#World_Health
Published 22 January 2023
ဆိုဒါနဲ့ သစ်သီးဖျော်ရည်လိုမျိုး အချိုဓာတ်ပါတဲ့ အရည်တွေဟာ သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပြီး နှလုံးရောဂါ၊ ဆီးချိုဒုတိယအမျိုးအစား၊ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။
လူကြိုက်အများဆုံး အဖျော်ယမကာတွေမှာ ဖရပ်တို့စ်(fructose)ပါဝင်မှုမြင့်မားတာကြောင့် အထိခိုက်နိုင်ဆုံးဖြစ်တယ်လို့ American Journal of Clinical Nutrition မှာ ဖော်ပြထားပါတယ်။
ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာမဖြစ်ဖူးတဲ့ လူပေါင်း ၄ သောင်းကျော်ကို ဟားဗတ်ဒ်မှ သိပ္ပံပညာရှင်များက စစ်တမ်းကောက်ယူခဲ့ကာ သကြားဓာတ်က ကျန်းမာရေးကိုဘယ်လောက်ထိခိုက်လဲဆိုတာကို ခြေရာခံခဲ့ကြပါတယ်။
ဖရပ်တို့စ်အလွန်အကျွံစားမိတဲ့အခါ ကိုယ်အလေးချိန်တက်ခြင်း၊ ခန္ဓာကိုယ်အလယ်တဝိုက်အဆီတက်လာခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ဇီဝဖြစ်စဉ်ချို့ယွင်းမှုများ ဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့ ဖော်ပြချက်အရ သွေးတွင်းသကြားဓာတ်မြင့်မားတဲ့အခါ သွေးကြောတွေနဲ့ နှလုံးကိုထိန်းချုပ်ထားတဲ့ အာရုံကြောများကို ထိခိုက်စေကာ ဆီးချိုဖြစ်လာနိုင်စေပါတယ်။
သကြားပါတဲ့ အဖျော်ယမကာတွေက ဖရပ်တို့စ်ပါဝင်မှုအများဆုံး အစားအစာတွေဖြစ်ပါတယ်။
အစားအသောက်တွေမှာပါဝင်တဲ့ ဖရပ်တို့စ်ပမာဏက မူလရင်းမြစ်ပေါ်မူတည်ပြီး ကွဲပြားတတ်ပါတယ်။
ဖျော်ရည်တွေမှာ ဖရပ်တို့စ်ပမာဏမြင့်မားတာကြောင့် အသီးတွေကို ဒီအတိုင်းစားခြင်းက ပိုပြီးကျန်းမာစေမှာဖြစ်ပါတယ်။
သကြားပါတဲ့ အစားအသောက်တွေက ကျန်းမာရေးပြဿနာများဖြစ်နိုင်သလို သကြားအစားထိုး အချိုဓာတ်ပေးတဲ့အမှုန့်တွေကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတယ်လို့ သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Science
Published 23 January 2023
လေယာဉ်တောင်ပံ ၃၈၃ ပေရှည်လျားတဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီးဟာ မကြာသေးမီကမှ ကယ်လီဖိုးနီးယား မိုယာဗယ်ကန္တာရပေါ်မှာ ၆ နာရီကြာစမ်းသပ်ပျံသန်းခဲ့ပြီး စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပါတယ်။
Stratolaunch Roc သယ်ယူရေးလေယာဉ်ဟာ Talon-A separation test ယာဉ်ကိုသယ်ဆောင်ပြီး သောကြာနေ့နံနက်က ဒုတိယအကြိမ်စမ်းသပ်ပျံသန်းခဲ့ပါတယ်။
Talon-A က ၂၈ ပေရှည်လျားပြီး ပြန်လည်အသုံးပြုနိုင်တဲ့ စမ်းသပ်လေယာဉ်ဖြစ်ကာ အသံထက် ၅ ဆကျော်မြန်တဲ့နှုန်းဖြင့် ဝန်များကိုသယ်ဆောင်နိုင်ပါတယ်။
"ကျွန်တော်တို့အဖွဲ့က အံ့အားသင့်စရာကောင်းလှအောင် စမ်းသပ်မှုမှာတိုးတက်နေပြီး ကြိုးစားမှုတွေကနေတဆင့် ဘေးကင်းစွာခွဲထုတ်ပျံသန်းခြင်းနဲ့ စမ်းသပ်ပျံသန်းခြင်းတွေမှာ ပိုမိုနီးစပ်လာပြီဖြစ်ပါတယ်။
ဒီဇင်ဘာလမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း Roc ကနေ Talon-A ရှေ့ပြေးပုံစံစမ်းသပ်ပစ်ချမှုကို ပြုလုပ်မှာဖြစ်ပြီး အောင်မြင်ခဲ့ပါက ကုမ္ပဏီဟာ သူတို့ရဲ့ပထမဆုံး အသံထက်မြန်စမ်းသပ်ယာဉ် Talon-A TA-1 ကို မိတ်ဆက်ပြသသွားဖို့ ရည်မှန်းထားပါတယ်။
ပစ်ချမယ့်အခြေအနေတွေကို သေချာအကဲဖြတ်ခြင်းဖြင့် ဘေးအန္တရာယ်နည်းစေမှာဖြစ်ကြောင်း Stratolaunch အမှုဆောင်အရာရှိချုပ်'ဇာချာရီကရေဗာ'က ပြောပြခဲ့ပါတယ်။
Stratolaunch ကထုတ်လုပ်တဲ့ Roc လေယာဉ်ဟာ သာမန်အားဖြင့် ၃၄၅ ပေရှည်လျားတဲ့ ဘောလုံးကွင်းဂိုးတိုင်နှစ်ခုကြားအကွာအဝေးထက် ပိုမိုကျယ်ပြန့်ပါတယ်။
ကုန်တင်ပစ္စည်းမပါဘဲနဲ့ဆိုရင် အလေးချိန်ပေါင် ၅ သိန်းရှိကာ စုစုပေါင်းအလေးချိန် အများဆုံး ၁.၃ သန်းအထိ တင်ဆောင်ထွက်ခွာနိုင်ပါတယ်။
မြေပြင်မှာ ဘီး ၂၈ ဘီးဖြင့်သွားနိုင်ပြီး လေထဲရောက်တဲ့အခါမှာတော့ ၇၄၇ လေယာဉ်အင်ဂျင် ၆ လုံးဖြင့် ပျံသန်းပါတယ်။
လေယာဉ်က H ပုံသဏ္ဍာန်ရှိပြီး အရွယ်အစားတူကိုယ်ထည် ၂ ခုက အပြိုင်တည်ရှိပါတယ်။
ညာဘက်လေယာဉ်ကိုယ်ထည်မှာ လေယာဉ်မှူးတွေထိုင်ကာ ဘယ်ဘက်ကိုယ်ထည်မှာ အလွတ်ဖြစ်ပါတယ်။
သူ့ရဲ့အမြန်ဆုံးနှုန်းကတော့ တစ်နာရီကို ၅၃၀ မိုင်နှုန်းဖြစ်ပါတယ်။
ကိုယ်ထည်အကျယ်က စံချိန်တင်ဖြစ်တဲ့အပြင် မြေပြင်ကနေ ထိပ်ဆုံးအထိ ပေ ၅၀ မြင့်ကာ လေးထပ်တိုက်ထက် ပိုမြင့်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
မိုင်း၊လက်နက်ကြီး၊ လက်နက်ငယ်၊ မီးရှို့ခြင်းများခံရသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦအရေအတွက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ၁၃ ခု ရှိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် ထိ ဖာပွန်ခရိုင် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆားလင်းကြီးမြို့နယ် ၊ ပင်လည်ဘူးမြို့ နယ်၊ပုလောမြို့နယ်၊ထီးလင်းမြို့နယ်၊မင်းတပ်မြို့နယ်၊ကန်ပက်လက်မြို့ နယ်၊ဒီးမော့ဆိုမြို့နယ်၊ဖရူဆိုမြို့နယ်၊ထန်တလန်မြို့ နယ်တမူးခရိုင်နှင့်မြို့နယ် တို့တွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင် ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် အဆောက်အဦ ၁၃ ပျက်စီးမှု ၊ ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ခန့်မှန်း ၃၆၇ ဒသမ ၅၈၃ သန်းခန့် ရှိကြောင်းလည်း နစက ၏ စာရင်းများတွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားကို လက်နက်ကိုင်တစ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါတံတားမှာ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ရှိသည့် အရှည် ၁၃၀ ပေ၊ အကျယ် ၂၀ ပေရှိ တံတားဖြစ်ပြီး ဇန်နဝါရီ လ ၂၁ ရက် ည ၇ နာရီခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
တံတား ဖောက်ခွဲဖျက်ဆီးခံရသောကြောင့် တံတား၏ တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေပတ်လည်ခန့် ကျွံကျ ပျက်စီးခဲ့ကြောင်း ၊ယခုအခါ အများပြည်သူများသွားလာရေး အဆင်ပြေချောမွေ့ စေရန် ဆောက်လုပ်ထားသည့် အဆိုပါ သံကူကွန်ကရစ်ချောင်းကူးတံတားကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း တာဝါတိုင် (၁) တိုင်ကို ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် နစက ဆန့်ကျင်ဖက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်အတွင်းရှိ တာဝါတိုင်(၁)တိုင်ကို ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် တာဝါတိုင် (၁) တိုင်ပြိုလဲ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် ဖျက်ဆီးခံရပြီးဖြစ်ကာ စုစုပေါင်း တာဝါတိုင်ပေါင်း (၂၃) တိုင် ပျက်စီးပြီးဖြစ်ကြောင်း၊လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၁၈) ကြိမ် ရှိပြီဖြစ်ကြောင်းလည်း အဆိုပါ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group

Published 22 Jan 2023
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇနီပြည်နယ်မှာ အခုဆို -၁၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့အထိ အအေးဓာတ်လွန်ကဲနေပါတယ်။ အဲဒီပြည်နယ်ရဲ့ ဘန်ဆာဒက်စ်ရေကန်ကြီးထဲမှာ အာဖဂန်အမျိုးသား ၃၀ကျော်ဟာ လေ့ကျင့်ခန်းအမျိုးမျိုးပြုလုပ်ကာ အအေးဓာတ်ကို အံတုစိန်ခေါ်ပြသခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း အေးခဲလှိုင်းတစ်ခုဟာ အာဖဂန်နစ္စတန်တစ်လွှား ရိုက်ခတ်သွားခဲ့ပါတယ်။ ဂေါ် ပြည်နယ်မှာဆိုရင် -၃၃ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိအေးခဲခဲ့ပါတယ်။
အဲဒီ အအေးလှိုင်းဒဏ်ကြောင့် လူပေါင်း အနည်းဆုံး ၇၈ ဦးအထိသေဆုံးခဲ့ရပါတယ်။
Source: AFP
#TV Yangon Times Matters အစီအစဉ်
Published - 22 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တေးသံရှင် ရင်ခုန်သံမောင်အေးထွန်းနှင့်အတူ
-"တေးရေးကိုကြည်တိုးရဲ့ သီချင်းအများကြီးထဲမှာမှ "ရင်ခုန်သံ"ဆိုတဲ့ သီချင်းကိုဘာမှန်းမသိဘဲ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
-"ရှောင်လေဝေးဝေးမူးယစ်ဆေး"ပညာပေးသီချင်းကို ကျွန်တော်ဆိုတာမှန်း အခုထိ မသိကြသေးတာရှိကြောင်း
-ကိုယ့်ကိုယ်ကို အဆိုတော်လို့မသတ်မှတ်ဘဲ တေးသံရှင်လို့ပဲ ခံယူထားတာဖြစ်ပြီး သီချင်းတွေဆိုနိုင်နေသေးသရွေ့ စင်မြင့်ပေါ်မှာ ဖျော်ဖြေဖြစ်နေဦးမှာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 January 2023
ပူတာအိုမြို့နယ်က သဘာဝရေခဲတောင်တွေကို တက်တဲ့သူတွေများပြားလာပြီး လတ်တလောမှာ ရေခဲတောင်တက်သူဦးရေတစ်ပတ်ကို (၁၀၀)နီးပါးလောက်ရှိလာတယ်လို့ ပူတာအိုမြို့နယ်ဒေသခံ ဧည့်လမ်းညွှန်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင် ၃၀ ကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သိရသည်။
ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် HINO RANGER အမျိုးစား(အဖြူ-အစိမ်းရောင်)ယာဉ် မှာ အဆိုပါမိုင်တိုင်အရောက်တွင် လက်ယာဘက်နောက်ဘီးပေါက်သွားသဖြင့် အရှိန်လျှော့လိုက်စဉ် လားရာတူနောက်မှ မောင်းနှင်လာသည့် TOYOTA SUCCEED အမျိုးစား (အနက်ရောင်)ယာဉ် က HINO RANGER ယာဉ်၏ နောက် လက်ဝဲဘက်သို့ဝင်ရောက်တိုက်မိပြီး လည်ထွက်သွားကာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အလောင်းကို ဒီတိုင်းတောင်ထုတ်မရဘူး။ cutter နဲ့ ဖြတ်ရတယ်၊ တစ်ယောက်က ရုပ်ပါ ပျက်သွားတယ်၊ပဲခူး ရွှေကျင်က လို့ သိရတယ်"ဟု အခင်းဖြစ်စဉ်ကို သိရှိသူကပြောသည်။
ယာဉ်တိုက်မှုကြောင့်(TOYOTA SUCCEED)ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်ရာနေရာ၌ ပင် သေဆုံးခဲ့ကြောင်း၊ သေးဆုံးသူများ၏ ရုပ်အလောင်းကို စစ်ပင်ဆိပ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
ymg/mt
#Yangon_Media_Group




#LocalNews
Published_ 22 January 2023
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ၉ ရုံးတို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်း နစက ဆန့်ကျင်လက်နက်ကိုင် အဖွဲ့တစ်ခုက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရုံးပင်မအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှု အပါအဝင် အထက်ပါအတိုင်း ရုံး ၉ ရုံး ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ် မတိုင်မီက ဖျက်ဆီးခံထားရသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများမှာ ချင်းပြည်နယ် ပြည်နယ်ဦးစီးမှူးရုံး၊ချင်းပြည်နယ်ကန်ပက်လက် မြို့နယ်ဦးစီးမှူးရုံး၊ ချင်းပြည်နယ်တီးတိန်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းလိုင်းခန်းနေအိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ဦးစီးမှူးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ် ဦးစီးမှူးရုံး၊မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ဦးစီးမှူးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်ဦးစီးမှူးရုံး၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဦးစီးမှူးရုံးတို့ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group








#TV Yangon Times Matters အစီအစဉ်
Published - 22 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တေးသံရှင် ရင်ခုန်သံမောင်အေးထွန်းနှင့်အတူ
-"တေးရေးကိုကြည်တိုးရဲ့ သီချင်းအများကြီးထဲမှာမှ "ရင်ခုန်သံ"ဆိုတဲ့ သီချင်းကိုဘာမှန်းမသိဘဲ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
-"ရှောင်လေဝေးဝေးမူးယစ်ဆေး"ပညာပေးသီချင်းကို ကျွန်တော်ဆိုတာမှန်း အခုထိ မသိကြသေးတာရှိကြောင်း
-ကိုယ့်ကိုယ်ကို အဆိုတော်လို့မသတ်မှတ်ဘဲ တေးသံရှင်လို့ပဲ ခံယူထားတာဖြစ်ပြီး သီချင်းတွေဆိုနိုင်နေသေးသရွေ့ စင်မြင့်ပေါ်မှာ ဖျော်ဖြေဖြစ်နေဦးမှာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘာအံမော်တော်ကားလမ်း၊ ကြာပန်းကျေးရွာအနီး၊ ရန်ကုန်မြို့မှ (၁၅၆)မိုင်အကွာတွင်တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)ကို ပူးပေါင်းလုပ်ကိုင်နိုင်မည့် ပြည်တွင်း ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ စက်ရုံမှာ စက်မှုဝန်ကြီးဌာန ၊အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း လက်အောက်တွင်ရှိပြီး အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership -PPP) ပုံစံဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊စိတ်ဝင်စားသူများအနေဖြင့်နေပြည်တော် ၊ရုံးအမှတ် ၄၁ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်းသို့ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထားကာ စိတ်ဝင်စားမှုအဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း သိရသည်။
၎င်းစက်ရုံကို Czech နည်းပညာဖြင့် တည်ဆောက်ကာ ၁၉၈၅ ခုနှစ်တွင် ကျွတ်တပ်ဆင်အသုံးပြုရသည့် Bias Tyre များ စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါတာယာစက်ရုံတွင် တာယာနှင့် ရာဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပြင် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု(Public Private Partnership - PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းဆိုပြုလွှာ (Expression of Interest- EoI) ခေါ်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1488 of 2093