#Local_News
တာချီလိတ်၊ ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှလွှဲပြောင်းပေးလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ စုစုပေါင်း( ၁၈၃ )ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြပါတယ်။
#Yangon_Media_Group
#Loacl_News
Published_28 June 2022
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားဟောင်း (Re-entry) ၁၅၀ ကို ဇွန်လ ၂၇ ရက်က ထပ်မံစေလွှတ်ခဲ့ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
"ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ခုတည်းကပဲ စေလွှတ်နေတာပါ။ အလုပ်သမားအသစ်တွေရော အဟောင်းတွေရော ကိုရီးယားက ခေါ်နေတာ ဖြစ်ပါတယ်။ အလုပ်သမားတွေ အခွင့်အရေးပိုရလာကြပါပြီ"ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူက ပြောသည်။
ကိုရီးယားနိုင်ငံတွင် လက်ရှိ မြန်မာအလုပ်သမားလေးသောင်းကျော်ရှိပြီး ယခုအခါ မြန်မာအလုပ်သမားအရေအတွက် သုံးထောင်ကျော်လည်း ထပ်မံရောက်ရှိနေကြကြောင်းလည်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားအလုပ်သမားများအား လာမည့် ၂၀၂၃ ခုနှစ်တွင် လုပ်ခလစာတိုးမြှင့်ရန်လည်းရှိနေကြောင်း ကိုရီးယားနိုင်ငံ အစိုးရကြေညာထားကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားအလုပ်သမားတွေရဲ့တစ်နာရီလုပ်ခမှာ ဝမ် ၉၁၆၀ ဖြစ်သောကြောင့် အလုပ်သမားများက ဝမ် ၁၀၈၉၀ ထက်မနည်းတိုးမြှင့်ပေးရန်လည်းတောင်းဆိုထားကြကြောင်း၊ ယင်းကြောင့် ၂၀၂၃ ခုနှစ်တွင် လုပ်အားခ တစ်နာရီလျှင် ဝမ် တစ်သောင်းကျော် ရရှိနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_28 June 2022
ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်းသို့ ဇွန်လ ၂၇ ရက်က ည ၁၀ နာရီခွဲခန့်က တရုတ်အာကာသယာဉ်၏ အစိတ်ပိုင်းအချို့ကျရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
တရုတ်နိုင်ငံမှ လွှတ်တင်ထားသော အာကာသယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းအချို့မှာ သံတွဲမြို့နယ်၊ နံ့သာကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၄၃ မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်းပြုတ်ကျခဲ့ကြောင်း၊ ၎င်းအစိတ်အပိုင်းပြုတ်ကျစဉ် မီးလောင်ကျွမ်းသည့် အရာဝတ္ထုပုံစံသာတွေ့ရှိရပြီး ကြာမြင့်ချိန် ၄ မိနစ်ခန့် သာရှိခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများမှာ ယခုနှစ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်း တစ်ကြိမ်၊ ဇန်နဝါရီလအတွင်းတစ်ကြိမ်၊ ဧပြီလ ၇ ရက်အတွင်းကတစ်ကြိမ် ကျရောက်ခဲ့ကြောင်း၊ ယင်းအပြင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် ကျရောက်ခဲ့ဖူးကြောင်း လည်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 28 June 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မေလ ၁၆ ရက်နောက်ပိုင်းကနေစတင်ပြီး ပိုမိုကောင်းမွန်လာတယ်လို့ မူဆယ်ကုန်စည်ဒိုင်ဆန်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 28 June 2022
လတ်တလော ပဋိပက္ခတွင် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုဆောင်ရွက်နေသည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက ဇွန်လ ၂၈ ရက်(ယနေ့)တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် မြန်မာ-ဝမ်ပေါင် ကြေးနီသတ္တုတွင်းစီမံကိန်း ဧရိယာသို့ လက်နက်ကိုင်အဖွဲ့များ၏ တိုက်က်ခိုက်မှုများကို ဆက်တိုက်ခံနေရကာ တာဝေးပစ်လက်နက်များဖြင့် သတ္တုတွင်းဧရိယာအတွင်း ဗုံးအများအပြားပစ်လွှတ်သည့်အပြင် ဗို့အားမြင့် ဓာတ်အားပေးတာဝါတိုင်မှာလည်း ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင် လူသေဆုံးထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ယင်းလုပ်ရပ်မှာ စီမံကိန်းဧရိယာအတွင်းရှိသည့် ဝန်ထမ်းများ၏ အသက်လုံခြုံရေးကို အလေးမထားခြင်းဖြစ်သကဲ့ စီမံကိန်းအသိုင်းအဝိုင်းကိုလည်း ထိခိုက်စေသည့်အတွက် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဖော်ပြထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_28 June 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အဂတိအမှုများကို ယနေ့ ဇွန်လ ၂၈ ရက်တွင် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ စစ်ဆေးမှုများတွင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့်ပတ်သက်သော အမှုအတွက် တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေးကာ နေပြည်တော်လရောင်တော အမှုအပါအဝင်အမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းသူနှင့်ဒေါက်တာမျိုးအောင်တို့ ကိုယ်တိုင် အစစ်ဆေးခံခဲ့ရကြောင်းလည်း သိရသည်။
"မနက်ပိုင်းမှာတော့ မောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုထဲက ဒေါ်ခင်ခင်ဦးဆိုတဲ့ လိုပြသက်သေတစ်ယောက်နဲ့ အိမ်အမှတ် ၃၃ ရဲ့ဂိတ်မှူး လိုပြသက်သေရဲတစ်ယောက်ကို စစ်ဆေးပါတယ်။ သူ့အနေနဲ့ အဝင်အထွက်ရှိတာကလွဲလို့ ကျန်တာသူမသိဘူး။ ညနေပိုင်းမှာတော့ အမှုအမှတ် ၃/၂၀၂၂ နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးမင်းသူရယ်၊ ဒေါက်တာမျိုးအောင်ရယ်ကို ကိုယ်တိုင်စစ်တယ်။ ဒါကိုကျတော့တရားခံစစ်လိုခေါ်တာပေါ့"ဟု အဆိုပါ နီးစပ်သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ အဂတိလိုက်စားခဲ့သည်ဆိုကာ တရားစွဲဆိုခြင်းခံထားရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်ရုံးချိန်းတွင် အမှုအမှတ် ၃/၂၀၂၂ အတွက် တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးအား စစ်ဆေးခဲ့ကာ ဇွန်လ ၁၄ ရက်ရုံးချိန်းတွင်စီးပွားရေးလုပ်ငန်းရှင်ဦးရှောက်စန်းနှင့် ဦးမောင်ဝိတ်၏ ယာဉ်မောင်းတိုအား လိုပြသက်သေအဖြစ် စစ်ဆေးခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သော အဂတိအမှု နှစ်မှုတွင် အဓိကတရားလိုပြသက်သေဦးမောင်ဝိတ်အား မေလ ၃၁ ရက်က စစ်ဆေးခဲ့ရာ ယင်းအနေဖြင့် ငွေကြေးလှူဒါန်းခြင်းသာဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။
ymg/mt
#Yangon_Media_group
#Local_News
Published_ 28 June 2022
၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဧက(၂၂)သိန်းကျော်ကို ခွင့်ပြုပေးခဲ့တဲ့အနက် သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့တဲ့ ဧရိယာစုစုပေါင်းမှာ ဧက(၁၅)သိန်းကျော် ရှိပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ လက်ထက်တွင် ပြန်လည်သိမ်းဆည်းခဲ့ရသည့် ဧက(၂၄၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူ လုပ်ကိုင်လိုသူများ အသုံးချနိုင်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေများအား ပြန်လည်သိမ်းဆည်းနိုင်ရေးကို ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ်ကော်မတီ အဆင့်ဆင့်တို့က စိစစ်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဗဟိုကော်မတီက သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ခံတင်ပြမှုများအပေါ် လုပ်ငန်းနှင့်သက်ဆိုင်တဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ထောက်ခံချက်များနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ပြီးဆုံးချိန်အထိ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေဧက(၆၀၀၀)ကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် မြေဧက(၈၀၀)ကျော်၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်း အတွက် မြေဧက(၄၀၀)ခန့်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းအတွက် မြေဧက (၃၀၀၀)ကျော် စုစုပေါင်းမြေဧရိယာ ဧက(၁၁၀၀၀)ကျော် တို့ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ထို့အပြင် ၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန် စတင်ကောက်ခံချိန်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းခြင်းမပြုဘဲ ပျက်ကွက်နေမှုများကိုစိစစ်ပြီး မြေခွန်များအပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 28 June 2022
၁။ မေလ ၁၆ ရက်နောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာ
၂။ လစဥ်သင်္ဘောတက်သူ(၃၀၀၀)လောက်ရှိလာ၊ မြန်မာသင်္ဘောသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု(၄၀)%ကျော် ထပ်တိုးလာနိုင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စပါးရာသီဖိတ်ခေါ်သည့် ထိုင်းရိုးရာကျွဲပြိုင်ပွဲ ချောင်ဘူရီတွင် ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 28 June 2022
စင်္ကာပူနိုင်ငံမှာ အသက်တစ်နှစ်ခွဲသား ကလေးငယ်တစ်ဦးဟာ ကိုဗစ်-၁၉ကြောင့်ကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့ ညကကြေညာသွားပါတယ်။
ကလေးငယ်ဟာ ကိုဗစ်-၁၉နှင့် အခြားဗိုင်းရပ်စ်နှစ်မျိုးကြောင့် ဦးနှောက်ရောင်ယမ်းပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အခြားဗိုင်းရပ်စ်နှစ်ခုက အသက်ရှုလမ်းကြောင်းဆိုင်ရာ RSV ဗိုင်းရပ်စ်နှင့် အင်ထရိုဗိုင်းရပ်စ်တွေဖြစ်ပါတယ်။
ဒါကလေးငယ်သေဆုံးမှုဟာ စင်္ကာပူမှာ အသက်၁၂နှစ်အောက်ထဲက ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။
ကလေးငယ်ဟာ ကျန်းမာရေးချို့ယွင်းမှု ယခင်ကမရှိခဲ့ဘဲ ကျန်းမာတဲ့ကလေးတစ်ဦးဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သူဟာ အပြင်းဖျားလာပြီး အကြောဆိုင်းသလိုဖြစ်ခဲ့တဲ့အပြင် သတိလစ်လစ်သွားလို့ ဇွန်၂၁ရက်မှာ ကေကေ အမျိုးသမီးနှင့် ကလေးဆေးရုံ အရေးပေါ်ရောက်လာခဲ့တဖြစ်ပါတယ်။
ကလေးငယ်ရဲ့မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီသေဆုံးမှုဟာ ရက်ပေါင်း (၅)ရက်အတွင်း ပထမဆုံးပြန်လည်သေဆုံးမှုလည်းဖြစ်ပါတယ်။ အခုဆို ကိုဗစ်ကြောင့် စင်္ကာပူမှာ သေဆုံးခဲ့သူ စုစုပေါင်း၁၄၀၉ ဦးအထိရှိခဲ့ပါပြီ
Source StraitsTimes
#Local_News
Published_ 28 June 2022
ပိဋကသုံးပုံပါဠိတော်ကို (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် စိစစ်တည်းဖြတ် ပြီးစီးသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော်ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀) တို့ကို ပုံနှိပ်ထုတ်ဝေ/ဖြန့်ချိ လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်၂၇ ရက် နံနက် ၈ နာရီတွင် မရမ်းကုန်းမြိုနယ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ Seminar Hall ၌ ကျင်းပခဲ့ပါတယ်။
ဦးစွာ စိစစ်ရေးကော်မတီနာယက နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရက သြဝါဒကထာ မိန့်ကြား ချီးမြှင့်တော်မူရာတွင် ပါဠိတော်ကျမ်းများကို ရိုက်နှိပ်ထားသည့် စာမူများကို စိစစ်ရာတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်ကြီးများပါ ပါဝင်ဆောင်ရွက်ခြင်းကြောင့် ရွှေပေါ်မြတင်သကဲ့သို့ ပိုမိုဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ အနက်အဓိပ္ပါယ် လွဲမှားနေသည်များကို ဆဋ္ဌမူမပျောက်စေဘဲ အမှန်အတိုင်းဖြစ်အောင် ပြင်ဆင်ခွင့်ရရှိခြင်းသည် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်သကဲ့သို့ အရှည်တည်တံ့နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရက သြဝါဒချီးမြှင့်ရာတွင် ပိဋကတ်ကျမ်းစာများကို ကွန်ပျူတာဖြင့် စာစီသည့်အခါ အမှားအယွင်းမပါစေရန်နှင့် မြန်မာအက္ခရာဖြင့် ရိုက်နှိပ်သည့်မူကို ရိုမန်အက္ခရာပြောင်းရာတွင်လည်း အမှားပါ/မပါ စိစစ်တည်းဖြတ်ရန်၊ internet မှ download လုပ်၍ PDF ဖြင့် ဆောင်ရွက်၍ ရနိုင်သော်လည်း PDF ဖြင့် မဆောင်ရွက်ဘဲ ဆဋ္ဌမူပါဠိတော်လာ ကျမ်းဖြင့်သာ မူတည်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဗုဒ္ဓတက္ကသိုလ်များအနေဖြင့် နောင်တစ်ချိန် ယခုမူဖြင့်သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ ပုံနှိပ်ဖြန့်ချိသည့်အခါတွင်လည်း (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် နိုင်ငံတကာအဆင့်မီ ကျမ်းစာအုပ်များအဖြစ် ထုတ်ဝေဖြန့်ချိသင့်ကြောင်း မိန့်ကြားတော်မူပါတယ်။
လုပ်ငန်းကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက စာမူစိစစ်ရေးနှင့် စပ်လျဉ်း၍ မူဝါဒတစ်ခုချမှတ်၍ လုပ်ငန်းစဉ်ကို တိတိကျကျ သတ်မှတ်ပေးနိုင်ရေး လမ်းညွှန်မှုပြုပေးရန် လျှောက်ထားပါတယ်။
စိစစ်ရေးကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ပုံနှိပ်ထုတ်ဝေဖြန့်ချိ လှူဒါန်းနိုင်ရေး လုပ်ငန်းကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။
ရှင်းလင်းလျှောက်ထားချက်များနှင့် စပ်လျဉ်း၍ အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ ဖြစ်ကြသည့် ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရတိုက ပိဋကတ်ပါဠိ တော်လာ ကျမ်းစာများ၏ စာမူများကိုစိစစ်ရာတွင် လည်းကောင်း၊ စာအုပ်ပုံစံအထားအသို ချမှတ်ရာတွင် လည်းကောင်း၊ ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးကို အသုံးပြု၍ ကွန်ပျူတာ စာစီရာတွင် လည်းကောင်း၊ ဆဋ္ဌမူမပျက်စေဘဲ ဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ သြဝါဒများ မိန့်ကြားတော်မူကြကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 28 June 2022
ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့အထိ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်၊၊
မိုးရွာသွန်းမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်၊၊
ဇူလိုင်လအတွင်းတွင်လည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းခန့်မှန်းထားသည်၊၊
ဇူလိုင်လအတွင်း မိုးရွာသွန်းရက်အခြေအနေများကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
Published 28 June 2022
နေတိုးအဖွဲ့ဝင်တစ်နိုင်ငံရဲ့ ခရိုင်းမီးယားကျွန်းဆယ်ကို မည်သည့်ကျူးကျော်ထိပါးမှုမျိုးမဆို ရုရှားကို စစ်ကြေညာတဲ့ အတိုင်းအတာဖြစ်သွားနိုင်ပြီး တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်လိမ့်မယ်လို့ ရုရှား သမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်က မီဒီယာတစ်ခုကို ပြောလိုက်ပါတယ်။
“ ကျွန်တော်တို့အတွက် ခရိုင်းမီးယားဟာ ရုရှားရဲ့အစိတ်အပိုင်းဖြစ်တယ်။ ပြီးတော့ ဒါဟာ အမြဲထာဝရသဘောဆောင်တယ်။ ခရိုင်းမီးယားအပေါ် မည်သည့် ကျူးကျော်ထိပါးမှုမျိုးမဆို ကျွန်တော်တို့နိုင်ငံကို စစ်ကြေညာလိုက်တာပဲဖြစ်တယ်” လို့ မက်ဒီဒက်ဗ်က i Fakty သတင်းဝက်ဘ်ဆိုက်ကိုပြောပါတယ်။
“ ပြီးတော့ ဒါကို နေတိုး တစ်နိုင်ငံက လုပ်တယ်ဆိုရင် မြောက်အတ္တလန်တစ်မဟာမိတ်တစ်ခုလုံးနှင့် ပဋိပက္ခလို့ အဓိပ္ပါယ် သက်ရောက်တယ်။ တတိယကမ္ဘာစစ်ပဲ။ အလုံးစုံကပ်ကြီးတစ်ခု” လို့ သူကဆက်ပြောပါတယ်။
ယခု ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်နေတဲ့ မက်ဒီဒက်ဗ်က ဖင်လန်နှင့်ဆွီဒင် နေတိုးကိုဝင်ရောက်ခဲ့လျှင် ရုရှားဟာ ယင်းရဲ့နယ်စပ်ကိုပိုမိုတောင့်တင်းအောင်လုပ်ရလိမ့်မယ်” လို့ပြောပါတယ်။ ဒါဟာ လက်တုန့်ပြန်တဲ့ အဆင့်တွေဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့ရဲ့အဝင်အဝတွေမှာ အစ်ကန်ဒါ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေ တပ်ဆင်မယ့် အလားအလာတွေလည်း ပါဝင်လာလိမ့်မယ်” လို့ သူကပြောပါတယ်။
Source Reuters
Page 1713 of 1956