#Local_News
Published_ 2 December 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှက့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ အထက်ခါးသျှိကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ငိုပွဲ(ခ) စိုင်းအောင် မောင်းနှင်ပြီး မနန်းနွမ်း လိုက်ပါလာသည့် TOYOTA 4WD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၁၈၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။
အလားတူ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက် (၇) ၊ ဂျာမန်ကျေးရွာနေ အောင်မင်းခိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ အောင်လင်း(ခ)အားဖျင်အား တွေရှိပြီး နေအိမ် ခြံဝင်းအတွင်း ရပ်တန့်ထားသည့် NISSAN အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ထိန်းချုပ် ဓာတုပစ္စည်း SODIUM ACETATE အလေးချိန် ၅၂၅၀ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ငိုပွဲ(ခ)စိုင်းအောင် (၂၆)နှစ်၊ မနန်းနွမ်း(၂၅)နှစ်၊ အောင်မင်းခိုင်(၂၇)နှစ် နှင့် အောင်လင်း(ခ)အားဖျင် (၂၇)နှစ်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ygm_mnn
#Yangon_Media_Group
#World_Health
Published 2 December 2022
ဝိုင်၊ လက်ဖက်ခြောက်နဲ့ အသီးအရွက်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖလေဗိုနောဟာ မှတ်ဉာဏ်စွမ်းရည်ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဖလေဗိုနော များများစားသုံးတဲ့သူတွေဟာ အနည်းငယ်သာ စားသုံးတဲ့သူတွေထက် မှတ်ဉာဏ်ဆုံးရှုံးမှု နှေးကွေးကြောင်း သုတေသနစမ်းသပ်တွေ့ရှိခဲ့ပါတယ်။
မှတ်ဉာဏ်စွမ်းရည်ကို သက်ရောက်တဲ့ အချက်အလက်တွေထဲမှာ အသက်၊ ကျား/မ၊ ဆေးလိပ်သောက်/မသောက်ကိစ္စတွေလည်း ပါဝင်တွက်ချက်ထားပါတယ်။
"အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အကြမ်းခြောက်တို့ကို စားသုံးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို လွယ်ကူစွာထိန်းသိမ်းနိုင်တယ်" လို့ ချီကာဂို ရက်ရှ်ဆေးစင်တာတက္ကသိုလ်မှ ဒေါက်တာ'သောမတ်စ်ဟော်လန်'က ဖော်ပြခဲ့ပါတယ်။
ဒီမန်ရှာရောဂါဟာ မှတ်ဉာဏ်ပိုင်း၊ စဉ်းစားတွေးတောနိုင်စွမ်း၊ လူမှုဆက်ဆံရေးတို့မှာ ထိခိုက်လာတဲ့အခြေအနေဖြစ်ပြီး သက်ကြီးရွယ်အိုအများအပြားမှာ ဖြစ်ပွားလျက်ရှိပါတယ်။
ဖလေဗိုနော စားသုံးမှုပမာဏပေါ်မူတည်ပြီး အဖွဲ့ခွဲကာ လေ့လာခဲ့ကြပါတယ်။
အနည်းဆုံးလူတွေက တစ်နေ့ကို ၅ မီလီဂရမ်၊ အများဆုံးလူတွေကတော့ တစ်နေ့ကို ၁၅ မီလီဂရမ် စားသုံးကြပါတယ်။
ဖလေဗိုနော်ထဲက kaempferol ၊ quercetin ၊ myricetin နဲ့ isorhamnetin ဆိုတဲ့ အဓိက ၄ မျိုးကို ၇ နှစ်ကြာအောင် လေ့လာခဲ့ပါတယ်။
Kaempferol က သက်ရောက်မှုအကြီးဆုံးဖြစ်ကာ အများဆုံးစားသုံးသူတွေက အနည်းဆုံးစားသုံးသူတွေထက် ဆယ်စုနှစ်တစ်ခုအတွင်း ၀.၄ ဆ ဖြစ်နိုင်ချေနည်းပါတယ်။
သူ့နောက်မှာတော့ myricetin နဲ့ quercetin တို့ရှိနေပြီး isorhamnetin ကတော့ သက်ရောက်မှုမရှိပါဘူး။
ထိုလေ့လာချက်တွေနဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်က စားသောက်မှုမေးခွန်းတွေကို ကိုယ်တိုင်တင်ပြခဲ့ကြတာကြောင့် တိတိကျကျမဖြစ်နိုင်ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 1 December 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပိုပြီးတိုးတက်လာတယ်လို့ နယ်စပ်ကုန်သွယ်ရေး အသင်းက သိရပါတယ်။
#Yangon_Media_Group
#World_Art
Published 1 Dec 2022
လုံခြုံရေးတင်းကြပ်တဲ့ ပေါ်တူဂီအကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားတွေက ဂီတစည်းချက်အတိုင်း လှုပ်ရှားကခုန်နေကြပါတယ်။
#Yangon_Media_Group
Published 1 December 2022
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဒီဇင်ဘာ (၁)ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ အထူးလေယာဉ်ဖြင့် မြို့တော်ဘေဂျင်းကို သယ်ဆောင်လာခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်နှင့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကျန်ရဲ့ ရုပ်အလောင်းကို လေဆိပ်မှာ လက်ခံရယူခဲ့ကြပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း ကျန်ဇီမင်း အောက်မေ့ဘွယ်အခမ်းအနားကို လာမယ့် အင်္ဂါနေ့မှာ ဘေဂျင်းမြို့တော်တွင် ကျင်းပသွာမှာဖြစ်ပါတယ်။
ဘေဂျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ အဲဒီနေ့ မနက်၁၀နာရီမှာ အခမ်းအနားစတင်မှာဖြစ်ပြီး အခမ်းအနားတစ်ခုလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မယ်လို့ ဈာပနကော်မတီကပြောပါတယ်။
Source CCTV+/CGTN
#Jiang_Zemin's_remains
#Jiang_Zemin-Memorial
#Xi_Jinping
#Local_News
Published_ 1 December 2022
လာမယ့်ဒီဇင်ဘာလ(၅)ရက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာမုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တဲ့အတွက် ဒီဇင်ဘာလအတွင်းမိုးရွာသွန်းမှုတွေရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local _News
Published _ 1 December 2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Ayeyarwaddy Integrated Food Industry Complex ငါးမွေးမြူရေးစီမံကိန်းမှထုတ်လုပ်တဲ့ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ၂၀၂၃ ခုနှစ်မှစတင်ကာ ပြည်ပတင်ပို့ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နယ်ကနေ ရန်ကုန်ကို ကုန်ကားတွေအဝင်နည်းနေတာကြောင့် အာလူး ၊ ကြက်သွန်နဲ့ ငရုတ်ဈေးနှုန်းဟာ အနည်းငယ်မြင့်တက်နေတာဖြစ်တယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 December 2022
၁။ နယ်မှကုန်ကားများ အဝင်နည်းနေသည့်အတွက် အာလူး၊ ကြက်သွန် နှင့် ငရုတ်ဈေးနှုန်းများအနည်းငယ် မြင့်တက်နေ
၂။ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်များကို ၂၀၂၃ ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့မည်
၃။ ဒေသအချို့တွင် လေပြင်းတိုက်ပြီး မိုးကြီးဦးမည်ဖြစ်၍ ဒီဇင်ဘာလခရီးသွားမည့်သူများ သတိပြုရန်လို
၄။ အကသင်တန်းပေးခြင်းဖြင့် ပေါ်တူဂီအကျဉ်းသားများ၏ စိတ်နေသဘောထားများ ပြောင်းလဲလာရန် မျှော်လင့်နေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_1 December 2022
ကိုဗစ်-၁၉ ရန်ပုံငွေကနေ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့် ကာလကို သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးထားတယ်လို့ အသိပေး ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်က အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၇ ဒသမ ၂၃ သန်းကျော် ပညာသင်ကြားလျက်ရှိကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် စနစ်တကျ လုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 1 december 2022
အလုပ်သမား အမျိုးသား၊ အမျိုးသမီး ၅၄၅ ဦးခေါ်ယူရန် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလုပ်ကမ်းလှမ်းစာ ၁၈၆ ခု ပေးပို့ခဲ့သည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရကုမ္ပဏီများက စေလွှတ်သွားမည်ဖြစ်၍ အလုပ်ကမ်းလှမ်းစာများအား မြန်မာသံရုံး(တိုကျိုမြို့) သို့ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့ခဲ့ကြောင်း ပါရှိသည်။
အလုပ်ကမ်းလှမ်းစာ(Demand Letter) များနှင့်ပတ်သက်၍ မြန်မာသံရုံး(တိုကျိုမြို့)မှ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိအား စာရွက်စာတမ်းအထောက်အထားများနှင့်တကွ စီစစ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ စီစစ်ခြင်းကို မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၁၆ ရက်မှ ၃၀ ရက်အထိပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလုပ်ကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
#ymg/NN
#Yangon_Media_Group
Page 1426 of 1949