၂၉ ဇူလိုင် ၂၀၂၅
ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တာဖျက်ဆီးမှုတစ်ခုခုပြုလုပ်ပြီး တစ်ဦးတစ်ယောက်ကို သေဆုံးမှု ဖြစ်စေလျှင် ထိုနှောက်ယှက်ဖျက်ဆီးသူကို သေဒဏ်ချမှတ်ရမည့် ဥပဒေတစ်ရပ်ကို နစက အစိုးရက ဇူလိုင် ၂၉ ရက်တွင်ပြဋ္ဌာန်းလိုက်ပါတယ်။
အဆိုပါဥပဒေကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈/၂၀၂၅ အဖြစ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းဥပဒေပုဒ်မ ၂၇ တွင် “ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင်ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်”လို့ ဖော်ပြထားပါ တယ်။
မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ် ၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံး ခြင်း၊လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် ဥပဒေက တားမြစ် ထားပါတယ်။
ယင်းအပြင် မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးစေနိုင်ရန်၊ မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ကော်မရှင်သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူ တစ်ဦးဦးကိုဖြစ်စေ ယင်း၏ တာဝန်ဝတ္တရားများမထမ်းဆောင်နိုင်စေရန်၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးဦးကို ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန်၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးက ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန်၊ (က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊( ခ ) မိမိအလိုအလျောက် နာကျင်စေခြင်း၊( ဂ ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရဟုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။
မည်သူမျှ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုမည် သည့်နည်းဖြင့်မဆို မိမိအလိုအလျောက်ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ်ထိခိုက်ဆုံးရှုံး စေခြင်းကို မပြုရဟုလည်း တားမြစ်ထားပါတယ်။
ထို့အပြင် ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲရုံးကိုဖြစ်စေ၊ မဲရုံ သို့မဟုတ် မဲရုံအဖြစ် အသုံးပြုသည့် အဆောက်အဦကိုဖြစ်စေ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့်အသုံး အဆောင်ပစ္စည်းများကို ထိန်းသိမ်းထားသည့် အဆောက်အဦကိုဖြစ်စေ မည်သည့်နည်းဖြင့်မဆိုဖျက်ဆီး ခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရဟုဥပဒေတွင် တားမြစ်ထားပါတယ်။
မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရာတွင်ပူး ပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ မူရင်းပြစ်မှုတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ် ရမည်လို့လည်း ဥပဒေတွင်ပါရှိပါတယ်။
အဆိုပါဥပဒေအရ ကျူးလွန်သော ပြစ်မှုအလိုက် အမြင့်ဆုံးသေဒဏ်နှင့် အနိမ့်ဆုံး အဖြစ် ထောင်ဒဏ် (၃)နှစ် အထိချမှတ်နိုင်တာဖြစ်ပါတယ်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယခုနှစ် ဒီဇင်ဘာလလနှင့် ၂၀၂၆ခုနှစ် ဇန်နဝါရီလ များအတွင်း မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သွားရန် စီစဉ်နေပြီး အချို့သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များက ရွေးကောက်ပွဲကို ဖျက်ဆီးမည်ဟု လူသိရှင်ကြားပြောဆိုထားသည်များ ရှိနေပါတယ်။
#ymg/knl
#Daily_News
Published 29 July 2025
၁။ မြန်မာ့ငါးသလောက်တန်ချိန် တစ်သိန်းကျော် ပြည်ပတင်ပို့နေ
၂။ မြို့၇ မြို့၌ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ၍ မြေနိမ့်နေသူများဘေးလွတ်ရာရွေ့ပြောင်းရန်တိုက်တွန်း
၃။ OWIC ကတ်ပေါ်တွင် လုံခြုံရေးSticker အသုံးပြုသွားမည်
၄။ တရုတ် EVတင်ပို့ကားများ ဥရောပဈေးကွက်၌ ဆက်လက်နာမည်ရနေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ထုတ်ရောင်းပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကယမန်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 29 July 2025
#စက်သုံးဆီလုပ်ငန်းရှင် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပေါ်မှာ လုံခြုံရေး Sticker အသုံးပြုသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။
#Local_News
Published 29 July 2025
#OWIC #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
တောင်ငူအပါအဝင် နိုင်ငံအဝှမ်းရှိ မြို့၇ မြို့မှာ သက်ဆိုင်ရာ မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတာကြောင့် မြစ်ဘေး၊ ချောင်းဘေးနဲ့ မြေနိမ့်ပိုင်းမှာနေသူတွေကို ဘေးလွတ်ရာရွေ့ပြောင်းကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်မှာအသိပေး နှိုးဆော်ထားပါတယ်။
#Local_News
Published 29 July 2025
#စိုးရိမ်ရေမှတ်ထက်ကျော်လွန် #မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
မြန်မာ့ငါးသလောက်တန်ချိန် တစ်သိန်းကျော် ပြည်ပတင်ပို့နေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 29 July 2025
#ငါးသလောက် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 29 July 2025
▪️ ၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိထားကြောင်းနိုင်ငံပိုင်သတင်းစာများမှ တဆင့် အသိပေးကြေညာထားသည်။
▪️ အဆိုပါဝက်ဘ်ဆိုက်ကို ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့်ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက်လွှင့်တင်ထားခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ထို www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည့်အပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသော နေရာများအား ကိုယ်တိုင်ရွေးချယ်ကာ KBZ Pay ၊ CB Pay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိနှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာ တိုက်ရိုက်လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်ပြည်ပအလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 253 of 2317