Published 23 Jan 2023
မည်သို့သောအခြေအနေရှိသည် ဖြစ်စေလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ဆောင်သွားမယ် လို့ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂၃ ရက် ယနေ့မှာကျင်းပတဲ့ နစက အဖွဲ့အစည်းအစည်းအဝေးမှာ ပြောကြားပါတယ်။
ရွေးကောက်ပွဲကို ပြည်သူများ အားလုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန်နှင့် သမာသမတ်ရှိသည့် ရွေးကောက်ပွဲ၊ စနစ်ကျသည့်ရွေးကောက်ပွဲဖြစ်ရန်လိုအပ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားတယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၃ခုနှစ်အတွင်းပထမအကြိမ်ကျင်းပတဲ့ အဆိုပါ နစက အဖွဲ့အစည်းအဝေးမှာ အထူးကိစ္စရပ်အဖြစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဦးတည်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နစက ကောင်စီဝင်များအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဥပဒေဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တွေကိုပါ တက်ရောက်စေခဲ့တာဖြစ်ပါတယ်။
ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် နောက်ဆုံးအချက် ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဆိုသည့်အတိုင်း မိမိတို့ဘက်မှ ကြိုတင်ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးရန်ဖြစ်တယ်လို့ အစည်းအဝေးအဖွင့်အမှာစကားမှာ နစက ဥက္ကဋ္ဌက အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများပြား နေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကိုတွေ့ရတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။ ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများ ကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်လိုကြောင်း၊ ပြည်သူတို့၏ စုပေါင်း စွမ်းအားဖြင့် နိုင်ငံကိုဦးဆောင်ရန်လိုတယ်လို့လည်း သူကထောက်ပြပြောဆိုပါတယ်။
ပါတီတွေအားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာနှင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုအပ်တဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက် ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန်ဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

အဲဒီနောက်အစည်းအဝေးမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးကို တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
EAO အဖွဲ့များနှင့် ဆွေးနွေးရာမှာလည်း ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှုရရှိပြီးဖြစ်၍ နိုင်ငံ အဝှမ်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ကြရမယ်လို့ နစက ဥက္ကဋ္ဌက အစည်းအဝေးမှာ ထပ်မံ အလေးပေးပြောဆိုပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်အရေးကြီးတဲ့အတွက် လိုအပ်သည်များထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြု ထုတ်ပြန်သွားမည်မယ်လို့လည်း ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးအဖွဲ့အစည်းတွေက စောင့်စားနေတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိစ္စကို ဗိုလ်ချူပ်မှူးကြီးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ပါတီများကိုမှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများမဖြစ်ရန်နှင့် ရွေးကောက်ပွဲကော်မရှင်ရုံးများကိုအပြည့်အစုံ ဖွင့်လှစ်နိုင်ရေး ၊မဲစာရင်းများမှန်ကန်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စတွေကိုပါ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုသွားကြောင်းးသတင်းရရှိပါတယ်။
-ymg/knl
#Myanmar
#Myanmar_election


#Local_News
Published_ 23 January 2023
ရွှေဆိုင်တွေရဲ့ လုံခြုံရေးအတွက် ပြီးခဲ့တဲ့ ၁၇ ရက်နေ့က အစည်းအဝေးလုပ်ခဲ့ပြီး ရွှေဆိုင်တွေအနေနဲ့ လုံခြုံရေးကင်မရာတွေကို တပ်ဆင်ထားဖို့နဲ့ လုံခြုံရေးတွေခန့်ထားဖို့အတွက် ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#World_News
Published 23 January 2023
ဒိုမီနီကန်အမျိုးသားတစ်ဦးဟာ ကာရစ်ဘီယန်ပင်လယ်ထဲက ရွက်လှေတစ်စီးပေါ်ကနေ တစ်လနီးပါးပျောက်ဆုံးသွားခဲ့ပြီး ကိုလံဘီယာရေပြင်မှာ ကယ်ဆယ်ခြင်းမခံရခင်အချိန်အထိ ခရမ်းချဉ်ဆော့စ်နဲ့ အသက်ဆက်ခဲ့ရကြောင်း နိုင်ငံရေတပ်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
#Yangon_Media_Group
Published 23 January 2023
ကမ္ဘာပေါ်မှာ တစ်တွဲတည်းသော အသက်ရှင်ကျန်ရစ်တဲ့ သုံးမြွှာပူး ပန်ဒါဝက်ဝံတွေဟာ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့မှာ နွေဦးပွဲတော်အဆင်အယင်တွေနှင့် ပြင်ဆင်ထားတဲ့ အခန်းထဲမှာ အစားကောင်းတွေစားသောက်ရင်း အလည်လာကြတဲ့ ဧည့်ပရိသတ်တွေကို ပွဲတော်လာပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနေပါတယ်။
သားဖောက်ပေးသူတွေဟာ တရုတ်နှစ်သစ်ကူးဆင်နွှဲဖို့အတွက် ရှစ်နှစ်အရွယ်သုံးမြွှာပူးလေးတွေနေထိုင်တဲ့ အိမ်ကလေးကို မီးအိမ်နီတွေ၊ နှစ်ကြောင်းကဗျာတွေနှင့် အလှဆင်ပေးထားပါတယ်။
တန်ဖိုးရှိလှတဲ့ သုံးမြွှာပူးပန်ဒါကလေးသုံးကောင်ကို ၂၀၁၄ခုနှစ် ဇူလိုင်၂၉ရက်မှာ ကွမ်ကျိုးမြို့က ချင်မီလောင် ဆာဖရီဥယျဉ်မှာ မွေးဖွားပေးခဲ့ပါတယ်။ သူတို့လေးတွေကို မိန်မိန်၊ ရွှိုင်းရွှိုင်းနှင့် ကူကူလို့အမည်ပေးထားပါတယ်။ အသက် ၅နှစ်သားရောက်တဲ့အခါ သူတို့သီးခြားရပ်တည်နိုင်အောင် သူတို့ကိုခွဲထားပေးခဲ့ပါတယ်။သူတို့သုံးကောင်ထဲမှာ အလတ်ကလေးရွှိုင်းရွှိုင်းက အသွက်ဆုံးလေးဖြစ်ပါတယ်။ သူ့အိမ်အလယ်မှာ ကံကောင်းပျော်ရွှင်မှုလို့ အဓိပ္ပါယ်ရတဲ့ တရုတ်အက္ခရာ “ဖူ”ကို ချိတ်ဆွဲပေး ထားပါတယ်၊
အကြီးဆုံးအစ်မကြီး မိန်းမိန်းကတော့ အေးအေးဆေးဆေးနေတတ်ပြီး ကမ္ဘာလှည့်တွေကြားထဲ ထင်ရှားပေါ်လွင်နေပါတယ်။ မိန်းမိန်းဟာ လူတွေနှင့် ဆက်သွယ်တတ်ပြီး ညင်သာစွာထိုင်တတ်ပါတယ်။ အငယ်ဆုံးကူးကူးကတော့ ပန်ဒါချစ်တဲ့သူတွေဆီက နှစ်သက်တဲ့အသံတွေကိုလျစ်လျှူရှုပြီး အပင်ကိုမှီပြီးလှဲလျောင်းနေတတ်ပါတယ်။
“ နှစ်သစ်ကူးပွဲတော်အတွင်း သူတို့ကို ရှယ်အစားအစာတွေကျွေးတယ်။ ဥပမာ တောင်ပိုင်းကလူတွေဟာ ပွဲတော်မှာ တန်ယွမ်လို့ခေါ်တဲ့ ဆန်လုံးတွေစားကြတယ်။ အဲဒါကြောင့်သူတို့ကို တန်ယွမ်ပုံစံ အလုံးကလေးထဲ ဒါမှမဟုတ် ဖက်ထုတ်ပုံစံတွေထဲ ပြောင်းဖူးပြုတ်တွေ ထည့်ကျွေးပါတယ်” လို့ ပန်ဒါထိမ်း ချန်ရှုကျင်းက ပြောကြားလိုက်ပါတယ်၊
သုံးမြွှာပူးကလေးတွေဟာ ကျန်းမာရေးကောင်းနေကြပြီး ဒီနှစ်ထဲ သားဖောက်မယ့်အစီအစဉ်ထဲ သူတို့ပါဝင်လာမယ် လို့ အထိမ်းတွေဆီကသိရပါတယ်။
Source : CCTV+
#Triplets_Giant_panda
#China_triplets_panda
#Chimelong_Safari_Park
#Local_News
Published_23 January 2023
စက်သုံးဆီဈေးဆက်တိုက်မြင့်တက်လာမှုကြောင့် သယ်ယူပို့ဆောင်စရိတ်တွေကလည်း မြင့်တက်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။ ဒါပေမယ့် ပုံမှန်အတိုင်း နယ်ကနေ ရန်ကုန်ကို ကုန်ကားတွေဟာ ဝင်ရောက်နေပြီး ယခင်ထက်လည်း အစီးရေပိုများလာတယ်လို့ ဆိုပါတယ်။
#Yangon_Media_Group
#Local_News
Published_ 23 January 2023
ဂျိုးဖြူပိုက်ပြုပြင်နေစဉ်အတွင်း ရန်ကုန်မြို့တွင်းရှိ လူနေရပ်ကွက်အချို့မှာ ရေပြတ်လတ်မှုမရှိရအောင် ရေတွေလှူဒါန်းပေးနေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_23 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၂၃ ရက်အထိ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၅၇ ဒသမ ၅၈ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 23 January 2023
၁။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅၅၇ သန်းကျော်ရရှိထား
၂။ ဂျိုးဖြူပိုက်ပြင်နေစဉ်ရေပြတ်နေသည့် လူနေရပ်ကွက်များကို ရေများလှူဒါန်းပေးနေ
၃။ သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေပေမယ့် ကုန်ကားများပုံမှန်အတိုင်းရန်ကုန်သို့ ဝင်ရောက်လာဟုဆို
၄။ ပင်လယ်ပြင်တွင် လမ်းပျောက်၍ ခရမ်းချဉ်ဆော့စ်နှင့်(၂၄)ရက်တိုင်အောင် အသက်ဆက်ခဲ့ရသည့် ဒိုမီနီကန်လူမျိုးကို ကိုလံဘီယာမှတွေ့ရှိကယ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 23 January 2023
အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းကို အသက်စွန့်ပြီး တက်ပိတ်ခဲ့တဲ့ မီးသတ်သမားကိုတိုးအောင်ဟာ လတ်တလောမှာ အမိုးနီးယားကြောင့်လေပြွန်ရောင်တာသက်သာလာပြီဖြစ်တဲ့အတွက် မီးသတ်ဌာနမှာ အလုပ်ပြန်ဆင်းနေပြီလို့ ကိုတိုးအောင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 23 January 2023
ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၄၄၀ ကျပ်သတ်မှတ်ပေးထားကြောင်းသိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်အထိ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်းသိရသည်။ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၆၅၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 23 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ထီးချိုင့်-ဇီးကုန်း-ကသာသွားကားလမ်း၊ ရင်ကွဲတောင်အဆင်းတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ(၁၈)ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
ဇန်နဝါရီလ၂၃ရက်မနက်ပိုင်းကတိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ ကျား(၆)ဦး၊ မ(၁၄)ဦးအနက် ကျား(၁)ဦး၊ မ(၄)တို့မှာ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား သပိတ်ကျင်း(၇)မိုင်ဆေးရုံသို့လည်းကောင်း၊ ကျား(၃)ဦး၊ မ(၁၀)ဦး(မစိုးရိမ်ရ)တို့အား ထီးချိုင့်ပြည်သူ့ဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင်ထီးချိုင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊

#ymg/tthl
#Yangon_Media_Group
#World_Crime
Published 23 January 2023
စနေနေ့က အက'ကလပ်တစ်ခုမှာ လူ ၁၀ ဦးကို သတ်ခဲ့ပြီး ၁၀ ယောက်ကျော်ဒဏ်ရာရရှိစေခဲ့တဲ့ အသက် ၇၂ နှစ်အရွယ် သေနတ်သမားတစ်ဦးဟာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ကြောင်း ရဲအရာရှိများက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
'ဟူကန်ထရန်'လို့အမည်ရတဲ့သူဟာ လူအစုလိုက်အပြုံလိုက်သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ရဲအရာရှိများနဲ့ ရင်ဆိုင်ပြီးနောက် ကုန်တင်ယာဉ်တစ်ဦးပေါ်မှာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ လော့စ်အိန်ဂျလိစ်ခရိုင်ရဲမှူး'ရောဘတ်လူနာ'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နှစ်သစ်ကူးပွဲတော်ပြီးနောက် Monterey Park Ballroom မှာ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ 'ဟူကန်ထရန်'ဟာ တစ်ဦးတည်း ကျူးလွန်ခဲ့တာဖြစ်ပြီး အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရဲမှူးက ဆိုပါတယ်။
နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ တော်ရန့်စ်ရှိရဲများက အလိုရှိကြောင်းဖော်ပြချက်ထဲကအတိုင်း တရားခံရဲ့အဖြူရောင်ဗန်ကားကို တွေ့ရှိခဲ့ကာ ဈေးဝယ်စင်တာကားပါကင်နေရာအထိ လိုက်သွားခဲ့ပြီး ကားထဲက သေနတ်ပစ်သံတစ်ချက် ကြားလိုက်ရပါတယ်။
အရာရှိများက နောက်ဆုတ်ပြီး ဗျူဟာမြောက်အဖွဲ့တွေကို အကူအညီတောင်းခဲ့ပါတယ်။
မွန်းလွဲမတိုင်ခင်အချိန်မှာ သံချပ်ကာယာဉ်တွေနဲ့ ဗုံးဖြုတ်ရေးအဖွဲ့များ ရောက်လာခဲ့ကြပါတယ်။
၁ နာရီမထိုးခင်အချိန်မှာ SWAT အဖွဲ့က ဗန်ကားရဲ့ခရီးသည်ထိုင်ခုံတံခါးနဲ့ ဘေးတံခါးများကို ဖွင့်ခဲ့ကြပါတယ်။
ဓာတ်ပုံမှတ်တမ်းများအရ လူတစ်ယောက်က ယာဉ်မောင်းထိုင်ခုံမှာ ငိုက်စိုက်ကျနေခဲ့ကာ တရားခံဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
ရဲဌာနက အစောပိုင်းမှာ တရားခံအလိုရှိကြောင်း စာထုတ်ပြန်ခဲ့ရာမှာ မျက်မှန်တပ်ထားပြီး ဆောင်းတွင်းဝတ်ဦးထုပ်၊ သားရေဂျက်ကတ်တို့ ဝတ်ဆင်ထားပါတယ်။
သူ့ရဲ့ကားထဲမှာ ပစ်ခတ်မှုဖြစ်ခဲ့စဉ်တုန်းကနဲ့ ဆက်စပ်နေတဲ့ သေနတ်တစ်လက်ကိုလည်း တွေ့ရှိခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့အပြင်ဘက် ၈ မိုင်ခန့်က ကလပ်တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦးသေဆုံးခဲ့ပါတယ်။
၁၀ ယောက်က ဒဏ်ရာရထားပြီး ၇ ယောက်က ဆေးရုံတင်ထားရဆဲဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာကနေ တရားခံလို့ယူဆရတဲ့ ယောက်ျားတစ်ယောက်လွတ်မြောက်သွားပြီး အာရှလူမျိုးဖြစ်တယ်လို့ အလိုရှိစာထဲမှာ ဖော်ပြခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ် ၂၀ အကြာမှာ အယ်ဟမ်ဘရာရှိ အကခန်းမမှာလည်း ထိုလူကပဲသေနတ်ကိုင်ပြီး ဝင်လာပေမယ့် လူနှစ်ယောက်က လက်နက်မဲ့အောင် တားဆီးနိုင်ခဲ့ပါတယ်။

Source: NY Post
#Yangon_Media_Group
Page 1487 of 2093