Published 16 Oct 2022
ခေတ်မီဆိုရှယ်လစ်တရုတ်နိုင်ငံကို ညီညွတ်မှုဖြင့်ကြိုးပမ်းတည်ထောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၁၆ ရက် ဘေဂျင်းမှာကျင်းပတဲ့ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။
ပါတီတစ်ခုလုံးနှင့် တိုင်းရင်းသားအုပ်စုတွေအားလုံးရဲ့ တရုတ်ပြည်သူတွေဟာ ဒုတိယရာစုပန်းတိုင်ကို ရှေးရှုပြီး ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံကို လေးစားတန်ဖိုးထားမှုနှင့်ခေတ်မီတိုးတက်မှုတို့ဖြင့် တည်ဆောက်ဖို့ ခရီးအသစ်တစ်ခုစတင်တဲ့ အရေးကြီးတဲ့ အချိန်မှာ ယခု ကွန်ဂရက်ကို ကျင်းပတာဖြစ်တယ်လို့ ရှီက ပြောပါတယ်။
“ ဒီကွန်ဂရက်ရဲ့ အာဘော်က တရုတ်တို့ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့်အတူ ကြီးမြတ်တဲ့ ဆိုရှယ်လစ်ဝါဒ အောင်လံကြီးကို မြင့်မားစွာ စိုက်ထူခြင်းပဲဖြစ်ပါတယ်။ ခေတ်သစ်မှာ ဆိုရှယ်လစ်ဝါဒကို တရုတ်ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့် အပြည့်အဝ အကောင်အထည်ဖော်ဖို့ဖြစ်တယ်” လို့ ရှီကပြောပါတယ်။
လီကာရှင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အကြိမ်၂၀မြောက် အမျိုးသားကွန်ဂရက်ကိုဖွင့်လှစ် ကြောင်းကြေညာပါတယ်။
ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကွန်ဂရက်ဟာ ခေါင်းဆောင်မှုအသစ်တွေကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။
ကွန်ဂရက်ရဲ့ အဓိကအစီအစဉ်တွေထဲမှာ ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာကို ကြားနာဆန်းစစ်ခြင်း၊ ၁၉ကြိမ်မြောက်စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ရဲ့အစီရင်ခံစာကို ဆန်းစစ်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းနှင့် ၂၀ကြိမ်မြောက် ဗဟိုကော်မတီနှင့် ၂၀ကြိမ်မြောက် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ရွေးချယ်တင်မြှောက်ခြင်းတို့ပါဝင်ပါတယ်။
ကွန်ဂရက်ကို ရွေးချယ်ခံ ကိုယ်စားလှယ်ပေါင်း ၂၂၉၆ ဦးတက်ရောက်နေပါတယ်။ သူတို့ကို တရုတ်ကွန်မြူနစ်ပါတီဝင် ၉၆သန်းကျော်နှင့် နိုင်ငံအနှံ့က အခြေခံအဆင့်ပါတီအဖွဲ့အစည်း ၄.၉သန်းကျော်၊အဲဒီအပြင် တိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ မျှော်လင့်ချက်တွေ သယ်ဆောင်လာ ကြတယ်လို့ တရုတ်အစိုးရပိုင် CCTVက သတင်းဖော်ပြခဲ့ပါတယ်။
Source CCCTV+
#20th_CPC_National_Congress
#Xi_Jinping
#China_Politics
#LocalNews
Published _16 October 2022
ရုရှားနိုင်ငံ၏ အဓိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Inter RAO – Export ကုမ္ပဏီနှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်အကောင်အထည်ဖော်ရေးအစီအစဉ်အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေး Notice to Proceed(NTP)ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က သိရသည်။
ရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ၌ကျင်းပသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်အတွင်း အထက်ပါအတိုင်းလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း၊ယင်းအပြင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း အဆိုပါဖိုရမ်အတွင်း ဖိတ်ခေါ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်များ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များရှိသောကြောင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ၌ ကျင်းပသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊စွမ်းအင်ဝန်ကြီးဌာနတို့အနေဖြင့် ရုရှားနိုင်ငံ Novatek ကုမ္ပဏီ ၊ LLC SIGMA ကုမ္ပဏီ ၊ Prometey ကုမ္ပဏီတို့မှ သက်ဆိုင်သူများနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Mr. Nikolay G.Shulginov ဦးဆောင်သောအဖွဲ့နှင့်လည်း စွမ်းအင်ဆိုင်ရာရင်းကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းရေးကိစ္စများ၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးကိစ္စနှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ကိစ္စ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ Joint Stock Company Foreign Economic Corporation “PRODINTORG” နှင့်တွေ့ဆုံကာ ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာတင်သွင်းရေးလုပ်ငန်းများအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#World_Health
Published 16 October 2022
ကိုဗစ်နောက်ဆက်တွဲလက္ခဏာများကို ၁၂ လကြာသည့်တိုင်အောင် ခံစားနေရသူအများစုဟာ ၁၈ လတိုင်သည်အထိ ဆက်လက်ခံစားရဖွယ်ရှိနေကြောင်း အချက်အလက်များအရ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ စကော့တလန်လူမျိုး ၃၃,၂၈၁ ဦးကို လေ့လာခဲ့ရာ အများစုက ကပ်ရောဂါအစောပိုင်းတုန်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံခဲ့ရသူတွေကို ၁၂ လကြာပြီးနောက်နဲ့ ၁၈ လအကြာတို့မှာ စစ်တမ်းများကောက်ယူခဲ့ရာ အများစုက နောက်ဆက်တွဲလက္ခဏာတွေ ခံစားရဆဲဖြစ်ပါတယ်။
ရောဂါကူးစက်ခံခဲ့ရသူ ၃၁,၄၈၆ ဦးမှာ တဝက်နီးပါးလောက်က ၆ လမှ ၁၈ လအတွင်း အပြည့်အဝသက်သာလာခြင်း မရှိခဲ့ပါဘူး။
အရေးကြီးတဲ့အချက်က ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက နေရာတိုင်းကလူတွေမှာဖြစ်နိုင်ပြီး ကိုဗစ်ကြောင့် ဆေးရုံတက်ရတဲ့လူနာတွေမှာသာ ဖြစ်နိုင်တာမျိုးမဟုတ်ကြောင်း ဂလက်စ်ဂိုတက္ကသိုလ်မှ ဦးဆောင်လေ့လာသူ'ဂျေလ်ပဲလ်'က ဆိုပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေက ဆေးရုံတက်ကုသခဲ့ရတဲ့လူနာတွေ၊ အသက်ကြီးသူ၊ အမျိုးသမီး၊ ရောဂါအခံရှိသူတွေမှာ ပိုပြီးအဖြစ်များပါတယ်။
အဖြစ်အများဆုံးလက္ခဏာတွေကတော့ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတုန်ခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း တို့ဖြစ်ပါတယ်။
ရောဂါမကူးစက်ခင် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကလည်း အချို့လက္ခဏာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိမယ်လို့ ယူဆရပါတယ်။
ကိုဗစ်ရောဂါနဲ့ ကျန်းမာရေးပြဿနာများကို သိရဖို့ ကိုဗစ်မကူးစက်ခဲ့တဲ့ လူ ၆၃,၀၀၀ နီးပါးကိုလည်း စစ်တမ်းကောက်ယူကာ ခွဲခြားလေ့လာခဲ့ကြပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 16 October 2022
Accelerated Charter မူလတန်းကျောင်းရှိ စာကြည့်တိုက်မှာ ကလေးတွေက 'လီယာရို့စ်ဂယ်လာဂိုစ်'ရဲ့ ယောဂသင်ကြားမှုအတိုင်း လိုက်လံပြုလုပ်နေကြပါတယ်။
ရို့စ်မယ်ရီနဲ့ လာဗင်ဒါအမွှေးဆီများကို အခန်းထဲမှာပျံ့နှံ့စေကာ အခန်းထဲဝင်လာလိုက်ရင် အခြားတစ်နေရာရာကို ရောက်လာသလို ခံစားရစေမှာဖြစ်ကြောင်း လူထုယောဂသင်တန်းပူးတွဲတည်ထောင်သူ 'ဂယ်လာဂိုစ်'က ပြောပြပါတယ်။
အကြောက်တရားတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာဖန်တီးနိုင်ရန် သင်ကြားပေးတာဖြစ်ကြောင်း ဆိုပါတယ်။
၂၀၂၁ ခုနှစ်နွေရာသီမှာ လူချင်းတွေ့သင်ကြားမှုကို ပြန်လည်ပြုလုပ်လာခဲ့ရာမှာ ကလေးတွေအနေနဲ့ ဒီထက်ပိုပြီး အားပေးသင်ကြားဖို့ လိုအပ်နေတာကို သတိပြုမိခဲ့ကြပါတယ်။
ကိုဗစ်ကပ်ရောဂါကလည်း နောက်ထပ်စိတ်အနှောင့်အယှက်ရစေတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ပြောပြပါတယ်။
ကမ္ဘာတဝှမ်းလုံးမှာ ကပ်ရောဂါအနှောင့်အယှက်ကြောင့် ကလေးတွေရဲ့ အတွက်အချက်စွမ်းရည်၊ စာဖတ်စွမ်းရည်များ တိုးတက်ရေးကို ထိခိုက်စေပါတယ်။
"ကလေးတွေဆိုရင် သူတို့ရဲ့စိတ်ဖိစီးမှုကို ထုတ်ဖော်မပြောတတ်ကြဘဲ အခြားနည်းလမ်းများနဲ့ ဖော်ပြတတ်ကြပါတယ်၊ ဒါကြောင့် သူတို့ခံစားနေရတာတွေကို ဖော်ပြနိုင်မယ့်နည်းလမ်းတွေ ပုံဖော်ပေးဖို့ပဲဖြစ်ပါတယ်" လို့ ကျောင်းအုပ်'ဖီဂွယ်ရိုအာ'က ဆိုပါတယ်။
ကမ္ဘာတဝှမ်းမှ လူငယ်အယောက် ၈၀,၀၀၀ လောက်ဟာ ကပ်ရောဂါပထမနှစ်အတွင်း စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း ၂ ဆပိုများလာပြီး စိတ်ဓာတ်ကျခြင်းခံစားရတဲ့ ကလေး ၂၅ ရာခိုင်နှုန်းနဲ့ စိုးရိမ်ပူပန်ခြင်းခံစားရတဲ့ကလေး ၂၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ငယ်ရွယ်သူတွေမှာ ဘဝအခြေအနေမကောင်းရခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဆက်စပ်နေကြောင်း ၂၀၂၁ ဒီဇင်ဘာမှာ ဖော်ပြခဲ့ပါတယ်။
လေ့လာချက်အများအပြားမှာ ပုံမှန်ယောဂကျင့်ခြင်းက ကလေးတွေရဲ့ စိုးရိမ်စိတ်နဲ့ စိတ်ခံစားချက်တို့ကို တိုးတက်စေကြောင်း သိရှိရပါတယ်။
"ကလေးတွေကို သူတို့ကိုယ်သူတို့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်အောင် နည်းလမ်းတွေသင်ကြားပေးချင်တာပါ" လို့ ဆိုပါတယ်။
ယောဂသင်ကြားခြင်းရည်ရွယ်ချက်က ခန္ဓာကိုယ်ပျော့ပြောင်းရန်အပြင် လက်တွေရော နှလုံးတွေရောပါ သက်သာစေတယ်လို့ သိရပါတယ်။
သူတို့လေ့ကျင့်တဲ့ထဲမှာ အသက်ရှူလေ့ကျင့်ခန်း၊ နှာခေါင်းမှ အသက်ပြင်းပြင်းရှူခြင်း၊ ပါးစပ်မှ ရှူထုတ်ခြင်းတို့ပါဝင်ပါတယ်။
သင်တန်းအချိန်ပြီးတိုင်း 'ဂယ်လာဂိုစ်'က ကလေးတွေကို ဘယ်လိုခံစားရကြောင်း မေးမြန်းလေ့ရှိပါတယ်။
အွန်လိုင်းကနေ သင်ကြားတာမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့အတူ ယောဂသင်ကြားရတာဟာ ပျော်ရွှင်ရကြောင်း ကလေးတစ်ယောက်က ပြောပြပါတယ်။
Source: SCMP
#Yangon_Media_Group
#Local_News
Published_ 16 October 2022
မြန်မာလျှပ်စစ်ကား (NEV) ဈေးကွက်ကို ဝင်ရောက်နိုင်ဖို့အတွက် တရုတ်လျှပ်စစ်မော်တော်ယာဉ် ကော်ပိုရေးရှင်း HOZON Auto က မြန်မာနိုင်ငံအခြေစိုက် Grand Sirius Company Limited (GSE) နဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ ပြင်ဆင်နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံက လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များနဲ့ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ထားပြီး ယာဉ်သုံးစွဲရာမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အားသွင်းနိုင်မယ့် Charging Station တွေကို တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။
တရုတ်အခြေစိုက် HOZON AUTO ကုမ္ပဏီဟာ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီနဲ့ NETA U မော်ဒယ်လ် လျှပ်စစ်စွမ်းအင်သုံးကား နဲ့ NETA V မော်ဒယ်လ် လျှပ်စစ်စွမ်းအင်သုံးကားများကို မိတ်ဆက်ရောင်းချသွားမှာဖြစ်သလို လိုအပ်တဲ့ဝန်ဆောင်မှုများ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
HOZON AUTO ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံဈေးကွက်ထဲကို ပထမဆုံးဝင်ရောက် လာတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ စင်္ကာပူအခြေစိုက် GSE ကုမ္ပဏီနဲ့ အောက်တိုဘာ (၁၀) ရက်က ပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
HOZON AUTO က လက်ရှိမှာ လျှပ်စစ်စွမ်းအင်သုံးကားအစီးရေ ပေါင်း ၅၂ဝဝ ခန့် အော်ဒါလက်ခံရရှိထားတယ်လို့ သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

#Local_News
Published_ 16 October 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀၀ ကီလိုနှင့် ကက်တမင်း ၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ ဆင်စားကုန်း ကျေးရွာအနီးတွင် မိုးကုတ်ဘက်မှ ပြင်ဦးလွင်ဘက်သို့ ငွေအောင် မောင်းနှင်ပြီး မင်းမင်း လိုက်ပါလာသည့် DONGFENG ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၁၅၀၀ ကီလိုနှင့် ကက်တမင်း ၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် နှင့် ကက်တမင်းတို့အား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ygm_mnn
#Yangon_Media_Group
Published 16 Oct 2022
အိန္ဒိယနိုင်ငံက ကျန်းမာရေးအာဏာပိုင်တွေဟာ နယူးဒေလီက ဆေးဝါးကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ချောင်းဆိုးနှင့်အအေးမိရောဂါကုဆေးရည်တွေဟာ ဒါဇင်ပေါင်းများစွာသော ကလေးငယ်တွေ သေဆုံးမှုနှင့် ဆက်နွယ်မှုရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုပြီးတဲ့နောက် အဆိုပါ ဆေးဝါးကုမ္ပဏီရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
အဆိုပါ Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးဖြစ်တဲ့ Promethazine Oral Solution၊Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့အထဲမှာ ဦးနှောက်၊အဆုပ်၊အသည်းနှင့်ကျောက်ကပ်တွေကို ပျက်စီးစေနိုင်တဲ့ ဓာတုပစ္စည်းတွေ လက်မခံနိုင်စရာပမာဏာပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယရှိနေပါတယ်။
ဂမ်ဘီယာ၊အာဖရိကက ကလေးငယ် ၆၀၀ကျော်နှင့် အင်ဒိုနီးရှားက ကလေးငယ် ၂၀ကျော် သေဆုံးခဲ့ရမှုနှင့် အဲဒီဆေးဝါး တွေ ဆက်နွယ်မှုရှိနိုင်တယ်လို့ ကျန်းမာရေးအရာရှိတွေက ယုံကြည်နေကြပါတယ်။
Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီဟာ GMP လို့ခေါ်တဲ့ ကောင်းမွန်သော ထုတ်လုပ်မှုလမ်းစဉ်လိုအပ်ချက် အမျိုးမျိုးကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆေးဝါးတွေကို ထုတ်လုပ်ခဲ့ စမ်းသပ်ခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံ ဗဟို ဆေးဝါး စံချိန်စံညွှန်း ထိန်းကျောင်းရေးအဖွဲ့က ဗုဒ္ဓဟူးနေ့တုန်းက ပြောခဲ့ပါတယ်။
“ စုံစမ်းစစ်ဆေးမှုများအတွင်း တွေ့ရှိရတဲ့ စည်းကမ်းဖောက်ဖျက်မှု အတိုင်းအတာနှင့် အရည်အသွေး၊ ဘေးကင်းရေးနှင့် ဆေးဝါးအာနိသင်တို့အပေါ် အန္တရာယ်ရှိနိုင်ခြေတို့ကြောင့် ကုမ္ပဏီရဲ့ ထုတ်လုပ်မှုလုပ်ငန်းအားလုံး ချက်ခြင်းရပ်တန့်ပစ်ရမည်” လို့ အဖွဲ့က အမိန့်ထုတ်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါ ချောင်းဆိုပျောက်ဆေးရည်လေးမျိုးကို နောက်ပိုင်းတွင် ဓာတ်ခွဲကြည့်ခဲ့ရာမှာ ဦနှောက်၊အဆုပ်၊အသည်းနှင့်ကျောက်ကပ်တွေကိုပျက်စီးစေနိုင်တဲ့ ဒိုင်ယာသလင်းဂလိုင်ကောလ် diethylene glycol နှင့် အက်သလင်းဂလိုင်ကော ethylene glycol တွေဟာ လက်မခံနိုင်တဲ့ ပမာဏပါဝင်ကြောင်းတွေ့ရှိခဲ့ပါတယ်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကလည်း အဲဒီဆေးလေးမျိုးရဲ့ နမူနာ ၂၃ပုလင်းကိုစစ်ဆေးရာမှာလည်း ဒိုင်ယာသလင်း ဂလိုင်ကောလ် သို့မဟုတ် အက်သလင်းဂလိုင်ကောလ်ပါဝင်နေတာ တွေ့ခဲ့ရပါတယ်။
အဲဒီဆေးတွေကို အခြားနိုင်ငံတွေက ဖြန့်ချိရောင်းချထားတာတွေရှိနိုင်ပြီး အဲဒါတွေကို ရောင်းဝယ်နေခြင်းကနေ ဖယ်ရှားပစ်ဖိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံအကြံပြုထားပါတယ်။
အဆိုပါဆေးတွေနှင့်ပတ်သက်ပြီး စတင်သိရှိတာက ဂမ်ဘီယာနိုင်ငံဖြစ်ပြီး အဲဒီက ကလေးငယ်တွေဟာ ကျောက်ကပ် ပျက်စီးသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။အင်ဒိုနီးရှားမှာလည်း ကလေးငယ် ၂၀ကျော် ကျောက်ကပ်ပျက်စီးသေဆုံးခဲ့ရတာတွေရှိခဲ့ပြီး သေဆုံးသူတွေအားလုံးဟာ အဆိုပါဆေးရည်ကိုသောက်သုံးထားသူတွေ ဖြစ်တယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။
Source CNN/Agencies
#Maiden_Pharmaceuticals
#Cough_Syrups
#Children_deaths
#LocalNews
Published _15 October 2022
ထိုင်း-မြန်မာ နယ်စပ် မဲ့ဆောက် မြဝတီ အမှတ် ၁ တံတားအနီး ယနေ့ည ၇ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ကားနှစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။
"အသံအတော်ကျယ်ကျယ်ကြားရပါတယ်။ ပထမတစ်လုံး နဲ့ ဒုတိယတလုံး က ဆယ်မိနစ်လောက် ခြားမယ်ထင်တယ်၊မရှေးမနှောင်းမှာ ပေါက်တာဗျ"ဟုမြဝတီမြို့ခံတစ်ဦးကဆိုသည်။
ကိုဗစ်ကြောင့် ပိတ်ထားရသော အဆိုပါ အမှတ် ၁ တံတားကို ယခုတိုင်ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
ymg/mt
#Yangon_Media_Group

#Local_News
Published_ 15 October 2022
ရာသီဥတု အကူးအပြောင်းကာလဖြစ်တဲ့အတွက် အဖျားကြီးတဲ့ကလေးလူနာတွေ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တဲ့ ကလေးလူနာတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးနေရတာများတယ်လို့ ပုလဲအရန်မီးသတ်အဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-15 October 2022
ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်စည်းကမ်းတွေသတ်မှတ်ထားတာကြောင့် သကြားတင်ပို့နိုင်ခြင်း မရှိတော့ဘူးလို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Yangon_Media_Group
#World_Event
Published 14 October 2022
ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ပထမ ၂ ပတ်အတွင်း မြို့တော်ဒိုဟာမှာ လိုက်ပါအားပေးသူ အလွန်များပြားနိုင်တာကြောင့် လမ်းပိတ်ခြင်းများ ကြုံတွေ့နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
#Yangon_Media_Group
Published 15 Oct 2022
တူရကီနိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေးသတ္တုမိုင်းတစ်ခု သောကြာနေ့က ပေါက်ကွဲခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၄၀ ဦးသေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဆူလီမန်ဆွိုင်လုက အောက်တိုဘာ ၁၅ ရက်က ပြောပါတယ်။
သတ္တုတွင်းပေါက်ကွဲမှုဟာ တူရကီနိုင်ငံရဲ့ ပင်လယ်နက် ကမ်းခြေပေါ်က အမ်မာဆရာ သတ္တုမြို့ကလေးရဲ့ ကျောက်မီးသွေးမိုင်းတစ်ခုမှာ သောကြာနေ့ နေမဝင်ခင်ကလေးမှာ ဖြစ်ပွားခဲ့တာပါ။
“ အခုသေဆုံးသူတွေ တွက်ကြည့်တာ ၄၀ ဦးရှိပြီ။ မိုင်းလုပ်သား ၅၈ ဦးကတော့ ထိခိုက်မှုမရှိဘဲတွင်းထဲက ထွက်လာနိုင်ကြပါတယ်။ ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၂၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်” လို့ သူကပြောပါတယ်။
ယခုကျောက်မီးသွေးသတ္တုမိုင်းပေါက်ကွဲမှုဟာ တူရကီနိုင်ငံမှာ အဆိုးရွားဆုံး စက်မှုလုပ်ငန်းမတော်တဆမှုတွေထဲက တစ်ခုဖြစ်ပါတယ်။
မျက်ရည်တွေကျနေတဲ့စွမ်းအင်ဝန်ကြီး ဖာ့တီဒွန်မက်က “ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်တော့မှာပါ” လို့ ပြောပါတယ်။
အဲဒီမြေအောက်ကျောက်မီးသွေးမိုင်းထဲမှာ လုပ်သား ၁၁၀ကျော် အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဥမင်တစ်ခုထဲမှာ မီးထလောင်ခဲ့ပါတယ်။ အဲဒီဥမင်တွေဟာ မြေအောက် မီတာ ၃၀၀မှ ၃၅၀ အနက်မှာတည်ရှိနေပါတယ်။
မိုင်းလုပ်သားသမဂ္ဂက ပေါက်ကွဲမှုဟာ မီသိန်းဓာတ်ငွေ့တွေများလာတာကြောင့်လို့ပြောပေမယ့် အခြားအရာရှိတွေကတော့ အကြောင်းရင်းကို ကောက်ချက်ဆွဲဖို့ စောသေးတယ်လို့ပြောနေခဲ့ပါတယ်။
တူရကီသမ္မတ ရီဆက်တာရစ်အာဒိုဂန်ဟာ မိုင်းမတော်တဆမှုဖြစ်တဲ့နေရာကိုသွားရောက်ခဲ့ပါတယ်။
Source AFP
#Turkey_mine_blast
#Amasra_Turkey
#Turkey
Page 1613 of 2055