#Local_News
Published 10 October 2025
▪️ အင်အား ရစ်(ခ်)တာစကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သောငလျင်တစ်ခု နေပြည်တော်နှင့် မိုင်၂၀၀၀ကျော် ကွာဝေးသည့်ပြည်ပ၌ ယနေ့ မနက်ပိုင်းတွင် လှုပ်ခတ်ခဲ့ကြောင်းမြေငလျင်ဌာနခွဲမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၁၃) မိနစ်၊ (၅၄) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁၈၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Mindanao, Philippines)၌ လှုပ်ခတ်ခဲခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံပြည်ပ (Mindanao, Philippines) မြောက်လတ္တီတွဒ် (၇.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၆.၇၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times