#Local_News
Published_ 2 December 2022
လတ်တလောမှာ လျှပ်စစ်မီးလာတဲ့အချိန်နည်းပါးနေဆဲမို့ မီးစက်အသုံးပြုရတာတွေများနေတဲ့အတွက် ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းတွေအခက်တွေ့နေတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)မှ သိရပါတယ်၊၊
#Yangon_Media_Group
#News
Published_2 December 2022
အိမ်ဖြူတော်က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ သဘောတူညီချက်ကို လက်မခံရေး မီးရထားဝန်ထမ်းတွေရဲ့ ဆန္ဒကိုပယ်ချပြီး တရားမဝင်ဖြစ်စေတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်က အလုပ်သမားလူတန်းစားရဲ့ အခြေခံ ဒီမိုကရေစီအခွင့်အရေးကို အကြီးအကျယ် စော်ကားလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ wswg အဖွဲ့အစည်းက ပြစ်တင်ပြောကြားလိုက်ပါတယ်။
မီးရထားအလုပ်သမားဥပဒေ ဆန့်ကျင်တဲ့ အလုပ်သမားတွေက မီးရထားဝန်ထမ်းတွေအပေါ် စီးပိုးမှုနဲ့ပတ်သက်ပြီး အစိုးရ ကြားဝင်စေ့စပ်ပေးပြီး သုံးနှစ်အကြာ၊ အလုပ်နှောင့်နှေးမှုကို အဆုံးသတ်ဖို့ အစိုးရနှင့် သမဂ္ဂအာဏာပိုင်တွေ အတင်းအကျပ်ပြုလုပ်ခဲ့တဲ့ ကနဦးပြေအေးမှု ရရှိပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ နိုင်ငံအနှံ့သပိတ်မှောက်ဖို့ အလုပ်သမားတွေက ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ဆေးခွင့်၊ မိသားစုနဲ့ အချိန်ကုန်ခွင့်လို မဖြစ်မနေ လိုအပ်တဲ့ အခြေခံတောင်းဆိုမှုတွေကို ပြောင်းလဲပေးဖို့ ဆန္ဒမရှိတဲ့ လူမဆန်တဲ့အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ ကြုံတွေ့နေရပါတယ်။
ဘိုင်ဒန်အစိုးရနဲ့ ကွန်ဂရက်က သပိတ်ကို တားမြစ်ဖို့နဲ့ သဘောတူညီမှုကို ချမှတ်ဖို့ အမြန်လုပ်ဆောင်နေကြတယ်။ ဒီမိုကရက်နဲ့ ရီပါပလစ်ကန်ပါတီ ခေါင်းဆောင်တွေက ကွန်ဂရက်မှာ မဲခွဲဆုံးဖြတ်မယ့် လုပ်ရပ်ကို ထောက်ခံကြ တယ်။ ပါတီနှစ်ခုလုံးက အလုပ်သမားတွေ ငြင်းဆိုခဲ့တဲ့ သဘောတူညီချက်ကို တွန်းအားပေးဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြတယ်။ လတ်တလော အခြေအနေအရ အဓိကဥပဒေပြဋ္ဌာန်းမှုတစ်ခုမှ ကွန်ဂရက်မှာ မြန်မြန် ဆန်ဆန် ချမှတ်နိုင်ခဲ့တာ မရှိပါဘူး။
“အမေရိကန်နိုင်ငံသမိုင်းမှာ အလုပ်သမားတွေနဲ့ အကျွမ်းဝင်ဆုံးသမ္မတ” လို့ သူ့ကိုယ်သူ အမွှန်းတင် ကမ္ဗည်းတပ်ခဲ့တဲ့ သမ္မတဘိုင်ဒန်က သူ့အနေနဲ့ သဘောတူညီချက်ကို ပြဋ္ဌာန်းရခြင်းအတွက် နောင်တရပေမဲ့ ဒါက သပိတ် ကြောင့် ထိခိုက်နစ်နာရမယ့် “အလုပ်သမားတွေရဲ့ မိသားစုဝင်တွေ” ကို ကာကွယ်ဖို့ လိုအပ်လို့ လုပ်ရတာ ဖြစ်တယ်ဆိုတဲ့ စက်ဆုပ်စရာ သူတော်ကောင်းဟန်နဲ့ ပြောပါတယ်။ ဒါပေမဲ့ ဒီပြဿနာက အလုပ်သမားတွေကို အလေးထားတဲ့ စည်းကမ်းချက်တွေ သတ်မှတ်လိုက်ရုံနဲ့ အလွယ်တကူ ဖြေရှင်းနိုင်မှာဖြစ်တယ်။
ဒါပေမဲ့ သဘောတူညီချက်ပါ ပြင်ဆင်ချက်အားလုံးကို ဘိုင်ဒန်က ပြတ်ပြတ်သားသား ပယ်ချခဲ့တာဖြစ်တယ်။ “အလုပ်သမားလူတန်းစားကို ကာကွယ်ဖို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေအပေါ် အုပ်ချုပ်ရေး အာဏာရှင်စနစ်ကို အတင်းအကျပ်ပြုလုပ်နေတာဖြစ်တယ်။
စီးပွားရေးလုပ်ငန်းတွေရဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပေးရာမှာ ဘိုင်ဒန်အစိုးရက ဒီမိုကရေစီဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှုမှာပါဝင်ပြီး မီးရထားအလုပ်သမားတွေကို ဆန့်ကျင်တဲ့ အလုပ်သမားသမဂ္ဂအစုအဖွဲ့ရဲ့ အရေးပါတဲ့ လုပ်ဆောင်မှုတွေကို အားထားနေတာဖြစ်တယ်။ အစပိုင်းမှာ အဖွဲ့က အလုပ်သမားတွေရဲ့ သပိတ်မှောက်ရေး လှုပ်ရှားမှုကို လျော့ချပြီး တတ်နိုင်သလောက် အချိန်ဆွဲထားဖို့ ကြိုးစားခဲ့တယ်။ လက်ရှိ ဘိုင်ဒန် ပြဋ္ဌာန်းဖို့ ကြိုးစား နေတဲ့ သဘောတူညီချက်အတွက် အကြောင်းအရင်းဖြစ်တဲ့ သမ္မတအရေးပေါ်အဖွဲ့ ခန့်အပ်မှုကို တွန်းအားပေးခဲ့တာက သမဂ္ဂအဖွဲ့တွေပဲ ဖြစ်တယ်။
ကွန်ဂရက်ပါဝင်မှုကို အားကောင်းစေဖို့ ထိပ်တိုက်ရင်ဆိုင်မှုကို အချိန်ဆွဲထားချိန်မှာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ပမာမခန့်လုပ်တဲ့ ဆန္ဒမဲပေးခြင်းကနေ သဘောတူညီချက်ကို ပြဋ္ဌာန်းဖို့ သမဂ္ဂအဖွဲ့တွေက ကြိုးစားခဲ့ပေမဲ့ မအောင် မြင်ပါဘူး။ လွှတ်တော်ရဲ့ တရားဝင်အမိန့်ကို ဘာမှဖြစ်လာဖို့မရှိတဲ့ သဘောတူညီချက်ကို အလုပ်သမားတွေလက်ခံအောင် သိမ်းသွင်းရာမှာ ခြိမ်းခြောက်တဲ့ လက်နက်တစ်ခုလို အသုံးချခဲ့တာဖြစ်တယ်။
၁၉၉၁ ခုနှစ်နောက်ပိုင်း စတင်ခဲ့တဲ့ နိုင်ငံအနှံ့ မီးရထားသပိတ်ကို ကြားဝင်ဖျန်ဖြေခဲ့တဲ့ ကွန်ဂရက်အဖို့ ဥပဒေ ပြဋ္ဌာန်းမှုက ပထမအကြိမ်ဖြစ်နိုင်ပေမဲ့ အတိတ်က ဖြစ်ရပ်လို ရိုးရှင်းမှာမဟုတ်ပါဘူး။ ခုသပိတ်က များပြားလှတဲ့ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။
ကွန်ဂရက်ကြားဝင်ဖျန်ဖြေပေးရေးအတွက် ဘိုင်ဒန်ရဲ့ တောင်းဆိုမှုက သူ့ရဲ့ လူတန်းစားပေါ်လစီအပေါ် ဖုံးကွယ်ဖို့၊ အလုပ်သမားလူတန်းစားနဲ့ ပွင့်ပွင့်လင်းလင်း အချိန်စော ထိပ်တိုက်တွေ့မှု ကို ရှောင်ရှားဖို့ ကြိုးစားခဲ့တဲ့ ကြိုးပမ်းမှု တွေရဲ့ အဆုံးရဲ့အစဖြစ်တယ်။ ဒီနည်းဗျူဟာက သမဂ္ဂအဖွဲ့နဲ့ အစိုးရနှစ်ခုလုံးအပေါ် အလုပ်သမားတွေ ခံစားနေရ တဲ့ ကြီးမားတဲ့ ဖယ်ကျဉ်မှုနဲ့ ရန်လိုမုန်းတီးမှုတွေကို ပျက်ပယ်စေဖို့ဖြစ်တယ်။
အလုပ်သမားသမဂ္ဂအဖွဲ့တွေရဲ့ ထိန်းချုပ်မှုမပါတဲ့ အကျိုးစီးပွားကိုရဖို့ ဆန့်ကျင်ရဲတဲ့ အလုပ်သမားတွေကြောင့် အောက်ခြေလူထုအဖွဲ့အစည်းတွေ တိုးတက်ရေးအတွက် လှုပ်ရှားမှုက ကြီးထွားလာခဲ့တယ်။ မီးရထား အလုပ်သမားတွေကြားမှာ ဒီလှုပ်ရှားမှုက လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေရဲ့ သဘောတူညီချက်တွေကို ဆန့်ကျင်ရေးလှုံ့ဆော်စည်းရုံးရာမှာ ဦးဆောင်နေရာကပါဝင်တဲ့ မီးရထားအလုပ်သမား အောက်ခြေလူတန်းစားကော်မတီ ပေါ်ပေါက်လာစေခဲ့တယ်။
ဒါပေမဲ့ ကွန်ဂရက်ရဲ့ ကြားဝင်ဖျန်ဖြေမှုက အလုပ်သမားလူတန်းစားရဲ့ လွတ်မြောက်မှုအတွက် အဓိကကျတဲ့ အရေးပါမှုဖြစ်နေပါတယ်။ ဒါဟာ သမဂ္ဂအာဏာပိုင်တွေရဲ့ ချုပ်ချယ်မှုကို ပျက်ယွင်းစေရုံမက အလုပ်သမားတွေရဲ့ နိုင်ငံရေးအရ လွတ်လပ်ခွင့်ကိုပါ ဆောက်တည်နိုင်မှာဖြစ်တယ်။
အလုပ်သမားတွေအနေနဲ့ နိုင်ငံရေးအင်အားရှိဖို့နဲ့ လူ့အဖွဲ့အစည်းကို အကျိုးအမြတ်အတွက်မဟုတ်ဘဲ လူသား လိုအပ်ချက်အရ ဆိုရှယ်လစ်ဝါဒလမ်းစဉ်နဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်ချက်ကို ရင်ဆိုင်ဖြေရှင်းရဦးမှာ ဖြစ်တယ်။ ဒါဟာ ကွန်ဂရက်ရဲ့ ကြားဝင်ဖျန်ဖြေမှုအတွက် အခြေခံအကျဆုံး သင်ခန်းစာ ဖြစ်တယ်။
wsws.org ပါ What Biden and Congress’ move to ban railroad strike reveals ဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်။
#Yangon_Media_Group
#DailyNews
Published _ 2 December 2022
၁။ မီးစက်အသုံးပြုရမှုများနေ၍ ပုဂံဒေသရှိဟိုတယ်များ အခက်တွေ့နေ
၂။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန်တစ်သိန်းကျော် တင်ပို့ထား
၃။ ငါးသလောက်တွေကို ဖမ်းဆီးမှုနည်းစနစ်ပြောင်းပြီး မျိုးစိတ်သုတေသနလုပ်ငန်းများဖြင့် ပြည်ပသို့တင်ပို့နေ
၄။ ယူနက်စ်ကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သူများကို မကြာမီထုတ်ပြန်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 2 December 2022
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ပြီး တက်ရိပ်ပြခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ လက်ရှိ တစ်လအတွင်းမှာပဲ အမြင့်ဆုံးကို ရောက်ရှိနေပါပြီ။
#Yangon_Media_Group
#Local_News
Published_2 December 2022
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ဘက်ခြမ်း၊ မဟာဗန္ဓုလတံတားတွင် ကွန်တိန်နာယာဉ် ၊ Mark II အမျိုးအစားယာဉ်၊ Hyundai အမျိုးအစားယာဉ်၊ Probox အမျိုးအစားယာဉ်နှင့် Hijet အမျိုးအစားယာဉ်တို့ ဆင့်တိုက်မှု ယနေ့ ဒီဇင်ဘာလ ၂ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မနက် ၁၁ နာရီ ခွဲ ၁၂ နာရီ ထိုးတော့မယ်၊ အဲဒီအချိန်မှာ သတင်းရလို့ သွားတာပါ၊ တံတားကို ဒေါပုံဘက်က အတက်မှာဖြစ်တာ၊ လူတွေတော့ သေတာပျောက်တာမရှိဘူး၊ ကားတွေတော့ ပျက်စီးတာပေါ့"ဟု သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 December 2022
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲကို တပ်မတော်(ရေ) တက်ရောက်မည် ဖြစ်သောကြောင့် ဒီဇင်ဘာလ ၁ ရက်တွင် တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ဝင်များပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)ရေယာဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval Command) တည်ရှိရာ အိန္ဒိယအရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရေတပ် စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-IFR) သို့ မြန်မာ့ တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့က စစ်ရေယာဉ်- အောင်ဇေယျဖြင့် တက်ရောက်ခဲ့ကြသေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 December 2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လုပ်ကြံခံသူများနှင့်ဘဏ်အား ဓားပြတိုက်ရန် စီစဉ်သူများကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းဖြစ်စဉ်မှ ဝေယံကောင်းထက်(ခ)Lu Aye ဆိုသူကို နိုဝင်ဘာလ ၂၆ ရက်က မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်ကွေ့(၆)လမ်း၌ ဖမ်းဆီးရမိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် ၎င်း၏နေအိမိပေါ်မှ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၁၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ နိုင်လင်းဇော်(ခ) သော်ထွန်းအောင်နှင့် ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွား၊သက်ဇော်အောင်(ခ) အောင်လေးတို့ကိုလည်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဝေယံကောင်းထက်(ခ)Lu Aye ၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၊ မြင်တော်သာလမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်ရန်စီစဉ်ထားရှိကြောင်း ၊ ယင်းအပြင် ၎င်းတို့၏အဖွဲ့ဝင်များဖြစ်သော သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း ၊ ညီမင်းထွန်း တို့ကိုလည်း နိုဝင်ဘာလ ၃၀ ရက်က ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီးတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ယင်းတို့ လူကူးကုန်းကျော်တံတားပေါ်၌ စုဝေးလျက်ရှိကြောင်းဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစဉ် တရားခံများမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များကို လုယူထွက်ပြေးရန်ကြိုးပမ်းခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း တို့ ၃ ဦးကို လက်လုပ်မိုင်း ၂ လုံးဖြင့်လည်းကောင်း၊ ညီမင်းထွန်း အား လက်နက်ငယ်ကျည်ထိ မှန်ဒဏ်ရာဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်အနီး၌ ရာအိမ်မှူးဦးဆန်းမင်းထွန်း၊အမှတ်(၃၂)ရပ်ကွက်၊ ပြည်သာယာ(၃)လမ်းနှင့် လက်ဝဲသုန္ဒရလမ်းထောင့်၌ ရာအိမ်မှူးဦးအောင်အောင် နှင့်မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သဇင်လမ်းနှင့် ဇကားဝါလမ်းထောင့်၌ ရာအိမ်မှူးဦးစိုးစိုး တို့ကို လုပ်ကြံခြင်းနှင့် ဖောက်ခွဲမှု ၄ ကြိမ်ကျူးလွန်ခဲ့ကြောင်းလည်း စစ်ဆေးရာတွင် ထွက်ဆိုခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေး၏ဖော်ပြချက်အရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 2 December 2022
လာမည့်(၂၀၂၃)ခုနှစ်အတွင်း ဒေသ(၆)တွင် နေထိုင်ကြသည့် HIV ရောဂါပိုးကူးစက်နိုင်ခြေများသော ဦးတည်အုပ်စုဝင်များကို ရောဂါမကူးစက်အောင် ကာကွယ်သည့်အနေဖြင့် စီမံချက်ဖြင့်ရောဂါကာကွယ် ဆေး PrEP တိုက်ကျွေးသွားမည်ဖြစ်ကြောင်းကျန်းမာ ရေးဝန်ကြီးဌာနမှသိရသည်၊၊
ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းက အမျိုးသားချင်းချစ်ခင်စုံမက်သူများ၊အမျိုးသမီးလိင်အလုပ်သမများ၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီ တိုင်းက အမျိုးသားချင်းချစ်ခင်စုံမက်သူများကို (၂၀၂၃)ခုနှစ်တွင်PrEP ဆေးတိုက်ကျွေးသွားမည်ဖြစ်သည်၊၊
ယင်းအပြင် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများအတွက် PrEPဆေးတိုက်ကျွေးခြင်းကိုလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဟုကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန် ထားသည်၊၊
မြန်မာနိုင်ငံတွင် HIVပိုးကူးစက်ခံထားရသူများအခြေ အနေများနှင့် ကာကွယ်ရမည့်အခြေအနေများကို ပြည်သူ့ကျန်းမာရေးပညာပေးပညာရှင် ဆရာကြီးဒေါက် တာခင်မောင်လွင်က အခုလိုပြောပြထား သည်၊၊
"HIV၊AIDS ပိုးရှိလျှက်နဲ့ အသက်ရှင်နေတဲ့သူ မြန်မာနိုင်ငံမှာ နှစ်သိန်းနှစ်သောင်းရှိတယ်လို့ဆိုပါတယ်၊၊ ကမ္ဘာပေါ်မှာ HIV အမြင့်မားဆုံးက အရှေ့တောင်အာရှဖြစ်ပြီးတော့ ဟိုတုန်းက ထိုင်းကနံပါတ်(၁) မြန်မာက(၂)၊အခုက ကမ္ဘောဒီးယားက(၁) ထိုင်းက(၂) မြန်မာက(၃)၊ သို့သော်ကမ္ဘာ့ အဆင့်မှာဆိုရင် မြန်မာက HIVကူးစက်မှု၅၁အဆင့်မှာရှိနေပါတယ်၊၊ အဆင့်မသေးဘူး၊၊ ရောဂါဖြစ်လို့ ARTဆေးသောက်ရရင်တစ်လစာ ဒေါ်လာ၂၀၀၀ ကုန်ကျတယ်၊၊ တစ်သက်လုံးမသေမချင်းသောက်ရမှာ၊၊ ကိုယ့်ဘာသာကိုယ်ဝယ်သောက်မယ်ဆိုရင်ဒီစရိတ်မသေးဘူး၊၊ အဲဒီ့ကုန်ကျစရိတ်ကို နိုင်ငံတော်ကဆေးတွေကိုအခမဲ့ပေးရင် တစ်လကို လူနာတစ်ယောက်စာအတွက် ဒေါ်လာ၂၀၀၀ ကုန်ကျတာတွေရှိတယ်၊၊
အခြားNGO အဖွဲ့အစည်းတွေကလည်းအခမဲ့ပေးတာတွေရှိတယ်၊၊
ဒါ့ကြောင့်မို့လို့ လွတ်လွတ်လပ်လပ်နေပြီး HIV ပြန့်ပွားအောင်ဖိတ်ခေါ်နေမလား၊၊ ဒါမှမဟုတ် မိမိကိုယ်ကိုရောဂါမကူးစက်အောင်ကာကွယ်နိုင်တဲ့ အပြုအမှုတွေကိုလုပ်ဆောင်မှာလားဆိုတာ တစ်ဦးချင်းစီရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်" ဟု ဆရာကြီး ဒေါက်တာခင်မောင်လွင်က ပြောကြားထားသည်၊၊
(၂၀၂၁)ခုနှစ်ကုန်အထိရရှိသော စာရင်းများအရ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်နှင့် ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်လူနာစုစုပေါင်း (၁၉၀,၄၁၃)ဦးကို အေအာတီ ဆေးဝါးဖြင့်ကုသပေးနိုင်ခဲ့ပြီးအဆိုပါလူနာများ၏ (၉၀)ရာခိုင်နှုန်းခန့်သည် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အေအာတီဆေးကုဌာနများတွင် ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ကုသစောင့်ရှောက်မှုပေးလျက်ရှိကြောင်းသိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိပ်ခ်ျအိုင်ဗွီရောဂါပိုးရှိ၊ မရှိ မိမိကိုယ်တိုင် စစ်ဆေးခြင်းလုပ်ငန်းအား ရှေ့ပြေးစီမံချက်အဖြစ် (၂၀၂၁)ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားချင်းချစ်ခင်စုံမက်သူ (၉၂၉)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ (၁,၀၀၀)ဦးတို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Business
Published 2 December 2022
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေဟာ တရားဝင်ကြွေးရှင်နိုင်ငံများထံ နှစ်စဉ်ကြွေးမြီ ဒေါ်လာ ၆၂ ဘီလီယံ အကြွေးတင်နေပြီး မနှစ်ကထက် ၃၅ ရာခိုင်နှုန်း ပိုများလာကြောင်း၊ အကြွေးဝန်ပိလာခြင်းဖြင့် အကြွေးဆပ်ရန် ပျက်ကွက်နိုင်ချေပိုများလာကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ’ဒေးဗစ်မဲလ်ပါ့စ်’က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
‘မဲလ်ပါ့စ်’က နယူးယော့ခ်မှာ ပြုလုပ်တဲ့ ရိုက်တာ NEXT ကွန်ဖရင့်အစည်းအဝေးမှာ ပြောကြားရာမှာ အကြွေး ၃ ပုံ ၂ ပုံလောက်က တရုတ်ထံမှာ တင်ရှိနေတာဖြစ်ပြီး ချေးငှားသူရဲ့ နှစ်စဉ်အကြွေးအချက်အလက်တင်ပြချက်တွေကို လာမယ့်ရက်သတ္တပတ်မှာ ဖော်ပြသွားမှာဖြစ်ပါတယ်။
နွမ်းပါးတဲ့နိုင်ငံတွေအတွက် အကြွေးဖြေရှင်းနိုင်မယ့် စနစ်မရှိတော့မှာကို စိုးရိမ်နေရကြောင်း ဆိုပါတယ်။
အမေရိကန်လို နိုင်ငံကြီးတွေထံမှာ အကြွေးအများအပြားတင်ရှိလာကာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ပိုမိုအကျိုးရှိလာမှာဖြစ်ကြောင်း စိုးရိမ်နေရပါတယ်။
“အတိုးနှုန်းများတက်ကုန်ကာ နိုင်ငံကြီးတွေအတွက် အကြွေးနှုန်းပိုမိုရရှိကြမှာဖြစ်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။
‘မဲလ်ပါ့စ်’က နောက်အပတ်အတွင်း တရုတ်မှာ နိုင်ငံတကာအဖွဲ့အစည်းခေါင်းဆောင်များ၊ တရုတ်အာဏာပိုင်များနဲ့ တွေ့ဆုံကာ ဆင်းရဲသောနိုင်ငံများအတွက် အကြွေးဖြေရှင်းရန်နည်းလမ်းများ၊ ကိုဗစ်ဆိုင်ရာပေါ်လစီများ၊ အခြားစီးပွားရေးကိစ္စများအကြောင်း ဆွေးနွေးသွားမယ်လို့ ဆိုခဲ့ပါတယ်။
“တရုတ်ကလည်း အကြွေးရှင်ကြီးတွေထဲက တစ်ဦးဖြစ်ပြီး ကမ္ဘာမှာကြုံလာနိုင်တဲ့ ပြဿနာများကို စဉ်းစားကြည့်ကာ ရေရှည်တည်တံ့ခိုင်မြဲဖို့ လုပ်စရာရှိတာတွေကို တာဝန်ယူဆောင်ရွက်ဖို့ အရေးကြီးပါတယ်” လို့ ပြောပြလိုက်ပါတယ်။
အကြွေးဖြေရှင်းဖို့ အဓိကဦးတည်ပြုလုပ်မယ့် အစည်းအဝေးမှာ နိုင်ငံတကာရန်ပုံငွေအဖွဲ့အစည်း(IMF) အကြီးအကဲ ‘ခရစ္စတယ်လီနာဂျော်ဂျီဗာ’လည်း ပါဝင်လာမှာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်ဖွံ့ဖြိုးရေးဘဏ်နဲ့ တရုတ်တင်ပို့တင်သွင်းဘဏ်၊ နှစ်နိုင်ငံအဓိကကြွေးရှင်များမှ အရာရှိများလည်း ပါဝင်မှာဖြစ်ပါတယ်။
အကြွေးပြဿနာများ အရှိန်မြှင့်ဖြေရှင်းနိုင်ရန်၊ နိုင်ငံတစ်ခုက အကူအညီတောင်းတဲ့အခါ အကြွေးဝန်ဆောင်မှုကို ရပ်ဆိုင်းရန်၊ သီရိလင်္ကာကဲ့သို့ အလယ်အလတ်အဆင့်ဝင်ငွေရှိတဲ့ နိုင်ငံတွေအတွက် လုပ်ငန်းစဉ်ဖွင့်ပေးရန် အကြွေးစနစ်ပြန်လည်ချထားရေးနဲ့ ပတ်သက်ပြီး G20 ဘုံလုပ်ငန်းဘောင်ကို အပြောင်းအလဲများပြုလုပ်ဖို့ လိုအပ်ကြောင်း ‘ဂျော်ဂျီဗာ’က ရိုက်တာကို ပြောကြားခဲ့ပါတယ်။
“အကြွေးအကြပ်အတည်းကြီး ဖြစ်လာဖို့တော့ မမြင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အကြွေးပိနေတဲ့ နိုင်ငံတွေဟာ ဘဏ္ဍာရေးတည်မြဲမှုကို ပျက်ပြားစေလောက်တဲ့အထိ အခက်အခဲဖြစ်မလာနိုင်ပါဘူး” လို့ ဆိုသွားပါတယ်။
Source: Reuters
#Yangon_Media_Group
Published 2 December 2022
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀(စ) အရ တို့တာဝန်အရေး(၃)ပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိတဲ့အတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ Guardian အဖြစ် အဆိုပါတာဝန်တွေကိုထမ်းဆောင်သွားမယ်လို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၂ရက် သောကြာနေ့(ယနေ့) နံနက်က ပြင်ဦးလွင်မြို့မှာကျင်းပတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) သင်တန်းဆင်းဂုဏ်ပြု အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“မိမိတို့နိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။ ဒါကြောင့်တပ်မတော်အနေနှင့် နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်လာတဲ့ အပြူအမူမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာဝန်ထမ်းဆောင်ခြင်းသာဖြစ်တယ်” လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောဆိုပါတယ်။
၂၀၂၀ပြည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ဆိုးရွားလှတဲ့ မဲမသမာမှုများကိုဖန်တီးပြီး နိုင်ငံတော်အာဏာကို အတင်းရယူရန်ကြိုးပမ်းခဲ့သူတွေကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေပေါ်ပေါက်ပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကိုရယူထိန်းသိမ်းခဲ့ရတာဖြစ်ကြောင်း သူကထပ်မံပြောဆိုပါတယ်။
အဲဒီအပြင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုအဖြစ် တည်ဆောက်သွားမယ်လို့ လည်း ဗိုလ်ချူပ်မှူးကြီးက ကတိပေးပြောဆိုပါတယ်။

“ဖြတ်သန်းခဲ့တဲ့သမိုင်းအတွေ့အကြုံများအရ တို့နိုင်ငံကိုတည်ဆေက်ရာမှာ ပါတီစုံဒီမိုကရေစီ စနစ်တစ်ခုတည်းနှင့်မပြည့်စုံဘဲ တိုင်းရင်းသားအားလုံး ပေါင်းစည်းနေထိုင်ပြီး အခွင့်အရေးမျှဝေခံစားနိုင်တဲ့ ပြည်ထောင်စုစနစ်တည်ဆောက်သွားခြင်းဟာ တို့နိုင်ငံအတွက် အသင့်တော်ဆုံးဆိုတာ တွေ့ရှိရမှာဖြစ်တယ်ဒါကြောင့်နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားရမှာဖြစ်တယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံအနှံ့အကြားအလပ်မရှိ ကျင်းပပေးနိုင်ဖို့လိုအပ်တယ်လို့လည်း နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ဗိုလ်ချူပ်မှူးကြီးက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
“စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေဖို့ အခြေခံဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပဲဖြစ်တယ် ဒါကြောင့်နောင်ပြုလုပ်မယ့်ရွေးကောက်တွေပွဲမှာ တိုင်းရင်းသားတွေ ဒေသတွေနှင့် နိုင်ငံအနှံ့ လူထူလူတန်းစားအလွှားအသီးသီးကို ကိုယ်စားပြူသူတွေ ဝင်ရောက် အရွေးချယ်ခံနိုင်ဖို့နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ယခုနှစ်ကစတင်ပြီး ခြေလှမ်းးသစ်များနှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ နိုင်ငံနှင့်ပြည်သူအတွက် ရလာဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“တပ်မတော်အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကိုချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရ ပြည်သူတို့နှင့်အတူအားသွန်ခွန်စိုက်ကြိုးပမ်းနေခြင်းပဲဖြစ်တယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လက်တွေ့ကျကျတိုးတက်လာစေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် တွေ့ဆုံမှုတွေပြုလုပ်လျက်ရှိရာမှာ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိလိုအပ်ချက်တွေကို ညှိနှိုင်းဆွေးနွေးလျက်ရှိနေတယ်။ ဒီလိုဆွေးနွေးတဲ့နေရာမှာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလာဒ်ကောင်းတွေ ရရှိခဲ့တယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ဗိုလ်လောင်းတွေကို အသိပေးမိန့်ကြားခဲ့ပါတယ်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ညိနှိုင်းကွပ်ကဲရေးမှူး(ကြည်းရေလေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချူပ်ကြီးမိုးအောင်၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချူပ်ကြီးထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးတွေ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှုးတွေနှင့် အခြားဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
-ymg/knl
#Myanmar_Politics_Military
#DSA



#World_Health
Published 2 December 2022
ကမ္ဘာ့ပထမဆုံး အယ်ဇိုင်းမားဆေးဝါး စမ်းသပ်မှုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကာ လက်တွေ့ကုသနိုင်တော့မှာဖြစ်ကြောင်း သိပ္ပံပညာရှင်များပြောကြားလိုက်ပါတယ်။
lecanemab ဆိုတဲ့ဆေးဟာ ထိရောက်တဲ့ဆေးဖြစ်တယ်လို့ သက်သေပြနိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက အသိအမှတ်ပြုလိုက်ပါတယ်။
ဒီဆေးဟာ ဦးနှောက်ထဲက အာရုံကြောတွေကို ထိခိုက်စေတဲ့ amyloid လို့ခေါ်တဲ့ ပရိုတိန်း အစုအဝေးများကို ရှင်းလင်းပေးတာဖြစ်ပါတယ်။
ဆေးထုတ်လုပ်တဲ့ Eisai နဲ့ Biogen ကုမ္ပဏီတို့က စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ရာမှာ ဒီဆေးဟာ ၁၈ လကြာဦးနှောက်ထိခိုက်ထားသူတွေမှာ ၂၇ ရာခိုင်နှုန်း လျှော့ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီရလဒ်တွေက စိတ်လှုပ်ရှားစရာကောင်းလှတယ်လို့ အယ်ဇိုင်းမားအဖွဲ့အစည်းမှ ဒေါက်တာ'ရစ်ချတ်အုတ်ကလေ'က ပြောကြားခဲ့ပါတယ်။
"lecanemab ကို အသိအမှတ်ပြုဖို့ကတော့ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်"လို့ ပြောပြသွားပါတယ်။
နောက်နှစ်မှာ ဗြိတိန်မှာ ပထမဆုံးအသုံးပြုသွားရဖွယ်ရှိနေပါတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဦးနှောက်ဆိုးဆိုးရွားရွားမထိခိုက်သေးတဲ့ အစောပိုင်းအဆင့်လူနာတွေကတော့ ဆေးရဲ့အာနိသင် သက်ရောက်မှုအရှိဆုံး ဖြစ်လာမှာပါ။
ပရော်ဖက်ဆာ'ဘာ့ဒီစထရူပါ'က ကောက်ချက်ချကြည့်ရင် အလွန်အကျိုးရှိကြောင်း၊ အယ်ဇိုင်းမားကို ကုသနိုင်တယ်လို့ တွေ့ရှိထားရကြောင်း ပြောကြားခဲ့ပါတယ်။
သတိထားရမှာက အယ်ဇိုင်းမားရောဂါ မပြင်းထန်တဲ့သူတွေမှာသာ အကျိုးရှိနိုင်တာကြောင့် ရောဂါဆိုးရွားလာပြီဆိုရင်တော့ ကုသလို့မရနိုင်ပါဘူး။
Source: The Sun
#Yangon_Media_Group
#Local_News
Published _ 2 december 2022
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့က ဂျပန်နိုင်ငံသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များသက်တမ်းတိုးရာတွင် ပြောင်းလဲကောက်ခံမည့်နှုန်းထားများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်(ယနေ့)တွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးလျှောက် ထားရာတွင် ယန်းငွေတန်ဖိုးအပြောင်းအလဲကြောင့် ငွေလဲလှယ်နှုန်းကွာခြားချက်ရှိလာ၍ စက်ဖြင့်ဖတ်ရှုစစ်ဆေးနိုင်သည့် သာမန်မြန်မာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား ယခင် ယန်း ၃၀၀၀ မှ ယန်း ၄၀၀၀ သို့ ဒီဇင်ဘာ လ ၁ ရက်မှစတင်၍ ပြောင်းလဲသတ်မှတ်ခဲ့သည်။
ပျောက်ဆုံးဒဏ်ကြေးကောက်ခံရာတွင်လည်း ယခင် ယန်း ၁၀၀၀၀ မှ ယန်း ၁၂၀၀၀ သို့ ဒီဇင်ဘာလ ၁ ရက်မှစတင်၍ ပြောင်းလဲကောက်ခံသွားမည်ဟု မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးကြေညာခဲ့သည်။
မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များသက်တမ်းတိုးလျှောက်ထားမှုများအတွက် ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သံရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားသည့် လျှောက်လွှာများလက်ခံခြင်း၊ နိုင်ငံကူးလက်မှတ်များ ပြန်လည်ထုတ်ပေးခြင်းတို့အပြင် ကောင်စစ်ဆိုင်ရာ အခြားကိစ္စများကိုလည်း မြန်မာသံရုံး၊ တိုကျိုမြို့က ဆောင်ရွက်ပေးလျက်ရှိသည်။
အချက်အလက်သိရှိလို၍ ဖုန်းဖြင့်မေးမြန်းမှုများကိုလည်း နေ့လည် ၁ နာရီမှ ၃ နာရီအတွင်းဖြေကြားပေးလျက်ရှိကာ ရုံးချိန်အတွင်း ဖုန်းဖြင့် မေးမြန်းရန် အခက်အခဲရှိသူများအနေဖြင့် မြန်မာသံရုံး၊ တိုကျိုမြို့ကောင်စီဌာန၏ အီးမေးလ်သို့ စာပေးပို့၍ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် စာတိုက်မှတဆင့်ပေးပို့လျှောက်ထားမှုများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကာ လျှောက်ထားသူများအနေဖြင့် သံရုံးဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာ၍ သတ်မှတ်အမျိုးအစားအလိုက် လိုအပ်သည့် စာရွက်စာတမ်း အပြည့် အစုံထည့်သွင်းကာ ပေးပို့လျှောက်ထားရန်လည်း တိုက်တွန်းကြေညာခဲ့သည်။
#ymg/NN
#Yangon_Media_Group
Page 1425 of 1949