Published 25 Oct 2022
ဗြိတိန်ဘုရင်မင်းမြတ် ချားလ်စ်-၃ ထံမှ အစိုးရအသစ်ဖွဲ့ရန် တာဝန်ပေးအပ်ခြင်းခံရပြီးနောက် ဝန်ကြီးချုပ်သစ် ရီရှီဆူနတ်သည် ဒေါင်းနင်းလမ်းတွင် ပထမဆုံးသော မိန့်ခွန်းကိုပြောကြားခဲ့ပါတယ်။
ပါတီကပေးလိုက်တဲ့ လုပ်ပိုင်ခွင့်ဟာ ပုဂ္ဂလိက တစ်ဦးချင်းမပိုင်ဆိုင်ဘဲ အားလုံးရဲ့ညီညွတ်မှုအပေါ်ပေးတဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်လို့ သူကပြောသွားပါတယ်။
Source AFP
#Local_News
Published_25 October 2022
ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြမယ့် မြန်မာ MoU လုပ်သားတွေကို လေကြောင်းနဲ့ ပို့ဆောင်ဖို့ စီစဉ်နေကြပါတယ်။
#Yangon_Media_Group
#World_Literature
Published 25 October 2022
အရောင်းရဆုံးဂျာမန်စာရေးဆရာ'ဆာရာစပရင့်ဇ်'ရဲ့ လူငယ်များအတွက် စာအုပ်တွဲများဟာ ဆိုရှယ်မီဒီယာ TikTok ပေါ်မှ စာပေဝါသနာရှင်များရဲ့ အားပေးမှုကို ရလာခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ခြောက်လကျော်ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံကုန်သွယ်မှု ပြုလုပ်ထားတယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 25 Oct 2022
နီပေါနိုင်ငံမှာ ကုကူတီဟာ လို့ခေါ်တဲ့ ခွေးများနေ့ကို အောက်တိုဘာ ၂၄ ရက်က ဆင်ယင်ကျင်းပခဲ့ပါတယ်။ အဲဒီနေ့မှာ နီပေါနိုင်ငံ တစ်လွှား ခွေးတွေကို ပန်းကုံးတွေဝတ်ဆင်ပေးပြီး သွားရေစာတွေ ကျွေးမွေးပြုစုကြပါတယ်။ ခွေးများနေ့ဟာ ဟိန္ဒူဘာသာဝင်တွေက ယမလို့ခေါ်တဲ့ သေမင်း နတ်ဘုရားကိုရည်စူးပူဇော်တဲ့ ငါးရက်တာ တီဟာပွဲတော်ရဲ့ ဒုတိယနေ့မှာ ကျရောက်ပါတယ်။
သူတို့ဟာ ယမနတ်ဘုရားကို ကျေနပ်ပျော်ရွှင်စေဖို့အတွက် ခွေးတွေကို ကောင်းစွာ စောင့်ရှောက် ပသ ပေးကြပါတယ်။ ခွေးတွေဟာ ယမနတ်ဘုရားရဲ့ တမန်တော်လို့ သူတို့က ယူဆထားကြပါတယ်။
ဂူလာအမှုန့်၊ဆန်နှင့်ဒိန်ချဉ်တို့ရောစပ်ပြီး ခွေးတွေရဲ့ နှဖူးမှာ တီလတ်လို့ခေါ်တဲ့အမှတ်အသားကလေးတွေကို ရေးဆွဲပေး ကြပါတယ်။ လည်ပင်းမှာ ပန်းကုံးတွေ ဝတ်ဆင် ပေးပါတယ်။ ပြီးတော့ သူတို့ကို အသား၊နွားနို့၊ကြက်ဥနှင့် ခွေးစာတွေ ကျွေးကြမွေးကြပါတယ်။ အဲဒီနေ့မှာ တစ်ဦတစ်ယောက်က ခွေးတွေကို မထီလေးစားလုပ်ရင် အပြစ်ဖြစ်တယ်လို့ မှတ်ယူထားကြတာဖြစ်ပါတယ်။
တီဟာပွဲဟာ နီပေါနိုင်ငံမှာ ဒါရှိန်ပွဲတော်ပြီးရင် ဒုတိယအကြီးဆုံးပွဲတော်ဖြစ်ပါတယ်။ တီဟာပွဲတော်တွင်း နွားတွေနှင့် ကျီးကန်းတွေကိုလည်း ပသကြပါတယ်။
ဒီနေ့ ကျွန်မတို့ ခွေးတွေကို တီလတ်တွေဆွဲပေးတယ်။ပန်းကုံးဝတ်ဆင်ပေးတယ်။ပြီးတော့ အစားကောင်းအသောက်ကောငးတွေ ကျွေးတယ်။ ဒီနေ့ကတော့ သူတို့ကို အထူး ပသပေးတယ်။လူသားနှင့်ခွေးတွေရဲ့ အကြားဆက်ဆံရေးပိုပြီးနက်နဲစေပါတယ် လို့မဟီမာ ရှရက်စတာက ပြောပါတယ်။
ဒီကနေ့ကတော့ ခွေးတွေရဲ့ ဆောင်ရွက်ပေးတာတွေကို တန်ဖိုးထားတဲ့နေ့ဖြစ်တယ်။ ခွေးတွေဟာ လုံခြုံရေး အေဂျင်စီ တွေအတွက် အလွန့်ကို အရေးကြီဂပါတယ်။ ကူကူးတီဟာဟာ သူတို့စွမ်းဆောင်ပေးခဲ့တာတွေကို ပြန်လည်အသိအမှတ်ပြုပေးတဲ့ အထူးနေ့ကလေးအဖြစ် ကျွန်တော်တို့ သတ်မှတ်ထားပါတယ်လို့ ရဲအရာရှိ ရာမက်ရှ် ပေါ်ခါရယ်လ်ကပြောပါတယ်။
ဒီနေ့ဟာ ခွေးများနေ့ဖြစ်တယ်။ ကျွန်တော်တို့ဟာ ခွေးတွေကို လေးစားမှုပြသတယ်။ ပန်းကုံးဝတ်ပေးတယ်။ အစားအစာ ကျွေးမွေးတယ်။ အိမ်ကခွေးတွေတင်မကဘဲ လမ်းပေါ်ကခွေးတွေကိုလဲ ဒီအတိုင်းပဲ ဆောင်ရွက်တာဖြစ်တယ်။ ဒါဟာ ဒီပွဲတော်ကို ဘယ်လိုဆင်နွဲကြတယ်ဆိုတာပါ” လို့ ကတ္တမန်ဒူ (ကတ်တမန်ဒူ) ဒေသခံ ရီရှီ ရမ် ပေါ်ဒါက ပြောပါတယ်။
ဟိန္ဒူဒဏ္ဍာရီထဲက ယမမှာ ခွေးနှစ်ကောင်ရှိပါတယ်။ ရှီယမားနှင့် ရှာဗာရာ တို့ဖြစ်ကြပါတယ်။ သူတို့ဟာ ငရဲတံခါးကြီးကို စောင့်ကြပ်ကြပါတယ်။ ခွေးတွေကို စောင့်ရှောက်ပသခြင်းဖြင့် ကောင်းမွန်စွာသေဆုံးကြရတယ်လို့ ဟိန္ဒူတွေက ယုံကြည် ထားကြတာဖြစ်ပါတယ်။ ခွေးတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် နီပေါနှင့် မွန်ဂိုလီးယားတို့မှာ စတင်မွေးမြူခဲ့တာလို့ အချို့ သိပ္ပံလေ့လာမှုတွေကဆိုပါတယ်။
Source AFP
#Kukur_Tihar
#Day_of_the_Dogs
#Nepal_Hindu_festival
#Local_News
Published_ 25 October 2022
လာမယ့်တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာရွှေကြာသင်္ကန်းဆက်ကပ်လှူတန်း သွားမှာဖြစ်ပြီး မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲကိုတော့ မကျင်းပဖြစ်သေးဘူးလို ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 25 october 2022
ပြီးခဲ့တဲ့ရက်ပိုင်းက ကော့ကရိတ်မြို့ စစ်ရေးအခြေအနေကြောင့် အာရှလမ်းမ ပိတ်ထားလို့ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားထောင်နဲ့ချီ အာရှလမ်းမမှာ ပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 25 October 2022
၁။ ပိတ်မိနေသည့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ မဲဆောက်ဘက်သို့ ရောက်ရှိနေပြီဟုဆို
၂။ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံ၌ရွှေကြာသင်္ကန်းဆက်ကပ်မည်၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲ မကျင်းပဖြစ်ဟုဆို
၃။ အောက်တိုဘာ ၁၄ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံကုန်သွယ်မှု ပြုလုပ်ထား
၄။ စာရေးဆရာများက စာအုပ်အကြောင်းကို TikTok တွင် တင်ဆက်မှုတွေ ဂျာမနီတွင်ခေတ်စားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 October 2022
အောက်တိုဘာလ (၂၅) ရက်နေ့မှာ နေတစ်စိတ်တစ်ပိုင်းကြတ်တာကို မြန်မာနိုင်ငံကမြင်ရမှာ မဟုတ်တဲ့အတွက် သက်ရောက်မှု အားနည်းမှာဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 October 2022
အောက်တိုဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၇၅ ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ကြေညာထားသည်။
ကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၉၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _25 October 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲ့များက ယာဉ်အသွားအလာများကို စစ်ဆေးရာမှ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီများကို ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
အောက်တိုဘာလ ၂၄ ရက် ညနေ ၅ နာရီခန့်က မောင်တောမြို့ဘက်မှ ဘူးသီးတောင်မြို့သို့ ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် မာမတ်ရော်ဖီး မောင်းနှင်လာသည့် ၃ ဘီးယာဉ်ကို စစ်ဆေးရေးအဖွဲ့များက ရပ်တန့် စစ်ဆေးစဉ် ယဆိုပါ ဘင်္ဂါလီ ၄ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေးဦးမှာ ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြိုနယ်၊ မော်နီဂူနာ ကျေးရွာနေ အသက်(၂၀)အရွယ် အီနှစ်၊ အသက် ၂၄ နှစ်အရွယ် အီစမိုင်၊ တက္ကနပ်ဖ်မြို့နယ်ရှိ ဘာလူခါလီဒုက္ခသည်စခန်းမှ အသက်(၁၅)နှစ်အရွယ် ချူချီဒါ၊ နှင့် အသက်(၁၆)နှစ်အရွယ် နူရ်ဆာဒီယာ တို့ ဖြစ်ကြောင်း၊ ယင်းတို့မှာ မည်သည့်အထောက်အထား တစ်စုံတစ်ရာမျှ မပါရှိကြကြောင်း သိရသည်။
ယခုအခါ တစ်ဖက်နိုင်ငံမှနတ်မြစ်ကိုဖြတ်ကူး၍ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကိုလည်း လူကုန်ကူးမှုအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_25 October 2022
မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ CNG ရရှိမှု အခက်အခဲကြောင့် ယာဉ်အစီးရေ လျှော့ချပြေးဆွဲနေရကြောင်း ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
YBS ယာဉ်လိုင်းများ အစီးရေလျှော့ချပြေးဆွဲမှုကြောင့် ရုံးတက်၊ ရုံးဆင်းချိန်တွင် ခရီးသည်များအနေဖြင့် ယာဉ်ရှားပါးသည့်ပြသနာကြုံတွေ့နေရကြောင်း၊ ယာဉ်လိုင်းပြေးဆွဲမှု၏ သုံးပုံနှစ်ပုံမှာ CNG ဂတ်စ်တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
“ယာဉ်အစီးရေ ထပ်တိုးပြေးဆွဲတာတို့၊ ခရီးစဉ်သစ်တိုးချဲ့ပြေးဆွဲတာတို့ကို လတ်တလောမှာမရှိသေးဘူး။ ဘာလို့ဆို CNG ကလည်းမရဘူး။ သုံးပုံတစ်ပုံပဲ ကားကထွက်နိုင်တော့တယ်။ ခရီးသည်တွေကတော့ ပြောကြတယ်။ ကားကရှားတယ်၊ ထွက်တာကျဲတယ်ဆိုပြီးတော့ပေါ့။ အဓိက CNG မရတာပါ”ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၀၃၇ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၁ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေရကြောင်း သိရသည်။ ယင်းအပြင် ယာဉ်စီးခနှုန်းထားကိုလည်း YRTC မှ ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ်၊ ခရီးစဉ်အစအဆုံး ၃၀၀ ကျပ်ကောက်ခံခွင့်ပြုထားကြောင်း သိရသည်။
“မနက်အလုပ်သွားလို့ရှိရင် တစ်နာရီလောက်ကြိုထွက်ရတယ်။ ကားကတော်တော်နဲ့မရဘူး။ ကားကလာတာကျဲတော့ တစ်စီးတစ်စီးကို ခရီးသည်တွေကအပြည့်ပဲ။ အဲ့တိုင်းလည်း ဖြစ်သလိုလိုက်စီးနေရတာ။ ကားကတော်တော်ဒုက္ခရောက်တယ် စီးရတာအဆင်မပြေဘူး”ဟု YBS စီးခရီးသည်တစ်ဦးဖြစ်သူ မထက်ထက်အောင်က ပြောသည်။
#ymg/sth
#Yangon_Media_Group
Page 1489 of 1948