Published 21 Aug 2022
မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော အာခါတိုင်းရင်းသားလူမျိုးစုသည် ရှမ်းပြည်နယ်( အရှေ့ပိုင်း)သံလွင်မြစ်အရှေ့ခြမ်း တောင်ပေါ်ဒေသများတွင်အဓိကနေထိုင်ကြပြီး လူဦးရေအားဖြင့် ၂ သိန်းခန့် ရှိသည်ဟုခန့်မှန်းရသည်။
အာခါတိုင်းရင်းသားလူမျိုးစုသည် ကိုယ်ပိုင်ရိုးရာယဥ်ကျေးမှု၊စာပေ၊သမိုင်းအခိုင်အမာတည်ရှိပြီး ရိုးရာယဥ်ကျေးမှုအမွေအနှစ်များကိုလည်းချစ်ခင်မြတ်နိုးလျက် ဓလေ့ထုံးတမ်းစဥ်လာများကိုလည်း
ထိန်းသိမ်းလျက်ရှိ၏။
ဓလေ့ထုံးတမ်းဟုဆိုရာ၌လေးစား၍ချစ်ခင်မြတ်နိုးဖွယ်၊အတုယူဖွယ်၊မွန်မြတ်၍ထိန်းသိမ်းစောင့်ရှောက်အပ်သော ယဥ်ကျေးမှုအမွေအနှစ်ဖြစ်ပေသည်။အာခါတိုင်းရင်းသားလူမျိုးတို့တွင် ကိုးကွယ်ယုံကြည်မှု၊ရိုးရာယဥ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းတွင်ရာသီအလိုက်ကျင်းပပြုလုပ်ရမည့် ထုံးတမ်းစဥ်လာများရှိကြရာဝယ် ကိုးကွယ်ရာဘာသာရေးအရသော်လည်းကောင်း၊လူမှုရေးအရသော်လည်းကောင်း၊လူမျိုးဘာသာမရွှေး
ပါဝင်ဆင်နွဲနိုင်သော ဓလေ့ထုံးတမ်းများရှိကြရာတွင် "ခါးထောင်းဖား" ခေါ် နှစ်သစ်ကူး၊ " ရဲခူအဖွေ "ခေါ် "ဒါန်းစီး" ပွဲတော်တို့သည် ထင်ရှား၍ လူမျိုးဘာသာမရွေး အာခါတိုင်းရင်းသားတို့နှင့်အတူတကွ ပျော်ရွှင်စွာပါဝင်ဆင်နွဲနိုင်သော ရိုးရာပွဲများပင်ဖြစ်သည်။
နှစ်စဥ် ဩဂုတ်လသည် အာခါတိုင်းရင်းသားတို့၏ " ရဲခူအဖွေ " ဒန်းစီးပွဲတော်ကာလဖြစ်၏။ပွဲတော်ကျင်းပရမည့်ရက်ကောင်းရက်မြတ်ကို ရွာအတွင်းရှိရိုးရာကိုးကွယ်ယုံကြည်သည့် ဘာသာရေးဆရာက တွက်ချက်ပေးကာကျင်းပကြရသည်။
တိုင်းရင်းသားလူမျိုးစုဟုခေါ်ဆိုသမုတ်နိုင်ရေးသည် မိမိတို့လူမျိုး၊ကိုယ်ပိုင်ဘာသာစကား၊စာပေနှင့်ရိုးရာကိုးကွယ်ယုံကြည်မှု၊ယဥ်ကျေးမှုဓလေ့ထုံးတမ်းအစဥ်အလာများအခိုင်အမာရှိကြပေသည်။
အခါတိုင်းရင်းသားလူမျိုးစုတို့သည် ဖော်ပြပါအချက်များဖြင့်ပြည့်စုံပြီး ပြည်ထောင်စုအတွင်းမှတိုင်းရင်းသားမျိုးနွယ်စုတစ်စုအဖြစ်ရပ်တည်နေလျက်ရှိ၏။
အထက်ဖော်ပြပါအတိုင်း ယခုကာလသည်
" ရဲခူအဖွေ" ရိုးရာဒါန်းစီးပွဲတော်ကျင်းပချိန်ဖြစ်သဖြင့် ( ၂၀၂၂ )ခုနှစ်၊ဩဂုတ်လ( ၁၈) ရက်နေ့တွင်
( ၁၂ )ကြိမ်မြောက် အာခါရိုးရာစုပေါင်း " ဒန်းစီး "ပွဲတော်အခမ်းအနားကိုရှမ်းပြည်နယ်( အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ် မိုင်းတွင်းတောင်ပေါ်အုပ်စု ဦးဖူဒေ့ ကျေးရွာ၌ ကျင်းပခဲ့ကြပုံများကို ဖော်ပြအပ်ပါသည်။
ယာဆေး ( ရှေးသရောအာခါ)




#Health_Tips
Published 21 August 2022
ရေမိုးချိုးလိုက်ရင် လူကလန်းဆန်းပြီး အားပြည့်သွားသလိုခံစားရစေပါတယ်။
ဒါပေမဲ့ ရေပူချိုးခြင်းနဲ့ ရေအေးချိုးခြင်းကလည်း အကျိုးသက်ရောက်မှု ကွဲပြားမှုရှိနေပါတယ်။
*ရေပူချိုးခြင်း၏ အကျိုးကျေးဇူးများ
- လန်းဆန်းပေါ့ပါးစေခြင်း
ရေအပူချိန် ၃၈ နဲ့ ၃၉ ဒီဂရီထက်မပိုတဲ့ ရေနဲ့ချိုးရင် အတော်ကိုအကြောပြေလန်းဆန်းစေပါတယ်။
ရေနွေးနဲ့ထိလိုက်တာနဲ့ ကြွက်သားတွေ ပြေလျော့သွားတာကို ခံစားမိမှာပါ။
ကြွက်သားတောင့်တင်းနေတာတွေလည်း ချက်ချင်းသက်သာစေပါတယ်။
ရေနွေးနဲ့ချိုးခြင်းဖြင့် အသက်ရှူနှုန်းကို နှေးစေတာကြောင့် အဆုတ်နက်ရှိုင်းတဲ့အထိ သေချာလေးအသက်ရှူသွင်းမိပါတယ်။
- အသားအရည်သန့်စင်စေခြင်း
ရေနွေးက အရေပြားပေါ်ကချွေးပေါက်တွေကို ကျယ်စေပါတယ်။
ဒါကြောင့် အရေပြားက အဆိပ်အတောက် အဆီအညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။
ဒါပေမဲ့ ရေနွေးအပူချိန်သိပ်မများဖို့ကိုတော့ ဂရုစိုက်ရပါမယ်။
*ရေအေးချိုးခြင်း၏ အကျိုးကျေးဇူးများ
- ခန္ဓာကိုယ်အတွက် အားအင်ဖြစ်စေခြင်း
ရေချိုးတဲ့အခါ ခန္ဓာကိုယ်မှာ အားအင်ရှိလာသလို ခံစားရစေပါတယ်။
ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးပြီး ကြွက်သားတွေကို နှိုးဆွပေးပါတယ်။
တစ်နေ့တာအတွက် တက်တက်ကြွကြွနဲ့ အဆင်သင့်ဖြစ်နေချင်ရင် ရေအေးချိုးခြင်းက အကောင်းဆုံးပါ။
ရေအေးချိုးတဲ့အခါ ကယ်လိုရီလောင်ကျွမ်းဖို့ ပိုမိုလှုပ်ရှားရတာကြောင့် ကိုယ်အလေးချိန်ကျခြင်းကို အထောက်အကူဖြစ်စေပါတယ်။
- ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း
အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယပ်စ်ရေအေးကို ချိုးခြင်းဖြင့် ခန္ဓာကိုယ်ကနေ သွေးဖြူဥများ ပိုမိုထွက်ရှိစေပါတယ်။
သွေးဖြူဥတွေက ပြင်ပရောဂါပိုးမွှားထံမှ ကာကွယ်ပေးတာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့် အောက်ဆီဂျင်လုံလောက်စွာရရှိစေပါတယ်။
ရေအေးနဲ့ ရေနွေးက သူ့အားသာချက်နဲ့သူ ရှိနေတာကြောင့် မိမိနဲ့ကိုက်ညီတဲ့ အပူချိန်အလိုက် ရေချိုးဖို့ကသာ အရေးပါတယ်။
ရေနွေးနဲ့ချိုးတဲ့အခါ ၁၀ မိနစ်ထက် မကျော်သင့်ဘဲ ရေအေးချိုးတဲ့အခါမှာတော့ ရေအပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချသွားသင့်ပါတယ်။
Source: Soo Healthy
#Yangon_Media_Group
#World_Health
Published 21 August 2022
ကိုဗစ်ကပ်ရောဂါအစတုန်းက သိပ္ပံပညာရှင်များဟာ ၁၉၀၀ ခုနှစ်တွေကထုတ်လုပ်ခဲ့တဲ့ တီဘီကာကွယ်ဆေးဖြင့် ခုခံအားမြှင့်တင်ပြီး ကိုဗစ်ရောဂါကိုကာကွယ်ပေးနိုင်မလားဆိုပြီး စမ်းသပ်ခဲ့ကြပါတယ်။
Bacillus-Calmette-Guerin ဆိုတဲ့ ကာကွယ်ဆေးဟာ ကိုယ်ခံအားကို ကောင်းစွာမြှင့်တင်ပေးနိုင်ပြီး အခုအချိန်အထိ တီဘီကူးစက်နိုင်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးကင်းစကလေးတွေကို ထိုးပေးနေဆဲဖြစ်ပါတယ်။
ထိုကာကွယ်ဆေးဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ပါရာဆိုက် စတဲ့ ကူးစက်ရောဂါအမျိုးမျိုးကို ခုခံနိုင်ရန် ကိုယ်ခံအားစနစ်အားမြှင့်တင်ပေးပြီး ကလေးငယ်တွေရဲ့ အသက်သေဆုံးနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
မျောက်ကျောက်ရောဂါနဲ့ ပိုလီယိုတိုပါ ပြန်လည်ထွက်ပေါ်လာပြီး ကိုရိုနာဗိုင်းရပ်စ်ကလည်း ဆင့်ကဲပြောင်းလဲလာတဲ့အချိန်မှာ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ဖွယ်ရှိနေတဲ့ ကာကွယ်ဆေးအဟောင်းကို သိပ္ပံပညာရှင်များ ပြန်လည်စိတ်ဝင်စားလာကြပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကိုဗစ်ကပ်ရောဂါစတင်ချိန်မှာ ဆီးချိုရောဂါလူနာ ၁၄၄ ယောက်ကို လေ့လာခဲ့ပါတယ်။
လူ ၃ ပုံ ၂ ပုံဟာ ကပ်ရောဂါမတိုင်ခင်က တီဘီဆေးအနည်းဆုံး ၃ ကြိမ်ထိုးထားပြီး ကျန်လူနာတွေကတော့ အာနိသင်မပါတဲ့ဆေးများ ထိုးပေးခဲ့ပါတယ်။
တီဘီဆေးထိုးထားတဲ့လူနာတွေထဲက ၁ ရာခိုင်နှုန်းကသာ ကိုဗစ်ရောဂါဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးမထိုးတဲ့ လူတွေထဲကတော့ ၁၂.၅ ရာခိုင်နှုန်းဟာ ကိုဗစ်ကူးစက်ခဲ့ပါတယ်။
စမ်းသပ်ချက်အတိုင်းအတာက ကျဉ်းမြောင်းပေမယ့် ရလာဒ်တွေကတော့ မိုဒါနာနဲ့ ဖိုင်ဇာကာကွယ်ဆေးတွေလိုပဲဖြစ်ကြောင်း မာဆာချူဆက်အထွေထွေဆေးရုံမှ ဒေါက်တာ'ဒန်နစ်ဖော့စ်မန်'က ပြောပြခဲ့ပါတယ်။
ထိုကာကွယ်ဆေးက ထိုးနှံသူရဲ့ကိုယ်ခံအားစနစ်ကို အသစ်ဖြစ်အောင်ပြုလုပ်ပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
နှလုံးရောဂါ၊ အဆုတ်ရောဂါရှိတဲ့ နောက်ထပ်လူနာ ၃၀၀ ကိုလည်း တီဘီဆေးဖြင့်စမ်းသပ်ခဲ့ရာ လူ ၃ ပုံ ၂ ပုံမှာ ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ခဲ့ကြောင်း ဆိုပါတယ်။
အချို့တွေက တီဘီကာကွယ်ဆေးရဲ့အစွမ်းကို ယုံကြည်ကြပေမယ့် အချို့ကတော့ မယုံကြည်ကြပါဘူး။
"ဆေးက အခြားသက်ရောက်မှုတွေရှိတယ်ဆိုပေမယ့် ဘယ်လောက်များသိသာတဲ့လက္ခဏာ ဖြစ်နေလို့လဲ" လို့ ဩစတြေးလျ မဲလ်ဘုန်းတက္ကသိုလ်မှ ကလေးအထူးကုဒေါက်တာ'နိုင်ဂျယ်ကာတစ်'က ဆိုပါတယ်။
ဆယ်စုနှစ်များတိုင်အောင် တီဘီဆေးကို ဓာတ်ခွဲခန်းထဲမှ ဘက်တီးရီးယားနဲ့ထုတ်လုပ်ခဲ့ပါတယ်။
ထိုးနှံခြင်းအကြိမ်အရေအတွက်က ခုခံအားအပေါ်သက်ရောက်မှုရှိနေပြီး ကာကွယ်နိုင်စွမ်းအပြည့်အဝရနေဖို့ ထပ်ခါထပ်ခါထိုးနှံဖို့ လိုအပ်နိုင်ပါတယ်။
တီဘီဆေးကို နောင်ထွက်ပေါ်လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ချင်ကြတာဖြစ်ပါတယ်။
Source: New York Times
#Yangon_Media_Group
#Local_News
Published - 20 August 2022
မြေပဲ၊ နေကြာ၊ နှမ်းအပါအဝင် ဆီထွက်သီးနှံများရဲ့ ကုန်ကြမ်းဈေးနှုန်းတွေဟာ ကြီးမြင့်လာတာကြောင့် ပြည်တွင်းစားဆီဈေးနှုန်းမြင့်တက်နေတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 August 2022
အခုတစ်ပတ်ထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ အဝယ်လိုက်နေပြီး ဈေးနှုန်းတွေကလည်း ဆက်တိုက်မြင့်တက်လာနေတယ်လို့ ဘုရင့်နောင်ပွဲရုံတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Climate
Published 20 August 2022
'မာ့ခ်ကိုဝမ်ဟိုဗန်'နဲ့ ငါးဖမ်းအဖွဲ့က နယ်သာလန်နိုင်ငံရှိ ခန်းခြောက်နေတဲ့ ရေကန်ထဲကငါးတွေကို ရေပုံးထဲပစ်ထည့်နေကြပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 20 August 2022
- ကျန်းမာရေးနှင့်ညီညွတ်အောင် ဖျော်ရည်တွေကို ဘယ်လိုရွေးချယ်ပြီး ဘယ်လိုပုံစံနှင့်သောက်သုံးသင့်ပါသလဲ??
#Yangon_Media_Group
Published 20 Aug 2022
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ၊နည်းပြများနှင့်အုပ်ချုပ်သူတွေကို ရရှိတဲ့ ဆုတံဆိပ်များအလိုက် စုစုပေါင်းကျပ်ငွေသိန်းတစ်သောင်းကျော် ကို ယနေ့ ဩဂုတ် ၂၀ရက်နေ့မှာ အခမ်းအနားနှင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့တဲ့ မြန်မာ မသန်စွမ်းသူများ အားကစားအဖွဲ့အား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ဩဂုတ် (၂၀)ရက်က နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ တွင် ကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကားပြောကြားပြီး ဆုတံဆိပ်ရရှိခဲ့တဲ့ အားကစားသမား တစ်ဦးချင်းကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယခုနှစ် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၆ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၁၁ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ ရွှေ ၁၄ ခု၊ ငွေ ၁၂ခုနှင့် ကြေး ၁၇ ခုစုစုပေါင်း ဆုတံဆိပ် ၄၃ ဆုရရှိပါတယ်။ နိုင်ငံပေါင်း ၁၁နိုင်ငံယှဉ်ပြိုင်ရာမှာ အဆင့် (၆)ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ အားကစားသမား ၆၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ရွှေတံဆိပ်ဆုရသူတစ်ဦးလျှင် ကျပ်သိန်း ၃၀၀၊ငွေတံဆိပ်ဆုရသူတစ်ဦးလျှင် ကျပ်သိန်း ၂၀၀ ၊ကြေးတံဆိပ်ရသူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ၊ အသင်းလိုက်ရွှေတံဆိပ်ရလျှင် တစ်ဦးချင်းစီကို ကျပ်သိန်း ၁၀၀စီ၊ ငွေတံဆိပ်ရလျှင် ကျပ်သိန်း ၇စီ၊ ကြေးတံဆိပ်ရလျှင် ကျပ် ၃၅သိန်းစီ၊ နည်းပြများအတွက် ရွှေတံဆိပ်ဆုရအားကစားအတွက်နည်းပြကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရလျှင် ကျပ်သိန်း ၅၀နှင့် ကြေးတံဆိပ်ဆုရလျှင် ကျပ်သိန်း ၃၀ ၊ အုပ်ချုပ်မှုအဖွဲ့ကို ရွှေတံဆိပ်ဆုရလျှင် ကျပ်သိန်း၁၀၀၊ငွေတံဆိပ်ဆုရလျှင် ကျပ်သိန်း ၅၀နှင့် ကြေးတံဆိပ်ဆုရလျှင် ကျပ်သိန်း ၃၀ စီကို ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ချီမြှင့်ငွေမှာ ကျပ်သိန်းပေါင်း ၁၀၀၆၀ ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
YMG/knl
#ASEAN_Para_Games
#Myanamar_Para_Games





#Local_News
Published_20 August 2022
လတ်တလောမှာမြဝတီနဲ့လားရှိုးဒေသတွေမှာ လူကုန်ကူးခံနေရတဲ့ ပညာတတ် မြန်မာအမျိုးသမီးတွေများပြားနေပြီး ဥပဒေကြောင်းအရအကူအညီတောင်းခံထားသူတွေလည်းရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ၊ ဒေါ်ပွင့်တင်မက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 20 August 2022
- ဖျော်ရည်နှင့်ဆက်စပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေရှိနေပါသလား??
#Yangon_Media_Group
Published: 20 Aug 2022
အိန္ဒိယရဲ့ ဖျော်ဖြေရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရာစုနှစ်တစ်စုနီးပါးမျှ လန်ဒန်စတိုင် နှစ်ထပ်ဘတ်စ်ကားတွေကို တိုးချဲ့ပြေးဆွဲလာခဲ့ရာမှာ ယခုတစ်ခါတိုးချဲ့လိုက်တာကတော့ ယခင်နှင့်မတူလှပါဘူး။ ဒီတစ်ခါနှစ်ထပ်ဘတ်စ်ကားတွေကို လျှပ်စစ်ကားတွေအဖြစ် ထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာလကစပြီး ပထမဆုံး လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားကြီး အစင်းရေ ၂၀၀ဟာ မမ်ဘိုင်းရဲ့ အလုပ်များလှတဲ့ လမ်းတွေ အပေါ် ပြေးဆွဲတော့မှာပါ။ အဲဒီကားကြီးတွေဟာ လောလောဆယ်ပြေးဆွဲနေတဲ့ လျှပ်စစ် တစ်ထပ်ဘတ်စ်ကား အစီးရေ ၄၀၀ နှင့်အတူ ပူးပေါင်းကြ ပါလိမ့်မယ်။
လူဦးရေ၁.၄ဘီလျံရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာဘွန်အထုတ်လုပ်မှု တတိယမြောက် အများဆုံးနိုင်ငံဖြစ်နေလို့ အစိုးရဟာ ၂၀၇၀ အရောက်မှာ ကာဘွန်ထုတ်လုပ်မှုလုံးဝမရှိစေရေးလျှော့ချဆောင်ရွက်နိုင်ဖို့ ကြိုးစားနေရပါတယ်။
ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့တွေထဲမှာ ပါဝင်နေတဲ့ အိန္ဒိယရဲ့ အချို့မြို့တွေဟာ လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ လိုအပ်နေတဲ့အတွက် လျှပ်စစ်သုံး အများပြည်သူသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ဆောင်ရွက်နေရတာဖြစ်ပါတယ်။
ယခုလျှပ်စစ်ဘတ်စ်ကားတွေကို အိန္ဒိယကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ အာရှော့လေးလန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆွစ် မိုဘီလတီ Switch Mobility က ဖန်တီးထုတ်လုပ်တာပါ။
ကုမ္ပဏီက ထုတ်လုပ်တဲ့ အလားတူ နှစ်ထပ်လျှပ်စစ်ဘတ်စ်ကားတွေကို ၂၀၁၄ခုနှစ်ကတည်းက လန်ဒန်မှာ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
“ လျှပ်စစ်ဓာတ်အားသုံးယာဉ်တွေကို သာမာန်ပြည်သူတွေသုံးစွဲလာစေချင်ပါတယ်။ ဒါမှ နက်ဇီးရိုးဆိုတဲ့ ရည်မှန်းချက်ကို ရရှိမှာဖြစ်ပါတယ်။ဘတ်စ်ကား အစင်း၂၀၀ ကြောင့် နှစ်စဉ် မြို့မှာ အပင် ၈၆၀၀၀(ရှစ်သောင်းခြောက်ထာင်)စိုက်ပေးတာနှင့်ညီမျှပါတယ်။” လို့ ဆွစ်မိုဘီလတီအိန္ဒိယရဲ့ အမှုဆောင်အရာရှိချုပ် မာဟက်ရှ် ဘာဘူက ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ဘတ်စ်ကားအသစ်ကို ပြသတဲ့ ပွဲမှာအေအက်ဖ်ပီကိုပြောပါတယ်။
he Switch EiV 22 လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားတွေဟာ အိန္ဒိယမှာထုတ်လုပ်ပြီး ခရီးသည် ၆၅ ဦးစီးနင်းလိုက်ပါနိုင်ပြီး ၁၅၅ မိုင်အထိ မောင်းနှင်လို့ရတဲ့ ဘက်ထရီအိမ်ပူးတွဲပါရှိပါတယ်။
ရုပ်ကြွင်းလောင်စာသုံး နှစ်ထပ်ဘတ်စ်အနီကြီးတွေကတော့ ၁၉၃၇ ခုနှစ်ကတည်းက မမ်ဘိုင်းမှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ယခုဆိုရင် လူအကြပ်ဆုံးအချိန်မှာ အဲဒီဘတ်စ်ကားတွေဟာ အစီးရေ ၉၀၀ အထိမြို့တွင်းလမ်းကြောင်းတွေမှာပြေးဆွဲနေပါတယ်။
၁၉၉၀ပြည့်လွန်နှစ်တွေကတည်းက ဟောင်းနွမ်းနေတဲ့ အဲဒီဘတ်စ်ကားတွေကိုဖြည်းဖြည်းချင်း အစားထိုးခဲ့ပါတယ်။ ယခုဆိုရင် အဲဒီဘတ်စ်ဟောင်းတွေ အစင်း ၅၀ကျော်လောက်ပဲ ပြေးဆွဲနေတော့တာဖြစ်ပါတယ်။
Source AFP
#Electric_double-decker_Mumbai
#India_Electric_Vehicles
#Electric_Buses
#DailyNews
Published - 20 August 2022
၁။ မြဝတီနှင့်လားရှိုးတွင် ပညာတတ်အမျိုးသမီးငယ်များ လူကုန်ကူးခံနေရ၊ ဥပဒေအရအကူအညီတောင်းခံနေ
၂။ ကြက်သွန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ
၃။ ကုန်ကြမ်းဈေး ကြီးမြင့်မှုကြောင့် စားဆီဈေး မြင့်တက်နေ
၄။ မိုးခေါင်ရေရှားမှု ဒဏ်ခံနေရသည့် နယ်သာလန်မြစ်မှ ငါးများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1710 of 2053