Published 14 Oct 2022
ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်းမှာ ကျောင်းကနေ အိမ်အပြန် ကျောင်းသူကျောင်းသားတွေတင်ဆောင်လာတဲ့ ဝန်ပိုဖြစ်နေတဲ့ ကူးတို့လှေတစ်စီးနစ်မြုပ်သွားတဲ့အတွက် ကလေးငယ်တွေ အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြို့တော်ဖနွမ်းပင်ရဲ့ အရှေ့တောင်ဘက် ၅၃ ကီလိုမီတာအကွာမှာရှိတဲ့ ကန်ဒယ်ပြည်နယ်မှာ ကြာသပတေးနေ့က လှေနစ်မြုပ်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ဟာ ကျောင်းသူကျောင်းသားတွေကို ရှာဖွေခဲ့ကြတယ်လို့ ပြည်နယ်ရဲချုပ် ချဟိုအမ်ဆိုချက်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။
သေဆုံးတဲ့ကလေးတွေဟာ အသက် ၁၁နှစ်နှင့် ၁၄နှစ်အကြား ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
“နစ်မြုပ်ရတဲ့အကြောင်းရင်းက လှေပိုင်ရှင်ဟာ ဝန်ပိုတွေတင်လာလို့၊ ဂရုမစိုက်မှုတွေကြောင့်ဖြစ်တယ်။ လှေပေါ်မှာ အသက်အန္တရာယ်ကာကွယ်ရေးအတွက် အသက်ကယ်ဂျာကင်တွေလည်း မရှိဘူး” လို့ သူကဆိုရှယ်မီဒီယာပို့စ်ထဲမှာ ပြောထားပါတယ်။
ကလေးနှစ်ယောက်နှင့် လှေသမားလူကြီးနှစ်ဦးတို့ အသက်ရှင်ကျန်ရစ်တယ်လို့ အေအက်ဖ်ပီ သတင်းအရသိရပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းကြောင်း ပြောဆိုပါတယ်။ ကွယ်လွန်သူတွေရဲ့မိသားစုတွေကို ကူညီစောင့်ရှောက်ကြဖို့ အာဏာပိုင်တွေကိုမှာထားပါတယ်။
“ပြည်သူတွေ အထူးသဖြင့် မြစ်နားချောင်းနာနေသူတွေ ရေကြီးတာတွေက များသည်ထက်များလာလို့ သတိထားကြပါ” လို့လည်း သူကပြောပါတယ်။
Source Channel News Asia
#Cambodia
#Mekong_River
#Boat_Sinking
Published 14 Oct 2022
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁၄ရက်က ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်၌ ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါရွေးချယ်ပွဲမှာ နည်းပညာဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက် ထူးချွန်ထက်မြက်မှု၊ စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် ၎င်းတို့စိတ်ပါဝင်စားမှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြတာဖြစ်ကြောင် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးနှင့် အဖွဲ့ဝင်တွေဟာ ပညာတန်ဆောင် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးဟာ ပြင်ဦးလွင်မှာရောက်ရှိနေပြီး တပ်မတော်အတွက် စစ်လက်ရုံးရွေးချယ်ပွဲတွေကို တက်ရောက်နေလျက်ရှိရာမှာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈၅)ရဲ့ စစ်လက်ရုံးရွေးချယ်ပွဲတွေကိုလည်း ပြီးခဲ့တဲ့ရက်တွေက တက်ရောက်ရွေးချယ်ပေးခဲ့ပါတယ်။
-ymg/knl

#Local_News
Publidhed_14 October 2022
ဒေသတွင်းငြိမ်းချမ်းမှုမရှိတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ဒေသတို့ကို ပြည်ပခရီးသည်ဝင်ရောက်ခွင့်မပြုထားဘူးလို့ Myanmar Voyages International Tourism ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပါတယ်။
#Yangon_Media_Group
#World_Event
Published 14 October 2022
My Neighbour Totoro နဲ့ အော်စကာဆုရ'Spirited Away'တို့ကို ဖန်တီးခဲ့တဲ့ စတူဒီယိုဂီဘလီမှ ဇာတ်လမ်းနောက်ခံပြု ဥယျာဉ်အသစ်ကို ဗုဒ္ဓဟူးနေ့က မီဒီယာများလေ့လာခွင့်ရခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 14 October 2022
ဆိပ်ဖြူမြို့ ကြက်သွန်နီ ကုန်စည်ဒိုင်ဆီ စက်တင်ဘာလ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်တွေဟာ ဆိပ်ဖြူမြို့နယ်ဒေသ နေရာအနှံအပြားကနေ နေ့စဉ်ဝင်ရောက်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 14 Oct 2022
ဩစတြေလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရာပေါင်းများစွာသော အိမ်တွေဟာ ရေလွှမ်းမိုးခံနေရတဲ့ အတွက် ရေဘေးကြုံနေရတဲ့ ဒေသခံတွေဟာ အပျက်အစီးတွေ ဘယ်လောက်ရှိလာမယ်ဆိုတာကိုသိရအောင် စိတ်ပူစွာနှင့် စောင့်ဆိုင်းနေကြရပါတယ်။
ဩစတြေလျရဲ့ ဒုတိယမြောက်လူဦးရေအထူထပ်ဆုံး ဗစ်တိုရီးယားပြည်နယ်ဟာ အကြီးအကျယ် ရေလွှမ်းမိုးမှု အရေးပေါ်အခြေအနေ ကြေညာထားလိုက်ပါပြီ။ လျင်မြန်စွာမြင့်တက်လာနေတဲ့ရေတွေဟာ မဲလ်ဘုန်းဆင်ခြေဖုံး မာယီဘရွန်နောင်းအရပ် ကလေူတွေကို မဖြစ်မနေ ဘေးကင်းရာကိုရွှေ့ပြောင်းနေကြရပါတယ်။
လမ်းတွေပေါ်ထားရစ်ခဲ့ရတဲ့ ကားတွေဟာ ရေတွေရဲ့အောက်ကို လုံးလုံးနစ်မြုပ်လုနီးပါးဖြစ်လာနေပါတယ်။ အချို့သော ကျန်ရစ်ခဲ့တဲ့လူတွေကို လေမှုတ်လှေတွေနှင့် ကယ်တင်ပေးနေကြပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ်အင်ဒရူးက ဗစ်တိုရီးယားပြည်နယ်က အိမ်၅၀၀လောက်ဟာ ရေလွှမ်းမိုးခံနေရပြီး အခြားအိမ်၅၀၀ခန့်ဟာရေတွေဝိုင်းနေတယ် လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ဒီအရေအတွက်ဟာ သေချာပေါက်ဆက်တိုးနေဦးမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မဲလ်ဘုန်းဒေသခံ ဘက်တီရစ်စတာဗက်စကီကလည်း “ အခု အနည်းငယ်စိတ်ပူလာပြီ။ ရေတွေက ပိုပိုနီးလာပြီ အခု ကျွန်မအရှေ့တောင်ရောက်လာပြီ။ ရေတွက် ဆက်တိုက်တက်နေတယ်” လို့ပြောပါတယ်၊
သောကြာနေ့မနက်နှောင်းပိုင်းကျရင်တော့ မိုးတွေအသည်းဆုံးဖြစ်လာလိမ့်မယ်လို့ ပြည်နယ်အရေးပေါ်ဌာနက သတိပေးထားပါတယ်။ ရေတွေက မိုးရေခံရေတိမ်မြစ်တွေထဲ စီးဆင်းနေတာမို့ ရေလွှမ်းမိုးမှုပိုဆိုးလာနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဗစ်တိုးရီးယားရဲ့နေရာတော်တော်များများမှာတော့ လာမယ့်ရက်တွေမှာ အကြီးအကျယ်ရေကြီးစရာမရှိပါဘူး လို့ အရေးပေါ်ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရသူ တင်မ် ဝိုင်ဘုရှ်က သတင်းထောက်တွေကိုပြောပါတယ်။
မဲလ်ဘုန်းရဲ့ နောက်ထပ်ဒေသခံတစ်ဦးဖြစ်တဲ့ ရောဘတ်စထရက်ပါဇွန်ကလည်း “ အခု နည်းနည်းလေးပဲချီတုံချတုံရှိပါတော့တယ်။ မိုးတွေက ထပ်မရွာတော့ဘူးလို့ ယုံနေတယ်။ ဖြည်းဖြည်းချင်းစဲသွားမှာပါ’ လို့ပြောပါတယ်။
မဲလ်ဘုန်းရဲ့မြောက်ဘက် နှစ်နာရီခရီးအကွာမှာရှိတဲ့ ရှက်ပါတွန်မှာ အိမ်ခြေ ၄၀၀၀လောက်ရေလွှမ်းမိုးခံရနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
ဩစတေလျစစ်တပ်က သဲအိတ်တွေဖို့ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ သွားရောက်ကူညီနေတယ်လို့လည်း အရေးပေါ်စီမံခန့်ခွဲမှု ကော်မရှင်မင်းကြီး အင်ဒရူးခရစ်က ပြောပါတယ်။
ဒါဟာ ဗစ်တိုးရီးယားမှာ အကြီးအကျယ်ရေလွှမ်းမိုးမှု အရေးပေါ်အခြေအနေဖြစ်တယ်လို့လည်းသူကပြောပါတယ်။
ရာသီဥတုပြောင်းလဲခြင်းက လာနီညာအဆင့်မရောက်ပေမယ့် ပူနွေးတဲ့လေက ရေငွေ့တွေကိုပိုစုပ်ယူလို့ ရေကြီးရေလျှံမှုတွေ အလွန်အမင်းဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံယူဆထားကြပါတယ်။
Source AFP
#Flood_ Australia
#Melbourne
#Climate_Change
#Local_News
Publidhed_14 October 2022
အောက်တိုဘာလ ပထမပတ်အတွင်းမှာ ပြည်ပကနေ စားအုန်းဆီတန်ချိန်ပေါင်း၂၇၉၃၈ တန် တင်သွင်းခဲ့တယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 October 2022
အခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းမှာ ဖမ်းဆီးရမိတဲ့မြွေအကောင်ရေ(၂၀၀)ကျော်ကို ဘေးမဲ့လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဇမ္ဗူဒီပါလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 14 Oct 2022
တူရကီအတိုက်အခံ ရီပတ်ဗလီကင် ပြည်သူ့ပါတီရဲ့ ပါလီမန်အမတ် ဘူရက်အာဘေးဟာ အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ မမှန်သတင်း ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနှင့် ပါလီမန်အစည်းအဝေးမှာ သူ့ရဲ့ မိုဘိုင်းဖုံးကို တူနှင့် ရိုက်ခွဲခဲ့ပါတယ်။
အဲဒီ ဥပဒေဟာ မမှန်သတင်းဖြန့်ချိသူတွေကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာကွန်ယက်တွေနှင့် အင်တာနက်ဆိုက်တွေဟာ သတင်းအချက်အလက်ကို အထင်မှားစေအောင် ဝါဒဖြန့်တယ်လို့ သံသယရှိသူတွေရဲ့ အချက်အလက်တွေကို အစိုးရထံ ပေးအပ်ရမှာဖြစ်ပါတယ်။
“ တကယ်လို့ ဒီဥပဒေကြမ်းကိုသာ ပါလီမန်မှာအတည်ဖြစ်သွားရင် ကိုယ့်ညီတို့ရေ မင်းတို့ရဲ့ ဖုန်းတွေကို ဒီလိုသာ ရိုက်ချိုးပစ်လိုက်ကြတော့” လို့ သူကပြောဆိုခဲ့ပါတယ်။
Source AFP
#DailyNews
Published _ 14 October 2022
၁။ ရန်ကုန်တိုင်းအတွင်း ဖမ်းမိခဲ့သော မြွေ (၂၀၀) ကျော် ပဲခူးရိုးမထဲ ဘေးမဲ့လွှတ်ပေးပြီးဖြစ်ဟုဆို
၂။ အောက်တိုဘာလ ပထမပတ်အတွင်း စားအုန်းဆီတန်ချိန်ပေါင်း ၂၇၀၀၀ ကျော်တင်သွင်းခဲ့
၃။ စက်တင်ဘာလအတွင်း ကြက်သွန်နီ ပိဿာ(၅) သိန်းခန့်အရောင်းအဝယ်ဖြစ်ခဲ့
၄။ Spirited Away ဇာတ်လမ်းနောက်ခံပြုဥယျာဉ်ဖွင့်လှစ်ရန် ဂျပန်ပြင်ဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 14 Oct 2022
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ကွာဇီကွာတင်းဟာ တာဝန်ထမ်းဆောင်မှု ရက်သတ္တပတ်ခြောက်ပတ်ပင် မပြည့်သေးတဲ့ အချိန်မှာ ရာထူးမှထုတ်ပယ်ခြင်းခံရတယ်လို့ ဘီဘီစီက ယနေ့ အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကွာတင်းဟာ ဘဏ္ဍာရေးဝန်ကြီး မဟုတ်တော့ဘူးလို့ ဘီဘီစီကပြောပါတယ်။
ကွာတင်းဟာ လန်ဒန်ကို ခပ်စောစောပြန်လာလို့ရအောင် သူ့ရဲ့ ဝါရှင်တန်ခရီးကို ဖြတ်တောက်ခဲ့ပါတယ်။ ဝါရှင်တန်မှာ သူဟာ ဘဏ္ဍာရေးဈေးကွက်ကို ကသောင်းကန်းဖြစ်စေခဲ့တဲ့ စီးပွားရေးအစီအစဉ်အချို့ကို ပယ်ဖျက်ပစ်ဖို့ ရှိပါတယ်။
ဝန်ကြီးချုပ် လစ်ဇ်ထရပ်ဟာ သောကြာနေ့နှောင်းပိုင်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပပေးဖို့ရှိပါတယ်။
ကွာတင်းကို ရာထူးမှထုတ်ပယ်လိုက်တာဟာ ဗြိတိန်နိုင်ငံအတွက် ၁၉၇၀ခုနှစ်ကတည်းကဆိုရင် သက်တမ်းအတိုဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်စေခဲ့ပါတယ်။ သူ့ကို ဆက်ခံမည့်သူဟာ ဗြိတိန်ရဲ့ လပေါင်းများစွာ လူနေမှု စရိတ် အကျပ် အတည်းနှင့် ရင်ဆိုင်နေရချိန်မှာ စတုတ္ထမြောက် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမှာပါ။
အောက်တိုဘာ ၃ ရက်က ထရပ်ဟာ ကွာတင်းကြေညာခဲ့တဲ့ မီနီဘတ်ဂျက်ရဲ့ အစိတ်အပိုင်းတွေကို မြင့်မားတဲ့ဝင်ငွေခွန်ကို လျှော့ချဖြတ်တောက်ပေးခဲ့ရခြင်းဖြင့် အတင်းအကျပ် ပြောင်းပြန် ပြန်လှန်ပေးခဲ့ရတယ်။
အဲဒီမီနီဘတ်ဂျက်ကြောင့် ပေါင်စတာလင်ဟာ ဒေါ်လာနှင့်ယှဉ်ရင် စံချိန်တင် နိမ့်ကျသွားခဲ့ရပါတယ်။
Source Channel News Asia
#Liz_Truss
#UK
#Kwasi_Kwarteng
#Local_News
Published_14 October 2022
တိုယိုတာကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်မှာ ကားထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် အမြင့်ကားဈေး အကျဘက်မှာ ရှိနေတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
Page 1615 of 2055