#WorldHealth
Published 1 June 2022
အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြားရှိ ကိုဗစ်ရောဂါဖြစ်ပွားဖူးသူ ၅ ဦးမှာ ၁ ဦးနှုန်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာအနည်းဆုံး ၁ မျိုးခံစားရတတ်ပြီး အနည်းဆုံးအသက် ၆၅ နှစ်ရှိလူကြီး ၄ ဦးမှာ ၁ဦးနှုန်းကလည်း အလားတူလက္ခဏာမျိုးခံစားရတတ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က လေ့လာချက်တစ်ခုကိုဖော်ပြခဲ့ပါတယ်။
ကိုဗစ်ရောဂါပိုးရှိနေပြီးသားသူတွေမှာတော့ အသက်ရှူလမ်းကြောင်းပြဿနာနဲ့ အဆုတ်သွေးကြောပိတ်ခြင်းတို့ ဖြစ်နိုင်ချေ နှစ်ဆရှိနေကြောင်းလည်း ပါဝင်ပါတယ်။
သုတေသီတို့က ၂၀၂၀ မတ်လမှ ၂၀၂၁ နိုဝင်ဘာလအထိ အသက် ၁၈ နှစ်နဲ့အထက်လူတွေရဲ့ကျန်းမာရေးအချက်အလက်များကိုရယူကာ ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးသူတွေမှာ နောက်ဆက်တွဲလက္ခဏာပေါင်း ၂၆ မျိုးတွေ့ရှိခဲ့ရပြီး ကိုဗစ်ရောဂါမဖြစ်ဖူးသူတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
နောက်ဆက်တွဲလက္ခဏာမတွေ့မချင်း တစ်လကနေ တစ်နှစ်အထိ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
အသက် ၁၈ နှစ်နဲ့အထက်လူနာ ၃၈ ရာခိုင်နှုန်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားရကြောင်း တွေ့ရှိရပါတယ်။
တွေ့ရှိရတဲ့လက္ခဏာတွေထဲမှာ ကိုယ်တွင်းအင်္ဂါစနစ်အများအပြားပါဝင်နေပြီး သွေးကြောဆိုင်ရာပြဿနာ၊ ကျောက်ကပ်၊ ဂလင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ အရိုးနှင့်ကြွက်သား၊ နှလုံးသွေးကြော၊ အဆုတ်၊ အာရုံကြော၊ စိတ်ရောဂါပြဿနာတို့ဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၁၈ မှ ၆၄ နှစ်ကြားလူနာ ၃၅.၄ ရာခိုင်နှုန်းကလည်း ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားရပြီး အသက် ၆၅ နှစ်နဲ့အထက်လူနာတွေမှာတော့ ၄၅.၄ ရာခိုင်နှုန်းဖြစ်ပွားခဲ့ပါတယ်။
အဆိုပါလေ့လာချက်တွေအရ SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခံရဖူးသူတွေက မကူးစက်ခံရဖူးသူတွေထက် နောက်ဆက်တွဲလက္ခဏာဖြစ်ပေါ်နိုင်ချေ သိသိသာသာများပြားနေပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာများဖြစ်ပေါ်မှုလျှော့ချနိုင်ရန် အထူးသဖြင့်အသက် ၆၅ နှစ်အထက်လူကြီးတွေမှာလျှော့ချနိုင်ရန်အတွက် ရောဂါရှိသူများကို ပုံမှန်အကဲဖြတ်စစ်ဆေးခြင်းမျိုးပြုလုပ်ပြီး ကိုဗစ်ကာကွယ်ရေးအစီအစဉ်များကျယ်ကျယ်ပြန့်ပြန့်ချမှတ်ဖို့ အရေးကြီးကြောင်း ညွှန်ပြနေပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
#WorldBusiness
Published 31 May 2022
ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ အငှားယာဉ်ဝန်ဆောင်ရေးနဲ့ အစားအစာပို့ဆောင်ရေးကုမ္ပဏီ Grab ရဲ့ ပူးတွဲတည်ထောင်သူ'တန်ဟွိင်လင်'ဟာ နည်းပညာကဏ္ဍမှာ ရှေးရိုးစွဲပုံစံတွေကို ချိုးဖျက်ပြီးသားဖြစ်သလို မျိုးဆက်သစ်အမျိုးသမီးစွန့်ဦးတီထွင်သူများပေါ်ပေါက်လာဖို့ ရှေ့ဆောင်လမ်းပြပေးလျက်ရှိပါတယ်။
#Yangon_Media_Group
Published 31 May 2022
ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့မှာ ခွေးတွေသီးသန့် ဝန်ဆောင်မှုပေးတဲ့ ကဖေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ကိုးရီးယား အဟာရပညာရှင်တစ်ဦးလည်းဖြစ် အသိအမှတ်ပြု အိမ်မွေးတိရိစ္ဆာန် မုန့်တိုက်ပိုင်ရှင်လည်း ဖြစ်တဲ့ ယွန်ဆူကူ က အဲဒီခွေးကဖေးဆိုင်ကို ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒူဘိုင်းမြို့က ခွေးကဖေးဆိုင်လေးအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ရုပ်သံကို တင်ဆက်လိုက်ရပါတယ်။
Source AFP
#Point of View
"ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ရင် အားလုံးကဝိုင်းပြီးတော့ အလေးအနက်ထားသင့်တယ်၊မျိုးဆက်နဲ့ချီပြီး ထိခိုက်နစ်နာမယ့် ကိစ္စမျိုးကိုတော့ သတိထားသင့်တယ်။ ကျောင်းအပ်ရာသီမှာ ကလေးတွေရဲ့ပညာရေးကိုနိုင်ငံရဲ့အနာဂတ်အဖြစ်နဲ့ လေးလေးနက်နက်တန်ဖိုးထားပြီးတော့ ဝိုင်းဝန်းစောင့်ရှောက်အားပေးကြစေချင်တယ်"
#Yangon_Media_Group
#LocalNews
Published -31 May 2022
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်စည်စီးဆင်းမှုမှာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေခြင်းစ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ငွေကြေးအခြေအနေတို့ကြောင့် လက်ရှိမှာ ခက်ခဲနေပါတယ်။
#Yangon_Media_Group
#LocalNews
Published_31 May 2022
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏အဂတိ နှစ်မှုကိစ္စတွင် ငွေကြေးလှူဒါန်းခြင်းသာဖြစ်ကြောင်း ဦးမောင်ဝိတ်က ယနေ့ မေလ ၃၁ ရက်တွင် တရားခွင်၌ လာရောက်ထွက်ဆိုသွားကြောင်း သိရသည်။
"ဒီနေ့ရုံးချိန်းမှာ အမှုနံပါတ် ၃ နဲ့ ၄ ကိစ္စ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတယ်လို့ ထွက်ဆိုတယ်။ ဦးရဲထက်ကို ပြန်ခေါ်သက်သေအဖြစ် ညနေပိုင်းမှာ စစ်ဆးပါတယ်"ဟု တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အမှုစစ်ဆေးပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်က ကန့်တော့ခဲ့ကြောင်းလည်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းထားသည့် ငွေကြေးများနှင့် ပတ်သက်၍ နစက အနေဖြင့် တရားစွဲဆိုထားခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်ကစ၍ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်အား ထိန်းသိမ်းထားပြီး လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရပေ။
ymg/mt
#Yangon_Media_Group
#LocalNews
Published -31 May 2022
အနော်ရထာလမ်းမကြီးပေါ်ရှိ ဘားလမ်းမှတ်တိုင်တွင် နေ့လည် ၃ နာရီကျော်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး လူ ၁၀ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လင်းလက်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
" ဘတ်စ်ကားစောင့်နေတဲ့ ခရီးသည် ဆယ်ဦးထိခိုက်ဒဏ်ရာရသွားပါတယ်၊ တစ်ဦးကတော့ စိုးရိမ်ရတယ့်လူနာပါ၊ အခုသူတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ ကုသမှုခံယူနေပါတယ်၊ အဲဒီကနေမှ လိုအပ်ရင် အမှတ် (၂) စစ်ဆေးရုံကိုပြောင်းရွှေ့ကုသဖို့လုပ်မှာပါ၊ ကျွန်မတို့အဖွဲ့က အဆင်သင့်စောင့်ပေးနေပါတယ်" လင်းလက်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Credit CJ Nobel.
ymg/sth
#Yangon_Media_Group
#LocalNews
Published -31 May 2022
ဇွန်လထဲမှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်၊ မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_31 May 2022
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း နစကနဲ့ အချက် ၇ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
#နောင်ချိုမြို့နယ်ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲ 5 ဦး ထိခိုက်မှုပြင်းထန်ကြောင်း ကနဦးသိရှိရပါသည်။




crd-Myo Thet Aung
နောင်ချိုဒေသခံတစ်ဦး
ymg/sth
#Yangon_Media_Group
#LocalNews
Published -31 May 2022
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အုန်းတောကျေးရွာအနီးရှိ ယောချောင်းတံတား အမှတ် -၂ ကိုမေလ ၃၀ ရက်နေ့ ညပိုင်းတွင် မိုင်းထောင်ဖောက်ခွဲခြင်းခံရကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ ယာဘက်ခြမ်းကွဲအက်ပျက်ဆီးခဲ့ပြီး လက်ရှိအချိန်တွင် သွားလာမှုယာယီပိတ်ထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အုန်းတောကျေးရွာအနီးရှိ ယောချောင်းတံတား အမှတ် -၂ သည် မြန်မာနိုင်ငံရှိ တံတားများအနက် ၂၃ စင်းမြောက် အရှည်ဆုံးတံတားဖြစ်ပြီး ၁၁၀၀ ပေအထိ ရှည်ကြောင်း သိရသည်။
အဆိုပါတံတားသည် ပေါက်နှင့် ရေပြာအဓိကလမ်းဖြစ်ပြီး၊ မြေပြန့်မှထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထု၊ စော၊ ကန်ပက်လက် ၊မင်းတပ်၊ မတူပီ၊ လောင်းရှည်ဒေသများအထိ ခရီးသွားလာရာတွင် အသုံးပြုနေသော တံတားတစ်စင်း ဖြစ်သည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_31 May 2022
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ဆွာချောင်းအတွင်း မေလ ၃၀ ရက်ညနေပိုင်းတွင် ကလေးငယ်သုံးဦး ရေနစ်ခဲ့သည့်အနက်နှစ်ဦးကို သေဆုံးလျက်အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး အခြားကလေးတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
"ဒီနေ့ထပ်ပြီးတော့ ရှာနေကြဆဲပါ နှစ်ယောက်တော့တွေ့ပြီ၊ မနေ့က တစ်ယောက်၊ ဒီမနက်ကတစ်ယောက်၊ ကလေးမလေးတစ်ယောက်ကိုတော့ မတွေ့သေးဘူး"ဟု ဒေသခံတစ်ဦးက YMG ကို ပြောသည်။
ရေနစ်သွားခဲ့သော ကလေးသုံးဦးမှာ ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု အေးသာယာကျေးရွာနေ အသက် ၂ နှစ်အရွယ်ရှိ ယောကျာ်းလေးတစ်ဦး၊ အသက်(၁၁) နှစ်နှင့် အသက် (၈) နှစ်အရွယ်ခန့်ရှိ မိန်းကလေး နှစ်ဦးတို့ဖြစ်ကြောင်း၊ အသက်၂ နှစ်အရွယ်ရှိ မောင်သီဟထွန်း၏ ရုပ်အလောင်းကို မေလ ၃၀ ရက်ညနေ ၆ နာရီခွဲအချိန်ခန့်အချိန်က ဆွာချောင်းအောက်ဖက် ရေနီးကျေးရွာအနီးမှ လည်းကောင်း၊ အသက် ၁၁ နှစ်အရွယ်ခန့်ရှိ မသဲစုလှိုင်၏ အလောင်းကို ယနေ့မေ ၃၁ ရက် နံနက် ၈ နာရီအချိန်ခန့်က တံတားကြီးရွာအောက်ဘက် ဆွာချောင်းထဲမှ လည်းကောင်း သေဆုံးလျက်တွေ့ရှိခဲ့ပြီး အသက် ၈ နှစ်အရွယ်ခန့်ရှိ မဆောင်းသီရိမွန်အား ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
မေ ၃၀ ရက် ညနေပိုင်းက ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု အေးသာယာရွာနေ ကိုဖိုးသင်္ကြန်သည် ၎င်း၏သားဖြစ်သူ မောင်သီဟထွန်း ၂ နှစ်၊ တူမများဖြစ်သော မသဲစုလှိုင် ၁၁ နှစ်၊ မဆောင်းသီရိမွန် ၈ နှစ် တို့နှင့်အတူ နွားလှည်းဖြင့် စပါးမျိုးများသယ်ယူရန်တံတားကြီးကျေးရွာသို့ သွားရောက်ခဲ့ရာ တံတားကြီးရွာသို့အရောက် နွားလှည်းကို ရပ်ထားခဲ့ပြီး နွားနှစ်ကောင်ကို ရေတိုက်ရန်ဆွာချောင်းထဲသို့သွားရာတွင် ကလေးများက နွားနှစ်ကောင်၏ ကြိုးများကိုကိုင်လျက်လိုက်ပါခဲ့ကြောင်း၊ ရထားလမ်းတံတားအောက် ဆွာချောင်းတွင် နွားများကို ရေတိုက်နေစဉ် တံတားပေါ်မှ ရထားဖြတ်သွားခဲ့ရာ နွားနှစ်ကောင်ကလန့်၍ ရေထဲသို့ ခုန်ဆင်းသွားခဲ့ရာက ကြိုးကိုင်ထားသော ကလေးသုံးယောက်အပါအဝင် ကိုဖိုးသင်္ကြန်ပါ ရေထဲသို့ကျသွားခဲ့ပြီးနောက် ကလေးငယ်သုံးယောက်မှာ ရေထဲမြုပ်သွားခဲ့ခြင်းကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1768 of 1956