#WorldDevelopment
Published 27 June 2022
တရုတ်နိုင်ငံရဲ့ ဒေါ်လာထရီလီယံချီတန်ဖိုးရှိတဲ့ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ် စီမံကိန်းကြီးကို တန်ပြန်နိုင်ဖိုနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လိုအပ်တဲ့အခြေခံအဆောက်အအုံများအတွက် ငွေကြေးထောက်ပံ့နိုင်ရန် ၅ နှစ်အတွင်း ပုဂ္ဂလိကပိုင်နဲ့ အများပိုင်ရန်ပုံငွေများကို ဒေါ်လာ ၆၀၀ ဘီလီယံမြှင့်တင်ပေးသွားဖို့ နိုင်ငံ ၇ နိုင်ငံမှခေါင်းဆောင်များက တနင်္ဂနွေနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံတောင်ပိုင်း ရှလော့စ်အယ်လ်မာမှာ ယခုနှစ်အတွက် နှစ်ပတ်လည်အစည်းအဝေးပွဲပြုလုပ်ရာမှာ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ G7 ခေါင်းဆောင်များက 'တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုပေါင်းဖက်ရေး' ဆိုတဲ့ခေါင်းစဉ်အသစ်ဖြင့် စတင်အကာင်အထည်ဖော်ခဲ့ပါတယ်။
နိမ့်ပါးတဲ့နိုင်ငံတွေနဲ့ အလယ်အလတ်နိုင်ငံတွေမှာ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်မယ့်စီမံကိန်းတွေမှာ ကူညီထောက်ပံ့ပေးမယ့်အပြင် တစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျား/မတန်းတူညီမျှမှု၊ ဒီဂျစ်တယ်အခြေခံအဆောက်အအုံများစတဲ့ ကိစ္စရပ်တွေမှာ ၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုငွေကြေးအနေနဲ့ အမေရိကန်က ဒေါ်လာ ၂၀၀ ဘီလီယံ စုဆောင်းပေးမယ်လို 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။
"ဒါကပရဟိတ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်၊ လူတိုင်းအတွက် ပြန်ရနိုင်မယ့်ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါတယ်၊ ဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရင် အကျိုးကျေးဇူးရလာနိုင်တယ်ဆိုတာကို မြင်စေသိစေချင်တာဖြစ်ပါတယ်" လို့ ပြောပြသွားပါတယ်။
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ အချုပ်အခြာ အာဏာပိုင်ငွေကြေးရန်ပုံငွေများနဲ့ အခြားအဖွဲ့အစည်းများထံမှ ထပ်ဆောင်းငွေများရရှိနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခုလမ်းကြောင်း တစ်သွယ်စီမံကိန်းကြီးကို သမ္မတ'ရှီကျင့်ဖင်'က ၂၀၁၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ထိုစီမံကိန်းကြီးကို ရေရှည်အစားထိုးမှုတစ်ခု တည်ဆောက်နိုင်ရန်အတွက် ဥရောပမှ ဒေါ်လာ ၃၀၀ ဘီလီယံစုဆောင်းသွားမယ်လို့ ဥရောပကော်မရှင်သမ္မတ'အာဆူလာဗွန်ဒါလီယန်'က အစည်းအဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
အီတလီ၊ ကနေဒါ၊ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များကလည်း သူတို့ရဲ့အစီအစဉ်တွေ အကြောင်း တင်ပြခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ 'အီမန်နျူယယ်မက်ခရွန်'နဲ့ ဗြိတိန်ဝန်ကြီးချုပ်'ဘိုရစ်ဂျွန်ဆန်'တို့ မတက်ရောက်နိုင်ခဲ့ပေမယ့် အဆိုပါ နိုင်ငံများမှ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။
တရုတ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းက နိုင်ငံပေါင်း ၁၀၀ ကိုဖြတ်ပြီး အာရှကနေ ဥရောပအထိကုန်သွယ်ရေးလမ်းကြောင်းကြီးကို ဖန်တီးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အမေရိကန်ဘဏ်တွေရဲ့ ထောက်ပံ့မှုဖြင့် အန်ဂိုလာနိုင်ငံက ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ဆိုလာဖွံ့ဖြိုးရေးစနစ်အပါအဝင် ထင်ရှားတဲ့စီမံကိန်းအများအပြားကို 'ဘိုင်ဒန်'ကချပြခဲ့ပါတယ်။
ဆီနီဂေါနိုင်ငံမှာ ဘက်စုံကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရာမှာ ဒေါ်လာ ၃.၃ သန်းတန်ဖိုးရှိ နည်းပညာအကူအညီများကိုလည်း G7 နိုင်ငံများ၊ အီးယူနဲ့ အမေရိကန်တို့က ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအမေရိကန်အေဂျင်စီမှ ကလေးသူငယ်များအတွက် ကမ္ဘာ့ဘဏ်ရန်ပုံငွေသို့ ၅ နှစ်အတွင်း ဒေါ်လာသန်း ၅၀ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံဖို့ကတိပြုချက်တွေက တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ G7 နိုင်ငံတွေရဲ့ပါဝင်ကူညီမှုများဖြင့် အစကောင်းအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
G7 နိုင်ငံတွေဟာ နိုင်ငံတော်ဝင်ငွေရဲ့ ၀.၇ ရာခိုင်နှုန်းထောက်ပံ့ပေးမယ်လို့ ကတိပြုထားပေမယ့် ၀.၃၂ ရာခိုင်နှုန်းကိုသာ ထောက်ပံ့နေကြပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published - 27 June 2022
ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ လတ်တလောတွင်စျေးနှုန်း တည်ငြိမ်နေကြောင်းစက်သုံးဆီဆိုင်များ၏ ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။
ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်တွင် စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၁၈၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၂၇၅ ကျပ် ၊ ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၃၀ ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၆၅၅ ကျပ် ရှိခဲ့ပြီး ယနေ့ စက်သုံးဆီဈေးနှုန်းမှာလည်း အထက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှု မရှိခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိနေသည့်အပြင် အဝေးပြေးယာဥ်လိုင်းအချို့တွင်လည်း အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 27 June 2022
ယခုလ ၂၈ရက်တွင် ကျရောက်မည့် ၉၄ ကြိမ်မြောက် မဟာမြတ်မုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၊ ဝါဆိုခြင်းလုံးခတ်ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းအသင်းပေါင်း (၂၀၄)သင်း ပါဝင်ကစားသွားမည်ဖြစ်ကြောင်း ယင်းပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူများထံမှ သိရသည်။
နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းခတ်ပညာ အားကစားကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း မတိမ်ကော၊ မပပျောက်အောင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကို လာမည့် ဇူလိုင်လ ၁၃ ရက်အထိ ၁၆ရက်အကြာ ကျင်းပသွားမည်ဖြစ်ပြီး တစ်ရက်ကို ခြင်း အသင်းပေါင်း (၂၀)ခန့် ပါဝင် ကစားပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များတွင် အဆိုပါပွဲတော်ကို ခြင်းအသင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ၂လကြာ ကျင်းပခဲ့ကြပြီး ပြည်ပနိုင်ငံများမှ ခြင်းလုံးဝါသနာရှင်များလည်း နှစ်စဥ်လာရောက် ကစားခြင်းများရှိခဲ့ကာ ပြည်တွင်းမှ ခြင်းခတ်ပညာရှင်များကလည်း ပြည်ပသို့သွားရောက်ပြီး နိုင်ငံခြားသားများအား ခြင်းခတ်ပညာကို ပြန်လည်မျှဝေမှုတွေရှိခဲ့ကြောင်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#WorldNews
Published 27 June 2022
အသက် ၇၈ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးဟာ သန့်ရှင်းရေးအမျိုးသမီးဝန်ထမ်းတစ်ဦးကို နေရာလမ်းညွှန်မေးခဲ့ရာ မမျှော်လင့်ဘဲ ထိုအမျိုးသမီးဟာ ၂၄ နှစ်ကြာအောင်ပျောက်ဆုံးနေခဲ့တဲ့သမီးဖြစ်နေကြောင်း သိရှိခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ယခုလအစောပိုင်းက တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်သတင်းဌာန The Cover မှာဖော်ပြခဲ့ပါတယ်။
'ကိုင်ယုရှောင်'လို့ခေါ်တဲ့ အမျိုးသမီးကြီးဟာ ရဲတွေရဲ့အကူအညီနဲ့ သမီးဖြစ်သူ'ဟူဂျန်'ရှိရာ လန်ဇောင်မြို့သို့ခြေရာခံလိုက်လာတာဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
ရဲတွေက သူတို့နှစ်ဦးပြန်လည်တွေ့ဆုံနိုင်ဖို့ စီစဉ်ထားကြပြီး တွေ့ဆုံမယ့်ရက်မတိုင်ခင်တစ်ရက်အလိုမှာ အခုလိုတိုက်ဆိုင်စွာ တွေ့ဆုံမိကြတာဖြစ်ပါတယ်။
"ကျွန်မက ကျောင်းအဝင်ဝရှေ့မှာ သန့်ရှင်းရေးလုပ်နေတုန်း အမျိုးသမီးကြီးတစ်ဦးရောက်လာပြီး နေရာလမ်းညွှန်မေးမြန်းရာမှာ သူဟာကျွန်မအမေဖြစ်ကြောင်း ချက်ချင်းမှတ်မိခဲ့ပါတယ်၊ ကျွန်မအရမ်းစိတ်လှုပ်ရှားသွားပါတယ်၊ ဒါပေမဲ့ ကျွန်မက သူ့ကိုအမေလို့ခေါ်တာတောင် သူကကျွန်မကိုမမှတ်မိခဲ့ဘူး" လို့ အသက် ၄၆ နှစ်ရှိ'ဟူဂျန်'က The Cover ကိုပြောကြားခဲ့ပါတယ်။
'ကိုင်'ကအစပိုင်းမှာ သတိထားနေခဲ့ပြီး ရဲတွေကိုဖုန်းဆက်ကာ သူ့သမီးဖြစ်ကြောင်းအတည်ပြုမေးမြန်းခဲ့ပါတယ်။
ဒီဇာတ်လမ်းက တရုတ်ဆိုရှယ်မီဒီယာတွေမှာ ယခုအပတ်အတွင်းလွှမ်းမိုးသွားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတစ်ခုနဲ့ ခိုင်းနှိုင်းခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ရဲ့အကြောင်းကို Weibo အက်ပ်မှာဖော်ပြခဲ့ရာမှာ ကြည့်ရှုသူ ၃၄ သန်းကျော်သွားခဲ့ပါတယ်။
ရဲစခန်းရှေ့မှာရိုက်ကူးခဲ့တဲ့ သားအမိနှစ်ယောက်နဲ့ ရဲအရာရှိနှစ်ယောက်တိုရဲ့ပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံသွားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတော့ 'ဟူ'ကိုဝေဖန်ပြစ်တင်ခဲ့ကြပြီး သူ့မိသားစုနဲ့ပြန်လည်ပေါင်းစည်းဖို့ ပိုပြီးကြိုးစားခဲ့သင့်ကြောင်းပြောကြားခဲ့ကြပါတယ်။
တရုတ်မီဒီယာ Red Star ရဲ့ဖော်ပြချက်အရ ၁၉၉၉ ခုနှစ်မှာ 'ဟူ'က ကျောက်မျက်ရတနာစက်ရုံတစ်ခုမှာ အလုပ်ရှာဖို့အတွက် မွေးရပ်မြေယွန်ယန်ခရိုင်ကနေ အခြားဒေသတစ်ခုသို့ရွှေ့ပြောင်းလာပြီးနောက် သူ့မိသားစုတွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
မိသားစုရဲ့ဖုန်းနံပါတ်ပါဝင်တဲ့ စာရွက်စာတမ်းတွေ အထားမှားပြီးတော့ အိမ်ကိုဖုန်းဆက်သွယ်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။
Three Gorges Dam ရေကာတာဆောက်လုပ်ရေးအတွက် သူ့မိသားစုက မွေးရပ်မြေကနေဖယ်ရှားလိုက်ရပြီးနောက် လုံးဝအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
စာရေးပေးပိုခဲ့ပေမယ့် လိပ်စာအဟောင်းကို ပိုလို့မရတော့တာကြောင့် 'ဟူ'ဆီကိုပဲ စာတွေပြန်ရောက်လာပါတယ်။
"အမေနဲ့နေရမယ့်အချိန်တွေ အများကြီးကုန်ဆုံးခဲ့ရပါတယ်၊ အခုတော့ လက်ကျန်အချိန်တွေကို အမေနဲ့ပဲဖြတ်သန်းသွားဖို့ သစ္စာပြုလိုက်ပါပြီ" လို့ ပြောပြသွားပါတယ်။
Source: Insider
#Yangon_Media_Group
#LocalNews
Published _ 27 June 2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းစိုက်ပျိုးရာ ဒေသများတွင်
ထန်းဖိုရာသီပြီးဆုံး၍ ထန်းမရာသီစတင်ချိန်၌ ထန်းလျက်ဈေးနှုန်းဟာ နှစ်စဉ်တိုးလာကြောင်း ထန်းစိုက်တောင်သူများ ထံမှသိရသည်။
ပြီးခဲ့သည့်နှစ်တွင် ထန်းလျက် တစ်ပိသာကို ငွေကျပ် ၁၆၀၀ ဈေးဖြင့် အမြင့်ဆုံးရောင်းချခဲ့ကြသော်လည်း ယခုတွင် ထန်းလျက် တစ်ပိသာ ငွေကျပ် ၁၈၀၀ မှ ၂၂၀၀ ကြားရောင်းချနေရကြောင်း ယင်းတောင်သူများက ပြောသည်။
ထန်းလျက်ဈေးသည် ထန်းရာသီတစ်လျောက် တူညီခြင်းမရှိပဲပ ပေါ်ဦးပေါ်ဖြားရာသီစျေးနှုန်းဟာ တစ်ပိသာကို ငွေကျပ် ၂၀၀၀မှ စတင်ကာ ၂၂၀၀အထိ ရှိတတ်ပြီး ထန်းလျက်လှိုင်လှိုင်ပေါသည့် ရာသီတွင် ငွေကျပ် ၁၈၀၀ အထိ ကျဆင်းလေ့ရှိတတ်သည်။
ထန်းတက်ခြင်းလုပ်ငန်းကို တန်ခူးလတွင်စတင်လုပ်ကိုင်ကြပြီး သီတင်းကျွတ်ရာသီတွင် ပြီးဆုံးကြောင်းသိရသည်။
တန်ခူးလတွင် ထန်းဖို ထန်းတက်ခြင်းလုပ်ငန်းလုပ်ကိုင်ကာ နယုန်လတွင် ထန်းချက်ခြင်းလုပ်ငန်းပြီးဆုံး၍ ယင်းနယုန်လအစတွင် ထန်းမ ထန်းတက်ခြင်းလုပ်ငန်းအား ဆက်လက်လုပ်ကိုင်ကာ ထိုထန်းချက်ခြင်းလုပ်ငန်း ရာသီကို သီတင်းကျွတ်လတွင် အပြီးသတ်သိမ်းဆည်းကြကြောင်း ထန်းစိုက်တောင်သူများ ထံမှသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_27 June 2022
မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချမည်ဟု ယူဆရသော ကျပ်သိန်း ၂ သောင်းခွဲခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်မြေပုံမြို့နယ်၊ ကျွန်းသာယာ၏ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ ပင်လယ်ပြင်၏ စက်လှေတစ်စင်းပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြေပုံမြို့နယ် ပူးပေါင်းအဖွဲ့မှ ဇွန်လ ၂၅ ရက်တွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အဆိုပါ မသင်္ကာဖွယ်စက်လှေတစ်စီးကို ခေါ်ယူစစ်ဆေးရာ လှေပေါ်ပါသူများ ရေထဲသို့ခုန်ချထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ လှေကိုစစ်ဆေးရာ လှေအမည်မှာ သစ်သားတွင် ထာဝရဓနပွားအောင်ဟုရေးထွင်းထားသော်လည်း ဆေးသုတ်ဖျက်ဆီးထားသည်ကိုတွေ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
ယင်းစက်လှေမှာ Cummins engine ၆ လုံးထိုး(ဂီယာဘောက်စ် နှင့်တွဲလျက်) စက်မကြီး ၁ လုံး၊ ခွမ်းအင်ဂျင်အဖြစ် ၆ လုံးထိုး ၁ လုံး၊ မီးစက် ၁ လုံး တို့ပါရှိပြီး ရေခဲအကန့် ၉ ကန့် ပါရှိပြီး နောက်ဆုံးအကန့်တွင် ငါးဖမ်းပိုက်များဖြင့် ဖုံးအုပ်ထားသော တရုတ်စာများနှင့် DA GUAN YIN စာတန်းပါ လက်ဖက်ခြောက်အိတ်ခွံဖြင့် ထုပ်ပိုးထားသည့် ICE ဟုယူဆရသည့် ၁ ထုပ်လျှင် အလေးချိန် 1 kg ရှိ ၁၀၀၀ ထုပ် (ကာလတန်ဖိုး ၂၅,၀၀၀,၀၀၀,၀၀၀ ကျပ် ခန့်)ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးများမှာ စစ်တွေမြို့၊ ပေါက်တောမြို့အပါအဝင် ဖရုံကာကျွန်းအရှေ့ဘက်ရှိ ကျေးရွာများမှ တင်ဆောင်ထားခြင်းဖြစ်သည်ဟု သုံးသပ်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_27 June 2022
လေပြင်းတိုက်၍ နစ်မြုပ်သွားသည့်လှေတွင် ပါဝင်သော မြန်မာငါးဖမ်းလှေသမားနှစ်ဦးအား ထိုင်းစစ်သားများ ကယ်တင်လိုက်ကြောင်း ထိုင်းဒေသတွင်းမြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများက ပြောသည်။
ဇွန်လ ၂၆ ရက်က မြန်မာနိုင်ငံကော့သောင်းမြို့ဘက်မှငါးကို ပဲ့ချိတ်လှေဖြင့်တင်၍ ထိုင်းနိုင်ငံရနောင်းမြို့သို့သွားရောက်ပို့ဆောင်စဉ် ထိုင်းရေပိုင်နက်ပယ်လယ်ပြင် ဖီးကျွန်းအနီးရောက်ရှိစဉ် လေပြင်းတိုက်ခတ်သည့်အတွက် အဆိုပါလှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပဲ့ချတ်လှေမှာ ရေထဲသို့ နစ်မြုပ်သွားခဲ့သောကြောင့် လှေနှင့်အတူပါလာသည့် မြန်မာလှေလုပ်သားနှစ်ဦးမှာ အရာဝတ္ထုတစ်ခုကို အော်ဟစ်အကူအညီတောင်းနေစဉ် သင်္ဘောဖြင့်ကင်းလှည့်စစ်ဆေးမှု ပြုလုပ်နေသော ထိုင်းစစ်သားကတွေ့ရှိ၍ ကယ်ဆယ်ခဲ့ကာ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
photo- RoyalThaiArmy
ymg/mt
#Yangon_Media_Group
#Local_News
Published_27 June 2022
လေပြင်းတိုက်၍ နစ်မြုပ်သွားသည့်လှေတွင် ပါဝင်သော မြန်မာငါးဖမ်းလှေသမားနှစ်ဦးအား ထိုင်းစစ်သားများ ကယ်တင်လိုက်ကြောင်း ထိုင်းဒေသတွင်းမြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများက ပြောသည်။
ဇွန်လ ၂၆ ရက်က မြန်မာနိုင်ငံကော့သောင်းမြို့ဘက်မှငါးကို ပဲ့ချိတ်လှေဖြင့်တင်၍ ထိုင်းနိုင်ငံရနောင်းမြို့သို့သွားရောက်ပို့ဆောင်စဉ် ထိုင်းရေပိုင်နက်ပယ်လယ်ပြင် ဖီးကျွန်းအနီးရောက်ရှိစဉ် လေပြင်းတိုက်ခတ်သည့်အတွက် အဆိုပါလှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပဲ့ချတ်လှေမှာ ရေထဲသို့ နစ်မြုပ်သွားခဲ့သောကြောင့် လှေနှင့်အတူပါလာသည့် မြန်မာလှေလုပ်သားနှစ်ဦးမှာ အရာဝတ္ထုတစ်ခုကို အော်ဟစ်အကူအညီတောင်းနေစဉ် သင်္ဘောဖြင့်ကင်းလှည့်စစ်ဆေးမှု ပြုလုပ်နေသော ထိုင်းစစ်သားကတွေ့ရှိ၍ ကယ်ဆယ်ခဲ့ကာ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
photo- RoyalThaiArmy
ymg/mt
#Yangon_Media_Group
#WorldScience
Published 27 June 2022
မိချောင်း၊ ပုတ်သင်နဲ့ လိပ်တွေဟာ အသက် ၁၅၀ နှစ်လောက်အထိနေနိုင်တဲ့ လျှို့ဝှက်ချက်ရှိနေမယ်လို့ ပညာရှင်များက ခန့်မှန်းနေကြပါတယ်။
ဆယ်စုနှစ်များစွာ ကြာတဲ့တိုင်အောင် သိပ္ပံပညာရှင်တွေဟာ မအိုဆေးရှာဖွေရင်း အချိန်တွေကုန်ဆုံးခဲ့ကြပါတယ်။
အရွယ်အစားတူတဲ့ အခြားသတ္တဝါတွေထက် ပိုမိုအသက်ရှည်စွာနေထိုင်နိုင်တဲ့ လိပ်လိုမျိုးသွေးအေးသတ္တဝါတွေကို စမ်းသပ်လေ့လာခဲ့ကြရာမှာ သူတိုရဲ့သက်တမ်းဆန့်တိုးနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
သူတို့ရဲ့နည်းလမ်းတွေနဲ့ လူသားတွေမှာလည်းအသုံးချနိုင်အောင် မီချီဂန်ပြည်နယ်တက္ကသိုလ်မှသုတေသီများက ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
တကယ်လက်တွေ့ ရှာဖွေတွေ့ရှိမှုတွေရရှိဖို့ကတော့ နှစ်တွေကြာဦးမယ်လို့ ယူဆရပါတယ်။
ပန်ဆယ်ဗေးနီးယားတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဒေးဗစ်မေလာ'က "အချို့တိရိစ္ဆာန်တွေအသက်ကြီးနှုန်းနှေးတာကို နားလည်အောင်လုပ်နိုင်ရင် လူသားတွေမှာ အိုမင်းလာတာကိုလည်း ပိုမိုနားလည်လာနိုင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ မျိုးသုဉ်းနိုင်ချေရှိနေတဲ့ သတ္တဝါတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Science ဂျာနယ်ရဲ့ဖော်ပြချက်အရ ပညာရှင်များဟာ ကမ္ဘာအနှံမှာကျက်စားနေတဲ့ တွားသွားသတ္တဝါနဲ့ ကုန်းနေရေနေသတ္တဝါမျိုးစိတ် ၇၇ မျိုးကို လေ့လာခဲ့ကြပါတယ်။
အချို့မျိုးစိတ်တွေမှာ အိုမင်းရင့်ရော်လာတဲ့သဘောမျိုးတောင် မတွေ့ခဲ့ရပါဘူး။
သက်ရှိသတ္တဝါတိုင်း အိုမင်းပြီးသေဆုံးရတယ်ဆိုပေမယ့် ပျက်စီးယိုယွင်းခြင်းနဲ့ သေခြင်းတရားလမ်းစဉ်အတိုင်း ရှိမနေတဲ့ သတ္တဝါတွေလည်း ရှိနေပါတယ်။
သတ္တဝါမျိုးစိတ်တစ်ခုက ပျက်စီးယိုယွင်းခြင်းဖြစ်မလာဘူးဆိုရင် အိုမင်းခြင်းဆိုတာလည်း ဖြစ်မလားပါဘူးလို့ ပရော်ဖက်ဆာက ရှင်းပြပါတယ်။
လိပ်တွေက သူတို့အစားမခံရအောင် လိပ်ခွံအမာကြီးတွေရှိသလို မိချောင်းတွေဆိုရင် ထူထဲတဲ့အကြေးခွံတွေရှိပေမယ့် လူတွေမှာကတော့ ဒီလိုအရာတွေ ရှိမနေပါဘူး။
ဒါပေမဲ့ အဆိုပါသတ္တဝါတွေ အိုမင်းခြင်းမဖြစ်တာဟာ ခန္ဓာကိုယ်အတွင်းထဲက အရာတွေကြောင့်လို သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။
ယခုတွေ့ရှိချက်တွေအရ တွားသွားသတ္တဝါအချို့အသက်ရှည်ရခြင်းဟာ သူတို့ရဲ့ဇီဝကမ္မဖြစ်စဉ်နှေးခြင်းနဲ့ဆက်စပ်နေမယ်လို့ အားလုံးကသဘောတူထားကြပါတယ်။
သွေးအေးသတ္တဝါတွေက ပတ်ဝန်းကျင်ကနေ စွမ်းအင်စုပ်ယူနိုင်တာကြောင့် လူသားတွေလိုနို့တိုက်သတ္တဝါတွေလိုမျိုး ကယ်လိုရီလောင်ကျွမ်းဖို့ မလိုအပ်ကြပါဘူး။
ဒါကြောင့် သွေးအေးသတ္တဝါတွေဟာ အစာစားစရာသိပ်မလိုဘဲ ဇီဝကမ္မဖြစ်စဉ်နှေးကွေးရတာဖြစ်ပါတယ်။
ဒါပေမဲ့ အဆိုပါမျိုးစိတ် ၇၇ မျိုးကို အရွယ်အစားတူသွေးနွေးသတ္တဝါတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အသက်ရှည်ခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်နှေးခြင်းတို့အကြား ဆက်စပ်မှုမရှိတာကို တွေ့ခဲ့ရပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာပေါ်ရှိသက်တမ်းအရင့်ဆုံးသတ္တဝါဖြစ်တဲ့ ဧရာမလိပ်ကြီးဟာ အသက် ၁၉၀ ရှိပါပြီ။
အဆင့်မြင့်လာတဲ့ မအိုဆေးနည်းပညာများကြောင့် ၂၀၇၀ ခုနှစ်လောက်မှာမွေးမယ့်လူတွေဟာ အသက် ၁၅၀ လောက်အထိ နေထိုင်နိုင်လောက်တယ်လို့ ပညာရှင်များကပြောခဲ့ကြပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 27 June 2022
၂၀၂၂ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၆ ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကမ္ဘောဇဘဏ်ခွဲ (၉)သို့ ဝင်ရောက်၍ ဘဏ်ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် ၄၄၉ သိန်းအား ဓါးပြတိုက်ရာတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူ ဆရာစွမ်း(ခ) ထက်ရှိင်းဇော်အား အသေဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားပါတယ်။
ဇွန် ၂၅ ရက်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ Lotteria ကြက်ကြော်ဆိုင်၌ ဆရာစွမ်း(ခ) ထက်ရှိင်းဇော်အားတွေ့ရှိသဖြင့် ဖမ်းဆီးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ Glock အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ်၂ ခု၊ ၉မမ ကျည် ၁၉ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်မှ တရားခံများအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ညောင်ဦးမြို့၊ သာယာဝတီရပ်၊ အမှတ်(၁)ရပ်ကွက်၌ ဘဏ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့တဲ့ ကောင်းခန့်နောင်၊ သန်းထွန်းဇော်၊ မျိုးမင်းသန့်၊ ပပလင်း၊ သဉ္ဇာလင်းနှင့် လဲ့လဲ့ဝေတို့ ၆ ဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သန်းထွန်းဇော်၊ ကောင်းခန့်နောင်၊ ဆရာစွမ်း(ခ)ထက်ရှိင်းဇော်တိုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ခရိုင်၊ ကနီမြို့နယ်ရှိ ကနီ PDF တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ပြီး ရတနာပုံတော်လှန်ရေးအဖွဲ့အား ဆရာစွမ်း(ခ) ထက်ရှိင်းဇော်မှ ခေါင်းဆောင်၍ အင်အား ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published_ 26 June 2022
နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် မြိုပြသစ်တောစိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကို ၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တဲ့ အတွက် စိမ်းလန်းစိုပြေတဲ့ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ပြီး နွေရာသီတွင် အပူချိန်လျော့နည်းခဲ့ ကြောင်း နစကဥက္ကဌ က ပြောကြားခဲ့ပါတယ်။
နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်၊ မာရဝိဇယ ဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ဇွန် ၂၆ ရက် ဒီကနေ့ကျင်းပတဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် ၂၀၀၀ ပြည့်နှစ်၌ နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိတဲ့အတွက် သစ်တောဖုံးလွှမ်းမှု ပိုမိုလျော့နည်းမသွားစေရေး၊ သစ်တောပြုန်းတီးမှု လျှော့ချရပ်ဆိုင်း နိုင်ရေး၊ သဘာဝတောများ ထိန်းသိမ်းရေး၊ သစ်တောများပြန်လည်ထူထောင်ရေး၊ သစ်တောမြေမှ အခြားမြေအဖြစ် ပြောင်းလဲအသုံးချမှုမရှိစေရေး တိုက်တွန်းပြောကြားခဲ့ ပါတယ်။
နေပြည်တော်ကို သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပသည့် Green and clean City အဖြစ် ရေရှည်တည်ထောင်နိုင်ရေးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် Green and clean cities များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြော်အမြင်ကြီးကြီးဖြင့် အလေးထားဆောင်ရွက်သွားဖို့ မှာကြားခဲ့ပါတယ်။
ဒီကနေ့ကျင်းပပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့် စိန်ပန်းသစ်မျိုး ပျိုးပင်စုစုပေါင်း ၆၅၂ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြပါတယ်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ၏ မှတ်တမ်းအရ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များက သစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံ ဟတ်တာခန့်ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံ ဟတ်တာခန့်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှနိုင်ငံများသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့သစ်တောဧရိယာ၏ ၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်လျက်ရှိသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟတ်တာ ၉ ဒသမ ၄ သန်းခန့် ပြုန်းတီးခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group



Published 26 June 2022
G7 ခေါင်းဆောင်တွေဟာ ဂျာမနီနိုင်ငံမှာ စုဝေးရောက်ရှိနေကြတဲ့အချိန်မှာ ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ရဲ့ လူနေရပ်ကွက်တစ်ခုမှာ ဇွန် ၂၆ ရက် တနင်္ဂနွေ မနက်စောစောက ရုရှားရဲ့ ဒုံးကျည်နှင့်ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုကြီးတွေ ဖြစ်ခဲ့ပါတယ်။
ရုရှားရဲ့ ဒုံးကျည်တွေဟာ မြို့တော်ကိဗ်က လူနေအိမ်ခန်းတွဲကြီးတစ်ခုကို ထိမှန်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် လူနှစ်ယောက်ဒဏ်ရာရခဲ့ပြီး အချို့ဟာ အပျက်အစီးပုံတွေအောက်ရောက်သွားကြပါတယ်။မနက် ၆နာရီခွဲခန့်မှာ ပေါက်ကွဲသံကြီး လေးခုကို ဆက်တိုက်ကြားခဲ့ကြရတာဖြစ်ပြီး အဲဒီနောက် လေကြောင်းအန္တရာယ်အချက်ပေးဥဩသံတွေ မြို့တော်မှာ ညံသွားခဲ့ပါတယ်။
သုံးပတ်နီးပါးခန့်အထိ တိုက်ခိုက်မှုမရှိခဲ့ပဲ ယခုမှ ကိဗ်ကို ပထမဆုံး ပြန်လည်တိုက်ခိုက်လာတာဟာ နေတိုးထိပ်သီးအစည်းအဝေးကို နီးကပ်လာချိန် ယူကရိန်းပြည်သူတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ မြို့တော်ဝန် ဗစ်တာလီကလစ်ချ်ကိုက ပြောပါတယ်။
“ နေထိုင်သူအချို့ကိုကယ်ထုတ်ပြီးပါပြီ။ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ထားတယ်” လို့လည်း သူကပြောပါတယ်။
G7 နှင့် နေတိုးအစည်းအဝေးတွေမှာ မိန့်ခွန်းပြောမယ်လို့မျှော်လင့်ထားကြတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက လူဗျူးလိုပဲ ဝေးတဲ့ ပိုလန်နယ်စပ်အနားက မြို့တွေကို စနေနေ့က ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းရဲ့ အဓိကစက်မှုမြို့တစ်မြို့ဖြစ်တဲ့ ဆီဗာရိုဒွန်ညက်ကို ရုရှားတပ်တွေ အပြည့်အဝ သိမ်းပိုက်ခဲ့ကြောင်း အဲဒီမြို့က မြို့တော်ဝန်က ပြောဆိုအပြီး တစ်ရက်အကြာမှာ ကိဗ်မြို့ကို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။
စစ်ပွဲက ငါးလထဲ ဝင်လာတဲ့အလျောက် အဲဒီမြို့ကို သိမ်းပိုက်လိုက်နိုင်တာဟာ မော်စကိုအတွက် အရေးကြီးတဲ့ မဟာဗျူဟာမြောက် အောင်ပွဲတစ်ခုအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်လို့သတင်းမှာဖော်ပြထားပါတယ်။
Source AFP
Page 1716 of 1956