#LocalNews
Published_21 August 2022
မလေးရှားနိုင်ငံတွင် မေလ တစ်ရက်မှ မှ သြဂုတ်လ ၁၅ ရက်ထိ ရခိုင်ပြည်နယ်က လာရောက်သူများအနက် လူတစ်ထောင်ကျော် အဖမ်းခံထားရပြီးဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များ ကူညီရေးဗဟို၏ တာဝန်ရှိသူက YMG ကို ပြောသည်။
"မလေးရှားမှာ အော်ပရာစီ စီမံချက်ဟာ ငရဲခန်းပဲ၊အခုနောက်ပိုင်းမှာ စီမံချက်ကြောင့် ဝင်ဖမ်းတာတွေကို သတင်းမထုတ်တော့ဘူး၊ကျွန်တော်တို့အနေနဲ့တော့ အဖမ်းခံရတဲ့ ရခိုင်တိုင်းရင်းသားတွေ ပြန်လည် လွတ်မြောက်ရေး၊လွတ်မြောက်ပြီးရင်လည်း မလေးရှားမှာ လုံလုံခြုံခြုံ နေထိုင်လို့ရအောင်ကူညီတာ၊မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင်လည်း ငွေကြေးမရှိတဲ့သူတွေကို ငွေကြေးထောက်ပံ့တာ စသဖြင့် ကူညီပေးတာတွေကို လုပ်ပါတယ်"ဟု ယင်းတာဝန်ရှိသူက ပြောသည်။
အဖမ်းခံထားရသူများအနေဖြင့် ရဲစခန်းမှတစ်ဆင့် အကျဉ်းထောင်များတွင် အကျဉ်းကျကာ သတ်မှတ် မလေးရှားဥပဒေအတိုင်း ပြစ်ဒဏ်ကျခံပြီးပါက ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်နေထိုင်ကြရကာ ယင်းမှတစ်ဆင့် နေရပ်များကို ပြန်ခွင့်ရှိကြောင်းလည်း သိရသည်။

ယင်းအဖမ်းခံရသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ထိုင်း-မလေးရှားနယ်စပ် ကလန်းတန်းပြည်နယ်၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းဖြစ်ပြီး အဖမ်းခံရသူများအနေဖြင့်လည်း အဆိုပါနယ်စပ်များတွင် အဖမ်းခံရသည်က များပြားကြောင်းလည်း သိရသည်။
လက်ရှိတွင်အဖမ်းခံရသူများအား ကူညီနိုင်ရန် မလေးရှားရှိ ရခိုင်ဒုက္ခသည်များဗဟိုအနေဖြင့် အချက်အလက်များစာရင်းပြုစုနေကာ မလေးရှားနိုင်ငံရှိ သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ မိသားစုများ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပူးပေါင်းကူညီပေးရန်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group

#LocalNews
Published_21 August 2022
မိုင်းဖုန်းဆရာတော်ကြီး မနက်ဖြန် သြဂုတ်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံမှ ရှမ်းပြည်နယ် တာချီလိတ်သို့ ကြွရောက်လာမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူရာမှ ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဆေးရုံကဆင်းလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁ ရက်တွင် မိုင်းကျတ်ဂူတွင်းမှ အဓိဌာန်အောင်မြင်ထွက်လာသည့် မိုင်းဖုန်းဆရာတော်ကြီးအနေဖြင့် ယင်းအချိန်မှစကာ တရားဟောခြင်း၊ခရီးသွားခြင်းများပြုလုပ်ပြီးနောက် ကျန်းမာရေး အားနည်းလာသည့်အတွက် ဩဂုတ်လ ၁၀ ရက် တွင် ထိုင်းနိုင်၎င်း ဆေးဝါးကုသမှု စတင်ခံယူခဲ့ရခြင်းလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 21 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သုတေသီမောင်မောင်နှင့်အတူ
- "ငယ်ငယ်ကပုခက်နဲ့မအိပ် ဓါတ်စက်နဲ့ပဲအိပ်ခဲ့တာ အခုချိန်ထိ ဓါတ်ပြားပေါင်းတစ်သောင်းကျော် စုဆောင်းထားမိနေပြီဖြစ်တဲ့အကြောင်း
- စာအုပ်ဈေးနှုန်းတွေ မြင့်နေတဲ့ကြားက ထုတ်ချင်တဲ့စာအုပ်လေးတွေကို ရအောင်ထုတ်မှာပါ အသက် ၇၃ နှစ်မှာ မထုတ်ဖြစ်ခဲ့ရင် ယူကြုံးမရဖြစ်ရမှာစိုးလို့ပါဆိုတဲ့ အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published-21 Aug 2022
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း မြို့တစ်မြို့မှာ ဩဂုတ် ၂၀ရက်က ထရပ်ကားကြီးတစ်စီးက လမ်းသွားလမ်းလာတွေကို တစ်ရှိန်ထိုး ဝင်တိုက်မိတဲ့အတွက် အနည်းဆုံးလူ ၁၆ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးကပြောပါတယ်။
လော်ရီကားကြီးရဲ့ ဘရိတ်ပေါက်သွားပြီး ဒါစ်မြို့က လူအုပ်ကြားထဲ ဝင်တိုက်မိတာဖြစ်တယ်” လို့ ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာက တွစ်တာမှာရေးထားပါတယ်။
ဒါဟာ တူရကီမှာ တစ်ရက်တည်း ဒုတိယမြောက် အကြီးအကျယ်ကားမတော်တဆမှုဖြစ်ပါတယ်။ ယခုအဖြစ်အပျက် မတိုင်ခင်မှာ ဂါဇီယန်တက်ပြည်နယ်မှာ ဘတ်စ်ကာတစ်စီးနှင့် အရေးပေါ်လူနာတင်ယာဉ်တို့ အပြင်းအထန်တိုက်မိပြီး လူ၁၆ ဦးသေဆုံးခဲ့ရကြောင်း ဒေသခံမီဒီယာတွေက သတင်းပေးပို့ကြပါတယ်။
Source AFP
#Turkey_Truck_accident
#Truck_Hit_Crowd_16_killed
#Turkey_Derik
TV Yangon Times Matters အစီအစဉ်
Published - 21 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သုတေသီမောင်မောင်နှင့်အတူ
- "ငယ်ငယ်ကပုခက်နဲ့မအိပ် ဓါတ်စက်နဲ့ပဲအိပ်ခဲ့တာ အခုချိန်ထိ ဓါတ်ပြားပေါင်းတစ်သောင်းကျော် စုဆောင်းထားမိနေပြီဖြစ်တဲ့အကြောင်း
- စာအုပ်ဈေးနှုန်းတွေ မြင့်နေတဲ့ကြားက ထုတ်ချင်တဲ့စာအုပ်လေးတွေကို ရအောင်ထုတ်မှာပါ အသက် ၇၃ နှစ်မှာ မထုတ်ဖြစ်ခဲ့ရင် ယူကြုံးမရဖြစ်ရမှာစိုးလို့ပါဆိုတဲ့ အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 21 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သုတေသီမောင်မောင်နှင့်အတူ
- "ငယ်ငယ်ကပုခက်နဲ့မအိပ် ဓါတ်စက်နဲ့ပဲအိပ်ခဲ့တာ အခုချိန်ထိ ဓါတ်ပြားပေါင်းတစ်သောင်းကျော် စုဆောင်းထားမိနေပြီဖြစ်တဲ့အကြောင်း
- စာအုပ်ဈေးနှုန်းတွေ မြင့်နေတဲ့ကြားက ထုတ်ချင်တဲ့စာအုပ်လေးတွေကို ရအောင်ထုတ်မှာပါ အသက် ၇၃ နှစ်မှာ မထုတ်ဖြစ်ခဲ့ရင် ယူကြုံးမရဖြစ်ရမှာစိုးလို့ပါဆိုတဲ့ အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 21 Aug 2022
၂၀၁၈ ခုနှစ်ကတည်းက လင်းချန်းမြို့သည် တရုတ်၊ မြန်မာနှင့် အိန္ဒိယသမုဒ္ဒရာကြားလမ်းကြောင်းသစ်တစ်ခုဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ပြီး ကွန်တိန်နာ "ပင်လယ်-အဝေးပြေးရထားလမ်း" ကြားခံရထားအား ဝင်ပေါက်အမှတ်အဖြစ် စမ်းသပ်အသုံးပြုဖွင့်လှစ်ရာတွင် ရလဒ်သစ်များ အဆက်မပြတ်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံဖက်က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တရုတ်-မြန်မာ-အိန္ဒိယ သမုဒ္ဒရာရေလက်ကြားသစ်သည် "တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာသစ် 'ပင်လယ်၊ အဝေးပြေးလမ်းနှင့် မီးရထား' ပေါင်းစည်းထားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်း" ၏ အတိုကောက်ဖြစ်ပြီး အဆိုပါ လမ်းကြောင်းသစ်သည် ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှနိုင်ငံများကို ချိတ်ဆက်ပေးထားထားပါတယ်။

ပင်လယ် ဆိပ်ကမ်းလမ်းကြောင်းသစ်သည် ယခင်ထက် ကီလိုမီတာ ၂၀၀၀ ကျော် လျော့နည်း၍ အချိန်ကုန်သက်သာပြီး ကြီးမားသော စီးပွားရေးတန်ဖိုး၊ အချိန်ထိရောက်မှု၊ လိုက်လျောညီထွေ နှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာတို့ရှိမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လတွင် တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ပထမဆုံး ကွန်တိန်နာကို စင်ကာပူနိုင်ငံမှ တင်ပို့ခဲ့ပါတယ်။
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိပြီးနောက် မြန်မာနိုင်ငံမှ မန်တိမ် ချင်းရွှေဟော် နယ်စပ်သို့ ကုန်းလမ်းဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်မည်ဖြစ်ကာ ထိုနောက် လင်းချန်းမီးရထားဘူတာမှတဆင့် ချန်ဒူးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရထားဖြင့်ရောက်ရှိခဲ့ပါတယ်။
မီးရထားဆိပ်ကမ်းသည် တရုတ်-မြန်မာ ကူးသန်းရောင်းဝယ်ရေးနှင့် ဖြတ်သန်းသွားလာရေးအတွက် ၂၀၂၁ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲတွင် အထင်ကရ အောင်မြင်မှုများထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လအထိ “ပင်လယ်-အဝေးပြေး-ရထားလမ်း” သို့မဟုတ် “အဝေးပြေးရထားလမ်း” ကြားကာလသယ်ယူပို့ဆောင်ရေးဖြစ်သည့် တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ၏ လမ်းကြောင်းသစ် ၁၄ ခုကို ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon-Media-Group

Published 21 August 2022
ဉာဏ်ရည်တုနည်းပညာနှင့်ပြုလုပ်ထားတဲ့ ဟိုလိုဂရပ်ဖစ် သုံးဖက်မြင်ရုပ်လုံးကြွ ဗွီဒီယိုနည်းပညာရဲ့ကျေးဇူးကြောင့် ယခုဆိုရင် သေဆုံးသွားတဲ့ အမျိုးသမီးကြီးဟာ သူမရဲ့ အသုဘအခမ်းအနားမှာ ကြေကွဲဝမ်းနည်းနေကြသူတွေနှင့် စကားပြောဆိုနိုင်ပြီဖြစ်ပါတယ်။
မာရီနာစမစ် အမ်ဘီအီးဟာ ပြီးခဲ့တဲ့ဇွန်လက အသက် ၈၇နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ဇူလိုင် ၂၉ရက်က နော်တင်ဟမ်မြို့ ဘေဝေါ့တ်ရွာမှာကျင်းပတဲ့ သူမရဲ့ အသုဘအခမ်းနားမှာ ဟိုလိုဂရမ်အဖြစ် သူမဟာ ပေါ်လာခဲ့ပါတယ်။
ဟောလိုကော့စ် သင်ကြားပေးသူတစ်ဦဖြစ်တဲ့ မစ္စစ် စမစ်ဟာ သူ့ဘဝဇာတ်ကြောင်းနှင့် ယုံကြည်သက်ဝင်မှုတွေ ကို အကျဉ်းချုပ်ပြောပြပြီးတဲ့နောက် အသုဘအခမ်းအနားတက်ရောက်လာတဲ့ မိသားစုဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။

ယခုနည်းပညာကို ဒီတစ်ပတ်ထဲမှာ ယူကေ မှာ သုံးနိုင်တော့မှာဖြစ်ပြီး မစ္စစ်စမစ်ရဲ့သားဖြစ်သူ လော့စ်အင်ဂျလိအခြေစိုက် AI ဉာဏ်ရည်တုကုမ္ပဏီဖြစ်တဲ့ စတိုရီဖိုင် ရဲ့ စီအီးအို ဒေါက်တာ စတက်ဖင် စမစ်က တီထွင်ဖန်တီးခဲ့တာပါ။
ဟိုလိုဂရမ်ဟာ ကြေကွဲဝမ်းနည်းသူတွေကို တုန်လှုပ်သွားစေပြီး မေးခွန်းတွေကို အသေးစိတ်အချက်အလက်အသစ်တွေနှင့် အတူရိုးသားစွာဖြေကြားခဲ့တယ်လို့ ဒေါက်တာစမစ်က ပြောပါတယ်။
သူမကို သင်္ဂြိုဟ်ပြီးတဲ့နောက် ပူဆွေးနေကြတဲ့ ဆွေမျိုးသားချင်းတွေရဲ့ မေးခွန်းတွေကို မိခင်ကြီးက ဖြေကြားပေးခဲ့တယ်လို့ ဒေါက်တာစမစ်က တယ်လီဂရပ် သတင်းစာကိုပြောပါတယ်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်တာက သူမဟာ မေးခွန်းတွေကို အသေးစိတ်အချက်အလက်အသစ်တွေနှင့် ရိုးသားစွာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ သူတိုဲ့့အချက်အလက်တွေ သိမ်းဆည်းတဲ့အခါ လူတွေက ရဲဆေးတင်ပြောနေရသလိုခံစားကြရတယ်။ ကျန်ရစ်သူတွေဟာ ကွယ်လွန်သွားကြတဲ့ သူတို့ချစ်ရသူတွေဆီက ပိုပြီးလွတ်လပ်စစ်မှန်တဲ့ ပုံစံမျိုး ရရှိကြရမယ်” လို့ သူက ပြောပါတယ်။
“စတိုရီဖိုင်း” ဟာ တစ်ခုနှင့်တစ်ခုချိတ်ဆက်အချိန်ကိုက်လှုပ်ရှားကြတဲ့ ကင်မရာ အလုံး (၂၀)ဥိုအသုံးပြုပြီး မေးခွန်းတွေ တသီတသန်းကြီးကိုဖြေကြားတာကိုဖမ်းယူခဲ့ကြပြီးနောက် ဒစ်ဂျစ်တယ်ပုံပွားတစ်ခု ဖန်တီးယူခဲ့ပါတယ်။
အဲဒီနောက်ပညာရှင်တွေဟာ ရိုက်ကူးထားတဲ့ ရုပ်သံတွေ၊အသံကလစ်တွေကို နည်းစဉ်ဖြင့်ထုတ်လုပ်စီမံပါတယ်။ အဲဒီနောက် မေးခွန်းတွေကို သဘာဝစကားနှင့် မေးခွန်းတွေဖြေနိုင်အောင် အဲဒါကိုသုံးပြီး အေအိုင်(ဉာဏ်ရည်တု)ကို လေ့ကျင့်ပေးပါတယ်။
ရရှိလာတဲ့ ထုတ်ကုန်ရလာဒ်ကို စတိုရီဖိုင်ပလက်ဖောင်းပေါ် တင်ပေးလိုက်ပါတယ်။ အဲဒီနောက် လူတစ်ဦးဦးဟာ ကွယ်လွန်သွားပြီးတဲ့နောက် လူတွေနှင့် ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ပါတယ်။
နည်းပညာက တကယ်ပကတိအချိန်မှာပြောဆိုနေသလိုဖြစ်အောင် ဖန်တီးပေးထားတဲ့အတွက် အသုဘလာပို့ကြသူတွေဟာ သူတို့ချစ်ရသူတွေနှင့် စကားပြောဆိုနိုင်တာဖြစ်ပါတယ်။
သူ့မိခင်ဟာ သူ့မရဲ့အသုဘမှာ ကလေးဘဝတုန်းက သူမအကြောင်းတွေကို ပြောသွားတယ်လို့ ဒေါက်တာစမစ်ကပြောပါတယ်။
ပြောသွားတဲ့အထဲမှာ သူမရဲ့မိဘတွေ ကွာရှင်းပြတ်စဲသွားကြပြီး အိန္ဒိယကလာတဲ့ ရွှေ့ပြောင်းလာသူတွေအဖြစ်နေခဲ့ရတဲ့ ခက်ခဲတဲ့ခေါင်းစဉ်အကြောင်းအရာတွေလည်းပါဝင်တယ်လို့ ဒေါက်တာစမစ်ကဆက်ပြောပါတယ်။
“ ပြီးတော့ အမေဟာ နိုင်ငံရေးအပေါ်သူမရဲ့သဘောထား၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အနာဂတ်လိုမျိုး အင်မတန် စိတ်ဝင် စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်း ဖြေဖို့ပြင်ဆင်ခဲ့တယ်။ဘာဖြစ်လို့စိတ်ဝင်စားရတာလဲဆိုရင် အမေက ကျွန်တော့်ကို အဲဒီအကြောင်းအရာတွေ တစ်ခါမှ မပြောဖူးလို့ပါ” လို့ သူကပြောပါတယ်။
Source: DailyMail
#Marina_Smith
#Dr_smith_hologram_AI
#StroyFile


Published 21 Aug 2022
နစက ဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ရန် အတွက်လားဟူဒီမိုကရက်တစ်ပါတီ (LDU)မှ ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည် ယနေ့ ၁၂ နာရီခွဲအချိန် တာချီလိတ်လေဆိပ်မှတဆင့် တပ်မတော်လေယာဥ်ဖြင့် နေပြည်တော်သို့ထွက်ခွာသွားပါတယ်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှ တဆင့် တာချီလိတ်မြို့သို့ ယနေ့နံနက် ၁၀ နာရီအချိန်၌ရောက်ရှိလာခဲ့ရာ စစ်ဗျူဟာ အဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင် နှင့် ဌာနဆိုင်ရာ များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကကြိုဆိုခဲ့ကြပါတယ်။
LDU အဖွဲ့သည် ပထမအကြိမ်အဖြစ် ဇူလိုင် (၇)ရက်နေ့နှင့် ဇူလိုင် (၈)ရက်နေ့တို့တွင် လည်း နစက အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သတ်၍ ပထမအကြိမ်အဖြစ် ဆွေးနွေးခဲ့ကြပြီးယခုဒုတိယအကြိမ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် ဆွေးနွေးမည် ဟု သိရှိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးရန် နစက, ကဇွန် (၁၄)ရက်နေ့၌ ထုတ်ပြန်ချက်ထုတ်၍ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည် သစ်ပါတီ NMSP၊ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလားအထူးဒေသ (အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်- NDAA နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ သွားရောက် တွေ့ဆုံခဲ့ကြပြီး ဖြစ်ကြောင်းသိရှိရသည်။
Ymg/YS_TCL
#LocalNews
Published 21 Aug 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချိလိတ်မြို့ တွင် ဩဂုတ်လအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ တင်ကျန်ရစ်ခဲ့သော ရွှံ့နွံများကို စည်ပင်သာယာရေးဌာနမှ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရှိပါတယ်။
ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့၌ မိုးများအဆက်မပြတ်ရွာသွန်းမှု၊မြို့၏အထက်ပိုင်းများတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုများကြောင့် တောင်ကျရေများနှင့်အတူ တာချီလိတ်မြို့ပေါ်ရပ်ကွက်( ၈) ရပ်ကွက်အပြင်မြို့၏ ဆင်ခြေဖုံးကျေးရွာအုပ်စုများတွင်လည်း ရေကြီးရေလျှံမှုနှင့် နေအိမ်များအတွင်းရေဝင်ရောက်မှု၊ပစ္စည်းဆုံးရှုံးထိခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပေါ်လျင်ဖြစ်ပေါ်ချင်း တာဝန်ရှိသူများက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းကာ လုပ်ငန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာ၌ နယ်မြေခံတပ်မတော်သားများ၊ဌာနဆိုင်ရာများ၊လူမှုကူညီရေးအသင်းအဖွဲ့များ၊ပြည်သူများအပြင် လုပ်ငန်းရှင်များ၏စက်ယန္တရားများအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
ရေကြီးရေလျှံမှု ပြန်လည်ကျဆင်းပြီးနောက် လမ်းမကြီးများနှင့်ရပ်ကွက်များအတွင်း တင်ကျန်ရစ်ခဲ့သော အမှိုက်များ၊ရွှံ့နွံများကို တာဝန်ရှိသူများက ဆက်လက်ရှင်းလင်းလျက်ရှိရာ ဩဂုတ် ၁၉ ရက်နေ့တွင်လည်း ပုန်းထွန်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးတစ်လျောက်နှင့် ဗေဒါလမ်းတစ်လျှောက်တို့တွင် ရှင်းလင်းပေးခဲ့ကြောင်းသိရှိရပါတယ်။
YMG/ys-tcl
#Yangon_Media_Group




Published 21 August 2022
ရဲဆိုတာ အမြဲတမ်း အဓိကသံသယရှိသူကိုဖော်ထုတ်ရစမြဲပါ။ ဒီတစ်ခါမှာလည်း ရဲက အဓိက တရားခံကို ဖော်ထုတ် လိုက်ပါတယ်။ ဒါပေမယ့် တရားခံက ပရိုင်းမိတ်တရားခံဖြစ်နေပါတယ်။
ကာလီဖိုးနီးယားပြည်နယ်၊ဆန်လူဝစ် အော့ဘစ်ပို ခရိုင်ရဲရုံးကို ပြီးခဲ့တဲ့ အပတ်စနေနေ့ညက အရေးပေါ်ဖုန်း 911 ခေါ်ဆိုမှုတွေရရှိခဲ့ပါတယ်။ ဒါပေမယ့် ရဲကတော့ အဲဒီခေါ်ဆိုသူဟာ တိရိစ္ဆာန်ရုံက ကာပူချင်မျောက်ကလေးတစ်ကောင် ပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်သွားခဲ့ရပါတယ်။
အဲဒီညက 911 ခေါ်ဆိုမှုဝင်လာပြီး ဖုန်းပြတ်တောက်သွား ပါတယ်။ အဲဒါကြောင့် ဖုန်းလက်ခံရသူက အဲဒီဖုန်းကိုပြန် ခေါ်ပါ တယ်။ မက်ဆေ့ချ်ပြန်ပို့ပါတယ်။ ဒါပေမယ့် ဘာတစ်ခုမှ တုန့်ပြန်တာမရှိခဲ့ပါဘူး။ အဲဒါကြောင့် ဒုရဲမှူးတွေကို စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်လို့ ရဲအရာရှိတွေက ဆိုရှယ်မီဒီယာမှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
လိပ်စာကိုစုံစမ်းတော့ ပက်ဆိုရော့ဘဲလ်နားက တိရိစ္ဆာန်ရုံတစ်ရုံဆိုတာ ရဲတွေက သိလိုက်ပါတယ်။ ဒါပေမယ့် ရဲတွေရောက် သွားတော့ ဖုန်းခေါ်တဲ့သူတစ်ယောက်မျှ ရှာမတွေ့ခဲ့ပါဘူး။
နောက်ဆုံးတော့ “ရု” ဆိုတဲ့ ကာပူချင် မျောက်ကလေးပဲဖြစ်ရမယ်လို့ ရဲတွေက ကောက်ချက်ချလိုက်ကြပါတယ်။ ရုဟာ ရွှေ့ပြောင်းသွားနေကြ ဂေါက်လှည်းကလေးတစ်စီးပေါ်ရှိနေတဲ့ ဆဲလ်ဖုန်းတစ်လုံးကို ကောက်ယူပြီး နှိပ်လိုက်ပုံရတယ်လို့ ရဲက ထင်ကြေးပေးပါတယ်။
“ ကာပူချင်မျောက်တွေဟာ သိပ်စပ်စုတတ်ကြပြီး အရာအားလုံးကို ဖမ်းဆုပ်ကိုင်ချင်ကြတယ်။ အဲဒါကြောင့် ဖုန်းကိုဖမ်းကိုင် လိုက်ပြီး ခလုတ်ကိုနှိပ်လိုက်တာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်” လို့ ရဲအရာရှိတွေက ပြောပါတယ်။
Source: HuffPost
#Capuchin_monkey
#911_Zoo
#911_call
Published -21 August 2022
တရုတ်နိုင်ငံက ပထမဆုံး ကိုယ်ပိုင်တီထွင်ပြုလုပ်ထားတဲ့ ရှားပါးမြေသတ္တု rare earth ဖြင့်ပြုလုပ်တဲ့ အမြဲတမ်းသံလိုက် ပျံကြွနည်းပညာလို့ခေါ်တဲ့ PML နည်းပညာသုံး လေရထား လိုင်းကို စတင်စမ်းသပ်အသုံးပြုနေပြီဖြစ်ပါတယ်။
သက်တန့်ရောင်ဒီဇိုင်းနှင့် အဲဒီ ဆင်းဂေါမက်လက်ပ် လိုင်းဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစီပြည်နယ် ဆင်းဂေါခရိုင်မှာ တည်ဆောက်ထားတာဖြစ်ပြီး ၈၀၀ မီတာ ရှည်လျားပါတယ်။
ဒါဟာ တရုတ်နိုင်ငံမှာ PML နည်းပညာကို ပထမဆုံးအနေဖြေင့် လေရထားလမ်းမှာ အသုံးပြုတာဖြစ်ပါတယ်။ ယခင် သုံးနေတဲ့ EMS လို့ခေါ်တဲ့ အီလက်ထရစ် မဂ္ဂနက်တစ် suspension နှင့် EDS အီလက်ထရိုဒိုင်းနမစ် suspension နည်းပညာ ပြီးရင် နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာအသစ်အရ ရထားဟာ သံလမ်းနှင့် ထိတွေ့မှုမရှိဘဲ လေထဲမှာ ပေါလောမျောရွေ့လျားစေတာပါ။
“ ဒီနည်းပညာမှာ အထင်ရှားဆုံးက လျှပ်စစ်ဓာတ်အားမသုံးတဲ့ အမြဲတမ်းသံလိုက်လမ်းဖြစ်ပြီး လက်ရှိ စနစ်တွေနှင့် နှိုင်းယှဉ်ရင် အနည်းဆုံးတော့ suspension power (ဆပ်ဆပန်းရှင်း ပါဝါ) ကို ၃၀ ရာခိုင်နှုန်းအနည်းဆုံး ချွေတာနိုင်ပါတယ်လို့ ယခုသရုပ်ပြတဲ့ လိုင်းရဲ့ ကျွမ်းကျင်သူပညာရှင်ချုပ် ယန်ဘင်း ကပြောပါတယ်။
ဒီစမ်းသပ်ရထားလမ်းဟာ ကျန်းစီနည်းပညာတက္ကသိုလ်၊တရုတ်လျူယွမ်ရထားအုပ်စု၊ တရုတ်ရထားနည်းပညာမြင့်စက်မှုကကုမ္ပဏီနှင့် တရုတ် အမျိုးသား ရှားပါးမြေသတ္တုတီထွင်ရေးစင်တာတို့ ပူးပေါင်းဖန်တီး တာဖြစ်ပါတယ်။ လေရထားတွေဟာ ဒီနည်းပညာအရ အမြန်နှုန်းနိမ့်နှင့် အမြန်နှုန်းအသင့်အတင့် ဖြင့် သွားနိုင်ပါတယ်။
တစ်နာရီကို ၈၀ကီလိုမီတာနှုန်း အမြင့်ဆုံးအမြန်နှုန်းသွားနိုင်အောင် ဒီဇိုင်းလုပ်ထားတဲ့ ဒီရထားဟာ လူ ၈၈ဦးစီးနင်းလိုက်ပါနိုင်ပြီး ယခု ရထားနှစ်တွဲဖြင့် စမ်းသပ်ပြေးဆွဲနေပါတယ်။ ရထားမောင်းနှင်မှုကို ဘေဒေါင်း နေရာပြ ဂြိဟ်တုစနစ်နှင့် ချိတ်ဆက်ထားပြီး 5G နှင့် အသိဉာဏ်ရှိအာရုံခံနည်းပညာတွေကိုပါ အသုံးပြုထားပါတယ်။
အဲဒီစမ်းသပ်တဲ့နေ့က ဒီရထားပုံစံအသစ်ကို စမ်းသပ်စီးနင်းလိုက်ပါလိုသူတွေ များခဲ့ပါတယ်။
“ သိပ်ပျော်မိပါတယ်။ နှစ်ပေါင်း ၇၀ကျော်ပြီ ဘဝမှာ ဒီလိုမျိုး မမြင်ဖူးသေးဘူး။ ရထားတွဲထဲက လေအေးပေးစက်နှင့် အဆင်အပြင်တွေ တော်တော်ကောင်းတယ်။ နေရာလည်းကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ဒါဟာ တရုတ်ပြည်မှာလုပ်တပါ” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ရှောင်ဝန်ဖန်းက ပြောပါတယ်။
Source- CCTV Plus
#Air_Train_China
#Rare_earth_permanent_magnetic_levitation
#World”s_first_Air_train
Page 1709 of 2053