#World_News
Published 3 January 2023
တရုတ်-ရုရှားအရှေ့ဘက်လမ်းကြောင်းရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ တရားဝင်စတင်လည်ပတ်ချိန်ကစပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ကုဗမီတာ ၃၀ ဘီလီယံကျော် ပေးပို့ထားပြီးဖြစ်ကြောင်း တရုတ်ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်ကော်ပိုရေးရှင်းက ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 4 January 2023
ပြည်တွင်းမှာ သကြားစားသုံးမှုမြင့်တက်လာတဲ့အပြင် ပြည်ပကနေလည်း တင်သွင်းမှုလျော့နည်းလာတာကြောင့် ဒီနှစ်မှာတော့ ပြည်ပကိုသကြားတင်ပို့မှုဟာ လျော့နည်းသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 4 January 2023
မြန်မာနိုင်ငံမှာ ၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇၀၁၂ ဦးကို ဇန်နဝါရီ ၄ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက အကျဉ်းထောင်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေနှင့်ဆွေမျိုးတွေက လွတ်မြောက်လာမယ့်သူတွေကို သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
အင်းစိန်အကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကြီးတွေ ထွက်လာပြီးနောက် ဆွေမျိုးမိသားစုတွေက ကြိုဆိုခဲ့ကြပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#Myanmar_Prisoners_release
#Myanmar_Politics
#LocalNews
Published_4 January 2023
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး နိုဝင်ဘာလထက် တင်ပို့မှုလျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_4 January 2023
မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်ထားတာ ၁၂ ရက်ကျော်ရှိပြီဖြစ်တာကြောင့် ကုန်ကားတွေအနေနဲ့ တောလမ်းပိုင်းကနေ သွားနေရတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 4 January 2023
၁။ မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပြန်မဖွင့်သေးသည့်အတွက် ကုန်ကားများတောလမ်းပိုင်းကသွားနေရ
၂။ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့
၃။ ပြည်တွင်းစားသုံးမှုများပြားသည့်အတွက် ပြည်ပသို့သကြားတင်ပို့မှု လျော့နည်းခြင်းဖြစ်
၄။ တရုတ်-ရုရှားအရှေ့ဘက်လမ်းကြောင်းဓာတ်ငွေ့ပိုက်လိုင်းမှ နှစ်စဉ်ဓာတ်ငွေ့ပေးပို့မှုတိုးမြှင့်ရန်ရည်ရွယ်ထား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ၁ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်အထိ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 4 Jan 2023
တစ်နိုင်ငံလုံး အကြားအလပ် မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့် နိုင်ငံသား အားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ဇန်နဝါရီ (၄)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့၂၀၂၃ ခုနှစ်၊(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရွေးကောက်ပွဲများ ကျင်းပရာမှာလည်း နိုင်ငံသားတစ်ဦးချင်းရဲ့ ဆန္ဒသဘောတရားကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရား တိုက်တွန်းမှု၊ လူအုပ်စုဖြင့်အနိုင်ကျင့်လွှမ်းမိုးမှု စတဲ့ မတရားမှုများ ကင်းဝေးရပါမယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အကြားအလပ် မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့် နိုင်ငံသား အားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” လို့ နစက ဥက္ကဋ္ဌကပြောခဲ့ပါတယ်။
အဲသလိုဆောင်ရွက်ရာမှာ မိတ်ဆွေနိုင်ငံတွေနှင့် အဖွဲ့အစည်းတွေက နစကနှင့်အတူ အမျိုးသားရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အသိတရား သတိထားပြီး ပူးပေါင်းပါဝင်အားပေးဖို့နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့လည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နစကဟာ လုပ်ငန်းတာဝန်တွေထမ်းဆောင်နေတာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ထပ်မံပြောဆိုလိုက်ပြီး အချို့အဖွဲ့အစည်းတွေနှင့် နိုင်ငံတွေရဲ့ စွက်ဖက်မှု နှောက်ယှက်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
“ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့က စပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုးဆက်သစ် များကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်” လို့လည်း နစက ဥက္ကဋ္ဌက လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆောင်ရ္ကက်နေမှုနှင့်ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးကို ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေနှင့် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်အချို့ရဲ့အမည်နာမတွေကို ထုတ်ဖော်ပြီး ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုမိန့်ခွန်းထဲမှာ ကျေးဇူးတင်စကား ထည့်သွင်းပြောဆိုခဲ့ပါတယ်။အဲဒီအထဲမှာ ဗိုလ်ချူပ်အောင်ဆန်း၊ဦးနေဝင်း၊ ဦးနု၊ ဦးသန့်၊ဗိုလ်ချူပ်မှူးကြီးသန်းရွှေစတဲ့ အမည်နာမတွေပါဝင်ခဲ့ပါတယ်။
“လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးကာလတွေမှာ ပြာပုံဘဝဖြစ်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံကို ယခုအခြေအနေထိ ရောက်ရှိ စေရေးအတွက် ဘဏ္ဍာရေး၊ နည်းပညာ၊ အခွင့်အလမ်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးခဲ့တဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့မှာ ဗြိတိသျှနယ်ချဲ့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ယခု ၂၀၂၃ဟာ ၇၅နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်လို့ နစက,က လွတ်လပ်ရေးနေ့အခမ်းအနားကို နေပြည်တော်မှာ တပ်မတော် ကြည်း၊ရေ၊လေတပ်ဖွဲ့များ၊တိုင်းဒေသကြီးနှင့်ပြည်နယ်များနှင့် ဝန်ကြီးဌာနများရဲ့ တင်ဆက်ပြသမှုများနှင့်အတူ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာဖြစ်ပါတယ်။
-ymg/knl
#Myanmar_Independence_Day
#Myanmar_Politics







#LocalNews
Published_4 January 2023
ဝန်ကြီးဟောင်းသူရဦးအောင်ကို ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် စာရေးဆရာ ဦးထင်လင်းဦးတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ကြကြောင်း သိရသည်။
လက်ရှိတွင် ဝန်ကြီးဟောင်းသူရဦးအောင်ကိုမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ယင်း၏ မိသားစုနှင့် နီးစပ်သူက အတည်ပြုသော်လည်း စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် စာရေးဆရာ ဦးထင်လင်းဦးတို့ နှစ်ဦးမှာ နေအိမ်သို့ ပြန်ရောက်ပြီဆိုသည့် အကြောင်းကိုမူ အတည်မပြုနိုင်သေးပေ။
"သူရဦးအောင်ကိုကတော့ မနေ့က ညကတည်းက သူ့အိမ်ကိုရောက်တာ၊ကားနဲ့ လာပို့တာတဲ့ "ဟု ယင်း၏ မိသားစုနှင့်နီးစပ်သူက ပြောသည်။
နစက အနေဖြင့် အကျဉ်းထောင်၊အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊အကျဉ်းသူ (၇၀၁၂)ဦးတို့ကို ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ ကျခံနေရသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း လည်း ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_4 January 2023
အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ သူများကို ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ယနေ့ လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ ကျခံနေရသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_4 January 2023
အကျဉ်းထောင်၊အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊အကျဉ်းသူ (၇၀၁၂)ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အနေဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ရည်ရွယ်၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခံရသူများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#World_Lifestyle
Published 4 January 2023
၁၉၆၈ ခုနှစ်က ရိုမီယိုနဲ့ဂျူလီယက် (Romeo And Juliet)ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားနဲ့မင်းသမီးတို့ဟာ သူတို့ဆယ်ကျော်သက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ ဇာတ်ကားထဲမှာ ဝတ်လစ်စားလစ်အခန်းပါဝင်ခဲ့တာကြောင့် Paramount Pictures ထုတ်လုပ်ရေးကုမ္ပဏီကို အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်ဖြင့် ဇန်နဝါရီ ၃ ရက်နေ့က တရားစွဲဆိုခဲ့ပါတယ်။
အဲဒီတုန်းက 'ဂျူလီယက်'အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် 'အိုလီဗီယာဟက်ဆီ'နဲ့ 'ရိုမီယို'အဖြစ်သရုပ်ဆောင်တဲ့ အသက် ၁၆ နှစ်အရွယ် 'လီယိုနာ့ဒ်ဝှိုက်တင်'တို့ဟာ အခုဆိုရင် ၇၁ နှစ်နဲ့ ၇၂ နှစ်ရှိကြပြီဖြစ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု၊ လိမ်လည်မှုတို့ဖြင့် ထုတ်လုပ်ရေးကုမ္ပဏီကို လော့စ်အိန်ဂျလိစ်ကောင်တီ အထက်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
ထိုရုပ်ရှင်ကားရဲ့ဒါရိုက်တာ'ဖရန်ကိုဇက်ဖရယ်လီ'က ၂၀၁၉ ခုနှစ်မှာကွယ်လွန်ခဲ့ပြီဖြစ်ကာ တရားစွဲဆိုချက်အရ ဇာတ်ကားနောက်ပိုင်းတွေမှာ ပါဝင်တဲ့ အိပ်ရာဝင်ဇာတ်ဝင်ခန်းထဲမှာ သူတို့နှစ်ယောက်ဟာ အသားရောင်အတွင်းခံများဝတ်ဆင်ရမယ်လို့ ဒါရိုက်တာက ညွှန်ကြားခဲ့ပြီး ရိုက်ကူးရေးနောက်ဆုံးရက်တွေမှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရိုက်ကူးမယ့်နေ့ မနက်ပိုင်းရောက်တော့ ခန္ဓာကိုယ်မိတ်ကပ်သာလိမ်းခြယ်ရမှာဖြစ်ပြီး သူတို့ကိုယ်လုံးတီးပုံစံကို မမြင်ရတဲ့အနေအထားကနေ ကင်မရာရိုက်မှာဖြစ်တယ်လို့ 'ဇက်ဖရယ်လီ'က ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
သူတို့ဝတ်လစ်စားလစ်ဖြစ်နေတာကို သူတို့ကိုယ်တိုင်မသိရှိဘဲ ရိုက်ကူးခဲ့ကြရာ ဒါဟာ ကယ်လီဖိုးနီးယားနဲ့ ဖက်ဒရယ်ဥပဒေများအပြင် ကလေးများကိုအသုံးချခြင်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။
ကိုယ်လုံးတီးနဲ့ သရုပ်ဆောင်ရမှာဖြစ်ပြီး မဟုတ်ပါက ဇာတ်ဝင်ခန်းပုံပေါ်မှာမဟုတ်သလို သူတို့ရဲ့အနုပညာလမ်းကြောင်းလည်း ထိခိုက်ရလိမ့်မယ်လို့ 'ဇက်ဖရယ်လီ'က ပြောခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
သရုပ်ဆောင်တွေလည်း ရွေးချယ်စရာမရှိတော့တာကြောင့် တောင်းဆိုတဲ့အတိုင်း ခန္ဓာကိုယ်မိတ်ကပ်နဲ့ ကိုယ်လုံးတီးသရုပ်ဆောင်ခဲ့ရပါတယ်။
'ဝှိုက်တင်'ရဲ့တင်ပါးဗလာနဲ့ 'ဟက်ဆီ'ရဲ့ရင်သားဗလာတို့ကို ဇာတ်ဝင်ခန်းထဲမှာ လျှပ်တပြက်ပြသသွားပါတယ်။
ထိုထဲက ဇာတ်ဝင်တေးသီချင်းတွေဟာ ထိုခေတ်က နာမည်ကြီးသီချင်းတွေဖြစ်ခဲ့ပြီး အထက်တန်းကျောင်းသားမျိုးဆက်တွေကြား ကြည့်ရှုသူများပြားခဲ့ပါတယ်။
'ဟက်ဆီ'နဲ့ 'ဝှိုက်တင်'တို့ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုများကို ဆယ်စုနှစ်တွေကြာအောင် ခံစားခဲ့ရပြီး ထိုရုပ်ရှင်နဲ့မသက်ဆိုင်တဲ့ အလုပ်အကိုင်များ လုပ်ကိုင်ခဲ့ရပါတယ်။
ဇာတ်ကားထွက်ရှိကတည်းက ရရှိခဲ့တဲ့ဝင်ငွေအတိုင်းအတာနဲ့ နာကျင်ခံစားခဲ့ရမှုတွေကြောင့် သရုပ်ဆောင်တွေဟာ နစ်နာကြေးဒေါ်လာသန်း ၅၀၀ ကျော်ခံစားခွင့်ရှိတယ်လို့ တရားစွဲဆိုချက်မှာဖော်ပြထားပါတယ်။
Paramount Pictures ကတော့ ဒါနဲ့ပတ်သက်ပြီး ချက်ချင်းဖြေကြားခြင်းမရှိသေးပါဘူး။ 'ဟက်ဆီ'နဲ့'ဝှိုက်တင်'တို့ လူသိရှင်ကြားပြောသလိုမျိုးကိစ္စမဟုတ်ရင်တော့ လိင်ပိုင်းဆိုင်ရာအသုံးချခြင်းခံခဲ့ရတဲ့သူတွေရဲ့ နာမည်တွေကို AP က ဖော်ပြခြင်းမရှိခဲ့ပါဘူး။
Source: CNA
#Yangon_Media_Group
Page 1475 of 2052