#Local_News
Published_ 4 May 2022
ရန်ကုန်နဲ့မန္တလေးအတွက် စက်သုံးဆီလက်ကားဈေးနှုန်းနှင့် တိုင်းနဲ့ပြည်နယ် မြို့တော်များအတွက် စက်သုံးဆီလက်လီဈေးနှုန်းတွေကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
အဆိုပါ စက်သုံးဆီ ဈေးနှုန်းများမှာ MOPS ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး၊ သုံးစွဲသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက ကော်မတီရဲ့ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ မေ ၄ ရက်တွင် ရန်ကုန်မြို့အတွက် ရည်ညွှန်းစက်သုံးဆီ လက်လီစျေးနှုန်းများ အနေဖြင့် အောက်တိန်း ၉၂ တစ်လီတာကို ၁၉၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၀၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၃၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၃၅၀ ကျပ် ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#Local News
Published-4 May 2022
၂၀၂၃ခုနှစ်အတွက် ဂျပန်နိုင်ငံအစိုးရရဲ့ Full Scholarship Program အနေနဲ့ MEXT ပညာသင်ဆုကို မေလ(၁၆)ရက်က စတင်လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကထုတ်ပြန်ထားပါတယ်၊၊
MEXT ပညာသင်ဆုမှာ ဂျပန်အစိုးရက ပေးအပ်တဲ့ ကျောင်းလခ၊ လစဥ်ကြေးနဲ့ အသွားအပြန်လက်မှတ်တွေရရှိမှာဖြစ်ပြီး MEXT Scholarship 2023 intake လျှောက်လွှာတွေကို မေလ (၁၆)ရက်က စတင်ပြီးမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး Page မှာ ထုတ်ပြန်ထားတဲ့ website တွေကတစ်ဆင့် လေ့လာလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်၊၊
လျှောက်ထားနိုင်တဲ့ ပညာသင်ဆု ပရိုဂမ်လေးမျိုးရှိပြီး မိမိတို့ပညာအရည်အချင်းအပေါ် မူတည်ပြီး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်၊၊
ပညာသင်ဆု Scholarship လျှောက်ထားလိုသူတွေ အနေနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို Myanmar Association of Japan Alumni (MAJA)ကို ပေးပို့ပြီး ပထမဦးဆုံးပြုလုပ်တဲ့ စစ်ဆေးမှုတွေကို ခံယူရမှာ ဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Ukraine_Crisis
Published 04 May 2022
ဥရောပသမဂ္ဂက ရုရှားရေနံတင်သွင်းခြင်းကို အရေးယူပိတ်ဆို့ဖို့ပြင်ဆင်နေချိန်မှာပဲ ယူကရိန်းအရှေ့ဘက်ရှိ ပစ်မှတ်များကို ရုရှားက အင်္ဂါနေ့ကတိုက်ခိုက်ခဲ့ကြကာ မာရီယူပိုလ်ဆိပ်ကမ်းမြို့ရှိ ယူကရိန်း နောက်ဆုံးခံတပ်တည်ရှိရာ သံမဏိစက်ရုံကိုဦးတည်ပြီး ဒုံးကျည်များပစ်ခွင်းခဲ့ပါတယ်။
အာဇော့ဗ်စတယ်လ် သံမဏိစက်ရုံကြီးထဲမှာ သီတင်းပတ်အတော်ကြာအောင် စစ်ဒဏ်လူးလိမ့်ခံခဲ့ရတဲ့ ယူကရိန်းအရပ်သားတွေဟာ ကုလသမဂ္ဂနဲ့ ကြက်ခြေနီအဖွဲ့များ အကူအညီဖြင့် ယူကရိန်းအစိုးရအုပ်ချုပ်ရေးမြို့ဇာပိုရစ်ဇ်ဇီယာသို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဘေးကင်းစွာလွတ်မြောက်ရောက်ရှိသွားခဲ့ပါပြီ။
ယူကရိန်းကို ပင်လယ်နက်ကနေဖြတ်တောက်ပြီး တောင်ဘက်နဲ့အရှေ့ဘက်တို့ရှိ ရုရှားထိန်းချုပ်ရေးနယ်မြေများကို ချိတ်ဆက်ရန်အတွက် ရုရှားတို့က မာရီယူပိုလ်မြို့ကို အဓိကပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအရှေ့ဘက်ဒေသများဖြစ်တဲ့ ဒိုနက်စ်နဲ့လူဟန့်စ်နယ်မြေတွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ကျူးကျော်မှု မစတင်မီရက်ပိုင်းများအတွင်း ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများက ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
ရုရှားက ဒိုနက်စ်ကိုအင်္ဂါနေ့က ထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၁ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကာ ပြီးခဲ့တဲ့လကတည်းက ဒီဒေသမှာ တစ်နေ့အတွင်း သေဆုံးသူအများဆုံးအရေအတွက်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး 'ပက်ဗ်လိုကိုင်ရီလန်ကို'က ပြောကြားခဲ့ပါတယ်။
လူဟန့်စ်မှာလည်း ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြင်းထန်လျက်ရှိပြီး အရပ်သားများထွက်ပြေးလွတ်မြောက်ဖို့ လမ်းမမြင်ကြောင်း၊ ဒီဒေသမှာ ဘယ်မြို့မှ ဘေးကင်းလုံခြုံမှုမရှိတော့ကြောင်း အုပ်ချုပ်ရေးမှူး'ဆာဟီဟိုင်ဒါ'က ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေက ပင်လယ်နက်ဆိပ်ကမ်းမြို့အိုဒက်ဆာအနီးရှိ စစ်လေယာဉ်ကွင်းတစ်ခုကိုဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကာ အမေရိကန်နဲ့ဥရောပမဟာမိတ်နိုင်ငံတွေက ယူကရိန်းကိုထောက်ပံ့ထားတဲ့ ဒရုန်းများ၊ ဒုံးကျည်များနဲ့ လက်နက်ခဲယမ်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အသိပေးခဲ့ပါတယ်။
ယူကရိန်းဘက်က တုန့်ပြန်ပြောဆိုရာမှာတော့ အိုဒက်ဆာကိုချိန်ရွယ်လာတဲ့ဒုံးကျည် ၃ စင်းကို ဖြတ်တောက်တားဆီးနိုင်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
ကောက်ပဲသီးနှံနဲ့ သတ္တုခဲယမ်းတင်ပို့ဖို့ အရေးပါတဲ့ ပင်လယ်နက်ကို ယူကရိန်းတို့အသုံးပြုခွင့် မရအောင် ရုရှားတို့ကြိုးပမ်းလာတာဖြစ်ပြီး မြို့တော်ကိဗ်ကို မသိမ်းပိုက်နိုင်ခဲ့တဲ့နောက် ယူကရိန်းအရှေ့ဘက်နဲ့ တောင်ဘက်ကဒေသတွေကို ရုရှားတို့အင်အားသုံးတိုက်ခိုက်လာကြတာတွေ့ရပါတယ်။
ရုရှားဟာ အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုများဖြင့် ထိုးနှက်ခံနေရပြီး အခုလည်း ဥရောပသမဂ္ဂက ရုရှားရေနံလုပ်ငန်းနဲ့ဘဏ်များကို ပစ်မှတ်ထားကာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေပြုလုပ်သွားဦးမှာပါ။
အဆိုပြုတင်သွင်းထားတဲ့ ပိတ်ဆို့မှုအသစ်တွေကို ဗုဒ္ဓဟူးနေ့မှာ အတိအကျဆွေးနွေးသွားဖို့မျှော်မှန်းထားကြပါတယ်။
ကျူးကျော်စစ်ဆင်နွှဲလာတာ ၁၀ ပတ်ကျော်ကြာလာတဲ့ အချိန်မှာ ရုရှားဘက်ကနောက်ဆုတ်ဖို့အရိပ်အယောင်မတွေ့ရဘဲ သေဆုံးသူထောင်နဲ့ချီပြီး ယူကရိန်းမြို့များ ပျက်စီးကြေမွသွားခဲ့ကာ ယူကရိန်းနိုင်ငံသား ၅ သန်းခန့် စစ်ဘေးမှထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရုရှားနိုင်ငံရဲ့ ဒေါ်လာ ၁.၈ ထရီလီယံစီးပွားရေးကြီးဟာလည်း ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း အကြီးမားဆုံးဆုတ်ယုတ်ချည့်နဲ့လာခဲ့ပါတယ်။
"ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု တင်သွင်းချက်တွေအပေါ် မကျေမနပ်ဖြစ်ပြီး ရုရှားစစ်တပ်က အခုလို ဒေါသတကြီးတုန့်ပြန်တိုက်ခိုက်ခဲ့ကြတာပါ။ သူတိုမှာ စစ်ရေးပစ်မှတ်တိတိကျကျမရှိဘဲ ပစ်ခတ်တိုက်ခိုက်နေတာအသိသာကြီးဖြစ်ပါတယ်" လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြောကြားသွားပါတယ်။
ကုလအကူအညီဖြင့် အရပ်သားများလွတ်မြောက်အောင်ဆောင်ရွက်နေတဲ့ကြားထဲက ရုရှားတို့ကအပစ်အခတ်ခေတ္တရပ်စဲရေးကို ချိုးဖောက်ကာ ဒုံးကျည်တွေနဲ့ပစ်ခတ်နေခဲ့တာဖြစ်ပြီး သံမဏိစက်ရုံထဲမှာ အရပ်သား ၂၀၀ ကျော်ကျန်ရှိနေကာ မာရီယူပိုလ်မြို့ထဲမှာ အရပ်သား ၁ သိန်းခန့်ကျန်ရှိနေသေးကြောင်း မြို့တော်ဝန်'ဗာဒင်ဘွိင်ချန်ကို'က ပြောဆိုခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
#DailyNews
Published -4 May 2022
၁။ ပြည်ပအလှူရှင်များနှင့် NGO များ လှူဒါန်းမှုမရှိ၍ ပြည်ပကဝယ်ယူရသည့် မျက်မမြင်စာရေးလို့ရမည့် စက္ကူများလိုအပ်နေ။
၂။ မြန်မာ့ပြောင်းဈေး အတက်ဖက်ကို ဆက်လက်ဦးတည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘဂ္ဂဒက်မြို့နံရံများတွင် အီရတ်ပန်းချီဆရာမ နံရံဆေးရေးပန်းချီများဖြင့် အလှဆင်ရေးခြယ်။ ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published 4 May 2022
ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ လာအို- မြန်မာချစ်ကြည်ရေးတံတားကို မေလဒုတိယပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးနေကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
"လာအိုဘက်က မေလ ၉ ရက် နေ့နဲ့ ၁၃ ရက် အတွင်း ပြန်ဖွင့်ဖို့ ကမ်းလှမ်းထားတယ်။ မေလ ၃ ရက်နေ့က ကျိုင်းလပ်မြို့ အစည်းအဝေးခန်းမမှာ လာအိုနိုင်ငံတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်။ မြန်မာ- လာအို- တရုတ် ကုန်သွယ်ရေး၊ ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေးတွေမှာ လိုက်နာရမယ့် အချက်တွေဆွေးနွေးကြတယ်။ ပြန်ဖွင့်ရင်တော့ တံတားကို မနက် ၇ နာရီကနေ ညနေ ၅ နာရီထိ ဖြတ်သန်းခွင့်ပြုမယ်"ဟုအဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။
မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလတ်မြို့နှင့် လာအို ပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ လွန်နသန်ပြည်နယ်၊ လောင်းဝ်ခရိုင်၊ ဟွေဟုန်းကျေးရွာတို့ကို ဆက်သွယ်တည်ဆောက်ထားသည့် နယ်စပ်ဖြတ်ကျော်တံတားတစ်စင်းဖြစ်သည်။ အဆိုပါ တံတားမှာ ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်းဆိပ်ကမ်းမှ လာအိုနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မည့် မြောက်ပိုင်းစီးပွားရေးစင်္ကြန်ပေါ်တွင် တည်ရှိသည့်အတွက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် တံတားကြီးတစ်စင်းဖြစ်ပြီး၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ရာ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်က ပြီးစီးပြီး၂၀၁၅ ခုနှစ် မေလ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တံတားအမျိုးအစားမှာ သံမဏိသံဘောင်အမျိုးအစား၊ တံတားအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် ၁ ဒသမ ၂ မီတာ၊ အမြင့် ၁၀ မီတာ၊ တံတားခံနိုင်ဝန် မှာ(၇၅) တန်ဖြစ်ပြီး တံတားအရှည် ၂၂၆၉ ဒသမ ၂၇ပေ ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local News
Published- 4 May 2022

၂၀၂၂ခုနှစ်၊ မေလ(၃)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အမှတ် (၁)ရပ်ကွက်၊ (၁၀)ရပ်ကွက်နှင့် (၁၂)ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်၊၊

အဲဒီလိုပြိုကျပျက်စီးမှုတွေရှိတဲ့အတွက် မအူပင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာ့ဝန်ထမ်းတွေကထိခိုက်ခံစားရတဲ့ အိမ်ထောင်စုတွေကို ပြောင်းရွှေ့ပေးတာ၊ သစ်ပင်၊ သစ်ကိုင်းတွေ ရှင်းလင်းပေးတာတို့ကို ကူညီဆောင်ရွက်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်မှုတွေလည်းပြုလုပ်ပေးခဲ့ကြပါတယ်၊၊

ymg/tthl
#Yangon_Media_Group
#WorldHealth
Published 04 May 2022
အသက် ၄၇ နှစ်ရှိ 'မယ်လ်ကွန်မက်ဒေါ်နယ်'ဆိုတဲ့အမျိုးသားဟာ အချိန် ၆ နှစ်ခန့်မျှ သူ့ရဲ့လက်မောင်းမှာ လိင်တံရှိနေခဲ့ပြီး နောက်ဆုံးမှာတော့ နေရာမှန်မှာပြန်လည်ပေါ်ထွက်ခဲ့ပြီဖြစ်ပါတယ်။
'မက်ဒေါ်နယ်'က သွေးရောဂါတစ်မျိုးခံစားခဲ့ရပြီး လိင်တံပုပ်ဆွေးသွားခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ဖြတ်တောက်ခွဲစိတ်ခဲ့ရကာ ကပ္ပါယ်အိတ်တွေကတော့ အကောင်းအတိုင်းကျန်ရှိနေခဲ့ပါတယ်။
သူ့တစ်သက်တာလုံး ဒီလိုအခြေအနေမျိုးနဲ့နေသွားရတော့မှာကိုတွေးမိပြီး အရက်သေစာများသောက်စားကာ အထီးကျန်ခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ NHS မှ ခွဲစိတ်ကြေးထောက်ပံ့ငွေယူရို ၅ သောင်းဖြင့် လက်မောင်းအရေပြားအစားထိုးကာ လိင်တံအသစ်တစ်ခုရရှိဖို့ ဆရာဝန်များကြိုးစားပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ခွဲစိတ်နေရင်း သွေးတွင်းအောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ခွဲစိတ်မှုကိုတဝက်တပျက်ဖြင့် လက်လျှော့ခဲ့ရပြီး ဘယ်ဘက်လက်မောင်းမှာ ၆ လက်မအရွယ်လိင်တံကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။
အသားစတစ်ရှူးများဆက်လက်ရှင်သန်နိုင်ရန် လိင်တံကိုဘယ်ဘက်လက်မောင်းကသွေးကြောတွေနဲ့ ဆက်ပေးခဲ့ရပါတယ်။
ဆေးရုံအခက်အခဲတွေ ကိုဗစ်ကပ်ရောဂါတွေကြောင့် ၆ နှစ်တိုင်အောင် လက်မောင်းမှာပဲရှိနေခဲ့ပြီး အရှက်ရစရာဖြစ်နေခဲ့ရပါတယ်။
လူကြားသူကြားထဲ အင်္ကျီလက်တိုဖြင့် မသွားရဲဘဲဖြစ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အချိန် ၉ နာရီကြာမြင့်ခဲ့တဲ့ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ငယ်ပါကမူလနေရာမှန်သို့ပြန်လည်ရောက်ရှိကာ အမျိုးသားတစ်ယောက်ရဲ့ဘဝကို ပြန်လည်ခံစားနိုင်ပြီဖြစ်ပါတယ်။
ကလေးနှစ်ယောက်ဖခင်ဖြစ်ပြီး လက်ရှိမှာအိမ်ထောင်ကွဲနေတဲ့'မက်ဒေါ်နယ်'က "အရင်ဆုံးကျွန်တော်ငုံ့ကြည့်လိုက်တဲ့အခါမှာ ဒီတစ်ခါတော့ နေရာမှန်ပြန်ရောက်သွားပြီဆိုတာ ခံစားလိုက်ရပါတယ်" လို့ ပြောပြသွားပါတယ်။
မစ္စတာ'မက်ဒေါ်နယ်'က သူခံစားခဲ့ရတဲ့ အခက်အခဲကိုပြန်လည်ပြောပြခဲ့ရာ ၂၀၁၄ ခုနှစ် ကပ္ပါယ်အိတ်နဲ့ စအိုကြားအင်္ဂါစပ်မှာ ရောဂါကူးစက်မှုဖြစ်ခဲ့ပြီး သွေးဆိပ်သင့်သွားခဲ့ကာ သူ့ရဲ့လက်ချောင်းတွေ၊ ခြေချောင်းတွေနဲ့ လိင်တံတိုဟာ မည်းညစ်သွားခဲ့ပါတယ်။
သွေးဆိပ်သင့်တဲ့အခါမှာ သွေးတွေစတင်ခဲလာပြီး အဟာရဓာတ်များနဲ့အောက်ဆီဂျင်ဓာတ်များဟာ ခန္ဓာကိုယ်အစွန်အဖျားနေရာတွေဆီ မရောက်ရှိနိုင်တော့ပါဘူး။
လိင်တံဖြတ်ဆက်ရတဲ့ခွဲစိတ်မှုကို ပလတ်စတစ်ဆာဂျင်တွေနဲ့ ဆီးနှင့်ကျောက်ကပ်ဆရာဝန်များကပါ အတူတကွလုပ်ဆောင်ခဲ့ရပါတယ်။
ဆံပင်ထက်တောင်ပိုသေးတဲ့ ဆံခြည်မျှင်သွေးကြောတွေအာရုံကြောတွေကို လိင်အင်္ဂါနားတဝိုက်မှာချည်ဆက်ပြီး သွေးလည်ပတ်မှုရရှိအောင်ပြုလုပ်ခဲ့ရပါတယ်။
ဆရာဝန်တွေက 'မက်ဒေါ်နယ်'အနေနဲ့ လိင်မှုကိစ္စနဲ့ ဆီးသွားခြင်းကိစ္စများ ပြုလုပ်နိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။
Source: DailyMail.
#Yangon_Media_Group
#WorldHealth
Published 04 May 2022
ကိုဗစ်ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံယူရခြင်းတွေ တဖြည်းဖြည်းများလာပေမယ့် အသက်သေဆုံးမှုနှုန်းကတော့ သိသိသာသာများမလာတာကိုတွေ့ရကြောင်း တောင်အာဖရိကမှ ပြည်သူ့ကျန်းမာရေးပညာရှင် 'ဝါဆယ်လာယာဆက်' က ပြောပြပါတယ်။
ကာကွယ်ဆေးမထိုးထားရသေးဘဲ မူလအိုမီခရွန်မျိုးဗီဇကွဲကူးစက်ခံရသူ ၂၄ ဦးထံမှ သွေးနမူနာများရယူပြီး စမ်းသပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးထိုးထားတဲ့သူ ၁၅ ဦးထံမှ နမူနာများရယူပြီး အိုမီခရွန်မျိုးနွယ်ခွဲများဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
'အဲလက်စ်ဆစ်ဂယ်'ဦးဆောင်တဲ့ အာဖရိကကျန်းမာရေးသုတေသနဓာတ်ခွဲခန်းက မူလအိုမီခရွန်ကို သွေးနမူနာများဖြင့်ပထမဆုံးစမ်းသပ်ခဲ့ရာမှာ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးတွေက အရင်မျိုးဗီဇကွဲတွေလောက် ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။
အာဖရိကတိုက်မှာ ကိုဗစ်ရောဂါအများဆုံးဖြစ်ပွားခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ တရားဝင်အချက်အလက်များအရ ၁ သိန်းကျော်ရှိပြီး အတိအကျစာရင်းကောက်ယူပါက ၃ ဆလောက်အထိ များပြားနိုင်ပါတယ်။
အာဖရိကနိုင်ငံအများစုဟာ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းပြီး သေဆုံးရတဲ့အကြောင်းအရင်းကိုလည်း သေချာစွာမသိရှိကြပါဘူး။
အိုမီခရွန်မျိုးနွယ်ခွဲအသစ်တွေက ယခင်ကိုဗစ်ကူးစက်မှုနဲ့ ကာကွယ်ဆေးတွေကရရှိတဲ့ ပဋိပစ္စည်း(antibody)တွေကို ခံနိုင်ရည်ရှိကြောင်း တောင်အာဖရိကဓာတ်ခွဲခန်းတစ်ခုက တွေ့ရှိခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လအတွင်း တောင်အာဖရိကမှာတွေ့ရှိခဲ့တဲ့ BA.4 နဲ့ BA.5 အိုမီခရွန်မျိုးနွယ်ခွဲတွေကနေ နောက်ထပ်ကူးစက်မှုလှိုင်း ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။
မူလအိုမီခရွန် ကူးစက်ဖူးသူတွေထံမှရယူထားတဲ့ သွေးနမူနာတွေကို BA.4, BA.5 မျိုးနွယ်ခွဲတွေနဲ့စမ်းသပ်ကြည့်ရာမှာ ရောဂါခုခံနိုင်စွမ်း ၈ ဆကျဆင်းသွားတာကို တွေ့ရှိရပါတယ်။
ကာကွယ်ဆေးထိုးထားသူတွေရဲ့ သွေးနမူနာတွေကတော့ ကာကွယ်နိုင်စွမ်း ၃ ဆကျဆင်းသွားခဲ့ပါတယ်။
"ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ BA.4, BA.5 ကို ခုခံနိုင်စွမ်းနည်းပါးနေပြီး ရောဂါကူးစက်မှုကို ထိရောက်စွာ မကာကွယ်နိုင်ပါဘူး" လို့ သုတေသီများကဖော်ပြသွားပါတယ်။
တောင်အာဖရိကနိုင်ငံဟာ အိုမီခရွန်မျိုးဗီဇကွဲပထမဆုံးတွေ့ရှိရာနိုင်ငံဖြစ်ပြီး အိမ်နီးချင်းဘော့စ်ဝါနာကို ကူးစက်သွားခဲ့ပါတယ်။
အခုစနေနေ့က တောင်အာဖရိကမှာ ရောဂါပိုးတွေ့ရှိသူပေါင်း ၆,၅၂၇ ဦးရှိခဲ့ကာ ရောဂါပိုးတွေ့ရှိနှုန်းက ၂၁.၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့ကနဲ့နှိုင်းယှဉ်ပါက ကူးစက်သူ ၅၈၁ ယောက်နဲ့ ရောဂါပိုးတွေ့ရှိမှုနှုန်း ၄.၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
#WorldFestival
Published 03 May 2022
ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားရာ ထိုင်းနိုင်ငံမှာ တိုင်းရင်းသားမွန်လူမျိုးစုတွေက ပျံလွန်တော်မူခဲ့ကြတဲ့ ဘုန်းတော်ရဟန်းတွေကို ပူဇော်ပသတဲ့အနေနဲ့ အဝေးကနေဒုံးပစ်လွှတ်ကာ မီးသဂြိုဟ်ကြတဲ့ အစဉ်အလာရှိခဲ့ပါတယ်။
#Yangon_Media_Group
Published 3 May 2022
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီသစ်ပေါင်စတာလင်သန်း၃၀၀ပေးမယ့် အစီအစဉ်ကို မေလ(၃)ရက်က ယူကရိန်းပါလီမန်မှာ ကြေညာသွားပါတယ်။ ရေရှည်ပန်းတိုင်မရောက်မချင်း အကူအညီတွေ ဆက်ပေးသွားမယ်လို့ သူကပြောပါတယ်။
Source AFP
#LocalNews
Published_3 May 2022
သင်္ကြန်ပြီး နှစ်ပတ်ဝန်းကျင်အကြာမှာ အခေါက်ရွှေ တစ်ကျပ်သားကို ၇ သောင်းစွန်းစွန်း ကျဆင်း လာခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_3 May 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက်မှာ တည်ဆောက်နေတဲ့ ပထမဆုံး ခေတ်မီ May Yu Shopping Complex တည်ဆောက်မှု လုပ်ငန်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ ဖြစ်လို့ လာမယ့်သီတင်းကျွတ်မှာ ဖွင့်လှစ်နိုင်တော့မယလို့ သိရပါတယ်
#Yangon_Media_Group
Page 1771 of 1913