#Local_news
Published_ 29 May 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပခဲ့ပါတယ်။]
ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ် စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပြီး KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
ယင်းနောက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စောတော့လေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 29 May 2022
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ သုခတော်ဝင်အိမ်ရာရှိ တိုက်ခန်း ၁၂၈ ခန်းကို မဲစနစ်နဲ့ ရောင်းချပေးမယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားပါတယ်။
တိုက်ခန်း လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့် ဇွန် ၁ ရက်ကစပြီး ဇွန်လကုန်ထိ လျှောက်လွှာပုံစံနဲ့ လျှောက်ထားရမှာဖြစ်ပြီး တစ်ယောက်ကို တိုက်ခန်းတစ်ခန်းသာ ဝယ်ယူခွင့်ပြုမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခန်းတန်ဖိုးတွေကတော့ မြေညီထပ်ကို ငွေကျပ် သိန်း ၃၅၀၊ ပထမထပ်ကို ငွေကျပ်သိန်း ၃၂၀၊ ဒုတိယထပ်ကို ငွေကျပ် သိန်း ၂၅၀ နဲ့ တတိယထပ်ကို ကျပ်သိန်း ၂၁၀ ဈေးနှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

တိုက်ခန်းလျှောက်ထားသူတွေဟာ တိုက်ခန်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို အာမခံစပေါ်ငွေအဖြစ် ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခန်းတွေကို မဲစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး မဲပေါက်သူတွေအနေနဲ့ မဲပေါက်ပြီး ရုံးဖွင့်ရက် ၇ ရက်အတွင်း တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခန်းဝယ်ယူခွင့်ရရှိသူဟာ သတ်မှတ်ရက်အတွင်း ငွေပေးသွင်းခြင်းမရှိရင် တိုက်ခန်းဝယ်ယူခွင့်ပယ်ဖျက်ပြီး အာမခံစပေါ်ငွေ ၁၀ ရာခိုင်နှုန်းကို ကော်မတီပိုင်အဖြစ် သိမ်းယူမှာဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group.
#WorldEconomy
Published 28 May 2022
ရုရှားနဲ့ယူကရိန်းစစ်ပွဲပဋိပက္ခကြား ကမ္ဘာ့စီးပွားရေးမတည်မငြိမ်ဖြစ်လာကာ အင်ဒိုနီးရှားနိုင်ငံရဲ့အနာဂတ်မှာလည်း များစွာမသေချာမရေရာဖြစ်လာရပြီး စားနပ်ရိက္ခာဖူလုံရေးနဲ့ စွမ်းအင်ထောက်ပံ့ရေး အစီအစဉ်များ သေချာချမှတ်ထားဖို့လိုအပ်ကြောင်း အင်ဒိုနီးရှားကျွမ်းကျင်သူများက သူတို့ရဲ့ထင်မြင်ချက်ကို ထုတ်ဖော်လာကြပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 28.5.2022
Moneypox ကို ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းနှင့် ကုသတဲ့နည်းလမ်းတွေရှိပါသလား??
#Yangon_Media_Group
Published 28 May 2022
ကမ်းခြေစောင့်တပ်အပါအဝင် ထိုင်ဝမ်ရဲ့ လေကြောင်း ပင်လယ်ရေကြောင်းနှင့် ကုန်းကြောင်းတပ်တွေဟာ မေ၂၄ ရက်က ပူးတွဲပြီး ဒုံကျည်ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ထိုင်ဝမ်ရေလက်ကြားတင်းမာမှုတွေရှိနေတဲ့ကြားက ယခုလိုစစ်ရေးလေ့ကျင့်ခန်းပြုလုပ်တာဖြစ်ပြီး မှတ်တမ်းဗွီဒီယိုကို ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
ထိုင်ဝမ်ကိုကာကွယ်ဖို့ စစ်ရေးဝင်ရောက်ပတ်သက်ရလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ပြောဆိုပြီးနောက် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပြီး တရုတ်က အမေရိကန်ကို သတိပေးခဲ့တာဖြစ်ပါတယ်။
Source AFP
#Health_Matters
Published - 28.5.2022
Monekypox ဟာ ယခင်ရှိခဲ့ဖူးတဲ့ကျောက်ရောဂါတွေလို ကပ်ရောဂါဖြစ်လာနိုင်သလား??
#Yangon_Media_Group
#LocalNews
Published_28 May 2022
ရန်ကုန်တွင်ရှိသော အမေရိကန်သံရုံးကို ဇွန်လ ၂ ရက်တွင် ပြန်ဖွင့်မည်ဖြစ်ပြီး ကျောင်းသားဗီဇာ (F - 1) ပြုလုပ်ရန်အတွက်ကို ကြိုတင်ဘွတ်ကင် (appointment) များလက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံသားများအပါအဝင် သံရုံးသို့ လာရောက်သူများအနေဖြင့် ကွန်ပျူတာ၊လက်ပ်တော့ပ်၊ရေဒီယို၊ဆဲလ်ဖုန်း၊စမတ်ဖုန်း၊MP3 စက်များ၊ iPad နှင့်အခြား တက်ဘလက်၊လက်ကိုင်ဂိမ်းစက်များ၊စမတ်နာရီများနှင့် ကျန်းမားရေးသုံး(fitness) အီလက်ထရွန်းနစ်ပစ္စည်းများ ယူဆောင်မလာရကြောင်းလည်း သိရသည်။
အဆိုပါသံရုံးမှာ တက္ကသိုလ်ရိပ်သာလမ်းတွင်တည်ရှိပြီး သံရုံး၏လုပ်ငန်းများ၊ဝန်ဆောင်မှုများကို ပြန်လည်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၊ယင်းအပြင်အမေရိကန်နိုင်ငံသားများအတွက် ပုံမှန်နှင့်အရေးပေါ် ဝန်ဆောင်မှုများကိုလည်း ပြန်လည်လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှစတင်၍ အင်တာဗျူးရပ်နားထားရသောရွှေ့ပြောင်းဗီဇာ(immigrant visa) အတွက်ကိုလည်း ဦးစားပေးပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊အမေရိကန်နိုင်ငံခြားဗီဇာ Diversity Visa (DV) အတွက် ဆွေးနွေးဆဲဖြစ်ဖြစ်သော်လည်း နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကိုမတိုင်မီပြီးစီးစေရန် ဂျူလိုင်လမှစတင်၍ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်းလည်း ယင်းတွင် ရေးသားထားသည်။
အမေရိကန်သို့သွားရောက်လိုသူများအနေဖြင့် အမေရိကန်နိုင်ငံအစိုးရ၏ စည်းကမ်းချက်များနှင့်အညီ မိမိသွားလိုသောခရီးအပေါ်မူတည်၍ ဗီဇာအမျိုးအစားကိုဆုံးဖြတ်ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် မိမိလျှောက်လိုသောအမျိုးအစားပေါ်မူတည်၍ လိုအပ်သောစာရွက်စာတမ်းများကို တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 28 May 2022
ဖီဖာကမ္ဘာ့ဖလား ဆုကြီး ကမ္ဘာတစ်လွှား နိင်ငံပေါင်း ၅၃ နိုင်ငံ ခရီးလှည့်လည်အစီအစဉ်အရ ကမ္ဘာ့ဖလားဆုကြီးဟာ ကြာသပတေးနေ့က ကင်ညာ နိုင်ငံကို ဆိုက်ရောက်လာခဲ့ပါတယ်။
ဆုကြီးသယ်ဆောင်လာတဲ့ လေယာဉ်ဟာ အီသီယိုပီးယားကနေ ကင်ညာနိုင်ငံ ဂျိုမိုကင်ညာတာ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ကမ္ဘာ့ဖလား ဆုရ ဂျူလီယာနို ဘက်လက်တီဟာ ဆုဖလားကြီးနှင့် အတူလိုက်ပါလာခဲ့ပြီး ကင်ညာနိုင်ငံ အားကစားနှင့် အမွေအနှစ်ဝန်ကြီးဌာနဝန်ကြီးနှင့် ကမ္ဘာလှည့်ခရီးသွားဌာနဝန်ကြီးတို့က ကြိုဆိုခဲ့ကြပါတယ်။
အဲဒီနောက် ၆.၁၄၂ ကီလိုဂရမ်အလေးချိန်ရှိ ရွှေဆုကြီးကို သမ္မတအိမ်တော်ကို ဆက်လက်သယ်ဆောင်ပြီး အဲဒီနေရာမှာ သမ္မတ ယူဟူယူကင်ညာတာ က လက်ခံရခဲ့ပါတယ်။
ကမ္ဘာ့ဖလားဆုကို ကင်ညာနိုင်ငံကာကွန်ဗင်းရှင်းစင်တာမှာ အများပြည်သူကို နှစ်ရက်ကြာပြသမှာဖြစ်ပြီး အဲဒီနောက် တောင်အာဖရိကန်နှင့် တန်ဇန်းနီးယာနိုင်ငံတွေကို ဆက်လက်သယ်ဆောင်မှာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နိုဝင်ဘာမှာ ကာတာနိုင်ငံ၌ ကျင်းပမှာဖြစ်ပါတယ်။
Source CCTV
#Health_Matters
Published - 28.5.2022
Monkey pox မျောက်ကျောက်ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ??
#Yangon_Media_Group
#LocalNews
Published - 28 May 2022
ပူတာအို ဒေသတွင် တိုက်ပွဲများမရှိတော့သည့်အတွက် တောတောင်များထဲတွင် ခိုလှုံ့နေကြရသည့် ဒေသခံ
စစ်ဘေးရှောင်ပြည်သူများနေရပ်သို့ ပြန်လည်သွားလာနိုင်ကြပြီဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -28 May 2022
လာမယ့်ပွင့်လင်းရာသီမှာ တောင်တက်ခရီးစဥ်တွေနဲ့ တောတွင်းခရီးစဥ်(Hiking)တွေ ပြန်လည်စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း၊ သဘာဝခေါ်သံဖေါင်ဒေးရှင်းဥက္ကဌ ဦးမျိုးသန့်က ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 28 May 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၇ ခုရှိပြီး ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလျံဝင်ရောက်မှုရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရသိရသည်။
ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကန်ဒေါ်လာ ၃ ဒသမ ၀၆ ဘီလျံဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံသည့် နိုင်ငံများတွင် ဗြိတိန်နိုင်ငံမှ အများဆုံးဝင်ရောက်မှုရှိပြီး ဂျပန်၊ စင်ကာပူသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်တို့မှ ကုမ္ပဏီများက အသီးသီးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရသည်။
"ရင်းနှီးမြှုပ်နှံမှုနဲ့ ကော်မရှင်ရုံးအသီးသီးကနေ စိစစ်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၇ ခုရှိတယ်။ ခွင့်ပြုသွားဖို့ရှိတာပေါ့။ တခြားနိုင်ငံတွေလည်း ကိုဗစ်-၁၉ နောက်ပိုင်း စီးပွားရေးနလန်ထူမှုတွေလုပ်ပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မှာ ဖြစ်တဲ့အတွက် ၁ ဒသမ ၅ ဘီလျံလောက်လျာထားတယ်။ ဒီဘဏ္ဍာနှစ်ကုန်ရင် လျာထားချက်အတိုင်းပြည့်မှာပါ'' ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် ပုံမှန်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် တရုတ်၊ ထိုင်း၊ စင်ကာပူအပြင် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်သည့် ရုရှားအပါအဝင် အရှေ့အာရှဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
"ဒေါ်လာနဲ့ပတ်သက်လို့ အခက်ခဲရယ်လို့မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာတော့ အဓိကပစ္စည်းသွင်းတာတို့ဘာတို့ ငွေချေတဲ့အခါ ကော်မတီကနေနိုင်ငံခြားသုံးငွေတွေစိစစ်ပြီးတော့မှ ရုံးလုပ်ထုံးလုပ်နည်းအတိုင်း ပုံမှန်ခွင့်ပြုပေးဖို့ရှိပါတယ်" ဟု ယင်းက ထပ်မံပြောကြားသည်။
ymg/sth
#Yangon_Media_Group
Page 1773 of 1956