#World_Health
Published 13 November 2022
ရောဂါလက္ခဏာများမပြမီ နှစ်များအလိုမှာပင် အယ်လ်ဇိုင်းမားရောဂါကို တွေ့ရှိစေနိုင်မယ့် သွေးစစ်ဆေးချက်နည်းလမ်းကို ဖန်တီးနိုင်တော့မှာဖြစ်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါရဲ့ အစောပိုင်းလက္ခဏာတစ်ခုဟာ ဓာတုပစ္စည်းတွေနဲ့ဆက်စပ်နေကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးတွေ့ရှိမှုကတော့ မှတ်ဉာဏ်ချို့တဲ့သူတွေရဲ့ဦးနှောက်က ဆိုးရွားတဲ့ပရိုတိန်းနှစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့ စမ်းသပ်မှုများဖြစ်ပါတယ်။
ဒါဟာ သာမန်အိုမင်းရင့်ရော်ခြင်းနဲ့ ဒီမန်ရှာအခြေအနေတို့ကြား အကူးအပြောင်းကာလဖြစ်ပြီး မှတ်ဉာဏ်ယုတ်လျော့မှုအသေးစားလေးတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။
အဆိုပါနည်းလမ်းဟာ ခန္ဓာကိုယ်ထဲဝင်ရောက်စမ်းသပ်စရာမလိုဘဲ သာမန်သွေးစစ်ဆေးမှုပြုလုပ်ရုံနဲ့ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။
"ကျွန်ုပ်တို့ရဲ့တီထွင်မှုက အယ်လ်ဇိုင်းမားရောဂါရှာဖွေခြင်းနဲ့ ပစ္စည်းကိရိယာများထုတ်လုပ်ဖို့အတွက် ဖြစ်လာတာပါ၊ ဒီနည်းလမ်းဖြင့် ဆရာဝန်တွေအတွက်လည်း စောစီးစွာ ရောဂါသိရှိစေနိုင်မှာဖြစ်ပါတယ်" လို့ အမေရိကန် စင်ထရယ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ဘင်ရှူ'က ပြောကြားလိုက်ပါတယ်။
အီတလီမှ သိပ္ပံပညာရှင်များက ဘီယာသောက်ခြင်းဖြင့် ဦးနှောက်စွမ်းရည်ကိုမြှင့်တင်ပေးပြီး အယ်လ်ဇိုင်းမားကိုတိုက်ဖျက်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဘီယာအသင့်အတင့်သောက်ခြင်းဟာ ဦးနှောက်ထဲရှိအဆိပ်သင့်ပစ္စည်းများနဲ့ ပရိုတိန်းအညစ်အနယ်များကို ဖယ်ရှားပေးပါတယ်။
ဘီယာတွေမှာပါဝင်တဲ့ ပဋိဇီဝပစ္စည်းအချို့ဟာ ဦးနှောက်ထဲက ရောင်ရမ်းမှုကိုလျှော့ချပေးပြီး အယ်လ်ဇိုင်းမားရောဂါရှိသူတွေကို အကျိုးသက်ရောက်စေပါတယ်။
သို့သော် ဘီယာအလွန်အကျွံသောက်သုံးခြင်းကတော့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေကို တိုးများစေတယ်လို့ သတိပေးထားပါတယ်။
ယူကေမှာ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာခံစားရသူ ၉ သိန်းခန့်ရှိပြီး ၃ ပုံ ၂ ပုံလောက်က အယ်လ်ဇိုင်းမားရောဂါဖြစ်ပါတယ်။
ထိုရောဂါဟာ ကုသလို့မရနိုင်သလို သတိမေ့လျော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့စတင်ဖြစ်ပေါ်ကာ ဦးနှောက်ပြင်းထန်စွာထိခိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာကာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published_12 November 2022
ကမ္ဘ္ဘာ့ရွှေဈေးနှုန်းဟာ ယခုရက်ပိုင်းအတွင်း မြင့်တက်နေပါတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေးနှုန်းဟာလည်း ပြန်လည်မြင့်တက်နေပြီး အဝယ်ထက်အရောင်းက ပိုများနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 November 2022
မြန်မာနိုင်ငံမှာရှိတဲ့ ပြတိုက်တွေကိုဒစ်ဂျစ်တယ်ပလက်ဖောင်းကနေကြည့်ရူနိုင်တဲ့ ပြတိုက်တွေဖြစ်အောင်ပြုလုပ်နိုင်ပါက ဝင်ရောက်ကြည့်ရူသူတွေအပေါ်မူတည်ပြီး အွန်လိုင်းမှတစ်ဆင့်နိုင်ငံခြားဝင်ငွေတွေရရှိနိုင်မှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Cup
Published 12 November 2022
ပင်လယ်ကွေ့နိုင်ငံကျဉ်းလေးဖြစ်တဲ့ ကာတာနိုင်ငံမှာ ယခုလအတွင်းကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း ပရိသတ်တွေပြည့်လျှံနေမှာကို စိုးရိမ်မှုများရှိနေကြပေမယ့် ကာတာမှကမ္ဘာ့ဖလားပြိုင်ပွဲစီစဉ်သူတွေကတော့ ပြိုင်ပွဲကာလတွင်းအတွက် အခန်းလွတ်ထောင်နဲ့ချီပြီးကျန်နေသေးတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 12 Nov 2022
- အိမ်သာတစ်ခုနှင့် ဧည့်ခန်းတစ်ခု ဘယ်ဟာကအရေးကြီးပါသလဲ??
#Yangon_Media_Group
#Local_News
Published _ 12 November 2022
ရန်ကုန်တိုင်း အိမ် ခြံ မြေ အရောင်းအဝယ်ဈေးကွက်ဟာ အခုလထဲမှာ ဝယ်ယူမှုနည်းပါးနေပြီး အရောင်းပဲရှိနေကာ ဈေးတွေကလဲ အရင်ဈေးတွေအတိုင်း ကျဆင်းမှုမရှိပဲ ပုံမှန်အနေအထားမျိုးပဲရှိနေတယ်လို့ ရန်ကုန်တိုင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 November 2022
အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့ပါတယ်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ CTFMR နှင့် Plan of Action လက်မှတ်မရေးထိုးမီ ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်အထိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၅၉၇ ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့် ပေးခဲ့ပါတယ်။
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း)ပါဝင်နေခြင်းအား စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် Country Task Force on Monitoring and Reporting (CTFMR)တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်(Plan of Action)ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတာပါ။
အဆိုပါစီမံချက်အရ CTFMR နှင့်ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်း စုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် (၁၀၂၉)ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့နောက် CTFMR နှင့် အသက်မပြည့်ကြောင်း အတည်ပြုပြီးဖြစ်သည့် စစ်သည် (၂၈)ဦးကိုလည်း ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးခဲ့ရာ ယခုအချိန်အထိ (၁၀၅၇)ဦး ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာအထိ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော လူငယ်များအား စိစစ်ခဲ့ရာ အသက်မပြည့် သံသယဖြစ်ဖွယ် လူငယ် (၄၅) ဦးနှင့် ဆန္ဒမပါသူ (၁၄၀) ဦး စုစုပေါင်း (၁၈၅) ဦးကို လက်ခံခြင်းမပြုဘဲ မိဘအုပ် ထိန်းသူများထံသို့ ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ သံသယစစ်သည် (၇၉) ဦးကို CTFMR နှင့် အမှုတွဲတိုက်ဆိုင် စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မှန်ကန်ပါက နှုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊
ထို့အပြင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် တို့တွင် CTFMR မှ ထပ်မံပေးပို့လာသည့် သံသယဖြစ်ဖွယ်စစ်သည် (၁၂)ဦးကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Health_Matters
Published - 12 Nov 2022
- မြန်မာက အိမ်သာလို့ အမည်ပေးထားတာကိုက ရှေးလူကြီးတွေ အမြော်အမြင်လို့ပြောလို့ရမလား လက်ရှိရော မြန်မာအိမ်သာတွေက အဲဒီအမြော်အမြင်နှင့်လိုက်လျောညီထွေရှိကြပါရဲ့လား??
#Yangon_Media_Group
#DailyNews
Published _ 12 November 2022
၁။ ရန်ကုန် အိမ်ခြံမြေဈေးကွက် ဝယ်လိုအားထက် ရောင်းလိုအားပိုများနေ
၂။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်နေ၊ အဝယ်ထက်အရောင်းပိုများနေဟု YGEA ပြော
၃။ မြန်မာပြတိုက်များကို ဒစ်ဂျစ်တယ်ပြတိုက်ပြုလုပ်နိုင်ပါက အွန်လိုင်းမှတစ်ဆင့်နိုင်ငံခြားဝင်ငွေရရှိနိုင်ဟုဆို
၄။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ကာတာတွင်တည်းခိုစရာအခန်းများစွာရှိကြောင်း တာဝန်ရှိသူများဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 12 Nov 2022
- နိုဝင်ဘာ ၁၉ ရက်ဟာ ကမ္ဘာ့အိမ်သာများနေ့ ဖြစ်ပါတယ်။ ဘာကြောင့် Toilet အိမ်သာတွေအတွက် နေ့သတ်မှတ်ပေးရတာလဲ??
#Yangon_Media_Group
#LocalNews
Published _12 November 2022
ဘန်ကောက်မြို့ ဘန်ဘော်ဈေးအနီး အေကချိုင် ၈၉ လမ်းအတွင်းအခန်းတစ်ခန်းတွင် မြန်မာအမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို နိုဝင်ဘာလ ၁၁ ရက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများကပြောသည်။
မုဒိန်းကျင့် သတ်ဖြတ်ခံရသော အသက် ၂၆ နှစ်အရွယ် မခင်မာဝင်း၏အလောင်းကို နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းကတွေ့ရှိခဲ့ရသောကြောင့် သက်ဆိုင်ရာ ဘန်ခွန်ထီယန် နယ်မြေရဲစခန်းသို့ အကြောင်းကြားတိုင်တန်းခဲ့ရာ နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီခန့်အချိန်တွင် မုဒိန်ကျင့်လူသတ်သွားသည့် မြန်မာနိုင်ငံသား အောင်ကျော်ဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခဲ့သည့် ၎င်းကိုယ်တိုင်က နိုဝင်ဘာလ ၈ ရက် ညတွင် အဆိုပါအမှု ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်သည့် ညက အခန်းတွင်းတစ်ဦးတည်းအိပ်နေသူ မခင်မာဝင်း အခန်းတံခါးအနီးရှိ မှန်ချပ်ကို ဖြုတ်ယူ၍ အခန်းဖွင့်ဝင်ရောက်ခဲ့ကာ မခင်မာဝင်းအား မုဒိန်းကျင့်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်နေချိန်တွင် မခင်မာဝင်း နှင့် ရုန်းရင်ဆန်ခတ်ဖြစ်ရာ အခန်းတွင်းရှိ သစ်သားတုတ်ဖြင့် အကြိမ်များစွာရိုတ်နှက်ပြီး လည်းပင်းကို ညှစ်ကာ သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးဝန်ခံထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။
ကျူးလွန်သူ အောင်ကျော်ဝင်းမှာ ၎င်း၏မိန်းမနှင့်အတူ သေဆုံးသူမခင်မာဝင်းနှင့် အခန်းချင်းကပ်လျပ်နေသူဖြစ်ကြောင်းလည်း သိရသည်။
"ထိုင်းနိုင်ငံအတွင်းမှာ အမျိုးသမီးလေးတွေနေမယ်ဆိုရင် တစ်ယောက်တည်း အန္တရာယ်ရှိတယ်။နေမယ်ဆိုလည်း သေသေချာချာ ဂရုစိုက်ရမယ်။သတိနဲ့နေကြဖို့ ပြောချင်ပါတယ်"ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူက ပြောသည်။
ymg/mt
#Yangon_Media_Group


#Local_News
Published _12 November 2022
မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကြား တွဲကားတိမ်းမှောက်၍ လူတစ်ဦး သံချောင်းပိသေဆုံးသွားကြောင်း နှလုံးလှပရဟိတ (မူဆယ်) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
"မနေ့က နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းက ဖြစ်တာဗျ၊မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကြာပေါ့၊ ကားက သံချောင်းတင်လာတဲ့ တွဲကားပါ၊ဒရိုင်ဘာ သေသွားတာပါ။ ကားပေါ်ပါလာတဲ့ သံချောင်းတွေပြန်ပိပြီးသေသွားတာပါ၊ စပါယ်ယာတော့မသေဘူး၊ နဖူးကနေဦးခေါင်းလန်သွားတယ်အနောက်ရောက်တဲ့အထိ၊ ဘယ်ဖက်ဝမ်းဗိုက်ပေါက်ထွက်သွားတယ်၊ ခြေထောက်တွေ၊ လက်တွေလဲရစရာမရှိဘူး"ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
သေဆုံးသူမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက ဖြစ်ပြီး ယနေ့နိုဝင်ဘာလ ၁၂ ရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1424 of 1913