#Local_News
Published_ 13 October 2022
လေယာဉ်လက်မှတ်အတုများ ရောင်းချနေမှုများရှိနေ၍ Myanmar Airways International (MAI)လေကြောင်းလိုင်းမှ အရေးပေါ်အသိပေးကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
ထုတ်ပြန်ချက်တွင် "လေကြောင်းလိုင်းများ၏ လေယာဉ်ခရီးစဉ်လက်မှတ်များကို မသမာသူများမှ အတုအပပြုလုပ်၍ ခရီးသည်များထံ လိမ်လည်ရောင်းချနေသည့် သတင်းများကို ကြားသိနေရကြောင်း၊
အဆိုပါ လိမ်လည်ရောင်းချနေသူများသည် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်များ၏ အမည်ကို အလွဲသုံးစားပြုလုပ်၍လည်းကောင်း၊ တစ်ဆင့်ခံလက်မှတ်အရောင်းကိုယ်စားလှယ်များအဖြစ် account များနှင့် page များ အတုအပပြုလုပ်၍လည်းကောင်း အယောင်ဆောင် လိမ်လည်လျက်ရှိကြောင်း ဖော်ပြထားသည်၊၊
သို့ဖြစ်ပါ၍ MAI နှင့် Air KBZ ၏ ခရီးသည်များအနေဖြင့် လိမ်လည်ရောင်းချခံရခြင်းမှ ရှောင်ရှားနိုင်ရန် မိမိတို့ဝယ်ယူထားသည့်လက်မှတ်များ မှန်ကန်မှုရှိ၊ မရှိကို ငွေပေးချေမှု မပြုမီ MAI နှင့် Air KBZ ၏ တရားဝင် websiteများ ဖြစ်သည့် www.maiair.com နှင့် www.airkbz.com တို့တွင် PNR (သို့) e-ticket number ဖြင့် ကိုယ်တိုင်ဝင်ရောက် စစ်ဆေးနိုင်သလို Facebook Messenger တွင်လည်း လာရောက်စစ်ဆေးနိုင်ကြောင်း အထူးအလေးထား အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_13 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီ ဂါလန် ၁၃ သန်းကျော် တင်ဆောင်လာသည့် နိုင်ငံတကာသင်္ဘောများ ထပ်မံရောက်ရှိလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
အောက်တိုဘာ ၁၂ ရက်နေ့တွင် Aulac Vision သင်္ဘောမှ ပရီမီယံဒီဇယ်ဆီ (၂.၈၈) ဂါလန်သန်း၊ MT Yu Yi သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီ (၂.၁၈) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၁.၈၆) ဂါလန်သန်းအား ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ရိုးရိုးဒီဇယ်ဆီ (၁.၆၀) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၄.၅၃) ဂါလန်သန်းတင်ဆောင်လာသည့် MT Harmony One သင်္ဘောသည်လည်း ထပ်မံ ဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း၊ စက်သုံးဆီဖြန့်ဖြူးမှု အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီပို့ဆောင်ပေးနေကြောင်း သိရသည်။
ယနေ့စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၉၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၅၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၇၄၀ ကျပ်ဖြစ်ပြီး ယခင်နေ့ထက်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Pets
Published 13 October 2022
အိမ်မွေးခွေးတွေက သူတို့ရဲ့ပိုင်ရှင်တွေနဲ့ ဆင်တူတယ်လို့ပြောလေ့ရှိကြပါတယ်။
ဒါဟာ ပုံပန်းသဏ္ဍာန်တင်တူညီတာမဟုတ်ဘဲ ပိုင်ရှင်တွေကဲ့သို့ ပြုမူကြတာလည်း ဖြစ်ပါတယ်။
ယူကေမှ ရေပန်းအစားဆုံးခွေးမျိုးစိတ်အချို့နဲ့ သူတို့ပိုင်ရှင်တွေရဲ့ စရိုက်လက္ခဏာများကြား ဆက်စပ်မှုရှိနေကြောင်းကို The Kennel Club က လေ့လာဖော်ပြထားပါတယ်။
သုတေသနလုပ်ဖို့အတွက် ရေပန်းအစားဆုံးခွေးမျိုးစိတ် ၁၆ မျိုးကို ပိုင်ဆိုင်တဲ့ပိုင်ရှင် ၁,၅၀၀ ကျော်ကို စရိုက်လက္ခဏာများအရ အဆင့်သတ်မှတ်ခဲ့ကြပါတယ်။
လုပ်ရဲကိုင်ရဲစိတ်ရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ သဘောတူညီနိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ စေ့စပ်သေချာမှု စတဲ့စရိုက်လက္ခဏာကြီး ၅ ချက်နဲ့ ဖော်ပြခဲ့ကြပါတယ်။
(၁) ဂျက်ခ်ရပ်ဆဲလ်
ဒီခွေးမျိုးတွေက ရင်းနှီးခင်မင်တဲ့ခွေးတွေအဖြစ် လူသိများပါတယ်။
ရစ်ခ်စတိန်း၊ ဆီရီနာဝီလျံ၊ ပေါလ်မက်ကာ့နီတို့လို ဆယ်လီတွေကြား နာမည်ကြီးကြပါတယ်။
ဂျက်ခ်ရပ်ဆဲလ်ပိုင်ရှင်တွေရဲ့ အထင်ရှားဆုံးစရိုက်က သစ္စာစောင့်သိမှုဖြစ်ပြီး ၈၈ ရာခိုင်နှုန်းရှိပါတယ်။
(၂) ကော့ကာစပန်နီယယ်
အော်ပရာဝင်းဖရေး၊ ချာလစ်ဇ်သဲရွန်၊ ဝေးလ်စ်မင်းသားနဲ့မင်းသမီးတို့က ကော့ကာစပန်နီယယ်မွေးကြသူတွေဖြစ်ပြီး သူတို့ရဲ့ခွေးတွေနဲ့ ဓာတ်ပုံရိုက်ကြလေ့ရှိပါတယ်။
ဒီမျိုးစိတ်ပိုင်ရှင်တွေရဲ့ အထင်ရှားဆုံးစရိုက်က သစ္စာစောင့်သိမှုဖြစ်ပြီး ၈၅ ရာခိုင်နှုန်းရှိပါတယ်။
(၃) ဘော်ဒါတယ်ရီယာ
အန်ဒီမာရေး၊ ဒိုင်အန်ကီတန်တို့က ဘော်ဒါတယ်ရီယာမွေးကြတဲ့ နာမည်ကျော်တွေဖြစ်ပါတယ်။
ဆွဲဆောင်မှုရှိခြင်း၊ သွက်လက်တက်ကြွခြင်း စတဲ့ စရိုက်ရှိတဲ့ပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။
(၄) စပရင်ဂါစပန်နီယယ်
စပရင်ဂါစပန်နီယယ်က တီလ်ဒါဆွင်တန်၊ မာရီလင်မွန်ရိုး၊ မင်းသားဟယ်ရီတို့ကြား ရေပန်းအစားဆုံးဖြစ်ပါတယ်။
သူတို့က ထုံးတမ်းဆန်ပြီး စည်းကမ်းတိကျသူများအတွက် သင့်တော်ပါတယ်။
(၅) စတက်ဖို့ဒ်ရှိုင်းယားဘူးလ်တယ်ရီယာ
အစက တိုက်ခိုက်ရေးခွေးများအဖြစ် မျိုးစပ်ခဲ့ကြပြီး ကြောက်စရာကောင်းတဲ့ပုံပေါ်ပေမယ့် အလွန်တွယ်တာတတ်တဲ့ ခွေးလေးတွေဖြစ်ပါတယ်။
သူတို့ရဲ့ပိုင်ရှင်တွေက ချစ်ခင်တွယ်တာတတ်ပြီး ယုံကြည်စိတ်ချရထိုက်သူတွေဖြစ်ပါတယ်။
(၆) ဂိုးလ်ဒင်းရီထရိဗာ
သူတို့က ယူကေမှာ အကျော်ကြားဆုံးအိမ်မွေးခွေးတွေဖြစ်ပြီး ဂျက်ကီချန်း၊ ကိုနန်အိုဘရိုင်ယန်၊ နစ်ခ်ဂျိုးနက်စ်တို့ မွေးထားကြပါတယ်။
သူတို့ကိုမွေးထားတဲ့ပိုင်ရှင်တွေ ထပ်ဟပ်နေတဲ့စရိုက်တွေက စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ခြင်း၊ အကောင်းမြင်တတ်ခြင်း၊ ပျော်ပျော်နေတတ်ခြင်းတို့ ဖြစ်ပါတယ်။
(၇) လေဘရက်ဒေါ
ဒရူးဘယ်ရီမော၊ အန်းဟယ်သာဝေး၊ အာနိုးလ်ရှဝါဇနက်ဂါတို့က လေဘရက်ဒေါရီထရိဗာတွေ မွေးထားသူတွေဖြစ်ပါတယ်။
ခင်မင်ရင်းနှီးတတ်သူတွေအတွက် လေဘရက်ဒေါမွေးဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။
(၈) ဂျာမန်သိုးထိန်းခွေး
ဂျာမန်သိုးထိန်းခွေးမွေးထားသူတွေထဲမှာ ဂျန်နီဖာအန်နစ္စတန်၊ ဘင်အက်ဖ်လက်ခ်၊ ကမ်မရွန်ဒီယက်ဇ်တို့ ပါဝင်ပါတယ်။
သူတို့ရဲ့ အထင်ရှားဆုံးစရိုက်ကတော့ သူများကို အကူအညီပေးတတ်တာပဲ ဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Covid_Vaccine
Published 13 October 2022
အောက်စ်ဖို့ဒ်တက္ကသိုလ်သုတေသီများနဲ့ အက်စ်ထရာဇန်နီကာတို့မှ ပူးပေါင်းဖန်တီးရန်ကြိုးပမ်းနေတဲ့ နှာခေါင်းဖြန်းကိုဗစ်ကာကွယ်ဆေးဟာ ကနဦးစမ်းသပ်ချက်များအရ လူတွေမှာ လိုချင်တဲ့ကာကွယ်မှုမျိုးမရရှိခဲ့ဘဲ ပြဿနာကြုံတွေ့နေရပါတယ်။
စမ်းသပ်မှုအဆင့် ၃ ဆင့်အနက် ပထမဆုံးစမ်းသပ်မှု ပြုလုပ်ရာမှာ စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့သူတွေထဲက အနည်းငယ်ကသာ အသက်ရှူလမ်းကြောင်းအမြှေးပါးတွေမှာ ပဋိပစ္စည်းတုံ့ပြန်မှုရှိခဲ့တာကို တွေ့ရခဲ့ရကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သွေးထဲမှာတွေ့ရတဲ့ ရောဂါခုခံအားတုံ့ပြန်မှုက လက်မောင်းထိုးကာကွယ်ဆေးကရတဲ့ ခုခံအားထက် နည်းပါးခဲ့ပါတယ်။
အဆိုပါ နှာခေါင်းဖြန်းကာကွယ်ဆေးက ဗိုင်းရပ်စ်ဝင်လာမယ့် အသက်ရှူလမ်းကြောင်းမှာ ရောဂါခုခံအားတိုက်ရိုက်ဖြစ်ပေါ်စေနိုင်ကာ ရောဂါကူးစက်မှုကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ထားကြတာကြောင့် ကမ္ဘာတဝှမ်းရှိ သုတေသီအများစုက မျှော်မှန်းချက်ကြီးကြီး ထားခဲ့ကြပါတယ်။
ဒီနည်းလမ်းက မနာမကျင်ရတဲ့အပြင် ဆေးထိုးရတာထက်လည်း ပိုမိုလွယ်ကူပါတယ်။
အိန္ဒိယနဲ့ တရုတ်တို့က ဆေးဝါးကွပ်ကဲရေးများက အသက်ရှူလမ်းကြောင်းကတဆင့်ပေးရတဲ့ ကာကွယ်ဆေးတွေကို အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။
ဘာရက်ဘိုင်အိုတက်ခ်ရဲ့ နှာခေါင်းဖြန်းကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လက အသိအမှတ်ပြုခဲ့ပြီး တရုတ်ဆေးဝါးကွပ်ကဲရေးကလည်း ပြီးခဲ့တဲ့လက ကန်ဆိုင်နိုဘိုင်အိုလော့ဂျစ်ကုမ္ပဏီရဲ့ အသက်ရှူသွင်းပေးရတဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်ခွင့်ပြုချက်ပေးခဲ့ပါတယ်။
ကန်ဆိုင်နိုကထုတ်တဲ့ နှာခေါင်းအုပ်ပစ္စည်းဖြင့်ပေးရတဲ့ ကာကွယ်ဆေးဟာ ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်တဲ့ ခုခံအားကိုရရှိစေကြောင်း လေ့လာချက်တွေမှာတွေ့ခဲ့ရပြီး ဘာရက်ဘိုင်အိုတက်ခ်ရဲ့ စမ်းသပ်မှုရလာဒ်တွေကတော့ မထုတ်ဖော်ရသေးပါဘူး။
ဗြိတိန်ကစမ်းသပ်မှုအတွက် ကာကွယ်ဆေးမထိုးရသေးသူ အယောက် ၃၀ နဲ့ လက်မောင်းထိုးကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးသား အစမ်းသပ်ခံချင်သူ ၁၂ ယောက်တို့ကို ခေါ်ယူခဲ့ပါတယ်။
"နှာခေါင်းဖြန်းကာကွယ်ဆေး ယခုစမ်းသပ်ချက်အတွင်း မျှော်လင့်ထားသလို မအောင်မြင်ခဲ့ဘူး၊ ကာကွယ်ဆေးကို နှာခေါင်းနဲ့အဆုတ်ဆီရောက်အောင် ထည့်ပေးရတာက နည်းလမ်းမှန်ကန်ပေမယ့် နှာခေါင်းဖြန်းကာကွယ်ဆေးကတော့ အခက်အခဲတွေရှိနေပါတယ်" လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်ဂျန်နာမှ စမ်းသပ်မှုစုံစမ်းရေးမှူးချုပ်'ဆန်ဒီဒေါက်ဂလပ်စ်'က ပြောကြားခဲ့ပါတယ်။
အက်စ်ထရာဇန်နီကာမှ ထောက်ပံ့ပြုလုပ်တဲ့စမ်းသပ်မှုအတွင်း ဘေးထွက်ဆိုးကျိုးများ မရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 12 October 2022
ခွင့်မပြုတဲ့ ပိုးသတ်ဆေးတစ်မျိုးပါဝင်လို့ စင်္ကာပူအစားအစာအေဂျင်စီ(SFA)က ပြန်လည်သိမ်းဆည်းဖို့ ကြေညာထားတဲ့ Mie Sedaap တံဆိပ်ခေါက်ဆွဲ အမျိုးအစား(၆)မျိုး မြန်မာဈေးကွက်အတွင်းရှိ မရှိ မြန်မာနိုင်ငံ FDA က ကွင်းဆင်းစစ်ဆေးခြင်းတွေ စတင်နေပြီလို့သိရပါတယ်၊၊
#Yangon_Media_Group
#World_Achievement
Published 12 October 2022
အိန္ဒိယနိုင်ငံဟာ အမျိုးသမီးလေယာဉ်မှူးအများဆုံးရှိရာ နိုင်ငံဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 Oct 2022
ယူကရိန်းနိုင်ငံရဲ့ အနောက်ဘက်က ကျောထောက်နောက်ခံပေးနေသူတွေဟာ ရုရှားရဲ့ နိုင်ငံအနှံ့ ဒုံးကျည်တိုက်ခိုက်နေတာတွေကို ကာကွယ်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထပ်ပြီး ပံ့ပိုးပေးမယ်လို့ နေတိုးအကြီးအကဲ ယန်းစတိုးတင်ဘတ်က ကတိပေးလိုက်ပါတယ်။ ယူကရိန်းကိုထောက်ခံအးပေးဖို့ ဘယ်လို တိုးမြှင့်ဆောင်ရွက်ရမယ်ဆိုတာကို ကျွန်တော်တို့ဆွေးနွေးကြမယ်။ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ထိပ်တန်းဦးစားပေးဖြစ်လိမ့်မယ်လို့သူကပြောကြားလိုက်ပါတယ်။
Source AFP
#Local_News
Published – 12 October 2022
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး သြဂုတ်လထက်တင်ပို့မှုလျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 12 October 2022
အခြေခံစားသောက်ကုန်ဈေးကွက်ထဲ ကြက်သားနဲ့ ကြက်ဥဈေးနှုန်းတွေ ပြန်မကျတာမရှိသေးပဲ ဈေးကွက်ထဲမှာ ကြက်သားတစ်ပိဿာကို ကျပ်တစ်သောင်းနဲ့ အချို့သောနေရာတွေမှာ ကျပ်တစ်သောင်းထက်ပိုပေးရတဲ့ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_12 October 2022
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ချန်းဖုန်းမြို့နယ် လားရင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် (မိုးမောက်) လွယ်ဂျယ်မြို့က နှစ်နိုင်ငံကုန်သွယ်ရာ လွယ်ဂျယ် - လားရင်း နယ်စပ်လမ်းကြောမှာ ကိုဗစ်စစ်ဆေးတဲ့လုပ်ငန်းကို ထပ်တိုးလုပ်ဆောင်လိုက်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 12 October 2022
၁။ လွယ်ဂျယ် - လားရင်း နယ်စပ်လမ်းကြောင်းတွင် ကိုဗစ်စစ်ဆေးမှုများ ထပ်တိုးလုပ်ဆောင်
၂။ ကြက်သားနှင့် ကြက်ဥစျေးနှုန်းများ ကျဆင်းမှုမရှိသေး
၃။ စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့
၄။ အိန္ဒိယအမျိုးသမီးလေယာဉ်မှူးများအတွက် ရှေ့ဆောင်လမ်းပြလေယာဉ်မှူး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 Oct 2022
ရုရှားထံမှ လောင်စာဆီများဝယ်ယူရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ၊မော်စကိုမြို့တော်ကိုရောက်ရှိနေတယ်လို့ RIA သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။
အဲဒီကိုယ်စားလှယ်အဖွဲ့မှာ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့ပါဝင်ကြပါတယ်။
မြန်မာနိုင်ငံဟာ ရုရှားထံမှ နှစ်စဉ် ဓာတ်ဆီ တန်ချိန် (၂)သန်းနှင့် ဒီဇယ် တန်ချိန်(၄)သန်းဝယ်ယူလိုတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဦးမျိုးမြင့်ဦးနှင့် ဦးသောင်းဟန်တို့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ အောက်တိုဘာ ၁၂ ရက်မှ ၁၄ရက်အထိ ကျင်းပမယ့် ရုရှား စွမ်းအင်ရက်သတ္တပတ် Russian Energy Week ပွဲကို တက်ရောက်ရင်း လောင်စာဆီဝယ်ယူဖို့ကိစ္စ အသေးစိတ်ညှိနှိုင်းကြမှာဖြစ်ပါတယ်လို့ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက RIA ကိုပြောပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလက်ဒီမာပူတင်တို့ အဆိုပါကိစ္စပြောဆိုခဲ့ကြပြီးဖြစ်ကာ သမ္မတပူတင်က လောင်စာဆီတွေပေးပို့ဖို့ကိစ္စသဘောတူပြီးသားဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အခုကိစ္စက ငွေပေးချေဖို့ကိစ္စဖြစ်ပြီး ရုရှားငွေ ရူဘယ်နှင့်ပေးချေမလား တရုတ်ယွမ်ငွေနှင့်ပေးချေမလားဆိုတာ ဆွေးနွေးသဘောတူကြဖို့ရှိတယ်လို့လည်း သံအမတ်ကြီးဦးလွင်ဦးကပြောတယ်လို့ သတင်းမှာရေးသားထားပါတယ်။
Source RNI
#Myanmar_Russia
#Myanmar_Energy
#Myanmar
Page 1618 of 2055