#LocalNews
Published _26 June 2022
ထိုင်းနိုင်ငံဘန်ကောက်မြို့ စံဖေင်စျေးအတွင်း မီးလောင်မှုတွင် လူနှစ်ဦးသေဆုံးသည့်အနက် တစ်ဦးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းသိရသည်။

ယနေ့ဇွန်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က စံဖေင်စျေး ၃ ထပ်တွင်မီးလောင်ခဲ့ရာ နှစ်ဦးမှာ အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး နှစ်ထပ်နှင့် သုံးထပ်ကြား လှေကား၌ ပိတ်မိကာသေဆုံးလျက်တွေ့ရခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသည့်ထိုင်းနိုင်ငံသားမှာ အသက် ၅၂ နှစ်အရွယ် ငွေရှင်းဝန်ထမ်းဖြစ်ပြီး မြန်မာနိုင်ငံသားမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း ၊ အဆိုပါမီးလောင်မှုကြောင့် လူ ၆ ဦးလည်းဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။

သေဆုံးသည့်မြန်မာနိုင်ငံသားမှာ မည်သူမည်ဝါဆိုသည်ကို မသိရသေးပေ။
ymg/mt
#Yangon_Media_Group
Published 26 June 2022
ရုရှားရဲ့ ဒုတိယအကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ VTB ရဲ့ ဥက္ကဋ္ဌက ရုရှားဟာ BRICS နိုင်ငံတွေနှင့် သူတို့ကိုယ်ပိုင်ငွေကြေး အသုံးပြုပြီး နီးကပ်စွာ တိုက်ရိုက်ကုန်သွယ်မှု ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်လို့ ပြောလိုက်ပါတယ်။ ၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်နှင့် ယှဉ်လျက်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူကပြောလိုက်တာပါ။
ဇွန်၁၅ ရက်ကနေ ၁၈ ရက်အထိ ကျင်းပတဲ့ အဆိုပါဖိုရမ်မှာ နိုင်ငံပေါင်း၁၃၀ကျော်က နိုင်ငံရေးနှင့်စီးပွားရေး ထင်ရှားသူတွေ တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးမှာ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုများအပေါ် သူတို့ရဲ့ စိတ်ကူးတွေကို အတူမျှဝေခဲ့ကြပြီး အဖြေတွေလည်းထုတ်ခဲ့ကြပါတယ်။
အမေရိကန်က သပိတ်မှောက်ပြီး ဥရောပနိုင်ငံတော်တော်များများမတက်ခဲ့ကြတဲ့ကြားထဲက အဲဒီဖိုရမ်မှာ လူပေါင်း တစ်သောင်းလေးထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။ စီးပွားရေးဆက်သွယ်ချိတ်ဆက်မှုပေါင်း ၆၉၁ ခုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ နှင့်ညီမျှတဲ့ ၅.၆ ထရီလီယံရူဘယ်လ်တန်ဖိုးရှိတဲ့ စီးပွားရေးတွေ ဆက်သွယ်ဆောင်ရွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ထက်စာရင်တောင် ပိုပြီးတိုးတက်မှုရှိသေးတယ်လို့ ဖိုရမ်ကိုကြီးမှူးကျင်းပတဲ့ ရော့စ်ကွန်ဂယက်က ပြောပါတယ်။
“BRICSဟာ အချို့သောနိုင်ငံရေးအခွင့်အလမ်းတွေလည်း တူညီတာတောင်မှ စီးပွားရေးဖွံ့ဖြိုတိုးတက်မှု အနေအထားဆင်တူကြတဲ့ နိုင်ငံတွေဖြစ်ကြတယ်။ ဒါဟာ အတော်အရေးကြီးတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာ ကွာခြားမှုမရှိဘူး။ နိုင်ငံရေးဒီအထဲမှာ မပါဘူး။ တကယ်စီးပွားရေးနှင့်ဘဏ္ဍာရေးသက်သက် အဖွဲ့အစည်းဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးအတွက်လည်း အရေးကြီးတဲ့ အန်းကဏ္ဍကနေပါဝင်နိုင်တယ်” လို့ VTB ဘဏ် ဥက္ကဋ္ဌအင်ဒရေးကော့စတင်က ပြောပါတယ်။
ရုရှားဟာ အမေရိကန်ရဲ့ဒေါ်လာလက်နက်ကိုဆန့်ကျင်ပြီး အခြားသော BRICS နိုင်ငံတွေနှင့် နီးကပ်တဲ့ တိုက်ရိုက်ကုန်သွယ်ရေးကို နိုင်ငံတွေရဲ့ကိုယ်ပိုင်ငွေကြေးအသုံးပြုပြီး ဆောင်ရွက်ဖို့စိတ်ဝင်တစားရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“ လက်ရှိအခြေအနေအောက်မှာ ရုရှားဟာ ဥပမာအားဖြင့် ပြည်တွင်းငွေကြေးတွေနှင့် ယွမ်လို၊ရူပီးလိုနှင့်အခြာငွေကြေးလိုမျိုးနှင့် တိုက်ရိုက် ကုန်သွယ်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ အဲဒါကို တိုးတက်ဖွံ့ဖြိးအောင်လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အခု ဒေါ်လာကို လက်နက်သဖွယ်သုံးနေတာ နိုင်ငငံရေးအကြောင်းပြချက်တွေမှာ ဒေါ်လာကို ဘယ်လိုအသုံးချနေတာ တွေ့မြင်နေကြရပြီဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့တွေအတွက် အတော့်ကိုအရေးကြီးတဲ့ကိစ္စလို့ ကျွန်တော်မြင်ပါတယ်။ ပထမဆုံးလုပ်ကြရမယ့်အလုပ်လို့မြင်တယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အပြန်အလှန်ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ကြီးမားစွာတိုးတက်လာမှာဖြစ်တယ်” လို့သူကပြောပါတယ်။
BRICSဟာ ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိကနိုင်ငံ ငါးနိုင်ငံပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။
Source CCTV+
TV Yangon Times Matters အစီအစဉ်
Published - 26 June 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဆရာဒေါက်ထွေး(ဆေးမန်း)နှင့် အတူ
- "ကျန်းမာရေးပညာပေးတာကို ဆရာဝန်မှမဟုတ်ဘဲ ကျန်းမာရေးဗဟုသုတရှိတဲ့ သူတိုင်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်း
- 'တင်မောင်တည်'ဆိုတဲ့နာမည်နဲ့ ဝတ္တုအနုပညာဆောင်းပါးတွေရေးဖြစ်ပြီး ကိုယ်တိုင်လည်းပန်းချီကားတွေ ရေးဆွဲဖြစ်တဲ့အကြောင်း
- စာပေတွေရေးမယ်ဆိုရင် IQ မြင့်ရုံတင်မဟုတ်ဘဲ စာပေမျိုးစုံကိုလည်း လေ့လာဖတ်ရှုဖို့လိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 26 June 2022
တောင်အာဖရိကနိုင်ငံ အရှေ့လန်ဒန်မြို့နှင့်အနီးက နာမည်ကြီး နိုက်ကလပ်တစ်ခုအတွင်း တနင်္ဂနွေနေ့မနက်အစောကြီးမှာ နိုက်ကလပ်တက်ခဲ့ကြတဲ့ လူငယ်တွေ အနည်းဆုံး ၂၂ ဦး ထူးဆန်းစွာသေဆုံးနေကြတာ တွေ့ရပြီး ဘာကြောင့်သေဆုံးရတယ်ဆိုတာကို နိုင်ငံအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
အလောင်းတွေကို ပြည်နယ် ရင်ခွဲရုံကိုပို့လိုက်ကြပြီး သူတို့ဟာ အမျိုးသားရောအမျိုးသမီးတွေပါဖြစ်ကြတယ်။ သူတို့ ဘယ်သူဆိုတာကို အဲဒီနေရာမှာ ဆွေမျိုးသားချင်းတွေက ခွဲခြားသိရှိနိုင်ကြလိမ့်မယ်လို့ အရှေ့ကိတ်ပြည်နယ် ကျန်းမာရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဆီယာဒါမန်နာနာက ပြောပါတယ်။
“ သေဆုံးရတဲ့အကြောင်းရင်းသိရအောင် ကျွန်တော်တို့ ချက်ခြင်းပဲ အလောင်းတွေကိုခွဲစိတ်စစ်ဆေးမယ်” လို့ သူကပြောပါတယ်။အဲဒီအပြင် မှုခင်းဆေးပညာရပ်ပညာရှင်တွေကလည်း အခင်းဖြစ်တဲ့ အင်ယိုဘင်နီနိုက်ကလပ်မှာ ကြိုးစား စစ်ဆေးနေကြတယ်။ သေဆုံးသူ ၂၂ ဦးရှိပြီးသူတို့ဟာ အသက်၁၈နှစ်နှင့် ၂၀အကြားရှိကြတယ်လို့သူကဖြည့်စွက်ပြောပါတယ်၊
သေဆုံးသူတွေဟာ စားပွဲတွေ၊ကုလားထိုင်တွေနှင့် ကြမ်းပြင်အပေါ် လဲကျသေဆုံးနေပြီး သိသာတဲ့ ဒဏ်ရာဒဏ်ချက်တွေမတွေ့ရဘူးလို့ ဒေသခံမီဒီယာတွေကရေးကြပါတယ်။
ဒေသခံသတင်းစာ ဒစ်ချ်ပ်လိုက်ဗ်ကတော့ သေသူတွေဟာ အဆိပ်တစ်မျိုးမျိုးသင့်ခဲ့ကြပုံရတယ်လို့ရေးသားပါတယ်။
Source: Reuters and Agencies



TV Yangon Times Matters အစီအစဉ်
Published - 26 June 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဆရာဒေါက်ထွေး(ဆေးမန်း)နှင့် အတူ
- "ကျန်းမာရေးပညာပေးတာကို ဆရာဝန်မှမဟုတ်ဘဲ ကျန်းမာရေးဗဟုသုတရှိတဲ့ သူတိုင်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်း
- 'တင်မောင်တည်'ဆိုတဲ့နာမည်နဲ့ ဝတ္တုအနုပညာဆောင်းပါးတွေရေးဖြစ်ပြီး ကိုယ်တိုင်လည်းပန်းချီကားတွေ ရေးဆွဲဖြစ်တဲ့အကြောင်း
- စာပေတွေရေးမယ်ဆိုရင် IQ မြင့်ရုံတင်မဟုတ်ဘဲ စာပေမျိုးစုံကိုလည်း လေ့လာဖတ်ရှုဖို့လိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _26 June 2022
ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတွင် ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသောကြောင့် ညနေ ၆ နာရီ မိနစ် ၂၀ ကျော်တွင် မီးငြိမ်းသွားကြောင်းသိရသည်။
မီးလောင်ရသည့်အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအကြောင်းတို့ကိုမူ မသိရသေးပေ။
Photo by CJ
ymg/mt
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 26 June 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဆရာဒေါက်ထွေး(ဆေးမန်း)နှင့် အတူ
- "ကျန်းမာရေးပညာပေးတာကို ဆရာဝန်မှမဟုတ်ဘဲ ကျန်းမာရေးဗဟုသုတရှိတဲ့ သူတိုင်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်း
- 'တင်မောင်တည်'ဆိုတဲ့နာမည်နဲ့ ဝတ္တုအနုပညာဆောင်းပါးတွေရေးဖြစ်ပြီး ကိုယ်တိုင်လည်းပန်းချီကားတွေ ရေးဆွဲဖြစ်တဲ့အကြောင်း
- စာပေတွေရေးမယ်ဆိုရင် IQ မြင့်ရုံတင်မဟုတ်ဘဲ စာပေမျိုးစုံကိုလည်း လေ့လာဖတ်ရှုဖို့လိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 26 June 2022
မွန်ပြည်နယ်၊ မုဒုံမြို့ ဒိုးမားကျေးရွာရှိ ဒေသခံတောင်သူ ယာမြေတွင် ၂၀၂၂ ခုနှစ် ၊ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် လက်တွေ့စိုက်ပျိုးနည်း သရုပ်ပြသခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မုဒုံမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေသခံတောင်သူများကို မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွဲနွားတိရစ္ဆာန်များအတွက် အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသောအစားအစာအဖြစ် ကျွေးမွေးနိုင်ရန်၊ အာဟာရပြည့်ဝစေပြီး အထွက်နှုန်းတိုးတက်မြင့်မားလာစေရန်နှင့် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် ကျွဲနွားတိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲမွေးမြူကာ ကြီးထွားဖွံ့ဖြိုးသော ကျွဲနွားတိရစ္ဆာန်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်စေရန်၊ နေဗီယာမြက်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သော အာဟာရဓာတ်ပမာဏ ပြည့်ဝစွာရရှိနိုင်သည့်အတွက် ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
မုဒုံခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများသည် ယာမြေတစ်ဧကတွင် နေဗီယာမြက် လက်တွေ့သရုပ်ပြ စိုက်ပျိုးကြကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 26 June 202
ရှမ်းပြည်နယ်( အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ပုံပါကျင်မြို့နယ်၊နားကောင်းမွန်းဒေသ၊ဟွေအော အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ပါတယ်။
မိုင်းဆတ်ခရိုင်၊ ဝ အထူးဒေသ( ၂)စစ်ဒေသ (၁၇၁) တပ်ဖွဲ့မှ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင် ဒု နိုင်ငံရေးမှူး ဦးညီကပ်မှမူးယစ်ဆေးဝါးနှိမ်နှင်းရေနှင့်စပ်လျဥ်း၍
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စများသည် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ကြောင်း၊၄င်းတို့အနေနှင့် မျိုးရိုးစဉ်ဆက် ဒုက္ခပေးသည့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ရန် အတွက် သံန္ဓိဌာန်ချမှတ်ထားတယ်လို့ပြောပါတယ်။
၂၀၁၉ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ (၃၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး (၃)နှစ်အတွင်း စုစုပေါင်းစိတ်ကြွဆေးပြား(၁၁၃၆၆၁၄၂)ပြား၊ရေခဲ (၉၀) ထုတ်၊ဘိန်းမဲ (၅၅)ကီလိုဂရမ်၊ကဖင်းမှုန့် (၁)ပုလင်းနှင်း (၁)ဂရမ်၊ကဖင်းမှုန့် (၉၀)ထုတ်၊လိမ္မော်ရည် ဆေးရည် (၄၀)ပုလင်း၊မော်လိကျင်အရည် (၈၆)ပုလင်း၊ကော်မှုန့် (၅၆)ထုတ်၊ဖန်စီဒိုင်း (၆၀၃)ပုလင်း၊ပန်းရေညင် မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်း (၅)ထုတ်၊မူးယစ်ဆေးဝါး ရောင်းရသည့်ငွေ ၅၀၀၀၁၄ဘတ်၊ တရုတ် ယွမ်ငွေ ၃၀၉.၁ယွမ်၊ကျပ်ငွေ ၃၇၀၆၀၀ကျပ်၊ဖုန်း ၅၉)လုံး၊နာရီ (၅)လုံးAK 47 -(၃)လက်၊ကျည်ဆံ (၁၈၉)ခု၊တူမီး (၂)လက်၊၄၀M ဗုံးပစ် လောင်ချာ (၁)လုံး၊ဗုံးသီး (၁၅)လုံး၊equipments(၂)ခု၊၁၃ MM ပစ္စတို (၂)လက်၊ကျည်ဆန် (၁၀)လုံး၊၉MM -၂လက်၊ကျည်ဆန် (၅၄)လုံး၊M 16-၂လက်၊ကျည်ဆန် (၁၈၁)လုံး၊ကျည်ကတ် (၃)ခု၊AK 47 -၂လက်၊ကျည်ဆံ အလုံး (၁၀၀)၊ဓာတ်မီး (၄၂)လုံး၊ကားငယ် (၁၂)စီး၊ဆိုင်ကယ် (၁၁)စီးစကားပြောစက် (၉)လုံး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၁၉)ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ (၅၃)ဦး ရှိကာ သက်ဆိုင်ရာသို့ (၈)ကြိမ်တိုင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ စစ်ဒေသ (၁၇၁)မှ ဒုစစ်ဒေသမှူး ဦးကျလောဘိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဟွေအော၊နာကောင်းမူ ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စသည့် စုစုပေါင်း အင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
Ymg/ys-tcl
#LocalNews
Published_26 June 2022
မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်း စသည့် လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs)ပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂၅/၂၀၂၂) ဖြင့် အဖွဲဝင် ၁၉ ဦးဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ကာ နည်းဥပဒေများကို မကြာမီပြင်ဆင်ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်းလည်း ယင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ခွဲ ၁၀ ခွဲ၊ တပ်ဖွဲ့စု ၆၅ စု တို့ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ ခုနှစ် အတွင်း အမှတ်(၁၁) X–Ray စက် တပ်ဖွဲ့ခွဲနှင့် X–Ray စက် တပ်ဖွဲ့စု ၆ စုတို့ကို ထပ်မံတိုးချဲ့၍ ခေတ်မီရှာဖွေရေးကိရိယာများ၊ မူးယစ်ဆေးဝါးဓာတ်ခွဲကိရိယာများ၊ ခေတ်မီရွှေ့ပြောင်းသယ်ယူစမ်းသပ်သည့် ကိရိယာများ၊ လုပ်ငန်းသုံးအဆင့်မြင့်ကိရိယာများကို ဝယ်ယူတပ်ဆင်ကာ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန်အတွက် စိစစ်ပြင်ဆင်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ” ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပြင်ဆင်သည့်ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူများအား အပြစ်ပေးအရေးယူခြင်းမရှိဘဲ ဆေးကုသပေးခြင်းနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးစွဲသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် မူးယစ်ဆေးစွဲရောဂါကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၉ ခုနှင့် ဘိန်းအမျိုးအစား မူးယစ်ဆေးစွဲရောဂါလူနာများအတွက် မက်သာဒုံး ဆေးခန်း ၈၉ ခု ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၂၆၃၁၈ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၂၅၈၁၆ ဦးကို မက်သာဒုံးဆေး တိုက်ကျွေးနိုင်ခဲ့ကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်မူးယစ်ဆေးဖြတ်ပြီးသူများ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးစခန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခု၌ ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၊ အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စီမံခန့်ခွဲမှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) စသည့် အဖွဲ့အစည်းများနှင့်လည်း မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင်(MoU) ၆ နိုင်ငံပါဝင်သော Operation 1511 ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို- ထိုင်း ၃ နိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/ 22 ကို လည်း ကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပဒေသသို့ ပျံ့နှံမှုမရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါ သဝဏ်လွှာက ဖော်ပြထားသည်။
၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၅) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံး ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှိဖျက်ဆီးပွဲ အစီအစဉ်များကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 26 June 2022
၂၀၂၂ ခုနှစ် ဘားအံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ရပ်ကွက်၊ ကျေးရွာအသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဘားအံမြို့ရှိ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
"ပြည်သူတွေ အားကစားကို ပိုမိုစိတ်ဝင်စားလာစေဖို့နဲ့ မျိုးဆက်သစ် အားကစားသမားတွေပေါ်ထွက်လာစေရေးအပြင် ထူးချွန်ထက်မြတ်တဲ့ လူငယ်ဘောလုံးသမားတွေ ပေါ် ထွက်လာစေဖို့နဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်မဲ့ အားကစားသမားတွေ ပေါ်ထွက်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခြင်းဖြစ်ပြီး အားကစားလှုပ်ရှားဆောင်ရွက်မှုကတစ်ဆင့် နိုင်ငံတော်က ချမှတ်ထားတဲ့ လူမှုရေး ဦးတည်ချက်ပါ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးဆိုတဲ့ လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ အခုပြိုင်ပွဲကနေတစ်ဆင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်ဖလား မြို့ နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မြို့နယ်ကိုယ်စားပြု ဘောလုံးသမားကောင်းတွေ ဖြစ်လာစေရေးကို ကြိုးပမ်းအားထုတ်ဖို့လိုပါတယ်" ဟု ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးထင်က ပြောကြားခဲ့သည်။
ပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာများမှပြိုင်ပွဲဝင်အသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အမှတ် ၄ ရပ်ကွက် ဘောလုံးအသင်းနှင့် ထောင်ကလပ်ကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 25 June 2022
ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်က အမျိုးသား တိရိစ္ဆာန်ဥယျဉ်မှာ ဇွန်(၉)ရက်ကမွေးဖွားခဲ့တဲ့ အလီလို့အမည်ပေးထားတဲ့ ကြံ့ဖြူကလေးဟာ အခုဆိုသူ့မိခင်ကက်သရင်းအတူ အာဖရိက မြက်ခင်းပြင်ပေါ် စူးစမ်းချင်စိတ်ပြင်းပြစွာနှင့် လမ်းလျှောက်နေပြီဖြစ်ပါတယ်။ ကြံ့ဖြူမျိုးတွေဟာ အာဖရိကမှာ ခိုးယူဖမ်းဆီးမှုတွေကြောင့် ထိန်းသိမ်းစောင့်ရှောက်ရာမှာ အခက်အခဲရှိနေတဲ့မျိုးစိတ်ပါ။
ဒီကြံ့ဖြူကလေးမွေးဖွားလာတာဟာ တန်ဖိုးအလွန်ရှိပါတယ်။ အထူးသဖြင့် ကျူးဘားဟာ ခြိမ်းခြောက်မှုတွေခံနေရတဲ့ ဒီမျိုးစိတ် ကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အောင်မြင်မှုတွေရနေတာကို ကျွန်တော်တို့ကူညီပေးနေပါတယ်” လို့ ရှားပါးတိရိစ္ဆာန်ဆိုင်ရာကျွမ်းကျင်သူလည်းဖြစ် ကြံ့တွေကို ကြီးကြပ်ထိန်းသိမ်းသူလည်းဖြစ်တဲ့ အလက်ဇင်းဒါး အာရန်ဂိုက ပြောပါတယ်။
ဒီမျိုးစိတ်ရဲ့မျိုဗီဇဘဏ်ကိုတည်ထောင်ထားပြီးဖြစ်ကာ အဲဒီကမှ အာဖရိကမှာရှိတဲ့ နိုင်ငံတွေရဲ့ တိရိစ္ဆာန်ဥယျဉ်တွေကို ပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်၊ အာဖရိကမှာ ကြံ့တွေကို ဖမ်းဆီးသတ်ဖြတ်ကာ အာရှဈေးကွက်ဆီ ကြံ့ချို(ဂျို)တွေရောင်းချတဲ့လုပ်ငန်းဟာ စီးပွားဖြစ်နေပါတယ်။
အလီရဲ့ မိဘတွေဖြစ်တဲ့ကက်သရင်းနှင့် အလက်ဇင်းဒါးတို့ဟာ နမ်ဘီးယားက လှူဒါန်းတဲ့ ကြံ့၁၀ကောင်ထဲက ဖြစ်ပြီး ကျူးဘားကို ၂၀၁၃ခုနှစ်မှာရောက်ရှိခဲ့ကြပါတယ်။
အခုမွေးလာတဲ့ကြံ့ဖြူကလေးဟာ ဟာဗားနားဆင်ခြေဖုံးမှာရှိတဲ့ ဒီတိရိစ္ဆာန်ဥယျဉ်ထဲမှာ ၁၈နှစ်အတွင်း ဒုတိယမြောက်မွေးလာတာဖြစ်ပါတယ်။
အလီရဲ့အရင်မွေးတာက သူ့အစ် မဲလ်ဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ဒီတိရိစ္ဆာန်ရုံထဲမှာ မြင်းကျား၊ရေမြင်း၊သစ်ကုလားအုပ်နှင့် အခြားတိရိစ္ဆာန်မျိုစုံ ၁၅၀ခန့်ရှိပါတယ်။ အလီလေးမွေးတဲ့နေက ကက်သရင်းဟာ တစ်ကောင်တည်း တိရိစ္ဆာန်ဥယျဉ်က ကျွမ်းကျင်သူတွေ အကူအညီမလိုဘဲ မွေးခဲ့တာပါ။ တတ်နိုင်ရင် သဘာဝအတိုင်းဖြစ်လို့ ရသမျှဖြစ်စေချင်တယ်လို့ အာရန်ဂိုကပြောပါတယ်။ဒါပေမယ့် အစ်မဖြစ်တဲ့ မဲလ်နှင့် မတူတာက အလီကိုမွေးတာက ပိုမြန်တယ်လို့ သူကပြောပါတယ်။အလီ့ကိုမွေးတုန်းက အနားမှာ အလီ့အဖေ အလင်ဇင်းဒါးနှင့် သူ့ရဲ့ ကြံမအုပ်စုတွေပဲရှိနေခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် ကလေးမွေးပြီးပြီးချင်း အခြားတိရိစ္ဆာန်တွေကလည်း အကောင်ပေါက်ကလေးကို စိတ်ဝင်တစားလာကြည့်ခဲ့ကြပါတယ်။
မွေးဖွားစဉ်က ကီလို၃၀နှင့်၄၀အကြားသာရှိခဲ့တဲ့ အလီ ကလေးဟာ အခုဆိုရင် ကိုယ်အလေးချိန် ၈၀ကီလိုတောင်ရှိလာပြီး သူ့အမေနောက်ကနေ အပြေးလိုက်နေပါပြီ။ မိခင်ကြီးက အလီကို အခြားတိရိစ္ဆာန်တွေရှိရာကိုခေါ်ဆောင်ပြီး ကျွမ်းဝင်အောင် လုပ်ပေးနေပါတယ်။အဖေရဲ့နာမည်က အဲလက်ဇင်းဒါးဆိုတော့ သူ့နာမည်ကို အဖေ့အမည်ကိုအဖျားဆွတ်ပြီး အလီလို့ပေးခဲ့တာဖြစ်ပါတယ်ရှင်..။
Source AFP
Page 1717 of 1956