#Local_News
Published_13 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ ၂၈၄ သန်းကျော်မြင့်တက်လာတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 13 Oct 2022
ကမ္ဘာပေါ်မှာ အကြီးဆုံးရေတံခွန်တွေထဲက တစ်ခုဖြစ်တဲ့ အီကွေဇူးရေတံခွန်ကြီးဟာ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံ နှစ်နိုင်ငံအကြားမှာတည်ရှိပါတယ်။
အဲဒီရေတံခွန်တွေမှာ စီးဆင်းလာတဲ့ ရေထုထည်ဟာ ယခုနှစ်မှာ ပုံမှန်ထက် ဆယ်ဆခန့် စံချိန်တင်များပြားလာနေပါတယ်။
ဗုဒ္ဓဟူးနေ့ကတိုင်းတာချက်အရ ရေတံခွန်တွေက ရေတွေဟာ တစ်စက္ကန့်ကို လီတာသန်းပေါင်း ၁၄.၅ အထိ စီးဆင်းနေပါတယ်။ ပုံမှန်က တစ်စက္ကန့်ကို ၁.၅လီတာသန်းဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေတံခွန်မှာစီးဆင်းတဲ့ရေတွေဟာ ထူးခြားစွာမြင့်တက်နေတာဖြစ်ပါတယ်။
အဲဒါကြောင့် ဘရာဇီးနိုင်ငံဘက်အခြမ်းက ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာကြတဲ့ တံတားတွေကို ပိတ်ထားလိုက်ရပါတယ်။ အဲဒီတံတားတွေမှာ အသွားအလာတွေပိတ်ထားပေမယ့် ရေတံခွန်ကိုလာရောက်လည်ပတ်တာကိုတော့ ဖွင့်ပေးထားဆဲဖြစ်ပါတယ်။
Source AFP
#Iguazu_Falls
#High_water_flow_Iguazu_Falls
#Brazil
#Local_News
Published _ 13 October 2022
မြန်မာ့မီးရထား၊ မြို့ပတ်ရထားတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲပေးခဲ့ပေမယ့် ပုံမှန်ထက်စာရင် စီးနင်းမယ့်ခရီးသည် နည်းပါးသွားခဲ့ပါတယ်။ ဘာကြောင့်ခရီးသည်နည်းပါးနေတယ်ဆိုတာကို ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က YMG ကို အခုလိုပဲ ပြောပါတယ်။
#Yangon_Media_Group
Published:13 Oct 2022
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်ရှာဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကန်စုပြည်နယ်တွေမှာ ဆောင်းဦးရာသီရဲ့ အံ့မခန်းစရာရှုခင်းတွေကိုတွေ့မြင်ရပါတယ်။
အဲဒီရှုခင်းတွေဟာ ဆီဆေးပန်းချီကားတွေလို အလွန်လှပတဲ့အတွက် အပျော်ခရီးသွားတွေက လက်လွတ်မခံကြတဲ့ မြင်ကွင်းတွေဖြစ်နေပါတယ်။
နင်ရှာရဲ့ လုံးတဲစီရင်စုမှာဆိုရင် ဒေသတစ်ခုလုံးဆောင်းဦးရာသီကျရောက်တဲ့အတွက် ရွှေရောင်နှင့်အနီရောင် သစ်ရွက်တွေဟာ တောင်တွေပေါ်မှာ ကော်ဇောကြီးတွေ စခင်းသလိုဖြစ်နေတာတွေ့ကြရပါတယ်။
မကြာသေးခင်နှစ်များအတွင်း ဂေဟစနစ်ကိုတည်ဆောက်ထိန်းသိမ်းထားတဲ့အတွက် လုံတဲဒေသမှာ အပြာရောင် ကောင်းကင်၊အစိမ်းရောင်ရေပြင်နှင့် တောင်တန်းတွေနှင့် နေ့ချင့်စဖွယ်ဖြစ်လို့နေပါတယ်။
စက်တင်ဘာလလယ်ကစပြီး အစိမ်းရောင်တောင်တန်းတွေဟာ ဆောင်းဦးရာသီ အရွက်တွေကြောင့် ဖြည်းဖြည်းချင်း အဝါရောင်နှင့်အနီရောင်ပြောင်းလာနေပါတယ်။
အပေါ်စီးမြင်ကွင်းထဲမှာ ကျီမားဟဲလျန်တင်းရဲ့ အစိမ်းရောင်ရေကန်ကြီးဟာ တောင်တန်းတွေက ပုံရိပ်ထင်သလို လှပနေပါတယ်။ အဲဒါကြောင့် အပျော်ခရီးသွားတွေဟာ လှပရှုမငြီးစရာရှုခင်းတွေကို ပျော်ရွှင်နှစ်သက်စွာခံစားကြတာဖြစ်ပါတယ်။
Source CCTV+
#Ningxia_Hui
#Gansu
#Autumn_scenery
#Local_News
Published_13 October 2022
တိုက်မယ်၊ ခိုက်မယ်ဆိုတဲ့ ရန်လိုတဲ့ စကားတွေကို ပြောနေတာထက် တွေ့ဆုံဆွေးနွေးပြောဆိုတာက ပဋိပက္ခကိုလျော့ကျစေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ( EAO )တွေနဲ့ တွေဆုံဆွေးနွေးလိုတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ ကမ်းလှမ်းချက်အပေါ် ကြိုဆိုရမယ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ နာယကလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 13 October 2022
၁။ တိုက်ခိုက်မည်ဆိုသည့်စကားထက် ဆွေးနွေးခြင်းက ပဋိပက္ခကိုလျော့ကျစေ၍ EAO များနှင့်ဆုံတွေ့ရန် RCSS ကမ်းလှမ်းချက်ကို ကြိုဆိုဟု PPST ဆို
၂။ မြို့ပတ်ရထားများ စီးနင်းမည့် ခရီးသည်နည်းပါးနေဟု ရုံပိုင်ချုပ်ကြီးပြော
၃။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ယခင်နှစ်ထက် ကန်ဒေါ်လာ ၂၈၄ သန်းကျော်မြင့်တက်လာ
၄။ ရှေးရိုးစွဲဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးငယ်များ တိုင်ဖက်အကသင်ယူလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_13 October 2022
ယနေ့ အောက်တိုဘာလ( ၁၃ ရက်နေ့ ) ထိ ရန်ကုန်မှာ ရောင်းချပေးနေတဲ့ မီးလင်းရွှေအတုံးအခဲ (၁၂) ပိဿာကျော်ချခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_12 October 2022
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ချန်းဖုန်းမြို့နယ် လားရင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် (မိုးမောက်) လွယ်ဂျယ်မြို့က နှစ်နိုင်ငံကုန်သွယ်ရာ လွယ်ဂျယ် - လားရင်း နယ်စပ်လမ်းကြောမှာ ကိုဗစ်စစ်ဆေးတဲ့လုပ်ငန်းကို ထပ်တိုးလုပ်ဆောင်လိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_13 October 2022
ထားဝယ်အထူးစီးပွားရေးဇုန်ကို ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနှင့်အညီ ဆောင်ရွက်မည်ဟု အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်(SEZ)ကို ၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများ မရှိခဲ့သည့်အတွက် ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်ခဲ့သော အီတာလျံ-ထိုင်းကုမ္ပဏီ (ITD) ကို စာချုပ်ရပ်ဆဲခြင်း ပြုလုပ်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် သုံးခုကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနှင့်လည်းကောင်း ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် ကြန့်ကြာမှုရှိခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်များကို ပျက်ကွက်ခြင်း၊ ဘဏ္ဍာငွေ အထောက်အထား မတင်ပြနိုင်ခြင်းအစရှိသည့် အချက်များကြောင့် ITD နှင့် ကနဦးအဆင့် စီမံကိန်းလုပ်ငန်း (၉)ခုအတွက် ချုပ်ဆိုထားသည့် လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်အားလုံးကို ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ SEZ ကို ကနဦးနှင့် ပင်မစီမံကိန်းဟု အပိုင်း (၂)ပိုင်းခွဲထားပြီး ကနဦးအဆင့်တွင် ကန်ဒေါ်လာ (၁)ဘီလီယံတန် စက်မှုဇုန်၊ ဓါတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းငယ်၊ LNG ဓာတ်ငွေ့ရည်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံများ တည်ဆောက်သွားရန် လျာထားကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 13 october 2022
ပြင်ဦးလွင်မြို့ရှိ နေအိမ်တစ်အိမ်၌ လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်မြို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခုထံမှ သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး (မြောက်) ပါရမီလမ်းရှိ နေအိမ်တစ်အိမ်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသူတစ်ဦးနှင့် ဒဏ်ရာရထားသူ သုံးဦးတွေ့ရှိသည့်အတွက် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးထားသည်။
အဆိုပါဖြစ်စဉ်နှင့်ဆက်လျဉ်း၍ YMG မှ ဆက်သွယ်မေးမြန်းရာ ပြင်ဦးလွင် နာရေးကူညီမှုအသင်းရဲ့ ပြောကြားချက်အရ " ဖြစ်စဉ်အတိအကျကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အစည်းအဝေး ပြုလုပ်နေဆဲပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဒေသခံများမှလည်း နေအိမ်အတွင်း သူခိုးဝင်ရောက်ရာမှ တစ်ဆင့်အိမ်ရှင် အမျိုးသားဖြစ်သူ အသတ်ခံရတာဖြစ်ကြောင်း မှတ်ချက်ပေးကြသော်လည်း တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ စည်ကားကျေးရွာ (၃)လမ်းရှိ ကြက်ခြံတစ်ခြံ၌ အမျိုးသမီး ငါးဦး မိသားစုလိုက် အသတ်ခံရသည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#ymg/NN
#Yamgon_Media_Group
#World_Military
Published 13 October 2022
မြောက်ကိုရီးယားခေါင်းဆောင်'ကင်မ်ဂျုံအန်း'က တာဝေးပစ်ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည် ၂ စင်းပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒီစမ်းသပ်မှုဟာ စစ်ရေးတပ်ဖွဲ့များသို့ ဖြန့်ကျက်ထားတဲ့ နျူကလီးယားလက်နက်များရဲ့ စွမ်းရည်စိတ်ချရမှုနဲ့ လုပ်ဆောင်ချက်များကို အတည်ပြုတဲ့သဘောနဲ့ စမ်းသပ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်မှုက ဗျူဟာမြောက်နျူကလီးယားစစ်ဆင်ရေးအတွက် မြောက်ကိုရီးယားတပ်မတော်သို့ ဖြန့်ကျက်ထားသည့် ပဲ့ထိန်းဒုံးကျည်များရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ အင်အားအရှိန်အဝါကို မြှင့်တင်ရန်ရည်ရွယ်တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဆိုပါတယ်။
အဆိုပါ စမ်းသပ်မှုက ရန်သူတွေကို နောက်ထပ်သတိပေးလိုက်တဲ့သဘောဖြစ်ကြောင်း၊ စစ်ရေးနဲ့စစ်ပွဲပြဿနာများကို အချိန်မရွေးဟန့်တားနိုင်ရန် နျူကလီးယားဗျူဟာမြောက် လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ရေးလှုပ်ရှားမှုနယ်ပယ်ကို ဆက်လက်ချဲ့ထွင်သင့်ကြောင်း၊ အခုက လုံးဝအစပြုလိုက်တာဖြစ်ကြောင်း ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က အလေးပေးပြောကြားခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘောများအပါအဝင် တောင်ကိုရီးယားနဲ့ အမေရိကန်တပ်များ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု မကြာခင်ကပြုလုပ်ခြင်းကို ကန့်ကွက်လိုက်ကာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တောင်ကိုရီးယားကိုပစ်မှတ်ထားတဲ့အနေနဲ့ နျူကလီးယားလေ့ကျင့်မှုကို 'ကင်မ်'က ညွှန်ကြားခဲ့တာဖြစ်ကြောင်း KCNA က ဖော်ပြထားပါတယ်။
ဒုံးကျည် ၂ စင်းစမ်းသပ်မှုက ၁၀,၂၃၄ စက္ကန့်ကြာအောင် ပျံသန်းခဲ့ပြီး ၂,၀၀၀ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို တိတိကျကျထိမှန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါပစ်လွှတ်မှုအကြောင်း မှတ်ချက်ပြုခြင်းမရှိဘဲ ဝါရှင်တန်အနေနဲ့ မဟာမိတ်များ၊ လက်တွဲဖော်များနဲ့ အနီးကပ်ပူးပေါင်းကာ မြောက်ကိုရီးယားက ပြုလုပ်လာတဲ့ခြိမ်းခြောက်မှုကို ဖြေရှင်းဖို့ကိုသာ ဆက်လက်ဦးစားပေးဆောင်ရွက်မှာဖြစ်ကြောင်း ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၁ စက်တင်ဘာလတုန်းက ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးစမ်းသပ်ခဲ့ပြီး ဒါဟာ နျူကလီးယားကို မြောက်ကိုရီးယားလက်နက်တွေမှာ ပထမဆုံးတပ်ဆင်နိုင်တဲ့အခြေအနေအဖြစ် သုံးသပ်သူများ ရှုမြင်ခဲ့ကြပါတယ်။
ယခုစမ်းသပ်မှုအရ နျူကလီးယားလက်နက်က အပြည့်အဝလုပ်ဆောင်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းဒုံးကျည်မှာ တပ်ဆင်နိုင်လောက်အောင် သေးငယ်တဲ့ နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်မလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ သေးငယ်တဲ့လက်နက်များဖြစ်ပြီး ခပ်နိမ့်နိမ့်ပျံသန်းနိုင်တဲ့အပြင် ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ရှောင်ရှားနိုင်အောင် လူကိုယ်တိုင်ထိန်းချုပ်ပျံသန်းနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က 'ကင်မ်'ပြောကြားရာမှာ ထိပ်ဖူးအသေးတွေထုတ်လုပ်ဖို့က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါဒုံးကျည်တွေမှာ သမားရိုးကျထိပ်ဖူးရော နျူကလီးယားထိပ်ဖူးပါ တပ်ဆင်နိုင်ကာ ပဋိပက္ခဖြစ်တဲ့အချိန်ကျရင် ဘယ်လိုထိပ်ဖူးမျိုးတပ်ဆင်လာမလဲဆိုတာကို သေချာမသိနိုင်ဘူးလို့ သုံးသပ်သူများကဆိုပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 13 October 2022
မြန်မာနိုင်ငံမှထုတ်လုပ်သော ကားတာယာများကို ဘရာဇီးလ်နိုင်ငံအခြေစိုက် Sunamerica ကုမ္ပဏီက ဝယ်ယူတင်သွင်းလိုကြောင်း ကမ်းလှမ်းမှုတွေ ပြုလုပ်လာကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
မြန်မာနိုင်ငံကထုတ်လုပ်တဲ့ ကားတာယာတွေ အထူးသဖြင့် အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မနဲ့ ထရပ်ကားတာယာတွေကို ဝယ်ယူဖို့စိတ်ဝင်စားကြောင်း ဆော်ပိုလိုမြို့ အခြေစိုက် ကုမ္ပဏီက ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ကုမ္ပဏီက The National Institute of Metrology Quality and Technology အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး သီရိလင်္ကာ၊ တရုတ်၊ ပါကစ္စတန်နိုင်ငံတို့မှ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတာယာတွေကို တင်သွင်းနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ကားတာယာထုတ်လုပ်တဲ့ စက်ရုံတွေအနေနဲ့ ဘရာဇီးလ်နိုင်ငံကို တာယာတင်ပို့လိုတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စိတ်ဝင်စားတဲ့ကုမ္ပဏီတွေအနေနဲ့ ကားတာယာတွေ တင်ပို့ရောင်းချလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၃၄၀၈၆၂၂ ၊ ၀၆၇-၃၄၀၈၆၂၃ တို့ကို ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ ကြေညာထားပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1617 of 2055