#Local_News
Published_ 29 December 2022
လာမယ့်ဇန်နဝါရီလထဲမှာ ရွှေတိဂုံစေတီတော်ကြီးမှာ စာအောင်သံဃာတော်တွေအတွက် ဆုနှင်းသဘင် ပူဇော်ပွဲအခမ်းအနားပြုလုပ်သွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Technology
Published 29 December 2022
စပိန် မက်ဒရစ်မြို့က ဒီဂျစ်တယ်ပြပွဲတစ်ခုမှာ လာရောက်တဲ့ဧည့်သည်တွေကို အံ့ဖွယ်အရာများပြသလျက်ရှိပြီး ရုပ်ပြသရုပ်ဖော်ပုံများဖြင့် အနုပညာလက်ရာများကို ကွက်ကွက်ကွင်းကွင်းပြသထားပါတယ်။
#Yangon_Media_Group
Published 29 December 2022
ထိုင်းနိုင်ငံနယ်စပ်က ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့က ဂရန်းဒိုင်းမွန်းစီတီး ကာဆီနိုဟိုတယ်မှာ ဗုဒ္ဓဟူးနေ့ည ၁၁နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး ၃၀ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီဟိုတယ်မှာ ဝန်ထမ်း ၄၀၀ခန့်အလုပ်လုပ်နေတယ်လို့ယုံကြည်ရပြီး ဗွီဒီယိုတွေထဲမှာ မီးတောက်ကြီးတွေကြားထဲမှာ လူတွေဟာ လောင်ကျွမ်းနေတဲ့အဆောက်အဦကနေ ခုန်ချကြတာကိုတွေ့မြင်ကြရပါတယ်။
မီးလောင်တဲ့အချိန်မှာ ကာဆီနိုထဲ နိုင်ငံခြားသားတွေလည်းရှိနေကြတယ်လို့ ပြည်တွင်းမီဒီယာတွေကရေးသားကြပြီး ဒေသဆိုင်ရာအာဏာပိုင်တွေနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မီးဟာပထမထပ်ကနေစတင်လောင်ကျွမ်းတာဖြစ်ပြီး ကော်ဇော်တွေကြောင့် အခြားအထပ်တွေကို ခပ်မြန်မြန်ကူးစက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ထိုင်းကယ်ဆယရေးလုပ်အားပေးတစ်ဦးကပြောပါတယ်။
Source: AFP
#Local_News
Published_29- December 2022
ပြောင်းရာသီဖြစ်တဲ့အတွက် ပြည်ပပြောင်းတင်ပို့မှုဈေးကွက်ဟာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 29 December 2022
ဘေးအန္တရာယ်ရှိတဲ့ ရက်လွန်နေတဲ့ အစားအသောက်တွေကို အမှိုက်တောင်းတွေထဲကနေ ပြန်ယူရောင်းချစားသုံးတာမျိုးတွေ မလုပ်နိုင်အောင် စနစ်တကျစွန့်ပစ်ဖို့ လိုအပ်တယ်လို့ အစားအသောက်နှင့်ဆေးဝါးများ ကွပ်ကဲရေဦးစီးဌာန(FDA)မှ သိရပါတယ်၊၊
#Yangon_Media_Group
Published: 29 December 2022
နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံအမတ်ကြီး မစ္စတာ Deng Xijun ကို ယနေ့ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည်တော် နစက ဥက္ကဋ္ဌရုံးမှာလက်ခံတွေ့ဆုံခဲ့ တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတကာမျက်နှာ စာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊ တရုတ်နိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီဂဌာန သံအမတ်ကြိးတို့က ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တာဝန်ရှိသူများ တက်ရောက် ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
-ymg/knl
#Yangon_Media_Group





#Local_News
Published_29 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၁.၇၅ ဘီလီယံကျော် ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 29 December 2022
၁။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၅ ဘီလီယံကျော်ရရှိထား
၂။ ဘေးအန္တရာယ်ရှိသည့် အစားအသောက်များကို ပြန်စားသုံး၍ မရအောင်ပြုလုပ်ပြီးမှ စွန့်ပစ်ရန်လိုဟုဆို
၃။ ပြောင်းဈေးကွက် အရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မက်ဒရစ်မြို့တွင် ရှေးဟောင်းအီဂျစ်ဖာရိုးဘုရင်များ၏ အုတ်ဂူများနှင့်နေထိုင်မှုပုံစံများအား ဒီဂျစ်တယ်ပုံရိပ်စနစ်ကိရိယာများဖြင့်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_29 December 2022
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့ရွှေအများဆုံး ပါဝင်တဲ့ ရူပီး (၄၀၅) ကုဋေ တန်ကြေးရှိ မှောင်ခိုရွှေ (၈၃၃) ကီလိုဂရမ်ကို အိန္ဒိယအကောက်ခွန်က သိမ်းဆည်းရမိထားတယ်လို့ အိန္ဒိယဘက်ကသတင်းထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 29 December 2022
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြိုနယ်၊ ဝေဒီကျေးရွာရှိ မင်္ဂလာဆောင် နေအိမ်တစ်ခုတွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ လူဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်နေအိမ်သို့ လာရောက်သည့် ကလေးငယ်အပါအဝင် လူကြီး ၁၆ ဦးခန့်ထိခိုက်ဒဏ်ရရှိခဲ့ကာ၊ ယင်းအနက်သုံးဉီးမှာ ပြင်ထန်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။
ယနေ့တွင် ဝေဒီကျေးရွာအတွင်း မင်္ဂလာဆောင်ပြုလုပ်နေသည့် နေအိမ်နှစ်အိမ်ရှိသည့်အနက် ကျေးရွာအရှေ့ပိုင်းတွင် ပြုလုပ်နေသော မင်္ဂလာဆောင်နေအိမ်မှ ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှ ဒဏ်ရာရရှိသူများကို ဒေသအခြေစိုက် ပရဟိတယာဉ် သုံးစီးခန့်ဖြင့် ထားဝယ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 29 December 2022
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း နေထိုင်ကာ အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၃၀ ဦးပါ ဘုရားဖူးယာဉ်တစ်စီး ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက တိမ်းမှောက်၍ အများအပြားဒဏ်ရာရခဲ့ကြကြောင်း ရနောင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာအလုပ်သမားမှာ ထိုင်းနိုင်ငံ ရနောင်းမြို့၊ အုပ်စု(၁)ဘန်နောင်းကျေးရွာ ဖေ့ချကစင်လမ်းမကြီးပေါ်၊ ချွန်ဖော်ခရိုင်အတွင်း နာမည်ကြီးဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဘုရားဖူးပြီး အပြန် မော်တော်ယာဉ် ဘီးပေါက်၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်ရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး ယာဉ်များရောက်လာကာ ဒဏ်ရာအပြင်းထန်သူများအား ရနောင်းပြည်သူ့ဆေးရုံကြီးနှင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခြင်း၊ ဒဏ်ရာအနည်းငယ်ရသူများအား အခင်းဖြစ်ပွားရာနေရာ၌ပင် ဆေးကုသပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသောကြောင့် ထိုင်းလူမျိုးယာဉ်မောင်း၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းအား အရက်သေစာသောက်စားထားခြင်းရှိ မရှိနှင့် ယာဉ်ကိုအမြန်နှုန်း မောင်းနှင်ခဲ့ခြင်း ရှိမရှိလည်း စစ်ဆေးနေကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 29 December 2022
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်မတ်လ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းကို ထုတ်ပြန်ကြေညာထားသည်။
လာမည့်မတ်လ ၈ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၈ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းသုံးသိန်းကျော် ဝင်ရောက်ဖြေဆိုရန်ရှိနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1484 of 2052