#LocalNews
Published_4 January 2023
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ဇန်နဝါရီလ ၃ ရက်က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
အဆိုပါ အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၃၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူ ၂ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၃၉ ဦးတို့ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကချီးမြှင့်ကာ ရဲဗလ တံဆိပ်ရရှိသူ ၁၈၁ ဦး၊ စီမံထူးချွန်တံဆိပ်ရရှိသူ ၁၁၀ ဦး၊ လူမှုထူးချွန် တံဆိပ်ရရှိသူ ၁၂ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်ရရှိသူ ၄ ဦး၊ ဝန်ဆောင် စီးပွား ထူးချွန်တံဆိပ်ရရှိသူ ၁၀ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ်ရရှိသူ ၄ ဦး၊ ဆေးပညာ ထူးချွန်တံဆိပ်ရရှိသူ ၁ ဦးနှင့် နည်းပညာထူးချွန်တံဆိပ်ရရှိသူ ၇၄ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူ ၁၃၆ ဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၄၀၄ ဦးတို့ကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ချီးမြှင့်ခြင်းခံရသည့် တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ၏ တန်ဖိုးပိုင်းဖြတ်၍မရသည့် လေးနက်မှုကို မျိုးဆက်သစ်များ မျှဝေခံစားလို့ရအောင် လက်ဆင့်ကမ်းအမွေပေးသွားကြရန်၊ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ထံကျရောက်လာမည့် တာဝန်များနှင့်ပတ်သက်ပြီး ကျေပွန်အောင် ဆက်လက် ထမ်းဆောင်သွားကြရန်၊ လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အမွေကို သိရှိနားလည်ပြီး ဒို့တာဝန် အရေးသုံးပါးကို ထာဝစဉ်ကာကွယ် စောင့်ရှောက်မည်ဟူသည့် ယုံကြည်ချက်၊ ခံယူချက်နှင့် တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းခဲ့သည်။
တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၊ သီဟသူရ ဘွဲ့ရရှိသူ ၅၁ ဦး၊ သူရဘွဲ့ရရှိသူ ၅၅၄ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်ရရှိသူ ၁၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၀၅၀ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၁၂၅ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ ၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၂၃၅၁ ဦး ရှိပြီဖြစ်ကြောင်း လည်း သိရသည်။
ymg/mt
#Yangon_Media_Group



#World_Health
Published 4 January 2023
အိန္ဒိယမှာ ခန္ဓာကိုယ်ထက်ဝက်ကျော်လောက် အမွှေးထူထူမည်းမည်းတွေ ဖုံးလွှမ်းနေတဲ့ ကလေးတစ်ယောက်မွေးဖွားခဲ့ရာ အွန်လိုင်းမှာပျံ့နှံ့နေပါတယ်။
မွေးဖွားချိန်မှာ ပြဿနာမရှိခဲ့ပေမယ့် ကလေးရဲ့ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းလောက်ဟာ အမွှေးထူတွေဖုံးလွှမ်းနေပါတယ်။
ကလေးရဲ့ကျောမှာ အမွှေးတွေဖုံးနေတဲ့ပုံတွေကို အံ့အားသင့်ဖွယ်မြင်တွေ့နိုင်ပါတယ်။
ဒေါက်တာ'အစ်ကရမ်ဟူစိန်'က ထိုကလေးကို မွေးရာပါကင်ဆာမဟုတ်တဲ့အရေပြားရောဂါအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာတဝှမ်း ကလေးအယောက် ၂ သောင်းမှာ ၁ ယောက်နှုန်းမွေးလေ့ရှိကာ အမွှေးတွေက ခန္ဓာကိုယ်ကြီးလာတဲ့နှုန်းအတိုင်း ရှည်လာမှာဖြစ်ပြီး အနည်းဆုံး ၁၅ လက်မကျော်လောက် ရှိလာနိုင်ကြောင်း ပညာရှင်များက ဆိုပါတယ်။
အရေပြားမျက်နှာပြင်ပုံစံအမျိုးမျိုးရှိနိုင်ပြီး ပြောင်းလဲနိုင်ပါတယ်။
သူတို့ရဲ့အရေပြားက ခြောက်သွေ့ကာ ယားယံခြင်းဖြစ်နိုင်ပြီး အမွှေးအမျှင်ရှည်လွန်းခြင်းဖြစ်စဉ် ဖြစ်နိုင်ပါတယ်။
ဒီကလေးအကြောင်းကြားသိပြီးတော့ ဒေသခံအများအပြား လာရောက်ကြည့်ရှုကြပါတယ်။
ဒီလက္ခဏာက အသက်အန္တရာယ်မရှိပေမယ့် အရေပြားကင်ဆာဖြစ်နိုင်ချေ ရှိနေပါတယ်။
အရေပြားဆဲလ်တွေက ဦးနှောက်နဲ့ကျောရိုးတစ်ရှူးတွေမှာ ဖြစ်ပေါ်လာပြီး ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ တက်ခြင်း၊ ဦးနှောက်အကျိတ်များ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီအခြေအနေက အိန္ဒိယမှာ အခုမှဖြစ်ဖူးတာမဟုတ်ပါဘူး။
နိုဝင်ဘာလတုန်းက ဆယ်ကျော်သက်တစ်ဦးဟာ ထိုကဲ့သို့အခြေအနေဖြစ်နေကြောင်း ချပြခဲ့ကာ တစ်ကိုယ်လုံးမှာ သမန်းဝံပုလွေကဲ့သို့ အမွှေးတွေဖုံးလွှမ်းနေပါတယ်။
Source: NY Post
#Yangon_Media_Group
#Local_News
Published_ 4January 2023
ရွှေတိဂုံစေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရန် ရွှေပြား(၂၄)ချပ်ကိုလှူဒါန်းခဲ့သည့် အလှူရှင်(၂၀)ဦးနှင့် ကျပ်တစ်သိန်းအထက်ငွေသားအလှူရှင်များကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ထံမှ သိရသည်၊၊
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့် အထက်အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၇၈)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ(၃)ရက် မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုဒ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ.ပါဠိပါရဂူ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနားယူကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်ရွှေပြား အလှူရှင် (၂၀)က ရွှေပြားအချပ် (၂၄)ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၂၄)ဦးအပါအဝင် လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁၃၁၆၆၂၉၇၉၉/ (ကျပ်သိန်း တစ်သောင်းသုံးထောင့် တစ်ရာခြောက်ဆယ့်ခြောက်သိန်းနှစ်သောင်းကိုးထောင်ခုနှစ်ရာကိုးဆယ်ကိုး) တိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။
ymg/tthl
#Yangon_Media_Group








#World_Health
Published 4 January 2023
လေဖြတ်ဝေဒနာရှင် ၅ ပုံ ၂ ပုံလောက်ဟာ စကားမပြောနိုင်တဲ့ အခက်အခဲရှိကြပေမယ့် သူတို့ရဲ့အသံပြန်ရအောင် ကြိုးစားလို့ရပါသေးတယ်။
စကားမပြောနိုင်ခြင်းပြဿနာနဲ့ လူမှုဆက်ဆံရေးရာတို့အတွက် အတူတကွသီချင်းဆိုခြင်းဖြင့် တိုးတက်စေနိုင်ကြောင်း ဟယ်လ်ဆင်ကီတက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။
ဒါဟာ ဝေဒနာရှင်အချင်းချင်း အထောက်အပံ့ပေးနိုင်သလို ငွေကုန်ကြေးကျသက်သာနိုင်ပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ ပြန်လည်ထူထောင်ရေးကဏ္ဍတွေကို တေးဂီတကုထုံးပညာရှင်များနဲ့ အဖွဲ့လိုက်သင်ကြားရေးပညာရှင်တို့က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
လေဖြတ်ခြင်းကြောင့် စကားမပြောနိုင်တဲ့သူတဝက်ခန့်မှာ ဒီအခက်အခဲက တစ်နှစ်လောက်ကြာတဲ့အထိ ရှိနေဆဲဖြစ်ပြီး နေထိုင်မှုဘဝအပေါ် များစွာသက်ရောက်ကာ လူမှုရေးမှာ သီးခြားဖြစ်လာပါတယ်။
ဦးနှောက်ထိခိုက်ပြီး စကားမပြောနိုင်တဲ့ လူနာ ၅၄ ဦးနဲ့ မိသားစုဝင်ထဲမှ စောင့်ရှောက်မယ့်သူများကို စမ်းသပ်ဖို့ခေါ်ယူခဲ့ပါတယ်။
၅ လမှ ၉ လအတွင်း လူနာတွေရဲ့ ပြောဆိုနိုင်စွမ်း၊ စိတ်အခြေအနေ၊ လူမှုရေးအခြေအနေ၊ ဘဝနေထိုင်မှုအခြေအနေတို့နဲ့ ပတ်သက်ပြီး မိသားစုများကို မေးမြန်းခဲ့ပါတယ်။
သီချင်းသီဆိုမှုပုံစံအမျိုးမျိုးဖြင့် လေ့ကျင့်ခဲ့ကြကာ သံစဉ်တေးသွားအတိုင်း ဖြည်းဖြည်းချင်းလိုက်ဆိုရာကနေ စကားပြောနိုင်သည်အထိ တိုးတက်လာခဲ့ပါတယ်။
လေဖြတ်ခြင်းကြောင့် စကားမပြောနိုင်တဲ့လူနာတွေမှာ သီချင်းဆိုခြင်းဖြင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို အသုံးပြုသင့်ကြောင်း တွေ့ရှိခဲ့ပါတယ်။
အဖွဲ့လိုက်ပြန်လည်ထူထောင်ခြင်းဖြင့် စကားပြောနိုင်ဖို့အတွက် လေ့ကျင့်ပေးနိုင်ရုံမက လူနာတွေနဲ့ မိသားစုဝင်တွေအတွက်ပါ အချင်းချင်းအကူအညီ ဖြစ်စေပါတယ်လို့ ပြောကြားခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ဇန်နဝါရီလထဲမှာ ရန်ကုန်တိုင်းအပါအဝင်ဒေသအချို့မှာ ရာသီဥတုအေးရာမှ အအေးပေါ့ပြီး ရာသီဥတုပြန်နွေးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Sport_Legend
Published 3 January 2023
ဘရာဇီးလ်ဂန္တဝင်ဘောလုံးသမားကြီး'ပီလီ'ကို နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် ဆံပင်ညှပ်ပေးခဲ့တဲ့ ဘရာဇီးလ်ဆံသဆရာအတွက်တော့ ဖောက်သည်အဖြစ်ရော မိတ်ဆွေအဖြစ်ပါ ဆုံးရှုံးလိုက်ရတဲ့ အခြေအနေဖြစ်နေပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 January 2023
လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ပုံမှန်အတိုင်းပဲအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published: 2 January 2023
ဩစတြေလျနိုင်ငံမှာ တနင်္လာနေ့က ရဟတ်ယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားအကြိုက်နေရာတစ်ခုရဲ့ သဲသောင်ခုံပေါ် ရုပ်ပျက်ဆင်းပျက် ပျက်ကျခဲ့တာကြောင့် လူ ဗြိတိန်စုံတွဲတစ်တွဲ အပါအဝင် လူလေးဦးသေဆုံးခဲ့ရပါတယ်။
ကွင်းစ်လန်းရဲ့ ရှုမငြီးဖွယ် ရွှေရောင်ကမ်းခြေတစ်လျောက် ရှုခင်းကြည့်ရှုဖို့ ရဟတ်ယာဉ်တစ်စီးက စတင်ပျံတက်စဉ်မှာ ယင်းရဲ့ ဒလက်တွေဟာ ဆင်းသက်တော့မယ် အခြားရဟတ်ယာဉ်တစ်စီးရဲ့ လေယာဉ်မှူးအခန်းကို ဝင်တိုက်မိခဲ့ရာကနေ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးကော်မရှင်နာ အန်ဂတ်စ်မစ်ချဲလ်က ပြောပါတယ်။
“ တိုက်မိတဲ့အတွက် ပျံတက်နေတဲ့ရဟတ်ယာဉ်ရဲ့ ပန်ကာဒလက်တွေနှင့် ဂီယာအုံဟာ တစ်စစီပြုတ်ထွက်ပြီး သောင်ပြင် ပေါ် ကြေကွဲစရာကောင်းအောင် ပျက်ကျခဲ့ရပါတယ်”လို့ သူကဆက်ပြောပါတယ်။
ရဟတ်ယာဉ်နှစ်စီးစလုံးဟာ Sea World လို့ခေါ်တဲ့ နာမည်ကြီးအပန်းဖြေဥယျဉ်နှင့်ငါးပြတိုက်ရဲ့ ပြင်ပမှာ လုပ်ငန်း ဆောင်ရွက်နေတာဖြစ်ကြပြီး ပျံတက်နေတဲ့ရဟတ်ယာဉ်မှာ လေယာဉ်မှူးနှင့် ခရီးသည် (၆)ဦးစုစုပေါင်း (၇)ဦး စီးနင်းလိုက်ပါခဲ့ပါတယ်။
လေယာဉ်မှူး အက်ရှ်လေ ဂျင်ကင်ဆန်နှင့်အတူ ခရီးသည်လူကြီး(၃)ဦးသေဆုံးခဲ့ရပြီး ကျန်(၃)ဦးမှာ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပါတယ်။
သေဆုံးသွားတဲ့သူတွေထဲမှာ လင်မယားလို့ယူဆရတဲ့ ဗြိတိန်နိုင်ငံသား စုံတွဲတစ်တွဲလည်းပါဝင်တယ်လို့ ကွင်းစ်လန်း ရဲအရာရှိ မိုက်ကမ်ဘဲလ်က ပြောပါတယ်။
ဂျင်ကင်ဆန်ဟာ အတွေ့အကြု့ရှိတဲ့ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး ဩစတြေလျရဲ့ မကြာသေးခင်က ရေဘေးကယ်ဆယ် ရေးလုပ်ငန်းတွေမှာ ပါဝင်ပျံသန်းပေးခဲ့သူဖြစ်တယ်လို့ သူ့ရဲ့သူငယ်ချင်း အင်ဒရူးတေလာက ပြောပါတယ်။
ဒုတိယရဟတ်ယာဉ်က ခရီးသည် (၆)ဦးစလုံး အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး ယင်းရဲ့လေယာဉ်မှူးအခန်း ပျက်စီးသွားတဲ့ကြားထဲက အနီးအနားမှာ ထူးထူးခြားခြားပဲ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
လူလေးဦးသေဆုံးပြီး တော်တော်များများ ကြေကွဲဝမ်းနည်းကြရဲ့ ဒီအဖြစ်အပျက်လိုဆိုးရွားတာမျိုးမရှိနိုင်ဘူး” လို့ မစ်ချဲလ်က ပြောပါတယ်။
ဒေသခံလှေပိုင်ရှင်တွေဟာ ပျက်ကျရာနေရာရောက်လာပြီး အကီူအညီပေးကြတယ်လို့ ရဲကပြောပါတယ်။
“အဲဒီသူတွေဟာ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ ရောက်မလာခင် သူတို့ဟာ အသက်ကယ်စောင့်ရှောက်ရေး စီပီအာရ်တွေ အစွမ်းကုန်လုပ်ပေးခဲ့ကြပါတယ်” လို့ ကမ်ဘဲလ်က ပြောပါတယ်။
ယခုမတော်တဆမှုနှင့်ပတ်သက်လို့ ကနဦးအစီရင်ခံစာကို ခြောက်ပတ်မှ ရှစ်ပတ်အတွင်း ထွက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။
Source: AFP
#Australian_chopper_crash
#Choppers_ mid-air_collision
#Australia_Gold_Coast
#Local_News
Published_3 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ဒီဇင်ဘာလ ၂၃ ရက်အထိ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၈ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ထဲကအနာကြီးဝေဒနာရှင်တွေ၊ အရေပြားရောဂါသည်တွေ နာတာရှည်လူနာတွေကို ထီဆုငွေဖြင့်လှူဒါန်းသွားဖို့ရှိတယ်လို့ ပုဗ္ဗတွဲလက်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌကိုဟိန်းမင်းဝင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 3 January 2023
၁။ အနာကြီးဝေဒနာရှင်များ၊ နာတာရှည်လူနာများကို ထီဆုငွေဖြင့်လှူဒါန်းမည်ဟုဆို
၂။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရရှိထား
၃။ ရန်ကုန် အိမ်ခြံမြေဈေးကွက် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မိတ်ဆွေအဖြစ်ရော ဖောက်သည်အဖြစ်ပါ ပီလီကိုဆုံးရှုံးလိုက်ရသည့် ဘရာဇီးလ်ဆံသဆရာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်က မူဆယ်ကျယ်ဂေါင်ဂိတ်အားလုံးကို အခုဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်တော့မှာပါ။
#Yangon_Media_Group
Page 1476 of 2052