#LocalNews
Published_5 May 2022
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်စခေါင် ချွန်ဘုရီ ပကျွတ်စီရီခမ် ဖစ်ဘုရီသို့ သွားရောက် အလုပ်လုပ်ရန် ရောက်လာကြသည့် တရားမဝင် မြန်မာနိုင်ငံသား ၉၈ ဦးကို မေလ ၄ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် ဗန်းထုံခေတ်ရွာ ကော့လတ်ခရိုင် ပကျွတ်စီရီခမ်ပြည်နယ်အတွင်း တရားမဝင်လာရောက်သော မြန်မာနိုင်ငံသား အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၀ ဦး တို့ကို သက်ဆိုင်ရာ ထိုင်းပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖမ်းမိသူများအနေဖြင့် လူတစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ် နှစ်သောင်းမှ နှစ်သောင်းခွဲကြားပေးရကြောင်း၊ ယင်းတို့မှာ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမွန်ပြည်နယ်မော်လမြိုင်မြို့နယ်အတွင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တို့မှ လာရောက်ကြသူများဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိသူများအား ကိုယ်အပူများတိုင်းတာခဲ့ရာ တစ်ဦးတစ်ယောက်မျှဖျားနာခြင်း မရှိကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားများအား ဥပေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_Health
Published_ 5 May 2022
မြန်မာနိုင်ငံထုတ် Myanmcopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိလျက်ရှိကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မေလ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ခုတင် (၅၀) ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကြည့်ရှုခဲ့ပါတယ်။
စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဧပြီ ၂၉ ရက်တွင် (၆) သိန်း doses နှင့် ၃၀ ရက်တွင် (၄) သိန်း doses၊ စုစုပေါင်း (၁) သန်း doses ကို လွှဲပြောင်းလက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နိုတိုက်မိခင်များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
ထို့အပြင် အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အဖြစ်လည်း ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Lacal_News
Published_ 5 May 2022
ရန်ကုန်မြို့ရှိ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများသို မေလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေကြောင်း ကုန်သေတ္တာတင်သင်္ဘော ၅၄ စီး ၀င်ရောက်ဆိုက်ကပ်၍ ကုန်တင်ကုန်ချ ပြုလုပ်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကုန်သွယ်မှုလုပ်ငန်းများတွင် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပိုမိုဆောင်ရွက်လာတာကြောင့် ရန်ကုန်ဆိပ်ကမ်းသို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများ အဆင်ပြေစွာ ဆိုက်ကပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးသင်္ဘောတစ်လလျှင် အစီးရေ ၅၀ ကျော် ဆိုက်ကပ်ရန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မေလအတွင်း ရန်ကုန်ရှိဆိပ်ကမ်းများသို့ LAND AND SEA သင်္ဘောလိုင်းမှ ၂စီး၊ R.C.L LINE သင်္ဘောလိုင်းမှ ၃စီး၊ P.I.L LINE သင်္ဘောလိုင်းမှ ၃စီး၊ M.F.S.L သင်္ဘောလိုင်းမှ ၃စီး၊ GOLD STAR LINE သင်္ဘောလိုင်းမှ ၃စီး၊ EVER GREEN LINE သင်္ဘောလိုင်းမှ ၃စီး၊ C.S.L LINE သင်္ဘောလိုင်းမှ ၃စီး၊ IAL LINE သင်္ဘောလိုင်းမှ ၄စီး၊ SAMUDERA သင်္ဘောလိုင်းမှ ၅စီး၊ GOLDEN SEA(COSCO) သင်္ဘောလိုင်းမှ ၅စီး၊ SITIC LINE သင်္ဘောလိုင်းမှ ၇စီးနှင့် SEALAND MAERSK ASIA သင်္ဘောလိုင်းမှ ၁၃စီး၊ စုစုပေါင်း သင်္ဘောလိုင်း ၁၂လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၄ စီး ၀င်ရောက်ဆိုက်ကပ်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 05 May 2022
အိုမီခရွန်မျိုးဗီဇကွဲက နောက်လအနည်းငယ်အတွင်း ကူးစက်မှုလျော့နည်းသွားမယ်လို့ ခန့်မှန်းရပေမယ့် ဒယ်လ်တာမျိုးဗီဇကွဲ ပြန်လည်ထွက်ပေါ်လာနိုင်ကြောင်း ဘန်ဂူရီယန်တက္ကသိုလ် (BGU)မှ သုတေသီများက ဖော်ပြလိုက်ပါတယ်။
၂၀၁၉ နှစ်ကုန်ပိုင်းမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်က အယ်လ်ဖာဖြစ်ပြီး အဲဒီနောက် ဘီတာ၊ ဂမ်မာ၊ ဒယ်လ်တာနဲ့ အခုနောက်ဆုံး အိုမီခရွန်တို့ ပေါ်ပေါက်ခဲ့ပါတယ်။
ဒယ်လ်တာမျိုးဗီဇကွဲကြောင့် သူအရှေ့မှာပေါ်ထွက်ခဲ့တဲ့ မျိုးဗီဇကွဲတွေ ပျောက်ကွယ်သွားစေခဲ့ပေမယ့် အိုမီခရွန်ပျံ့ပွားနေချိန်မှာတော့ ဒယ်လ်တာပျောက်ကွယ်သွားခြင်းမရှိသေးကြောင်း ပရော်ဖက်ဆာ'အေရီယယ်ကုရှ်မဲရို'နဲ့ ဒေါက်တာ'ကယ်ရင်ယာနစ်ဗ်'တို့က ဖော်ပြလိုက်ပါတယ်။
PCR test နဲ့ rapid test တွေတောင် ခွဲခြားခြင်းမလုပ်နိုင်တဲ့ မျိုးဗီဇကွဲတွေကို ခွဲခြားသိရှိနိုင်အောင် ဓာတ်ခွဲခန်းအဖွဲ့က ရေဆိုးနဲ့စမ်းသပ်စစ်ဆေးရတဲ့ စမ်းသပ်နည်းတီထွင်ခဲ့ပါတယ်။
အဆိုပါ ဓာတ်ခွဲခန်းမှာ ရေဆိုးအဏုဇီဝနည်းပညာ၊ အဏ္ဏဝါအဏုဇီဝဂေဟပညာ၊ အဏုစိတ်ပိုးမွှားအမျိုးမျိုး ရှာဖွေရေးအပြင် စက်မှုဇုံထုတ်ရေဆိုးမှ ဇီဝစမ်းသပ်စစ်ဆေးနည်းပညာများ ပါဝင်ပါတယ်။
၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၂ ဇန်နဝါရီလအတွင်း ဘီယာရှီဘာရေဆိုးမြောင်းစနစ်ကို လေ့လာခဲ့ကြရာ အိုမီခရွန်နဲ့ ဒယ်လ်တာမျိုးဗီဇကွဲတို့ကြား အပြန်အလှန်လုပ်ဆောင်ပုံတွေကို တွေ့မြင်ခဲ့ကြပါတယ်။
အိုမီခရွန်က သူ့ဘာသာသူပျောက်ကွယ်သွားတဲ့အချိန်မှာ ဒယ်လ်တာကထပ်မံပေါ်ထွက်လာနိုင်တယ်လို့ သိရှိခဲ့ကြပါတယ်။
"SARS-CoV-2 က လှည့်ပတ်ကူးစက်နေတာဖြစ်ပြီး မျိုးဗီဇကွဲအသစ်များအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ပါတယ်။ အခုမတိုင်ခင်အထိကတော့ အသစ်ပေါ်ထွက်လာတဲ့မျိုးဗီဇကွဲက သူ့ရှေ့ကမျိုးဗီဇကွဲကို လွှမ်းမိုးကူးစက်နေခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
အစ္စရေးလ်နိုင်ငံရှိ လူဦးရေအများစုမှာ ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ်ကနေ ၄ ကြိမ်အထိ ထိုးနှံထားပြီးဖြစ်သလို အရင်မျိုးဗီဇကွဲတွေကူးစက်ထားခဲ့ပေမယ့် အိုမီခရွန်မျိုးဗီဇကွဲက အစ္စရေးလ်မှာအမြစ်တွယ်နေပြီဖြစ်ပါတယ်။
သူတိုရဲ့သုံးသပ်ချက်အတိုင်းဖြစ်လာပါက ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်မှုကြီး ပြန်လည်ပေါ်ထွက်လာနိုင်သလို အန္တရာယ်ရှိမျိုးဗီဇကွဲအသစ်တစ်မျိုးပေါ်ထွက်လာနိုင်ချေ ရှိနေပါတယ်။
အိုမီခရွန်ကူးစက်မှုများ လျော့နည်းလာပြီဖြစ်တာကြောင့် အစ္စရေးလ်အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနတိုက ကိုဗစ်ကန့်သတ်ချက်အများစုကို ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။
ဒယ်လ်တာမျိုးဗီဇကွဲက ကိုယ်ခံအားနည်းတဲ့သူတွေကြားမှာ ဆက်လက်တည်ရှိသေးတာကြောင့် နောက်ထပ်ကူးစက်မှု လှိုင်းဖြစ်လာမှာ စိုးရိမ်နေရကြောင်း 'ကုရှ်မဲရို'က သတိပေးလိုက်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 4 May 2022
ကွန်ဂရက်က ယူကရိန်းအကူအညီတွေပိုပေးဖို့အတွက် အတည်ပြုပေးဖို့ ဧပြီ(၃)ရက်က တင့်ကားဖျက်ဒုံးကျည်တွေထုတ်လုပ်နေတဲ့ အယ်လာဘားမားပြည်နယ်၊ ထရွိုင်းမှာရှိတဲ့ လော့ဟိဒ်မာတင် လက်နက်စက်ရုံကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကသွားရောက်စဉ် ထပ်မံပြောကြားခဲ့ပါတယ်။
“တတိယကမ္ဘာစစ်အန္တရာယ်မဖြစ်စေအောင် ကျွန်တော်တို့မပါဘဲ ယူကရိန်းပြည်သူတွေ သူတို့ကိုယ်တိုင်ခုံခံကာကွယ်နိုင်ဖို့ ခင်ဗျားတို့ဖြစ်အောင်လုပ်ပေးနေကြတယ်”လို့ ဘိုင်ဒင်က စက်ရုံမှာ မိန့်ခွန်းပြောပါတယ်။ ယူကရိန်းကိုကူညီဖို့အတွက် ဥပဒေကြမ်းခပ်မြန်မြန်ြအတည်ပြုပေးဖို့ ဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။
Source AFP
#WorldArt
Published 04 May 2022
အီရတ်နိုင်ငံမှ ပန်းချီဆရာမ'ဝစ်ဂျ်ဒန်အယ်လ်မာဂျက်'က ဘဂ္ဂဒက်မြို့ရှိကွန်ကရစ်နံရံတွေမှာ နံရံဆေးရေးပန်းချီများရေးဆွဲပြီး မြို့တော်ကိုအလှဆင်ပေးနေပါတယ်။
#Yangon_Media_Group
Published 4 May 2022
ဥရောပအကြီးအကဲ အာဆူလာဘွန်ဒါလီယင်က ရုရှားရဲ့ရေနံတွေကို ဥရောပက ဖြည်းဖြည်းချင်းရပ်ဆိုင်းသွားမယ့် အစီအစဉ်တွေကိုကြေညာသွားပါတယ်။ ဥရောပသမဂ္ဂက ယူကရိန်းကျူးကျော်မှုနှင့်ပတ်သက်ပြီး ရုရှားကို အပြစ်ပေးဖို့ နည်းလမ်းတွေရှာနေတဲ့အလျောက် ရုရှားကို ဖိအားအမြင့်ဆုံးပေးလို့ရသလောက်ပေးသွားမယ်လို့ဆိုလိုက်ပါတယ်။ အဲဒီအပြင် ရုရှားရဲ့ အကြီးဆုံး နိုင်ငံပိုင်ရုပ်သံလိုင်း(၃)ခုကိုလည်း ပိတ်ပင်ဖို့ စီစဉ်ထားတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source AFP
#LocalNews
Published_4 May 2022
ဗဟိုဘဏ်က ရောင်းပေးနေတဲ့ ဒင်္ဂါးပြားတွေကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းပေးဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်တွေရဲ့ အသင်းနေနဲ့ တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 4 May 2022
မြန်မာ့ပြောင်းဈေးက လက်ရှိအခြေအနေထက် လာမယ့်လတွေမှာ ဆက်ပြီးတော့ ဈေးအတက်ဖက်ကို ဦးတည်နေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းက သုံးသပ်ပြပါတယ်။
#Yangon_Media_Group
Published 4 May 2022
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာနေသူတစ်ဦးကို အသက်ရှင်နေလျက်နှင့် ရေခဲတိုက်ကို မှားပို့မိတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ ရှန်ဟိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပျံ့နှံ့ပြီး ကာလကြာ လော့ခ်ဒေါင်းချထားနေရပြီး သက်ကြီးရွယ်အိုပြုစုရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ အပင်ပန်းဆုံးလုပ်ဆောင်နေရတဲ့အချိန်မှာ အဲဒီကိစ္စ ဖြစ်ပေါ်ခဲ့တာပါ။
မြူနီစပါယ်အစိုးရက ထိုကိစ္စဖြစ်ပွားခဲ့တာကို အတည်ပြုလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ဒေသဆိုင်ရာ မီဒီယာ တစ်ခုက သတင်းရေးသားပါတယ်။
အဲဒီဘိုးဘွားရိပ်သာက ဖြစ်ရပ်အတွက် တောင်းပန်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီမှားယွင်းမှုကြောင့် တရုတ်ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် စိတ်ဆိုးဒေါသဖြစ်မှုတွေနှင့် ရှုတ်ချအပြစ်တင်မှုတွေဖြစ်သွားစေတာကို ဆိုရှယ်မီဒီယာတွေမှာ ပြောဆိုသုံးသပ်နေတာတွေအရ သိရပါတယ်။
(အဲဒီဖြစ်ရပ်ကိုရိုက်ကူးထားပြီး ဆိုရှယ်မီဒီယာမှာပျံ့နှံ့ခဲ့တဲ့ရုပ်သံကို
https://t.me/yangonmediagroup/7464 မှာကြည့်ရှုနိုင်ပါတယ်)
အဲဒီအမှားကြောင့် လူလေးဦးကို ရာထူးမှထုတ်ပယ်လိုက်ပါတယ်။ အဲဒီသူတွေဟာ ဘိုးဘွားရိပ်သာက ညွှန်ကြးရေးမှူးအဆင့် ရှိသူတစ်ဦးနှင့် ခရိုင်မြို့ပြရေးရာရုံးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးရုံးတွေက အရာရှိ(၃)ဦးတို့ဖြစ်ပါတယ်လို့ တရုတ်ဗဟိုရုပ်သံ အရ သိရပါတယ်။
ခရိုင်မြို့ပြရေးရာရုံး ညွှန်ကြားရေးမှူးကို ထပ်မံစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ထျင်းလို့အမည်ရတဲ့ ဆရာဝန်ရဲ့ ဆေးကုသခွင့် လိုင်စင်ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။တစ်ဦးချင်းစီကို ပြည်သူ့လုံခြုံရေးကိစ္စနှင့် အမှုဖွင့်ထားပါတယ်။
ရှန်ဟိုင်းမြို့မှာ ငါးပတ်ဆက်တိုက်မြောက် လော့ခ်ဒေါင်းချထားခံရပြီးနောက် အဲဒီမှားယွင်းမှုဖြစ်ခဲ့တာပါ။ ကိုဗစ်ကူးစက်မှု အသစ်တွေဟာ နေ့စဦ်ထောင်ဂဏန်းရှိနေပါတယ်။ ကူးစက်မှုတွေနှင့်အနီးကပ်ထိတွေ့မှု အားလုံးအပေါ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေနှင့် မလုပ်မနေရ သီးသန့်ခွဲထားမှုတွေကြောင့် မြို့ရဲ့ ၂၅သန်းသော လူဦးရေအတွက် ဖရိုဖရဲဖြစ်နေစေပါတယ်။
ယခုနောက်ဆုံးကိုဗစ်လှိုင်းမှာသေဆုံးသူ ၄၀၀ကျော်ထဲက အများစုဟာ ရောဂါအခံရှိကြတဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။ အချို့ဘိုးဘွားရိပ်သာတွေက သေဆုံးတာတွေကို အကြောင်းမကြားကြဘူးလို့လည်း သတင်းတွေထွက်နေပါတယ်။ အခုဖြစ်ခဲ့တဲ့သူဟာ ကိုဗစ်ကူးစက်ခံထားရသူ ဒါမှမဟုတ် ကာကွယ်ဆေးထိုးထားပြီးသားသူလား ဆိုတာလည်း မသဲကွဲပါဘူး။
“ ဒါဟာလူသတ်မှုပဲ” လို့ စိတ်ဆိုးမာန်ဆိုးပို့စ်တွေကြားထဲမှာ ဝေးဘိုဆိုရှယ်ပလက်ဖောင်းသုံးသူတစ်ဦးက ပို့စ်ရေးသားပါတယ်။ “ မြို့ရဲ့လျှို့ဝှက်အကြပ်အတည်းက ပိုဆိုးလာနေပြီ” လို့သူကရေးပါတယ်။
အဲဒီရိပ်သာရှိတဲ့ ပူတူအိုမြို့ရဲ့ မြို့ပြရေးရာဌာနက ဒီဖြစ်ရပ်ကို အရေးတကြီးကိုင်တွယ်နေပြီး စစ်ဆေးမှုတွေပြီးရင် ထုတ်ဖော်ပြောကြားမယ်လို့ဆိုပါတယ်။
“ ဒါဟာ ရောဂါကပ်ဘေးနှင့်ဘာမှမဆိုင်သလို ဒါဟာ ပုံမှန်ဖြစ်နေက လျစ်လျူရှုမှုနှင့် တာဝန်ပေါ့ဆမှုလည်းမဟုတ်ဘူး။ ဒါဟာ သေစေနိုင်လောက်တဲ့ အကြီးအကျယ်တာဝန်ပျက်ကွက်မှုဖြစ်တယ်လို့ ဂလိုဗယ်တိုင်းမ်ရဲ့ အယ်ဒီတာချုပ်ဟောင်း မစ္စတာဟူရှီကျင်းက ဝေးဘိုမှာ ရေးသားထားပါတယ်။
Source Straits Times
#Local News
Published-4 May 2022
လတ်တလောမှာ မျက်မမြင်ကျောင်းသား၊ ကျောင်းသူတွေအတွက် စားစရိတ်နှင့် သင်ထောက်ကူပြုပစ္စည်း အနေနဲ့ ပြည်ပကဝယ်ယူရတဲ့ မျက်မမြင်စာရေးလို့ရမည့်စက္ကူများ လိုအပ်နေတယ်လို့ မိထ္တီလာရှေ့ဆောင် မျက်မမြင်ကျောင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 4 May 2022
ပြင်ဦးလွင်မြို့ရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း မြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေများတွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချထားပေးသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသူဘဲ ကွက်စိတ်ရိုက်၍ ဈေးနှုန်းသက်သာစွာဖြင့် အိမ်ခြံမြေအကျိုးဆောင်များ ပွဲစားများက လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ရောင်းချနေမှုများကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီက အသိပေး ကြေညာထားတာဖြစ်ပါတယ်။
ပုံစံ (၇) ရရှိထားသော်လည်း ပုံစံ (၇) ပါ စည်းကမ်းချက်များနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ကျော်လွန်လုပ်ဆောင်နေခြင်း၊ လယ်ယာမြေကို အခြားသုံးခွင့် လျှောက်ထားပြီး ခွင့်ပြုချက်မရရှိဘဲ အကွက်ရိုက်ခြင်း၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်း၊ မြို့မြေများပေါ်ရှိ မြေငှားဂရမ် အငှားချထားခြင်းခံရသူများမှလည်း မြေငှားဂရမ်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကွက်စိတ်ရိုက်ရောင်းချနေခြင်း၊ မြို့ပေါ်ရပ်ကွက်ကြီး (၂၁) ရပ်ကွက်သည် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ အဆိုပါ ရပ်ကွက်ကြီးများမှ စိုက်ပျိုးမြေများ၊ လယ်ယာမြေများတွင် နေအိမ်များ တရားဝင် ဆောက်လုပ်ခွင့်ရှိကြောင်း လူမှုကွန်ရက်တွင်ကြေညာ၍ မြေကွက်များ ရောင်းချနေသည်ကို တွေ့ရှိရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ မြေကွက်များကို ဝယ်ယူမိပါက နောင်တစ်ချိန်တွင် နစ်နာဆုံးရှုးမှုများရှိနိုင်သဖြင့် အထူးသတိပြုစေလိုကြောင်း သတိပေးဖော်ပြထားပါတယ်။ ထို့ပြင် မြေယာလုပ်ပိုင်ခွင့်ရရှိသူများအနေဖြင့် မြေအမျိုးအစားအလိုက် နိုင်ငံတော်မှ ခွင့်ပြုပေးထားတဲ့ စည်းကမ်းချက်များကို လိုက်နာကြရန်နှင့် မလိုက်နာပါက အရေးယူခံရမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
photo crd - MayThonThonChit
ymg-mnn
#Yangon_Media_Group
Page 1770 of 1913