#WorldPolitics
Published 31 May 2022
ဥရောပသမဂ္ဂ(EU)က ရုရှားကိုဒဏ်ခတ်ပိတ်ဆို့မှုအသစ်များချမှတ်တဲ့အနေနဲ့ အီးယူနိုင်ငံများသို့ ရုရှားရေနံတင်သွင်းမှု အများစုကို ယခုနှစ်ကုန်ပိုင်းမှာ ပိတ်ဆို့သွားဖို့ အီးယူခေါင်းဆောင်များက တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲမှာ သဘောတူညီခဲ့ကြပါတယ်။
ဒီအစည်းအဝေးပွဲက ယူကရိန်းကိုငွေကြေးထောက်ပံ့မှုအသစ်များကူညီပံ့ပိုးဖို ကာလရှည်ကြာနေတဲ့အခြေအနေများအပေါ် အလေးထားဆောင်ရွက်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။
ယခုပိတ်ဆို့မှုမှာ ရုရှားရေနံများကို ပင်လယ်ရေကြောင်းမှ သယ်ဆောင်ခြင်းလည်းပါဝင်ပြီး ပိုက်လိုင်းဖြင့် ပို့ဆောင်မှုတွေကို ယာယီကင်းလွတ်ခွင့်ပြုထားပါတယ်။
ဒါဟာ အားလုံးရဲ့သဘောတူညီချက်ရရှိဖို့လိုအပ်ရာ ကုန်းတွင်းပိတ်ဟန်ဂေရီနိုင်ငံရဲ့ဆုံးဖြတ်ချက်ကိုလည်း အရေးပါတဲ့ကဏ္ဍကနေ ထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်။
အီးယူကောင်စီဥက္ကဌ'ချာလီစ်မစ်ရှဲလ်'က ဒီသဘောတူညီမှုဟာ ရုရှားရေနံတင်သွင်းခြင်း ၃ ပုံ ၂ ပုံကျော်ကို သက်ရောက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အီးယူဌာနခွဲအမှုဆောင်'အာဆူလာဗွန်ဒါလေယန်'ကလည်း အဆိုပါ ပိတ်ဆို့အရေးယူမှုဟာ ယခုနှစ်ကုန်ပိုင်းမှာ ရုရှားရေနံတွေ အီးယူနိုင်ငံများသို့တင်သွင်းခြင်း ၉၀ ရာခိုင်နှုန်းလောက်အထိ ထိရောက်စွာ ဖြတ်တောက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံရဲ့စီးပွားရေးကို ကူညီထောက်ပံ့တဲ့အနေနဲ့ ယူရို ၉ ဘီလီယံထောက်ပံ့ဖို့ အီးယူခေါင်းဆောင်များ သဘောတူခဲ့ကြကြောင်း 'မီရှဲလ်'ကဆိုပါတယ်။
ဒီငွေတွေကို ထောက်ပံ့ကြေးအနေနဲ့ပေးမှာလား ဒါမှမဟုတ် ချေးငွေအနေနဲ့ပေးမှာလား ဆိုတာကတော့ မသေချာသေးပါဘူး။
ဗီယင်နာရှိ နိုင်ငံတကာအဖွဲ့အစည်းများအတွက် ရုရှားအမြဲတမ်းကိုယ်စားလှယ်'မီခေးလ်အယ်လ်ယာနော့ဗ်'က ရုရှားအနေနဲ့ တခြားတင်သွင်းချင်တဲ့ နိုင်ငံတွေရှာဖွေသွားမယ်လို့ တွစ်တာမှာတုန့်ပြန်ရေးသားထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေထဲမှာ ရုရှားထိပ်သီးပုဂ္ဂိုလ်များရဲ့ ပိုင်ဆိုင်မှုများနဲ့ သွားလာခွင့်တို့ကို ပိတ်ပင်ခြင်းများ ပါဝင်ပါတယ်။
ဒါ့အပြင် ရုရှားအကြီးဆုံးဘဏ် Sberbank ကိုလည်း တစ်ကမ္ဘာလုံးဆိုင်ရာငွေကြေးလဲလှယ်ရေးစနစ် SWIFT ကနေဖယ်ထုတ်သွားမှာဖြစ်ပြီး အရင်ကလည်း ရုရှားဘဏ်အသေးစားများစွာကိုလည်း ပိတ်ပင်ထားပြီးဖြစ်ပါတယ်။
ရုရှားနိုင်ငံပိုင် ရုပ်သံလွှင့်ဌာနကြီး ၃ ခုကိုလည်း သူတို့ရဲ့အကြောင်းအရာတွေကို အီးယူမှာဖြန့်ဝေပြသခြင်းအား တားမြစ်သွားမှာဖြစ်ပါတယ်။
အဖွဲ့ဝင် ၂၇ နိုင်ငံစလုံးရဲ့ထောက်ခံမှုလိုအပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ဗုဒ္ဓဟူးနေ့မှာ တရားဝင် အတည်ပြုသွားမှာဖြစ်ပါတယ်။
အီးယူဟာ စစ်ပွဲဖန်တီးခဲ့တဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၅ ကြိမ်ပြုလုပ်ထားပြီးဖြစ်ပါတယ်။
ရုရှားသမ္မတ'ပူတင်'၊ အစိုးရထိပ်သီးအရာရှိများ၊ ရုရှားထောက်ခံတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ဘဏ်များ၊ ကျောက်မီးသွေးကဏ္ဍတို့ အပါအဝင် လူ ၁ ထောက်ကျော်ကို ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်ပါတယ်။
ရုရှားရေနံတွေကို အီးယူသို့ပိုက်လိုင်းဖြင့် တင်သွင်းမှုများကို နောက်ပိုင်းမှာပိတ်ပင်သွားနိုင်အောင် ခေါင်းဆောင်များက မကြာခင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံရဲ့ရေနံတင်သွင်းမှု ၆၀ ရာခိုင်နှုန်းကျော်ကိုရုရှားကနေ တင်သွင်းနေရတဲ့ ဟန်ဂေရီနိုင်ငံမှ ဝန်ကြီးချုပ်'ဗစ်တာအော်ဘန်'က ဟန်ဂေရီနိုင်ငံရဲ့ရေနံထောက်ပံ့ရရှိမှုကို အာမခံမှုပေးနိုင်မှသာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ ထောက်ခံမှာဖြစ်ကြောင်း ပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။
Source: AP News
#Yangon_Media_Group
#Local_News
Published_ 31 May 2022
ရခိုင်ပြည်နယ် နယ်စပ်ဂိတ်မှ ဘင်္ဂလားဒေ့ရှ်သိုတစ်လလျှင် ရေထွက်ကုန်တန်ချိန် ၈၀၀ မှ ၁၀၀၀ ကျော်အထိ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်၌ ရာမန်ဒါဥပုသ်ကာလဖြစ်ခြင်းကြောင့် တင်သွင်းမှု လျော့နည်းခဲ့ပြီး မေလတွင် ရန်ကုန်ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငါးမြစ်ချင်းမွေးမြူသူများထံမှ ရေလမ်း၊ ကုန်းလမ်းဖြင့် နယ်စပ်ကုန်သွယ်မှု ပြန်လည်များပြားလာခဲ့ကြောင်း သိရပါတယ်။
လက်ရှိရင်ဆိုင်နေရသော စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပို့ဆောင်ရေး စရိတ်ကြီးမြင့်လာခြင်း၊ ရောင်းချသောကုန်စည် ဈေးနှုန်းတိုးမြှင့်ရရှိမှုမရှိခြင်း၊ မွေးမြူရေး အစာစရိတ် မြင့်မားနေသော်လည်း တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိနေသောကြောင့် ရေထွက်ကုန်ကို စဉ်ဆက်မပြတ်တင်ပို့နိုင်မှုဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန် ငါးမွေးမြူရေးသမားများ ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။
ရေထွက်ကုန် တိုက်ရိုက်တင်ပို့နိုင်သော ရခိုင်ပြည်နယ် စစ်တွေနှင့်မောင်တောမြို့တို့သို့ ရန်ကုန်မြို့မှ ငါးမြစ်ချင်းပိဿာချိန် ၁၀၀၀ ခန့် နေ့စဉ်တင်ပိုလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှစ်ခုမှလည်း ရေလမ်းနှင့် ကုန်လမ်းတို့ဖြင့် တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ ရွှေမင်းဂံဂိတ်နှင့် မောင်တောမြို့ ကညင်ချောင်း ဂိတ်တို့၌ ပြည်ပပို့ကုန် ရေထွက်ကုန်နှင့်ကုန်ခြောက်များကို ပူးပေါင်းအဖွဲ့က စစ်ဆေးပြီး နိုင်ငံတော်သို့ နှစ်ရာခိုင်နှုန်း အခွန်ဆောင်၍လည်းကောင်း၊ ရေထွက်ကုန်စင်းလုံးပြတ် တင်ပို့သော စက်လှေများကို နှစ်ရာခိုင်နှုန်း၊ လှေအတွက် ၅ ဒေါ်လာနှင့် မှတ်ပုံတင်ကြေး ဒေါ်လာ ၅၀ ကို မြန်မာကျပ်ငွေဖြင့် အခွန်သွင်း၍ ရေထွက်ကုန်များ တင်ပို့ခွင့်ပြုလျက်ရှိကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းကိုအဓိကတင်ပို့လျက်ရှိပြီး ကုန်ခြောက်အဖြစ် ကြက်သွန်၊ မန်ကျည်းသီး၊ ချင်း၊ ဆီးသီးခြောက်နှင့် အခြားကုန်ခြောက် အချို့ကို တင်ပို့လျက်ရှိကာ သွင်းကုန်အဖြစ် ပလေကပ်ပုဆိုး၊ ပလတ်စတစ်ဂါလီပုံး၊ ညှပ်ဖိနပ်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းအချို့ တင်းသွင်းလျက်ရှိကာ သွင်းကုန်ထက် ပို့ကုန်များသော နိုင်ငံခြားဝင်ငွေ ရရှိနေသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မီနီဘတ်ဂျက်ခြောက်လတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တန်ချိန် စုစုပေါင်း ၁၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ရာ အမေရိကန် ဒေါ်လာ ၁၁ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 31 May 2022
၁။ ဇွန်လထဲတွင် မုန်တိုင်းငယ်တစ်ကြိမ်၊ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်မည်ဟုဆို
၂။ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုကြောင့် ကုန်စည်စီးဆင်းမှုခက်ခဲနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အမျိုးသမီးများအတွက် ဦးဆောင်လမ်းပြဖို့ကြိုးပမ်းနေသည့် Grab ပူးတွဲတည်ထောင်သူအမျိုးသမီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_31 May 2022
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ Visa an Arrival (VOA) ဆိုက်ရောက်ဗီဇာဖြင့် လေကြောင်းလိုင်းမှဝင်ရောက်လာသူများအား မဲဆောက်လေဆိပ်မှ ဝင်ရောက်ခွင့်ပြုရန်နှင့် ကုန်းကြောင်းမှဝင်ရောက်လာသူများအား မဲဆောက် - မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှတစ်ဆင့် ဝင်ရောက်ခွင့်ပြုရန် တင်ပြတောင်းဆိုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့က်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ အခက်အခဲမရှိစေရန် အတွက် မေလ ၃၀ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်းတောင်းဆိုကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ထိုင်းနိုင်ငံ နယ်စပ်ကုန်သည်ကြီးများအသင်းကလည်း ထိုး-မြန်မာ နှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ပို့ဆောင်ရေး အဆင်ပြေစေရန်အတွက် မြန်မာဘက်မှ (၆) ဘီး ကုန်တင်ယာဉ်တွဲများနှင့် မဲဆောက်မြို့နယ်အတွင်းသို့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် ပြုရန်လည်း တောင်းဆိုထားကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldNews
Published 31 May 2022
အစုလိုက်အပြုံလိုက် သေနတ်နှင့်ပစ်သတ်မယ်လို့ စာကြောင်းတိုပိုပြီး ခြိမ်းခြောက်တဲ့ ဖလော်ရီဒါက ငါးတန်းကျောင်းသားလေးတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ရဲက ပြောပါတယ်။
၁၀နှစ်အရွယ် အဲဒီကျောင်းသားကလေးဟာ ကိတ်ကော်ရယ်လ် ပက်ထရီရော့ မူလတန်းကျောင်းကဖြစ်ပြီး စနေနေ့ ညနေခင်းမှာ သူ့ကိုရဲတပ်ဖွဲ့က စာရေးခြိမ်းခြောက်မှုနှင့် လက်ထိပ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“တက္ကဆပ် ယူဗယ်လ်ဒီမှာ မကြာခင်က ဖြစ်ခဲ့တဲ့ ကြေကွဲစရာကိစ္စအပြီးမှာ ဒီကျောင်းသားလေးရဲ့ အမူအကျင့်ဟာ စက်ဆုပ်ဖွယ်ဖြစ်တယ်'' လို့ လီစီရင်စု ရဲအရာရှိ ကာမိုင်းမာဆီနိုက သတင်းထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့ကလေးတွေ လုံခြုံရေးဟာ ထိပ်တန်းကိစ္စဖြစ်တယ်'' လို့ သူကပြောပါတယ်။
ရဲဌာနရဲ့ ကျောင်းခြိမ်းခြောက်မှုထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့ဟာ အဲဒီခြိမ်းခြောက်စာတိုကိစ္စ သတင်းပေးတာလက်ခံရရှိပြီးနောက် ကလေးရဲ့အသက်အကြောင့် လူငယ်မှုခင်းစစ်ဆေးရေးဌာနခွဲက အမှုကိစ္စ ကိုင်တွယ်ခဲ့တယ်လို့ သိရပါတယ်။
အစုလိုက်သတ်ပစ်မယ့် ခြိမ်းခြောက်မှုကို အရာရှိတွေက ခပ်မြန်မြန် စုံစမ်းစစ်ဆေးနေတယ်လို့ မာဆီနိုက ပြောပါတယ်။
“ကျွန်တော်တို့ကျောင်းတွေမှာ ဥပဒေစိုးမိုးဖို့ ကျွန်တော်တို့အဖွဲ့က ဒါကိုစုံစမ်းစစ်ဆေးဖို့စက္ကန့်ပိုင်းတောင် နှောင့်နှေးမှာ မဟုတ်ဘူး'' လို့ သူကပြောပါတယ်။
ဖလော်ရီဒါကောင်လေးကို စုံထောက်တွေက အင်တာဗျူးပါတယ်။ သူဟာ အသက်မပြည့်သေးလို့ သူဘယ်သူဆိုတာကို နယူးယောက်ပို့စ်က ထုတ်မရေးခဲ့ပါဘူး။
“ သူက ခြိမ်းခြောက်စာ အတုလုပ်ခဲ့ပေမယ့် အကျိူးဆက်ကို သူအခုခံစားနေရပြီ''လို့ သူကဆက်ပြောပါတယ်။
Source NY Post.
#Yangon_Media_Group
#LocalNews
Published -31 May 2022
ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုအတွက် ပို့ကုန်လိုင်စင်ကို သြဂုတ် ၁ ရက်မှစတင်ပြီး လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ပို့ကုန်လိုင်စင်လျှောက်ထားရန်အတွက် လိုအပ်သည့်ကုန်စည်များတွင် ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ ပဲပုတ်စေ့၊ နေကြာစေ့၊ မုန်ညင်းစေ့နှင့် ဆီထွက်သီးနှံအစေ့အဆံများ၊ ပဲပုတ်ဆီ၊ သံလွင်ဆီ၊ ဆီအုန်း၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ မုန်ညင်းဆီနှင့် ဟင်းသီးဟင်းရွက်အဆီစသည့် ဆီအမျိုးမျိုးပါဝင်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်စသည့် ကုန်စည်များပါဝင်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။
ပြည်ပသို့ တင်ပို့ရာတွင် စနစ်တကျ တင်ပို့နိုင်ရန်ရည်ရွယ်ပြီး နိုင်ငံတကာ စားသုံးဆီရောင်းလိုအား နည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းပေါ် သက်ရောက်မှုလျော့ကျစေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးတို့အတွက် ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုများကို ထိန်းညှိနိုင်ရန် ရည်ရွယ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
ပို့ကုန်လိုင်စင်လျှောက်ထားဖို့လိုသည့် ကုန်စည်များထဲမှ မည်သည့်ကုန်စည်ကိုမဆို ပြည်ပသို့ ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှဖြစ်စေ တင်ပို့မည်ဆိုပါက ဩဂုတ် ၁ ရက်မှစတင်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆီထွက်ကုန်ကြမ်းဖြစ်သည့် မြေပဲနှင့် နှမ်း ပြည်ပတင်ပို့မှုကို ပြီးခဲ့သည့် မေလ ၉ ရက်မှစပြီး ခေတ္တဆိုင်းငံ့ထားခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 31 May 2022
လမ်းပန်းဆက်သွယ်ရေးခက်ခဲလာမှုကြောင့် အိန္ဒိယ - မြန်မာနယ်စပ် ကလေး-တမူးလမ်းပိုင်းရှိ ကုန်စည်စီးဆင်းမှုတွေဟာ နှောင့်နှေးကြန့်ကြာမှုတွေရှိ နေတယ်လို့ အဆိုပါ မြို့နေဒေသခံများထံမှ သိရပါတယ်။
အဆိုပါ တမူး - ကလေးလမ်းပိုင်းဟာ အိန္ဒိယနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ရာတွင် အဓိကကျပြီး
အရေးပါလှတဲ့ ကုန်သွယ်ရေးလမ်းပိုင်းတစ်ခုဖြစ်ပါတယ်။
သို့သော်လည်း အဆိုပါလမ်းပိုင်းတွင် မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတဲ့ ထိတွေ့တိုက်ပွဲများ ကြောင့် လမ်းပိတ်ဆို့မှုများရှိနေသည့်အတွက် ကုန်စည်စီဆင်းမှုနှင့် ဒေသခံများခရီးသွားလာရာမှာ အခက်အခဲတွေရှိ နေတာဖြစ်တယ်လို့ အဆိုပါမြို့နေဒေသခံတွေက ပြောပါတယ်။
"ဒီဘက်တွေက နယ်မြေဒေသအခြေအနေက သိပ်မကောင်းတော့ အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားနေရသလို ဖြစ်နေတယ်။ သူတို့က တိုက်ပွဲတွေဖြစ်နေရင်လမ်းကို ပိတ်ထားတယ်။ ပြီးပြီဆိုရင် လမ်းကိုပြန်ဖွင့်ပေးတယ်၊ အဲ့လိုတွေဆိုတော့ ကုန်စည်စီးဆင်းမှုတွေ ခရီးသွားလာရေးတွေမှာ နှောင့်နှေးမှုတွေရှိနေတာပေါ့။
အဲ့ဘက်တွေမှာ ဒေသကာကွယ်ရေးတပ်တွေက စိုးမိုးထားတာရှိတော့ ခရီးသွားလာရေးက အ တော်ခက်ပါတယ်။
မလုံခြုံဘူးပေါ့ ပြောရရင် စစ်ကိုင်းတိုင်းထဲမှာဆိုလဲ မဟာမြိုင်လမ်းပဲ အသုံးပြုရတာလေ အဲ့ လမ်းတစ်ကြောင်းပဲရှိတော့ သွားလာဆက်သွယ်ရေးက အတော်ခက်ပါတယ်။ အခုမိုးရာသီဆို ပိုဆိုးမှာပေါ့နော်၊ မိုးတွင်းဆိုတော့ လမ်းတွေကစပျက်ပြီ၊ အချိန်တွေပိုပြီးတော့ နှောင့်နှေးကြန့် ကြာသွားမှာပေါ့။ ပြောရရင် စစ်ကိုင်းတိုင်းက အတော်သွားရလာရ ခက်သွားပါတယ်။"လို့ က လေးမြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ယခုကာလတွင် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်လာမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာမှုတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ စရိတ်စကကြီးမြင့်လာမှုတွေကိုလည်း ရင်ဆိုင်နေရတာဖြစ်တယ်လို့ အဆိုပါမြို့နေဒေသခံတွေက ဆိုပါတယ်။
ထို့အပြင် ယခုမိုးရာသီကာလမှာ လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေးတွေ ပိုမိုခက်ခဲမှုရှိလာမှာကိုလည်း တမူး - ကလေးမြိုဒေသခံတွေက စိုးရိမ်လျက်ရှိနေကြတာပါ။
ymg/kg
#Yangon_Media_Group
#WorldHealth
Published 31 May 2022
ကိုဗစ်ရောဂါပိုး၊ တုပ်ကွေးရောဂါပိုး ၂ မျိုးနဲ့ ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါပိုးတစ်မျိုးတို့ကို တပြိုင်တည်းရှာဖွေစစ်ဆေးနိုင်မယ့် rapid PCR test ပစ္စည်းကို အမျိုးသားကျန်းမာရေးဝန်ဆောင်မှု(NHS)ကနေ ထုတ်လုပ်မိတ်ဆက်သွားမှာဖြစ်ပါတယ်။
ဒီစမ်းသပ်ပစ္စည်းဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း အထူးပြုခဲ့တဲ့ PCR နည်းပညာကိုအသုံးပြုထားပြီး ကိုဗစ်ရောဂါပိုး၊ တုပ်ကွေးရောဂါပိုး A ၊ တုပ်ကွေးရောဂါပိုး B နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာစင်ဆီရှယ်ဗိုင်းရပ်စ်(RSV)တိုကို ၃၅ မိနစ်အတွင်းရှာဖွေနိုင်မှာဖြစ်ပါတယ်။
စမ်းသပ်ရာမှာလိုအပ်တဲ့ အသားစနမူနာများကို ဓာတ်ခွဲခန်းသို့ပို့စရာမလိုဘဲ နေရာမှာတင်အဖြေထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဗိုင်းရပ်စ်များကိုရှာဖွေတဲ့အခြားစစ်ဆေးပစ္စည်းတွေကတော့ အဖြေရရှိဖို့ ၄ ရက်လောက်စောင့်ရတတ်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဦးလည်း လိုအပ်ပါတယ်။
နယူးကာဆယ်အခြေပြုဇီဝနည်းပညာကုမ္ပဏီ QuantuMDx ကထုတ်လုပ်တဲ့ Q-POC စက်ပစ္စည်းအသစ်အတွက် အစိုးရကလည်း တစ်နိုင်တစ်ပိုင်ကူညီထောက်ပံ့ပေးထားပါတယ်။
ရာသီအလိုက်ဗိုင်းရပ်စ်တွေထွက်ပေါ်လာချိန် ဆောင်းဦးရာသီနဲ့ ဆောင်းရာသီတို့မှာ ထုတ်လုပ်ရောင်းချနိုင်ဖို့ ထုတ်လုပ်သူများက NHS မှတာဝန်ရှိသူများနဲ့ ဆွေးနွေးလျက်ရှိပါတယ်။
စက်တစ်လုံးက ယူရိုငွေ ၂ သောင်းခန့်ရှိလာနိုင်ပြီး အိမ်တွေ ဆေးရုံတွေနဲ့စာချုပ်ချုပ်ဆိုမှုအပေါ် မူတည်နေပါတယ်။
Q-POC စက်ကိုအသုံးပြုရာမှာ ကျွမ်းကျင်ပညာရှင်တွေမလိုအပ်ဘဲ လူတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
တူညီတဲ့ရောဂါလက္ခဏာတွေရှိတဲ့ ဗိုင်းရပ်စ်အသစ် ၃ မျိုးနဲ့ ကိုဗစ်ရောဂါပိုးတို့ကို တပြိုင်တည်းစစ်ဆေးနိုင်ပါတယ်။
နှာခေါင်း ဒါမှမဟုတ် လည်ချောင်းနမူနာကို ပျော့ပြောင်းတဲ့တို့ဖတ်စနဲ့ယူပြီး ကြားခံအရည်တစ်မျိုးနဲ့ရောနှောကာ အလုံပိတ်ဗူးတစ်ခုထဲဖြန့်ထည့်လိုက်ကာ Q-POC စက်အထဲသို့ ထည့်သွင်းလိုက်ရပါတယ်။
၃၅ မိနစ်အကြာမှာ ရောဂါ ၄ မျိုးအတွက်အဖြေတစ်ခုချင်းစီကို သီးခြားစီပြသပေးပါတယ်။
စမ်းသပ်မှုများအရ ဒီပစ္စည်းဟာ တုပ်ကွေးနဲ့ RSV ရောဂါပိုးရှိသူတွေမှာ ၁၀၀ ရာခိုင်နှုန်းရှာဖွေတွေ့ရှိခဲ့ပြီး ကိုဗစ်ရောဂါပိုးရှိသူတွေမှာတော့ ၉၃.၆ ရာခိုင်နှုန်းတွေ့ရှိခဲ့ပါတယ်။
ရောဂါပိုးမရှိတဲ့သူတွေမှာလည်း ၉၉ ရာခိုင်နှုန်းခန့်မှန်ကန်အောင်စစ်ဆေးနိုင်ခဲ့ပါတယ်။
တုပ်ကွေးစစ်ဆေးတဲ့အချိုစက်ပစ္စည်းတွေဟာ စက်တစ်လုံးကို ယူရို ၁၂၅,၀၀၀ လောက်နဲ့ဝယ်ယူရတတ်ပြီး နေရာအများယူကြသလို နှစ်နာရီလောက်ကြာအောင်စောင့်ရတတ်တာကြောင့် လူနာတွေအနေနဲ့ လိုတာထက်ပိုပြီးစောင့်နေရတတ်ပါတယ်။
Q-POC စက်ပစ္စည်းတွေကို ယူကေမှာထုတ်လုပ်ဖို့ အစိုးရက ယူရို ၁၆ သန်းထောက်ပံ့ကြေးပေးထားပါတယ်။
အဆိုပါနည်းပညာအသစ်က လာမယ့်ဆောင်းရာသီမှာ ကျန်းမာရေးဝန်ဆောင်မှုတွေအပေါ် ဖိအားလျော့ကျစေမှာဖြစ်ကြောင်း QuantuMDx မှ အမှုဆောင်ချုပ်'ဂျိုနသန်အိုဟော်လိုရွန်'က MailOnline ကိုပြောကြားသွားပါတယ်။
Source: DailyMail
#Yangon_Media_Group
#LocalNews
Published_31 May 2022
လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူအရေအတွက်မှာ မေလ ၃၀ ရက်ထိ ကျောင်းအပ်နှံသူဦးရေ ၄၈ သိန်းကျော်ရှိပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်ထိ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ်သတ်မှတ်ထားရာ မေလ ၂၆ ရက်မှ မေလ ၃၀ ရက်ထိ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၄၈၉၄၄၂၈ ဦး ရှိကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။
ကျောင်းအပ်နှံရာတွင် ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published 31 May 2022
ကိုဗစ်ကာကွယ်ဆေးက ကင်ဆာရောဂါသည်အများစုမှာ ထိရောက်မှုရှိပေမယ့် သာမန်လူတွေမှာထက် ကာကွယ်ဆေးအာနိသင်ပိုမိုလျင်မြန်စွာကျဆင်းလာကြောင်း လေ့လာမှုကြီးတစ်ရပ်မှာဖော်ပြထားပါတယ်။
ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်မှုပျံ့ပွားချိန်တုန်းက သုတေသီတွေက ကင်ဆာရောဂါလူနာ ၃၇၇,၁၉၄ ဦးနဲ့ ကင်ဆာမရှိတဲ့လူ ၂၈ သန်းကျော်ကို လေ့လာခဲ့ကြပါတယ်။
ဖိုင်ဇာ သို့မဟုတ် အက်စ်ထရာဇန်နီကာကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးနောက် ကိုဗစ်ကာကွယ်ဆေးထိရောက်မှုက သာမန်လူတွေမှာ ရောဂါကူးစက်မှုကို ၆၉.၈ ရာခိုင်နှုန်းကာကွယ်နိုင်ပြီး ကင်ဆာရောဂါသည်တွေမှာတော့ ၆၅.၅ ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း သုတေသီတွေက The Lancet Oncology ဂျာနယ်မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
နောက်ထပ် ၃ လမှ ၆ လကြာပြီးနောက် သာမန်လူတွေမှာ ကာကွယ်ဆေးထိရောက်မှုက ၆၁.၄ ရာခိုင်နှုန်းဖြစ်သွားပြီး ကင်ဆာရောဂါသည်တွေမှာတော့ ၄၇ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ကင်ဆာရောဂါသည်တွေမှာ ဆေးရုံတက်ကုသခံယူရမှု ၈၃.၃ ရာခိုင်နှုန်းနဲ့ အသက်သေဆုံးမှု ၉၃.၄ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပေမယ့် ဒီကာကွယ်နိုင်စွမ်းက ၃ လမှ ၆ လကြာတဲ့အခါ အာနိသင်ကျဆင်းသွားပါတယ်။
ကင်ဆာအကျိတ်ရှိသူနဲ့ သွေးကင်ဆာလူနာတွေမှာ ကာကွယ်ဆေးအာနိသင်အနည်းဆုံးနဲ့ ကျဆင်းမှုအမြန်ဆုံးဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၂ လအတွင်း ဓာတုကုထုံး ဒါမှမဟုတ် ဓာတ်ရောင်ခြည်ကုထုံးခံယူခဲ့သူတွေဟာ ကင်ဆာကုထုံးမခံယူခဲ့သူတွေထက် ကာကွယ်ဆေးထိရောက်မှုအာနိသင်ပိုနည်းကာ ပိုမိုမြန်ဆန်စွာအာနိသင်လျော့နည်းလာကြပါတယ်။
"အဆိုပါလေ့လာချက်က ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံဖို့အရေးကြီးပုံနဲ့ ကင်ဆာကုထုံးခံယူနေတဲ့သူတွေမှာ ကိုဗစ်ရောဂါကုသမှုတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်" လို့ ဆောက်သမ်တန်တက္ကသိုလ်မှ ဦးဆောင်လေ့လာသူ'ပီတာဂျွန်ဆန်'က ဖော်ပြထားပါတယ်။
Source: Reuters.
#Yangon_Media_Group
#WorldRecord
Published 30 May 2022
စာရေးဆရာ'ဘရမ်စတုတ်ကာ'က ဝှစ်ဘီ ယော့ခ်ရှိင်းယားပင်လယ်ကမ်းစပ်မြို့ကို သွားရောက်လည်ပတ်စဉ်က သွေးဆာနေတဲ့မသေမျိုးသတ္တဝါအကြောင်းပဲ စိတ်ထဲရှိနေခဲ့ပါတယ်။
#Yangon_Media_Group
Published 31 May 2022
တရုတ်နိုင်ငံဟာ ဆိုလာစွမ်းအင်နှင့်ဒီရေစွမ်းအင်နှစ်ခု ပေါင်းစပ်သုံးတဲ့ ပထမဆုံး ဓာတ်အားပေးစက်ရုံကို မေလ၃၀ တနင်္လာနေ့က တရားဝင်ဖွင့်လှစ်ပြီး စတင်လည်ပတ်လိုက်ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်ပြည်နယ်က ဝိန်းလင်းမြို့မှာ တည်ရှိတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဒီရေစွမ်းအင်သုံးစက်ရုံရှိတဲ့ လုပ်ငန်းခွင်ထဲမှာပဲတည်ရှိပါတယ်။ ၁၃၃ ဟက်တာကျယ်ဝန်းပြီး ဒီရေစွမ်းအင်ထုတ်လုပ်မှုကို ဖြည့်ပေးလို့ရအောင် ဆိုလာပြားတွေကို ဒီဇိုင်းလုပ်ထားပါတယ်။
ဒီစက်ရုံက လျှပ်စစ်ဓာတ်အညး ၁၀၀ မီဂါဝပ်ထုတ်လုပ်နိုင်ပါတယ်။ ဆိုလာစွမ်းအင်ဟာ ညအချိန်နှင့် မိုးရွာတဲ့အချိန်တွေ မရလို့ အချိန်ပြည့်မရနိုင်တဲ့အတွက် ညဖက် လဆွဲအားနှင့်တက်လာတဲ့ ဒီရေစွမ်းအင်ကြောင့် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
“ ရေနှင့်နေကို အသုံးကပြုပြီး ဒီရေနှင့် ဆိုလာစွမ်းအင်ကိုပေါင်းစပ်ခြင်းဖြင့် စွမ်းအင်သစ်ကို ကျယ်ပြန့်စွာအသုံးပြုနိုင်တဲ့ ပုံစံသစ်ကို ဖန်တီးခဲ့ကြပါတယ်။ ဒါဟာ ရသမျှအရင်းအမြစ်ကိုအသုံးချရုံမျှမကဘဲ တီထွင်ဆန်းသစ်မှုကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပြီး စွမ်းအင်အခြေခံတည်ဆောက်မှု ပြုပြင်ပြောင်းလဲခြင်းနှင့် စွမ်းအင်လုပ်ငန်းအဆင့်မြှင့်ပေးတဲ့ ဖွံ့ဖြိုးတိုးတက်မှုအရည်အသွေးကိုပါတိုးမြှင့်စေပါတယ်” လို့ တရုတ်စွမ်းအင်အုပ်စုရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဖန်ရှုချင်းက ပြောပါတယ်။
တစ်နှစ်ပတ်လုံးမှာ ဒီစက်ရုံက ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀ကျော် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အိမ်ထောင်စုပေါင်း သုံးသောင်းအတွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
အဲဒီအပြင် နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၃၁၆၅၄ တန်ကို ချွေတာပေးနိုင်မှာဖြစ်ပြီး ကာဘွန်ထုတ်လုပ်မှုကိုလည်း တစ်နှစ်တာမှာ ၈၄၄၇၉ တန်လျှော့ချပေးနိုင်မယ်လို့သိရပါတယ်။
Source CCTV+
Page 1769 of 1956