့် အရည်အသွေးစံနှုန်းပြည့်မီမှုများသည် များစွာအရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်၊ ကြိမ်၊ ဝါးကုန်ကြမ်း များ အသုံးပြုထုတ်လုပ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ကြမ်းရရှိရေး၊ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် နည်းပညာမြှင့်တင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး နှင့် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုး နှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပေါက်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်စဉ် ဝါးတော ထွက်နှုန်းမှာ ဝါးလုံးရေ ၃၁၈ သန်းရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 July 2025
▪️ ၂၀၂၅ -၂၀၂၈ ခုနှစ် ကာလအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်- Programme of Cooperation (POC) in Science and Technology လက်မှတ်ရေးထိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ ရုံးအမှတ် (၂၁) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
▪️ အဆိုပါ Programme of Cooperation (POC) ကို ၂၀၁၂-၂၀၁၅ ခုနှစ်နှင့် ၂၀၁၈-၂၀၂၁ ခုနှစ်တို့အတွက် လက်မှတ်ရေးထိုးေဆာင်ရွက်ခဲ့ကြပြီးဖြစ်ရာ ယခု ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်ကာလအတွင်း သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်ရည်ရွယ်၍ထပ်မံ လက်မှတ်ရေးထိုးချုပ်ဆိုခြင်းဖြစ်ပြီးသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr Abhay Thakur တို့က သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးကြကြောင်း သိရသည်။
▪️ ထို POC ကို လက်မှတ်ရေးထိုးခြင်းဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များ အထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့်စိုက်ပျိုးရေးအပါအဝင် ဇီဝနည်းပညာ၊ နာနိုနည်းပညာ၊ Smart University အတွက် နည်းပညာများ၊ အစိမ်းရောင်နည်းပညာများ၊ စက်ရုပ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာနှင့် Blockchain နည်းပညာ၊ Virtual Reality နှင့် Augmented Reality (3D ပုံရိပ်ဖော်နည်းပညာများ)၊ Advanced Material Science၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားနည်းပညာ၊ ဓာတ်သတ္တုကဏ္ဍ၊ Geospatial Technology နှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ မဟာဗျူဟာစီမံကိန်းများ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 251 of 2317